လာမည့်နွေ၌ လျှပ်စစ်မီးဖြတ်တောက်မှု ရှိဦးမည် - Popular Myanmar News Journal

ပို့စ်တင်ချိန် - 10/18/2013 01:25:00 PM




တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လာမည့် နွေရာသီတွင် လူနေအိမ်များ အလှည့်ကျမီးပေးစနစ် ရှိနေဦးမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရ သည်။

”အလှည့်ကျစနစ်ရှိပေမယ့် အရင် လို အချိန်အကြာကြီးဖြစ်မှာတော့မဟုတ် ဘူး။ အနည်းအကျဉ်းပဲ ရှိမှာပါ” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အင်ဂျင်နီ ယာချုပ်ဦးတင်ေ မာင်ဝင်းက ပြောသည်။

ဓာတ်အားလိုအပ်ချက်မှာ နွေရာ သီတွင် ရေမှ ဓာတ်အားထုတ်လုပ် မှု လျော့နည်းခြင်းသည် အဓိကအချက်ဖြစ် ကြောင်း၊ ဓာတ်အားဖူလုံမှုရရှိရန် လို အပ်သလို ဆောင် ရွက်ပေးသွားမည် ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောသည်။

”အတတ်နိုင်ဆုံး ဓာတ်အားထုတ် လုပ်သွားမှာပါ။ မတတ်သာတဲ့အဆုံးမှ အလှည့်ကျမီးပေးတဲ့စနစ်ကို အသုံးပြု သွားမှာပါ”ဟု ၄င်းက ဆက်ပြောသည်။

ဓာတ်အားလိုအပ်မှုကိုလည်း ထိုင်းဝန်ကြီးချုပ် ယင်းလပ်လှူဒါန်းထား သည့် မဂ္ဂါဝပ် ၂၅ဝ ရှိသော ဓာတ်အား ထုတ်လုပ်သည့် စက်ကို ယခုနှစ် ဒီဇင် ဘာတွင် မောင်းနှင်နိုင် ရန် စက်တပ် ဆင်မှုများ ပြုလုပ်နေကြောင်း ၄င်းက ပြောသည်။

မြန်မာနိုင်ငံတွင် နွေရာသီ၌ လျှပ် စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ်အ မြဲ ဖြစ်ပေါ်နေပြီး ရန်ကုန်တိုင်းဒေသကြီး မှာ ဓာတ်အားလိုအပ်ချက် အများဆုံး ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သည် ယခုနှစ် နွေရာသီ၌ ရန်ကုန်မြို့ ဓာတ်အား လိုအပ်ချက်ကို စက်မှုဇုန်များ မီးဖြတ်တောက်မှုများ ပြုလုပ်၍ ပေး ခဲ့ သော်လည်း လူနေ အိမ်များ အချိန်ပိုင်း မီးပြတ်တောက်မှုမှာ မကာမိခဲ့ပေ။

ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို နိုင်ငံတော်၏ ဓာတ်အားစနစ်မှ ဖြည့်ဆည်းပေးခြင်း ဖြစ်ရာ ဓာတ်အားစနစ်သို့ ပို့ လွှတ်ပေး သော ဓာတ် အားပေးစက်ရုံများအနက် ၇၂ ရာခိုင်နှုန်းမှာ ရေ အားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဖြစ်ပြီး ၂၈ ရာခိုင်နှုန်းမှာ ကျောက် မီးသွေးသုံးနှင့် သဘာဝဓာတ်ငွေ့သုံး စက်ရုံများ မှ ဖြစ် သည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့မှ သိရသည်။

PN-052၊ စိုင်းလမင်း