How to Become (ELITE HACKER) , not Script kiddies ! - ITgroup

ပို့စ်တင်ချိန် - 10/18/2013 07:06:00 PM




Hacking စိတ်ဝင်စားသူတွေအနေနဲ့  ဒီလမ်းကြောင်းကိုသွားတော့မယ်ဆိုရင် ဘာတွေသိသင့်လဲ ဘာတွေဖတ်ရမလဲဆိုတာစူးစမ်းတတ်ကြပါတယ်
အဲဒီအခါမှာ Programing, Networking ,Web management အစရှိသဖြင့် ဟိုဟာတွေဒီဟာတွေ လိုတယ် ဘယ်လိုလေ့လာရမလဲ အမျိုးမျိုးပေါ့
အစရှိသဖြင့်လမ်းညွန်ပေးထားတတ်ကြတယ် ဒါပေမယ့် ဘာကြောင့်လေ့လာသင့်လဲ ဘာကြောင့်လိုအပ်လဲဆိုတဲ့အချက်ကို ရေးသားထားတဲ့ လမ်းညွန်ချက်ရှားပါတယ်

အခုကျွန်တော်အဲဒီအရာတွေဘာကြောင့်လိုသလဲဆိုတာ Logic တွေနဲ့ စဉ်းစားတွေးတတ်အောင်သိအောင် ဆောင်းပါးတစ်ခုရေးပါရစေ ဒီနေရာမှာ ခေါင်းစဉ်ကိုက
How to Become Elite Hacker , Not Script Kiddies လို့ ရေးသားထားတဲ့အတွက် Hacking ကို သူတပါးဖန်တီးထားပြီးသား toolတွေသုံးပြီး ဒီ tool တွေကို ဘယ်လိုသုံးရသလဲဆိုတာ ကျွမ်း၂ကျင်၂နားလည်ပြီး
ဒီToolတွေဘယ်လိုအလုပ်လုပ်လဲ ဘာကြောင့်ဒီလိုလုပ်သလဲဆိုတာမသိပဲ ငါ Hacker ကွဆိုပြီး လူဘုံအလယ်မှာ Fake ID လေးတတ် Annonymous Mask လေးအုပ်ပြီး လေကျယ်နေသူတွေ ကျော်ဖတ်ချင်သပဆိုကျော်သွားလိုက်ပါ
Tool တွေနဲ့ ပတ်သက်ပြီးရေးမှာမဟုတ်ပါဘူး
ကဲစတင်လိုက်ရအောင်...

ကျွန်တော်တို့ အိုင်တီ ကရုထဲက Admin U Pyae Phyo ဆိုတဲ့ Rapper ကြီးတစ်ယောက်ရှိတယ် သူ့ ကိုအမြင်ကတ်တယ်ဗျာ ( ဦးပြည့်ဖြိုးရေ ခနအမြင်ကပ်ခံပေးနော် ဒီပို့ စ်ကိုဖတ်ပြီးခင်ဗျားကိုလာစမ်းသပ်ရင် အနော့်အသာမဟုတ်ဘူးနော် တိုဖြစ်တိုထံ  :PLOL!)
ကျွန်တော်သူ့ ဖေ့ဘွတ်အကောင့်ကိုဟက်ချင်တယ်ဗျာ.. ကျွန်တော်ဘယ်လိုစတင်မလဲ?

အရင်ဆုံး ဒီဘဲကြီးရဲ့ လှုပ်ရှားမှုတွေလေ့လာရမယ် သူဖေ့ဘွတ်ပေါ်မှာ ဘယ်နေရာမှာ ကမြင်းတတ်လဲ ဒင်းဘာActivity တွေလုပ်တတ်သလဲ ဒင်းဘာတွေကြိုက်တတ်လဲ စိတ်ဝင်စားတတ်လဲ ဒင်းဘယ်သူနဲ့  In relationship ငြိနေတာလဲ
(ဒီနေရာမှာ- ဖေ့ဘွတ်အကောင့်တစ်ကောင့်နေရာမှာ Website တခုဆိုရင်လဲ Foot printing လို့ ခေါ်တဲ့ ဒီဆိုဒ်ဟာ Cloud Flare အုပ်ထားလား ဘယ်ကနေ Hosting ယူထားတာလဲ ဘာ Plugin တွေသုံးထားတာလဲ IP Address ကဘာလဲ )
အစရှိသဖြင့် Inspection ကိုအရင်လုပ်ရမှာပဲ ဒါက အခြေခံအကျဆုံးနဲ့ မဖြစ်မနေလုပ်သင့်လုပ်ထိုက်တဲ့ First Step ပါပဲ

ကဲ ကျွန်တော်ကတော့သိလိုက်ပါပြီး ဒီဘဲကြီးဟာ Music တွေကိုစိတ်ဝင်စားတယ် အထူးသဖြင့် ကွန်ပျူတာMusic တွေကိုဖန်တီးတဲ့နေရာမှာလဲအားသန်တယ် သူ့ ရဲ့  In relationship က ဒေါ် ဘလာဘလာ ဆိုတာလဲသိပြီး အမြဲလိုလို Your IT Group ဆိုတဲ့ Group မှာ သွားသွားရွတယ်
နောက်ဆုံးလူမသိသူမသိ ကုတ်ကုတ်လေးနဲ့ စိတ်ဝင်စားတတ်တာက 18+ စာအုပ်တွေပဲ

(ကဲအထက်ပါအချက်အလက်ကို သိခဲ့ပြီးနောက် စတင်လှုပ်ရှားတော့မယ် အဲဒီအချက်တွေထဲက တချက်ဖြစ်တဲ့သူ့ ရဲ့  In Relationship ဒေါ်ဘလာ ဘလာ ကိုပါ စုံစမ်းစေချင်တာက တခြားမဟုတ်ဘူး ဦးပြည့်ဖြိုးအကောင့်က ဟက်ဖို့ မလွယ်ဘူးလုံခြုံရေးကောင်းတဲ့အနေအထားမှာရှိနေတယ်
... အဲဒီအခါ သူ့ ရဲ့  ကောင်မလေးအကောင့်ကိုစမ်းသပ်မယ် အကောင့်ရတဲ့အခါ သူ့ ကောင်မလေးနဲ့ သူ့ ရဲ့ ချက်ထားတဲ့ List တွေပြန်ဖတ်မယ် ဒီအခါ ဘဲကြီးက သူ့ ချစ်ချစ်ကို Password and username ပေးထားလေးကို တွေ့ ပြီးကဲပြတ်ကရော ဒီနည်းဟာလဲဟက်ကာတယော်ကအတွက်မရှိမဖြစ်လိုအပ်တဲ့ ဆက်စပ်တွေးခေါ်နိုင်စွမ်းပဲ)

ကဲဒါဆိုရင် ကျွန်တော် အရင်ဆုံးလက်နက်တွေစုဆောင်းတော့မယ် 18+ စာအုပ်တွေစိတ်ဝင်စားတဲ့သူ့ အတွက် ကျွန်တော်ဇာတ်လမ်းကောင်းကောင်းအသစ်ချပ်ကျွတ်လေးတစ်ခုကို had3s မှာ ဒေါင်းလိုက်ပါမယ်... ကဲဒေါင်းပြီးရင် Upload လုပ်မယ်
ဘယ်လိုလုပ်မလဲ? စာအုပ်ချည်းသက်သက်တော့ ဘယ်လုပ်မလဲ အဲဒီအထဲမှာ ကျွန်တော် တခုခုတော့ကပ်ပေးလိုက်မှာပေါ့ သူကဒီစာအုပ်ကိုဒေါင်းမယ် ဒေါင်းပြီးဘူးဖို့  အဲလေ ဖတ်ဖို့  ဖွင့်မယ် အဲလိုဖွင့်တဲ့အချိန်မှာ?????
ကျွန်တော်ဖြစ်စေချင်သလို အလုပ်လုပ်မယ့်အကောင်တစ်ကောင်က သူစာအုပ်ကိုဖွင့်တာနဲ့ ထပြီးအလုပ်လုပ်တော့မယ် ? ဘယ်လိုလုပ်စေချင်လဲဆိုတော့ သူလက်ရှိသုံးနေတဲ့ Browser (Mozila) ပဲဆိုပါတော့ အဲဒီမှာ Plugin လေးတစ်ခုကို အလိုလိုသွားကပ်မယ်
အဲဒီကျွန်တော်ထည့်လိုက်တဲ့အကောင်ကို ဘဲကြီးစက်မှာ သွင်းထားတဲ့ Antivirus ,spyware detector တို့ မသိအောင် Bypass လုပ်နိုင်ရမယ် အဲဒီအကောင်က အောင်မြင်စွာကပ်ငြိပြီးဒီကောင်က ဘာလုပ်ပေးမလဲဆိုတော့ ဘဲကြီးရိုက်ထည့်လိုက်တဲ့ Email , username တွေကိုမှတ်သားထားပြီး
ကျွန်တော့်ဆီကိုပြန်ပို့ ပေးမယ်ကောင်ပေါ့
ကဲ ဒီနေရာမှ ခေတ္တပြန်ထောက်မယ်
ခုနကလိုမျိုး 18+ PDF file လေးမှာ ကိုယ့်အကောင်ကိုကပ်ဖို့  အဲဒီအကောင်ကိုကိုယ်ဖြစ်စေချင်သလို အလုပ်လုပ်ဖို့ ခိုင်းဖို့  Programming တခုခုတတ်ကိုတတ်ရမယ် ကိုယ်လုပ်ချင်တဲ့အရာတခုအတွက် ငါဘယ်လို function တွေသုံးရမလဲ
ဘယ်လို code တွေ Flow တွေနဲ့ အလုပ်လုပ်မလဲ ဆိုတဲ့ ကိစ္စမှာ Programming တတ်ကိုတတ်ရပါမယ် ဒါကြောင့်လဲ Hacker ဖြစ်ဖို့  Programming Skill လိုတယ်လို့ ပြောတာပေါ့ ဗျာ ပုံမှန် Tool သမားတွေကတော့ ဘယ်လိုမှာတုန်း သူတို့ မှာအဆင်သင့်သုံးဖို့ 
tool တွေရှိနေသာပဲ သူတို့  Programming ကိုသိဖို့ မလိုဘူး (ဒါပေမယ့် တခါတလေ မုဆိုးကသားကောင်ဖြစ်တတ်တဲ့သဘောအရ Tool တွေသုံးတဲ့အခါ တချို့ toolတွေက Facebook ဟက်ပေးတော့မလိုလို Gmail ပဲနှိုက်ပေးတော့မလိုလိုနဲ့ ကိုယ့်ကွန်ပျူတာမှာသွင်းလိုက်တယ် ဒါပေမယ့်
သူဘယ်လိုအလုပ်လုပ်လဲဆိုတာမသိတော့ ကိုယ့်ကွန်ပျူတာကအချက်အလက်တွေက ပါသွားရော အဲမှာပြတ်ကရော)

ကဲ ပြန်ဆက်ရအောင် ခုနကအောင်မြင်စွာကပ်နေတဲ့အကောင်က ကိုယ့်ဆီကိုဆက်သွယ်ဖို့  ဘယ်လို Port တွေနဲ့ လုပ်ရမလဲ ရထားတဲ့အချက်အလက်တွေကို ပို့ ပေးဖို့  ဘယ်လို Protocol တွေသုံးရမလဲ ဆိုတဲ့အချက်တွေကိုစဉ်းစားရတော့မယ်
ကဲဟုတ်ပီးအဲဒီ port တွေ protocol တွေဟာ Networking သဘောတရားပဲ OSI 7 Model နဲ့ ပတ်သက်တယ် Network Communication နဲ့ ပတ်သက်တယ် SMTP Authentication တွေနဲ့ ပတ်သက်တယ် (တခါတလေ ဆိုဒ်တွေမှာ Contact Me ဆိုတဲ့အောက်မှာ Name,Email,Message တွေထည့်ပြီးသာနဲ့  Send ကိုနှိပ်လိုက်တာနဲ့  Web master ဆီကိုအလိုလိုပို့ ပေးတဲ့သဘောကိုသိတယ်မလား)
ဒီတော့ကား ကျွန်တော်တို့ ခုနက အကောင်လေးစုစည်းထားတဲ့ဒေတာတွေကို ကျွန်တော့်ဆီကိုပို့ ဖို့  Networking ကိုတတ်ဖို့ လိုတယ် နားလည်ရမယ် web ပေါ်မှာအလုပ်လုပ်ရမယ့်ကိစ္စဆိုတော့ Web Development တွေကိုလဲနားလည်ရမယ် Web Programing တွေဖြစ်တဲ့
php တို့  html ,Css တွေကိုသိရမယ် Network Security Rule တွေကိုလည်းနားလည်ထားရမယ် ဒါဆိုဘာကြောင့် Networking ,Web Dev ပိုင်းတွေသိသင့်လဲဆိုတာ သဘောပေါက်ပြီးထင်ပါတယ်..

ကဲ ဒီလောက်ဆို Programing ,Networkng , Web Dev တို့ ဘာကြောင့်လေ့လာရမလဲဆိုတာသဘောပေါက်ပြီးထင်ပါတယ်
ဒါပေမယ့်ဒါနဲ့ တင်ဟက်ကာဖြစ်ပြီလား?
အဲဒါတွေ မိုးမွန်အောင်တတ်နေရင်တောင်ခင်ဗျားဟက်ကာမဖြစ်သေးဘူးဗျ
နောက်တစ်ခုဖြစ်တဲ့ Art of Hacking လို့ ခေါ်တဲ့ Social Engineering ကိုလဲတတ်ရမယ် ကြားဖူးမှာပါ SE ထိုးတယ် ထိုးတယ်ဆိုပြီးတော့လေ ဘာလို့ လိုအပ်တာလဲ
ဦးပြည့်ဖြိုးဆိုတဲ့ ငနဲကြီးယုံအောင် ကိုယ်ဖိုင်ကိုဒေါင်းချင်လာအောင်လှည့်ပတ် ပြောတတ်ရမယ် မှင်ကောင်းရမယ် အဲဒါဟာလဲ Social Engineering ပဲ ဗျူဟာတစ်ခုပဲ လှည့်ဖြာဒတဲ့အတတ်ပညာတစ်ခုပဲ အဲလိုမှ မဟုတ်ရင် ဒီဘဲကြီး ဒေါင်းလုပ် လုပ်မှာတောင်မဟုတ်ဘူး..

နေရာတိုင်းမှာ အဲဒီ Social Engineering ကိုတွေ့ နိုင်တယ် ရာဇ၀င်ထဲမှာ၇န်သူကိုလှည့်စားတာတွေ တိုက်ပွဲတွေမှာ ရန်သူကိုဖြားယောင်းတာတွေဖတ်ဖူးကြည့်ဖူးကြမှာပဲ အဲဒါတွေဟာ SE တွေပဲ...

ကဲဟက်ကာဖြစ်ဖို့  လွယ်လား မလွယ်လားတွေးကြည့်ပေါ့ ဒါကြောင့်လဲ Annonymous မျက်နှာဖုံးတွေ ကပေါတယ် ဟက်ကာအစစ်ကမသေချာဘူး
ဟက်ကာဆိုတာ နယ်ပယ်တစ်ခုမှာပညာရပ်တွေကို အကျွမ်းကျင်ဆုံးနားလည်တတ်မြောက်ဖန်တီးနိုင်တဲ့ အခြေအနေကိုရောက်၇ှိသူကိုတင်စားတာ အိုင်တီလောကတင်မကဘူးတခြားမှာလဲဒီတိုင်းပဲ...

အိုင်တီဆိုတာနဲ့ 
Network Engineering
Software Engineering
Web Development အစရှိသဖြင့်ပါတယ် အဲဒါတွေအားလုံးကိုကျွမ်း၂ကျင်၂ တတ်မြောက်ထားသူကို ဟက်ကာလို့ ယူဆနိုင်တယ်(SE လေးပါကောင်းပါစေ) ထိုးသွင်းသိမြင်နိုင်ရမယ် ဖောက်ထွက်နိုင်ရမယ် လွတ်လပ်မှုကိုမြတ်နိုးရမယ်
တီထွင်နိုင်ရမယ် အဲဒီအရည်အချင်းအားလုံးကို တတ်မြောက်သူကိုတာတင်စားပြီးဟက်ကာလို့ ခေါ်တာ

လမ်း ၂လမ်းရှိပါတယ်
ကဲဒီလောက်ခက်တာဗျာ ဟုတ်ကဲ့ Tool တွေ သံးတတ်ရင်ခင်ဗျားကိုယ်ခင်ဗျားကိုယ်တိုင် နဲ့ ဟက်ကင်းကိုမသိတဲ့လူတွေကြားမှာ နားမလည်တဲ့သူတွေကြားမှာ ဟက်ကာဆိုပြီး နာ၇ီပိုင်းအတွင်းဖြစ်နိုင်ပါတယ်
တကယ်လို့ များကျွန်တော်အထက်မှာပြောသလို ဆို ခင်ဗျားကို ဟက်ကာအကြီးစား ဟက်ကာအသိုင်းအ၀ိုင်းက ဟက်ကာလို့  သတ်မှတ်ပေးကြပါလိမ့်မယ်

ခင်ဗျားကြိုက်တဲ့လမ်းရွေးပါ...

@lohaG3nius (Cloudy@ HTET LINN)