မိုးစက်ဝိုင် ဆုနှစ်ဆုတွင် ဦးဆောင်လျက်ရှိ - Mizzima - News in Burmese

ပို့စ်တင်ချိန် - 10/18/2013 07:13:00 PM



Miss Universe 2013 ပြိုင်ပွဲအား မြန်မာကိုယ်စားပြုအဖြစ် ၀င်ရောက် ယှဉ်ပြိုင်လျက်ရှိသော မိုးစက်ဝိုင်သည် ဆုနှစ်ဆုတွင် ဦးဆောင်လျက်ရှိကြောင်း Miss Myanmar Universe Organization မှ ကိုချမ်းလင်းသူက မဇ္ဈိမသို့ ပြောသည်။

ယင်းဆုများမှာ Missosology People's Choice Award? People Choice A ward HOT PICKS People Choice Award ဆုတို့ဖြစ်ကြပြီး အဆိုပါ ဆုများသည် အွန်လိုင်းဖြင့် ပရိသတ်များမှ ပေးနိုင်သောဆုများ ဖြစ်ကြသည်။

အခုလက်ရှိမှာ ဆုနှစ်ဆုအတွက် မြန်မာက ဦးဆောင်နေတယ်။ နောက်ဆုတစ်ဆုကတော့ ဒုတိယနေရာမှာ ရှိနေပါတယ်”ဟု ချမ်းလင်းသူက ပြောပြသည်။ ယင်းပြိုင်ပွဲသို့ နိုင်ငံပေါင်း ၈၇ နိုင်ငံမှ အလှမယ်များ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။