ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်း ကိုရီးယားတွင် လေ့ကျင့်မှုများ စတင် - Popular Myanmar News Journal

ပို့စ်တင်ချိန် - 10/18/2013 07:22:00 PM


ဆီးဂိမ်း ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းသည်
ယနေ့မှ စတင်ကာ တောင်ကိုရီးယားနိုင်ငံ၊ မုပ်ပိုမြို့ရှိ Mokpo National Football Center တွင် လေ့ကျင့်မှုများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်းMFFမှသိရသည်။
မြန်မာ ယူ-၂၃ အသင်းသည် အောက်တိုဘာ ၁၈ရက်နေ့မှ အောက်တိုဘာ ၃၁ရက်နေ့ အထိ မုပ်ပို လေ့ကျင့်ရေး စင်တာတွင်
Joint Training ပြုလုပ်သွားမည် ဖြစ်ကာ တောင်ကိုရီးယား ကလပ်အသင်း (၄)သင်းနှင့် ခြေစမ်းပွဲများ
ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။
ထို့နောက်တွင် နိုဝင်ဘာ ၁ရက်နေ့မှ ၁၀ရက်နေ့ အထိ ဂျပန်နိုင်ငံ အိုဆာကာ၌ Joint Training ဆက်လက် ပြုလုပ်မည် ဖြစ်ကာ ခြေစမ်းပွဲ ၄ပွဲ ထပ်မံ ယှဉ်ပြိုင်မည် ဖြစ်ကြောင်းMFFမှသိရသည်။T