ချင်းဒေသခံများ တောင်းဆိုမှု သူရဦးရွှေမန်း ကတိကဝတ်မပြု


နေမျိုး| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ချင်းပြည်နယ် တီးတိန်မြို့ရှိ အဖွဲ့အစည်းများ၊ ဒေသခံများနှင့် တွေ့ဆုံရာတွင် ဒေသခံများက လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် ရေရှိရေး ကိစ္စရပ်များ ဆောင်းဆိုသော်လည်း သူရဦးရွှေမန်းက ကတိကဝတ် တစ်စုံတရာ ပြုခြင်းမရှိဟု တွေ့ဆုံပွဲ တက်ရောက်သော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးကမ်းလျန်က ပြောသည်။

“တွေ့ဆုံပွဲမှာ တင်ပြတာတွေနဲ့ ပတ်သက်ပြီး ဘာကတိမှ ပေးမသွားဘူး” ဟု ပါတီကိုယ်စားပြု တက်ရောက်သူ ဦးကမ်းလျန် က မဇ္ဈိမ ကို ပြောသည်။

သူရဦးရွှေမန်းက ချင်းပြည်နယ် တီးတိန်မြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ပါတီများ၊ မြို့မိမြို့ဖများနှင့် နိုဝင်ဘာလ ၁၈ ရက်တွင် တီးတိန်မြို့ ကမ်ဟောက်ခန်းမတွင် တွေ့ဆုံခဲ့သည်။

တက်ရောက်သူများက လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အပေါ့စားလေယာဉ်များ ဆင်းသက်နိုင်ရေး စီးစဉ်ပေးရန်၊ ရေးအားလျှပ်စစ်စီစဉ်ပေးရန်၊ ပညာရေးကောလိပ်တစ်ခု ဆောက်လုပ်ပေးရန်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စများ တင်ပြသော်လည်း သူရဦးရွှေမန်းက တစ်စုံတစ်ရာ ကတိပြုသွားခြင်းမရှိဟု ချင်းအမျိုးသားတစ်ဦးဖြစ်သူ ကိုမုန်လဲက ပြောသည်။

ယင်းတွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက လက်ရှိ အုပ်ချုပ်မှုပုံစံသည် အထက်ပိုင်းမှ အောက်ခြေသို့ စီမံအုပ်ချုပ်သည့်ပုံစံ မဟုတ်တော့ကြောင်းသာ ပြောကြားခဲ့သည်ဟု ဦးကမ်းလျန်က ဆိုသည်။

နိုဝင်ဘာလ ၁၈ရက်က တီးတိန်မြို့နယ် ကမ်ဟောက်ခန်းမတွင် သူရဦးရွှေမန်းနှင့် ဒေသခံ ၃၆၀ကျော်တို့ တွေ့ဆုံခဲ့ကြသည်။

နိုဝင်ဘာလ ၁၆ရက်ကလည်း သူရဦးရွှေမန်းသည် စစ်ကိုင်းတိုင်းအတွင်းရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ မြို့ မိမြို့ဖများနှင့် တွေ့ဆုံကာ မူးယစ်ဆေးနှင့် လက်နက်မှောင်ခိုကိစ္စများ အဓိကဆွေးနွေးခဲ့ကြသေးသည်။
Mizzima - News in Burmese

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပရိသတ် ၁၀၀၀၀ ကျော်အတွက်သာ ထိုင်ခုံလက်မှတ်ရောင်းချမည်


(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ/ပိတ်ပွဲ ကျင်းပမည့် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ပရိသတ် ၃၀၀၀၀ ဆံ့သော်လည်း အရှေ့ဘက် ပွဲကြည့်စင်ကို စင်မြင့်နှင့် အသံပိုင်း၊ မီးပိုင်းဆိုင်ရာပစ္စည်းများ ထားရှိမည်ဖြစ်ပြီး ကျန်ရှိသည့် ထိုင်ခုံများတွင် နိုင်ငံတကာမှ နိုင်ငံ့အကြီးအကဲများ၊ အားကစားအဖွဲ့အသီးသီးမှ ဖိတ်ကြားထားသူများ၊ တာဂန်ရှိသူများနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည့်ရှုကြမည် ဖြစ်သည့်အတွက် အားကစားဝါသနာရှင် ပရိသတ်များအတွက်မူ အမှန်တကယ်ရောင်းချပေးနိုင်မည့် ထိုင်ခုံအရေအတွက်မှာ ၁၀၀၀၀ ကျော်သာ ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများကို တစ်နိုင်ငံလုံးရှိ မြို့ကြီးမျာ၏ LED Board များမှလည်းကောင်း၊ ပြည်တွင်း ရုပ်သံလိုင်းများမှလည်းကောင်း တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည် ဖြစ်သည်။
The Mirror Daily

သင်္ချိုင်းကုန်းတွင် ချိန်းတွေ့သောစုံတွဲ အမျိုးသားလေးဦး တိုက်ခိုက်၍ ချိန်းတွေ့အမျိုးသား သေဆုံး


ညအချိန် သင်္ချိုင်းကုန်းရှိ  မှောင်ရိပ်ထဲတွင် ချိန်းတွေ့ကြသည့် စုံတွဲတစ်တွဲကို အမျိုးသားလေးဦးက ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ရာ အမျိုးသားသည် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၁၆၈)ရပ်ကွက်၊ ရိုးမရိပ်သာလမ်းရှိ ကျီစုသုသာန်၏ အရှေ့ဘက်အမှောင်ရိပ်ထဲတွင် နိုဝင်ဘာ ၁၅ရက် ည ၁၀နာရီခွဲခန့်က ဆိုင်ကယ်ရပ်ကာ ချိန်းတွေ့နေကြသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာကြသည် လူလေးဦးတို့က ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ကြသောကြောင့် အမျိုးသား သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
သေဆုံးသူအမျိုးသားသည် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၁၀၅)ရပ်ကွက်တွင်နေထိုင်ပြီး ၎င်း၏ချစ်သူ အမျိုးသမီးမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊  အမှတ် (၁၀၄ )ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ ၎င်းတို့သည် (၁၀၄) ရပ်ကွက်ရှိ ဘုရားပွဲသို့ ဆိုင်ကယ်ဖြင့်သွားရောက်ရာ ဘုရားပွဲမရှိသောကြောင့် ယင်းသုသာန်မှောင်ရိပ်ထဲတွင် စကားပြောနေချိန် အသတ်ခံရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဆိုင်ကယ်စီးလာသည့်လူနှစ်ဦးက ““ဆိုင်ကယ်တစ်စီးဖြတ်သွားတာ မတွေ့ဘူးလား””ဟု မေးရာ ချိန်းတွေ့နေသည့် အမျိုးသားက မတွေ့မိကြောင်းပြောလိုက်၍ ယင်းဆိုင်ကယ် ထွက်သွားပြီး ၁၀မိနစ်ခန့်အကြာ ယင်းဆိုင်ကယ်နှင့် နောက်ထပ်လူနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးပါ ထပ်မံရောက်လာကြပြီး ““မင်းက ဘာကောင်မို့ စကားကောင်းကောင်းမပြောတာလဲ””ဟုဆိုကာ အရက်မူးနေသည့် အဆိုပါလူလေးဦးက ၀ိုင်းဝန်းထိုးကြိတ်ပြီး ပြန်လည်ထွက်သွားကြကြောင်း သတင်းရရှိသည်။
ထိုသို့ ဖြစ်ပွားနေချိန်တွင် အမျိုးသမီးသည် အနီးရှိ ဘုန်းကြီးကျောင်းမှ လူများကို သွားရောက်အကူအညီတောင်းပြီး ပြန်ရောက်လာချိန်တွင် အမျိုးသားမှာ ဒဏ်ရာများဖြင့် လမ်းမပေါ်တွင်သေဆုံးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
““စုံစမ်းစစ်ဆေးနေတုန်းပဲ။ တရားလိုက ဒီလိုပဲ ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်လို့ပြောတာနဲ့ အမှုကိုလည်း ဒီအတိုင်းဖွင့်ပေးထားတာ”” ဟု ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက နိုဝင်ဘာ ၁၇ ရက်တွင်ပြောသည်။

ချိန်းတွေ့သူအမျိုးသမီးက တရားလိုပြုကာ ရဲစခန်းတွင် တိုင်ကြားသောကြောင့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး အဆိုပါအမျိုးသားလေးဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

7day Daily

မလေးရှားတွင် မြန်မာနိုင်ငံသားဟု ယူဆရသည့် အလောင်းနှစ်လောင်းတွေ့


မြန်မာနိုင်ငံသားဟု ယူဆရသူ အမျိုးသားတစ်ဦး ဒဏ်ရာများစွာဖြင့် သေဆုံးနေပြီး ခြေထောက်များကိုလည်း စည်းနှောင်ခံထားရကြောင်း မလေးရှားနိုင်ငံ ကလန်အရပ်မှ သတင်းရရှိသည်။

ကလန်မြောက်ပိုင်းဒေသ ရဲမှူး ဆူကာစုလောင်က သေဆုံးသူခန္ဓာကိုယ်ပေါ်မှ ယင်းဒဏ်ရာဒဏ်ချက်များသည် နှိပ်စက်ခံခဲ့ရကြောင်း ပြဆိုနေသည်ဟုဆိုသည်။ သေဆုံးသူသည် အသက် ၂၀ ၀န်းကျင်ရှိသည်။
““ကနဦးတွေ့ရှိချက်တွေအရ ရဲတွေရောက်မလာခင် ၆ နာရီ လောက်ကတည်းက သူသေဆုံးခဲ့တယ်ဆိုတာ တွေ့ရတယ်။ သူ့ကို အခြားနေရာမှာသတ်ပြီး ဒီနေရာမှာ လာပစ်ထားတယ်လို့လည်း ယူဆရတယ်။ သူ့ကိုယ်မှာ ဘာစာရွက်စာတမ်းအထောက်အထားမှ မတွေ့ရဘူး။ သူဘယ်သူလဲဆိုတာကို ကျွန်တော်တို့ စုံစမ်းနေဆဲပါပဲ””ဟု ရဲမှူးကပြောဆိုသည်။
အလောင်းကို တင်ဂူအမ်ပူ ၀မ်ရာဟီမာဆေးရုံကို ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဘူခေတ်မာတာဂျမ် အရပ်တွင်လည်း အမျိုးသားတစ်ဦးဓားဒဏ်ရာပေါင်းများစွာဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။ လည်ကုပ်နှင့် ခန္ဓာကိုယ်တွင် ယင်းဒဏ်ရာများ တွေ့ရသည်ဟု ဆိုသည်။ တာမန်နာဂါစာရီအနီးရှိ ကမ်ပွန်တော့ကို သွားရာ လမ်းဘေး တောတွင်းတွင် ရွာသားတစ်ဦးက အလောင်းကိုတွေ့ပြီး ရဲဌာနသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
အသက် ၃၀ ၀န်းကျင်ရှိ အမည်မသိသေဆုံးသူသည် မြန်မာနိုင်ငံကဖြစ်မည်ဟု ယူဆကြသည်။ ယင်းနေရာတစ်ဝိုက်တွင် လုပ်ကိုင်နေကြသော နိုင်ငံခြားသားအလုပ်သမားများကို ခေါ်ယူပြီး မေးမြန်းသော်လည်း သေဆုံးသူကို မသိရှိကြကြောင်း သတင်းတွင် ဖော်ပြထားသည်။
အမှုနှင့် ပတ်သက်ပြီး သိရှိသူ သတင်းပေးနိုင်သူများ ရဲဌာနတစ်ခုခုသို့ အကြောင်းကြားရန်အတွက် ရဲအဖွဲ့က နှိုးဆော်ထားသည်။

ကိုးကား-The Star

7day Daily

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်းသို့ဝင်၍ အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ခုတ်


အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း ညအချိန်ဓားမကိုင်၍ ၀င်လာသူ အမျိုးသားတစ်ဦးက အုပ်ချုပ်ရေးမှူးကို ဓားမဖြင့် ဆက်တိုက်ခုတ်သောကြောင့် ပြည်သူ့ဝန်ထမ်းအား နာကျင်အောင်ပြုလုပ်မှုဖြင့် အရေးယူလိုက်ကြောင်း သတင်းရရှိသည်။

အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အတွင်း နေထိုင်သည့် အငှားယာဉ်မောင်းတစ်ဦးက နိုဝင်ဘာ ၁၆ ရက် ည ၉ နာရီ မိနစ် ၃၀ တွင် ရပ်ကွက်အုပ်ချုပ်ရေးရုံးအတွင်း ဓားမကိုင်၍ ၀င်လာကာ အုပ်ချုပ်ရေးမှူးအား ဆက်တိုက်ခုတ်သောကြောင့် ဦးခေါင်းနှင့်လက်တို့တွင် ဒဏ်ရာများရကာ အင်းစိန်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး  ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
““ငါးခုတ်တဲ့ဓားမနဲ့ ၀င်ခုတ်တဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးက အမှုတစ်ခုလာတိုင်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ စကားပြောနေချိန်ပဲ။ ခေါင်းဘယ်ဘက်အခြမ်းကို ဓားမနဲ့ တအားခုတ်လိုက်တာကို ညာလက်နဲ့မြှောက်ပြီးကာလိုက်လို့ ခေါင်းမပြတ်တာ၊ သူက ဆက်တိုက်ထပ်ခုတ်သေးတယ်”” ဟု အဆိုပါအမျိုးသမီးကပြောသည်။
အုပ်ချုပ်ရေးမှူးကို ငါးခုတ်ဓားမဖြင့် ခုတ်သူအား ပြစ်မှုဆိုင်ရာပုဒ်မ-၃၃၃ ဖြစ်သည့် ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှုဖြင့် အရေးယူကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်မှုထင်ရှားပါက ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သတင်းရရှိသည်။

7day Daily

သွားကိုက်ခြင်း - Toothache


Dental cavity သွားအခေါင်းဖြစ်လို့ကနေ အများဆုံးသွားကိုက်တယ်။ ဒုတိယလိုက်တာက Gum disease သွးဖုံးရောဂါ။ ကိုယ်ဝန်မှာ သွားကိုက်လို့ တခုခုလုပ်စရာလိုရင် ဒုတိယ ၃ လအတွင်းကအသင့်ဆုံးဖြစ်တယ်။ Cracked tooth သွားအက်တာ၊ Exposed tooth root သွားအခြေ (အမြစ်) ပေါ်နေတာတွေကနေလဲ သွားကိုက်မယ်။သွားမှာ မဟုတ်ဘဲ မေးရိုးဆစ်ရောဂါ၊ (ဆိုင်းနပ်စ်) ရောဂါတွေကလဲ သွားကိုက်တာနဲ့ မှားတတ်တယ်။

Dental abscess ပြည်တည်တာလဲရှိတယ်။ သွားကိုဖုံးပေးထားတဲ့ Enamel ကြေလွှာကိုထိခိုက်ရင် မျက်စိနဲ့ မမြင်ရသေးခင်ကတည်းက သွားနာတာစမယ်။ စားလိုက်တဲ့ အစားအသောက်ထဲမှာပါနေတဲ့ သကြားဓါတ်ကို ခံတွင်းထဲနေတဲ့ ဗက်တီးရီးယားကနေ အက်စစ်ဓါတ်အဖြစ် ပြောင်းပေးတယ်။ အက်စစ်ဓါတ်က ကြွေလွှာလေးကို ဖျက်ဆီးတယ်။ ကြာတော့ သွားအခေါင်းဖြစ်လာတော့တယ်။

သွားရဲ့အတွင်းဆုံးအထပ်ဖြစ်တဲ့ ပြော့လွှာထဲမှာ နာတာကိုခံနိုင်တဲ့ အာရုံကြောရှိတယ်။ သူ့ကို ဗက်တီးရီးယားအဆိပ်တွေ၊ စားတာသောက်တာထဲက အပူ၊ အအေး၊ အချဉ်၊ အချိုတွေကနေ နာစေမယ်။ ဆိုးလာရင် ပြော့လွှာတစ်ရှူးတွေသေပြီး Dental abscess ပြည်တည်လာနိုင်တယ်။

သွားပေါက်ဖြစ်လာတာကို တိမ်သေးရင် Dental filling ဖါပေးနိုင်တယ်။ နက်နေပြီဆိုရင်တော့ Crown အစွပ် အုပ်ပေးရတယ်။ အခေါင်းကနေ ပြော့လွှာကိုထိခိုက်ပြီး ပိုးဝင်မယ်ဆိုရင် သွားနုတ်ရနိုင်တယ်။ ဒါမှမဟုတ် သေနေတဲ့ တစ်ရှူးတွေ ထုတ်ပေးရတတ်တယ်။ ဖြည့်စရာနဲ့ အစားထိုးရတတ်တယ်။ ပြည်တည်နာကနေရောင်လာပြီး ဘေးကို ပြန့်နိုင်တယ်။ တခါတလေ အရေးပေါ်ကုသရတယ်။

Gum (periodontal) disease သွားဖုံးရောဂါဖြစ်ရင် သွားကို ထိန်းမထားနိုင်တော့ဘူး။ Plaque (ပလိပ်) ခေါ်တာဖြစ်လာတယ်။ စာတပုဒ်ရေးထားပါတယ်။

• Rinse with warm salt water ဆားကို ရေနွေးထဲထည့်ပြီး ငုံပါ။ ပလုပ်ကျင်းပါ။ ဆား လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်းကို အနေတော် ရေနွေး တဖန်ခွက်ထဲ ရောပါ။ ဆားမပါတဲ့ အခန်းအပူချိန်ရှိ ရေနွေးလဲ လုပ်နိုင်တယ်။
• ရေခဲတုံးလဲ ငုံထားနိုင်တယ်။ ဒါပေမဲ့ တချို့ဆရာဝန်တွေက အေးလွန်းတာနဲ့ ပူလွန်းတာတွေကို ရှောင်စေချင်တယ်။
• Paracetamol, Aspirin, Ibuprofen နဲ့ Benzocaine အနာသက်သာဆေး တမျိုးမျိုး သောက်ပါ။
• Codeine နဲ့ Hydrocodone Oxycodone ဆေးတွေက ဆရာဝန်လက်မှတ်နဲ့မှ ဝယ်ရတဲ့ အပြင်းစား အနာသက်သာဆေးတွေ ဖြစ်တယ်။ အိပ်နိုင်မယ်။
• Eugenol (Cloves oil) လေးညှင်းဆီ သုံးပါ။
• ဆေးဆိုင်မှာ အလွယ်ဝယ်ရတဲ့ Benzocaine ထုံဆေး လဲသုံးနိုင်တယ်။
• Tobacco/Smoking ဆေးလိပ် မသောက်ပါနဲ့။ (နီကိုတင်း) က နာတာကို ပိုဆိုးစေတယ်။
• Massage နှိပ်နယ်ပေးနိုင်တယ်။ သွားနာနေချိန်မှာ ငြိမ်ထိုင်မနေဘဲ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးသင့်တယ်။ သီချင်း-ဂီတ နားထောင်သင့်တယ်။ ရုပ်ရှင်-တီဗွီကြည့်ပါ။
• Listerine ပါးစပ်ဆေးရည်ကောင်းပါတယ်။

သွားပိုးဝင်တာအတွက်သုံးတဲ့ ပဋိဇီဝဆေးတွေ -
(၁) Erythromycin (အရစ်သရိုမိုင်စင်) = တခါသောက် 250mg တနေ့ ၄ ကြိမ်။ ဒါမှမဟုတ် တခါသောက် 500mg တနေ့ ၂ ကြိမ်။
(၂) Metronidazole (မက်ထရိုနိုက်ဒါဇောလ်)
- Amebic gingivitis (အမီးဘား) သွားဖုံးရောင်၊ 400 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။
- သွားပိုးဝင်၍ပြည်တည်ခြင်း၊ 3 Gm TDS
- သွားမနုတ်မီ 2 Gm ၁ နာရီကြိုတင်ပေးပါ။
Dr. Tint Swe

သုံးဖက်မြင် Samsung စမတ်ဖုန်း လာမယ့်နှစ်တွင် မြင်တွေ့ရတော့မည်


Samsung က မျက်နှာပြင်ကွေး Galaxy Round စမတ်ဖုန်း ထုတ်လုပ်ပြီး ချိန်မှာ သုံးဖက်မြင် မျက်နှာပြင်ခုံး စမတ်ဖုန်းတွေကို လာမယ့်နှစ်မှာ ထုတ်လုပ်တော့မယ်လို့ သတင်းတွေ ထွက်ရှိနေပါတယ်။ အဆိုပါဖုန်းမှာ Youm လို့ခေါ်တဲ့ Samsungရဲ့ ကိုယ်ပိုင်နည်းပညာကို ဗားရှင်းတိုးမြင့်ပြီး အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
အဆိုပါဖုန်းကို မျက်နှာပြင်သုံးဖက်ပါ စမတ်ဖုန်းတစ်လုံးအဖြစ် ထုတ်လုပ်မည်
ဖြစ်ပြီး အခြား Specification များကိုတော့ အတိအလင်း မကြေညာထားသေး
ပါဘူး။ ဒီသတင်းအရသာဆိုရင် မိုဘိုင်းဈေးကွက်ထဲမှာ သုံးဖက်မြင်စမတ်ဖုန်း
တွေ မြင်တွေ့ရဖို့ သိပ်မဝေးတော့ပါဘူး။

Guide Magazine

ဆေးရုံဆောက်နိုင်ဖို့အတွက် ကုမ္ပဏီထူထောင်လိုက်တဲ့ ဝေဠုကျော်


ဝေဠုကျော်က ကုမ္ပဏီထူထောင်လိုက်ပြီး ကုမ္ပဏီအတွက် နိုင်ငံတော်ကနေအလုပ်တောင်းထားကြောင်း၊ အဲဒီအလုပ်ရမယ်ဆိုရင် ရရှိမယ့် အမြတ်ငွေသိန်းပေါင်းနှစ် သိန်း ခန့်ကိုသူဆောက်ချင်နေတဲ့ ဆေးရုံဆောက်နိုင်ဖို့အတွက် အားလုံးလှူဒါန်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။ အများအတွက် အလုပ်လုပ်ချင် လို့ တောင်း ဆိုခြင်းဖြ စ်ကြောင်းကို ဝေဠုကျော်က ” နိုင်ငံတော်က ခွင့်ပြုရင် အဲဒီအလုပ်ကြီးလုပ်တာနဲ့ တစ်ပြိုက်နက်ရတဲ့ အမြတ်အစွန်းကို ဆေးရုံကြီးဆောက်သွားမှာပါ။

ကျွန်တော်သုံးဖို့မပါပါဘူး။ကျွန်တော့်အတွက် အားလုံး ပြည့်စုံလုံလောက်နေပါပြီ။ အများအတွက် အလုပ်လုပ်ချင်လို့ တောင်းဆိုထားတာပါ။ နိုင်ငံတော်ကလည်း ခွင့်ပြုမယ် လို့ မျှော်လင့်ပါတယ်။ကျွန်တော်တောင်းထားတဲ့ အလုပ်တစ်ခုကို ကျွန်တော့်ကိုမပေးဘဲသူများတစ်ယောက်ကိုပေးမယ်ဆိုရင် ကျွန် တော်တောင်းဆိုရပါ လိမ့် မယ်။ ကျွန်တော်နဲ့အတူ ပြည်သူတွေ အားလုံးလည်းဝိုင်းတောင်းဆိုပေးပါ။ ကိုဝေဠုကျော် အဲဒီအလုပ်ကြီးကို တောင်းထားတုန်းက ဆေးရုံဆောက်ဖို့ပါပါတယ်။ သူမရဘူး။ သူများရသွားရင် အဲဒီလူဆေးရုံဆောက်ဖို့ နိုင်ငံတော်က တိုက်တွန်းပေးပါဆိုတာ အားလုံးတောင်းဆိုခွင့်ရှိပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကို မပေးဘဲသူများ ကို ပေး လိုက် ရင် ကျွန်တော်တောင်းထားတဲ့အလုပ်ကို ဖွင့်ချပြပါမယ်။ပြည်သူတွေ အားလုံးဆုံးဖြတ်ကြပါ။ကျွန်တော်ဆေးရုံ ကြီးတအားဆောက်ချင်ပါ တယ်။တစ်ခုတည်းမ ဟုတ် ပါဘူး။ အလုပ်တွေအများကြီးလုပ်ပြီး ကျွန်တော်မသေခင် ဘယ်နှလုံးဆောက်နိုင်မလဲဆိုပြီး ဆောက်ချင် တာပါ။တစ်လုံးမှ ဆောက်ခွင့်မရဘူးဆိုရင်တော့ ကျွန်တော့် ကု သိုလ်ကံပေါ့။ ကျွန် တော်တင်ထားတာ နှစ်လကျော်ပါပြီ။ သမ္မတကြီးဆီအပါအဝင်၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုလည်း တင်ထားပါတယ်” လို့ ပြောပါတယ်။

ဝေဠုကျော်က ကြက်ခြေနီအသင်းမှာလည်း တာဝန်ထမ်းဆောင်နေပြီး ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကာ အရေးပေါ်မီးလောင်တဲ့နေ ရာတွေကို လည်း ကူညီဆောင် ရွက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ ပရိသတ်တွေအားလုံးကို အနုပညာနဲ့ အလုပ်ကျွေးပြုခဲ့ပြီး ရခဲ့တဲ့ ဝင်ငွေနဲ့ နေနိုင်စားနိုင်ခဲ့တာကြောင့် ကျန်ရှိနေ တဲ့ အချိန်တွေအားလုံးကို ပရိသတ်ကို ပြန်လည်ပေးဆပ်တဲ့ အလုပ်တွေနဲ့ အသက်ဆက်ရှင်သွား မှာဖြစ်ကြောင်း ဝေဠုကျော် က ပြောပါ တယ်။

ခိုင်ဝေလွင်
Popular Journal 

(ဘီ)ပိုး၊ (စီ)ပိုးရှိမရှိ လူတိုင်းစစ်ဆေးသင့်ကြောင်း Hepa Plus Group မှ ဖိုးဖြူပြောကြား


အသည်းရောင်အသားဝါ (ဘီ)ပိုး(စီ)ပိုးကုသမှုပံ့ပိုးကူညီရေးအဖွဲ့ Hepa Plus Group အနေနဲ့ အသည်းရောင် အသားဝါ ရောဂါဝေဒနာရှင် များကို ပံ့ပိုးကူညီပေးနေခဲ့တာ အခုဆိုရင် ၂နှစ်ကျော်ကာလ အတွင်းကိုရောက်ရှိလာပြီဖြစ် ပါတယ်။ Hepa Plus Group အဖွဲ့မှာ ဟာသသရုပ်ဆောင် ဖိုးဖြူလည်း ပါဝင်လုပ်ဆောင် ပေးနေပါတယ်။ ဖိုးဖြူအနေ နဲ့လည်း အသည်းရောင်အသား ဝါ(စီ)ပိုးရောဂါဝေဒနာကို ခံစားခဲ့ရသလို၊ အချိန်အတော် ကြာကုသမှုခံပြီး နောက်ပိုင်းမှာ တော့ (စီ)ပိုးလုံးဝ ပျောက်ကင်း သွားခဲ့ကြောင်း သူ့ရဲ့ ရောဂါဖြစ် စဉ်ကို ပြောပြပါတယ်။ ရောဂါေ ပျာက်ကင်းသွားပြီးတဲ့နောက် ပိုင်းမှာ အသည်းရောင်(ဘီ) ပိုး၊ (စီ)ပိုး အသည်းရောင်အသားဝါ (ဘီ)ပိုး၊(စီ) ပိုး ကုသမှုပံ့ပိုး ကူညီ ရေးအဖွဲ့ကို စေတနာတူ သူငယ်ချင်းတွေ စုပေါင်းပြီး ဖွဲ့စည်းခဲတာဖြစ်ကြောင်း ဖိုးဖြူက ပြောပါတယ်။

” ဆင်းရဲနွမ်းပါးတဲ့ သူတွေ မှာလည်းအသည်းရောင်(ဘီ)ပိုး၊ (စီ)ပိုးတွေဖြစ်နေကြတယ်။ သူတို့မှာ ကုသဖို့ စရိတ်မရှိကြ ပါဘူး။ ကျွန်တော့်အနေနဲ့ ကိုယ့် ကိုယ်တိုင်ဖြစ်ခဲ့ တဲ့ရောဂါကို ကိုယ်ချင်းစာပြီး တော့ သူတို့ကို ပျောက်စေချင်တဲ့ ရည်ရွယ်ချက် နဲ့ဝါသနာတူ၊စေတနာတူ သူငယ်ချင်းတွေနဲ့ ဖွဲ့ထားတာပါ။ အဖွဲ့ဝင်အနေနဲ့ ရန်ကုန်၊မန္တလေး ဆိုရင်အယောက် ၂ဝလောက်ရှိ ပါတယ်။ အဲဒီအယောက်၂ဝမှာ သူကဥက္ကဋ္ဌ၊သူက အတွင်းရေးမှူးရယ်လို့ မဟုတ်ပါဘူး။ အသင်းအဖွဲ့ အားဖြင့်လည်း ကြီးကြီးမားမားမရှိ ပါဘူး။ နှုတ်၏ဆောင်မခြင်း၊ လက်၏ဆောင်မခြင်းနဲ့ ပံ့ပိုး ကူညီပေး ကြတာပါ။ ဝါသနာတူ ပုဂ္ဂိုလ် တွေ ပေါင်းပြီး ဖွဲ့ထားတာဖြစ် တဲ့ အတွက် စနစ်တကျတော့ မရှိသေးပါ ဘူး။ ဒါပေမဲ့ ကုသတဲ့ အခြေအနေက တော့ သေသေချာချာလေးလုပ်ထားပါတယ်” လို့ Hepa Plus Group ဖြစ်ပေါ်လာပုံကို ဖိုးဖြူက ပြောပြပါတယ်။

ဆက် လက်ပြီး Hepa Plus Group ရဲ့ လက်ရှိလုပ်ဆောင်ပေးနေမှု အပိုင်းနဲ့ ပတ်သက်ပြီး ဖိုးဖြူက” အသည်းရောင် အသားဝါ (ဘီ)ပိုးရှိနေတဲ့ သူတွေ ကျတော့ သောက်ေ ဆးနဲ့ ကုလို့ရပါတယ်။(စီ)ပိုးဖြစ်နေတဲ့သူတွေ ကြတော့ ထိုးဆေးနဲ့ကုသပေးနေ ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရည်ရွယ်ချက်သုံးချက်ရှိပါတယ်။ (၁)အချက်က ခန္ဓာ ကိုယ်ထဲမှာ ရောက်နေတဲ့ (စီ)ပိုးတွေကိုလုံးဝ ပျောက်ကင်းတဲ့အထိ ကုသပေးဖို့ပါပဲ။ (၂)အချက်က ပျောက်ကင်းအောင် ကုသလို့မရဘူးဆိုရင် အသည်းမ ပျက် စီးအောင် ထိန်းသိမ်းဖို့ ပါပဲ။(၃)အချက်ကလူတန်းစေ့ နေနိုင်ဖို့ ပါပဲ။ တချို့ကျတော့လည်း ကျွန်တော့်အနေနဲ့ (စီ)ပိုး ပျောက်ခဲ့တဲ့အတွက် ဘာဆေးသောက် လဲ၊ ဘယ်မှာ ကုခဲ့လဲလို့ မေးကြပါတယ်။ အဲဒီလို ပုဂ္ဂိုလ်များအတွက်ကျတော့ ကျွန်တော့် အနေနဲ့ရောဂါပျောက်တဲ့ နည်းလမ်းအတိုင်း ညွှန်ပြပေးပါတယ်။ အဲဒါကတော့ နှုတ်၏ေ ဆာင်မခြင်းပေါ့။ တချို့ကျတော့လည်း ကုသဖို့ပိုက်ဆံကို မရှိတာပါ။ အဲဒီလို ပုဂ္ဂိုလ်မျိုးကျတော့လည်း နှုတ်၏ ဆောင်မခြင်းပါမကဘဲ၊ လက်၏ ဆောင်မခြင်းပါ ကူညီပေးပါတယ်။ သို့သော်လည်း ကုသတဲ့ စရိတ်တွေ ကမြင့်မားတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ရန်ပုံငွေနဲ့ လူနာအရေအတွက် နဲ့ကမမျှဘူး ဖြစ်နေပါတယ်။ ရန်ပုံငွေ လိုနေပါတယ်။ (စီ) ပိုး ဆေးထိုးမယ်ဆိုရင် ကျွန်တော် တို့အနေနဲ့ စရိတ်အနည်းဆုံး ဖြစ်အောင် စီစဉ်ကူညီပေးပါ တယ်။ တခြားမှာ သိန်း၂ဝဝ၊ ၃ဝဝလောက် ကုန်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာ သိန်း၅ဝ လောက်နဲ့ အဆင်ပြေအောင် လုပ်ပေးနေပါတယ်။ စီပိုးက အမျိုးအစားနှစ်မျိုးရှိပါတယ်။ ၆လနဲ့ ပျောက် တဲ့အမျိုးအစားနဲ့ ၁နှစ်နဲ့ပျောက်တဲ့ အမျိုးအစားပါ။ ခြောက်လကုရ တဲ့ လူတွေကျတော့၂၅ သိန်း လောက် ကုန်ပါတယ်။ တစ်နှစ်ကုရတဲ့လူတွေ ကျတော့ သိန်း၅ဝ လောက်ကုန်ပါ တယ်။ အဲဒီတော့ ၂၅ကနေ ၅ဝ လောက်အထိ ကုန် တဲ့အခါမှာ လူအများ ကြီးကို ပံ့ပိုးနိုင်ဖို့ အတွက် ခက်ခဲနေပါတယ်။ ရန်ပုံငွေရှာဖွေရေး အတွက်က လည်း ဒီလိုရှိပါတယ်။ ကျွန်တော် တို့အနေနဲ့ ပရဟိတလုပ်နေ တာသိတဲ့အတွက် ကျွန်တော် တို့ဆီကို ဆက်သွယ်ပြီး လှူလာ ကြပါတယ်။ တခြားပွဲလမ်း သဘင်နဲ့ ရန်ပုံငွေရှာဖွေရတာ မျိုးအနေနဲ့ကတော့ ကျွန်တော် တို့ဆီမှာ အရင်းတောင် မရှိပါဘူး။ သူတို့သဒ္ဓါသလောက်နဲ့ လှူဒါန်းမှုအပေါ်မူတည်ပြီး တော့ လူနာ တစ်ယောက်ပဲရရ၊ နှစ် ယောက်ပဲရရရှိတဲ့ ပိုက်ဆံနဲ့ ကုနေရပါ တယ်။ မြန်မာပြည်မှာ HIV ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊ (စီ) ပိုးတွေက တွင်တွင် ကျယ်ကျယ်ဖြစ် နေကြ ပါတယ်။ အဲ့ဒီရောဂါတွေ က ဖြစ်ဖြစ် ချင်းမှာ နာခြင်း၊ ကျင်ခြင်း ဝေဒနာမျိုးတွေမရှိတဲ့အတွက် ရောဂါဝေဒနာရှင်တွေက မသိ ကြပါဘူး။

(ဘီ)ပို၊ (စီ)ပိုးရှိမရှိကို လူတိုင်းစစ်ဆေးသင့်ပါတယ်။ အဲ့ဒီရောဂါတွေရှိတယ်ဆိုရင် အမြန်ဆုံးကုသသင့်ပါတယ်။နှစ် တွေကြာလာ တာနဲ့အမျှအသည်း တွေ ပျက်စီး သွားနိုင် ပါတယ်” လို့ ပြောပြပါတယ်။ အသည်းရောင် အသားဝါ (ဘီ)ပိုး(စီ)ပိုး ကုသမှု ပံ့ပိုးကူညီ ရေးရုံးကိုတော့ အမှတ် ၂၈၇/၁၊ ကျောင်းလမ်း၊ ၂၅ရပ် ကွက်၊သုဝဏ္ဏ၊ သင်္ဃန်း ကျွန်းမြို့ နယ်မှာ ဖွင့်လှစ်ထားပါတယ်။ ဆက်သွယ်လှူ ဒါန်းနိုင်မယ့် ဖုန်းနံပါတ်ကတော့ ဝ၁-၅၇၃ ၄၈ဝ၊ဝ၉-၅၁၈၃၉၁၇ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

လင်းအက္ခရာ
Popular Journal 

လှည်းကူးမြို့နယ်တွင် လမ်းဖြတ်ကူးသူအား ယာဉ်တိုက်မိ သေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၁၈

၁၈.၁၁.၂၀၁၃ရက်နေ့ ၀၅၃၀အချိန် ရန်ကုန်-ပဲခူးလမ်းအတိုင်း ရန်ကုန်ဘက်မှ ပဲခူးဘက်သို့ယာဉ်မောင်း အောင်လွင် (ဘ)ဦးကိုကိုအေး၊ ဗဟိုရ်စည်အိမ်ယာ၊ လမ်းမတော်မြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် ၈ဈ/----HIACE အမျိုးအစားအညိုရောင်ကိုယ်ပိုင်ယာဉ်သည် ဇရပ်ကွင်းကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းနှင့် အမှတ်(၂)လမ်းဆုံအရောက်၌ ၀ဲဘက်ယာဉ်ကြောမှ လမ်းဖြတ်ကူးသူ ဦးမြကြိုင် (၆၇)နှစ်၊ (ဘ)ဦးမာဒင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူအား ယာဉ်၏၀ဲဘက်
နောက်ကြည့်မှန်ဖြင့် ပွတ်တိုက်မိရာ ဦးမြကြိုင်တွင် ၀ဲလက်ခုံပွန်း၊ ၀ဲနားထင်ပေါက်ပြဲ၊ ပါစပ်းနှင့်နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်သေဆုံးမှုကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ
အောင်လွင်အား လှည်ကူးမြို့မရဲစခန်းယာဉ်(ပ)၆၇/၂၀၁၃၊
ပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

တရုတ်ရဲစခန်းကို ပုဆိန် ကိုင်ဆောင်ထားသူများ တိုက်ခိုက်၊ ၁၁ ဦးသေဆုံး


ဘေဂျင်း၊ နိုဝင်ဘာ ၁၇

တရုတ်နိုင်ငံ အနောက်ပိုင်းဒေသရှိ မငြိမ်မသက် ဖြစ်နေသော စင်ကျန်ပြည်နယ် ရဲစခန်းတစ်ခုကို ပုဆိန် ကိုင်ဆောင်ထားသူ ကိုးဦး ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့က ပြန်လည် ပစ်ခတ်သဖြင့် တိုက်ခိုက်ရေးသမား ကိုးဦး သေဆုံးသွားကာ အရန်ရဲအရာရှိ နှစ်ဦးလည်း သေဆုံးသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကတ်ရှာမြို့အနီး ကဘူနယ်မြေ ဆာရီဘူရဒေသ၌ စနေနေ့အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် တရုတ် အရန်ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် တိုက်ခိုက်ရေးသမား ကိုးဦး စုစုပေါင်း ၁၁ ဦး သေဆုံးသွားကြောင်း နိုင်ငံပိုင် Xinhua သတင်းတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးမှုအပြင် ရဲသားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသော်လည်း ပဋိပက္ခ ဖြစ်ပွားရခြင်း၏ အသေးစိတ်ကို ဖော်ပြထားခြင်း မရှိပေ။

အူဂါ မွတ်ဆလင်များ အဓိက နေထိုင်သော စင်ကျန် ပြည်နယ်တွင် ၂၀၁၃ ခုနှစ်အတွင်း ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် လအတွင်းကလည်း ဘေဂျင်းမြို့တော် တီအန်မင် ရင်ပြင်ရှိ လူအုပ်အတွင်းသို့ ကားဖြင့် ဝင်တိုက်ခဲ့သဖြင့် လူငါးဦး သေဆုံးခဲ့ပြီး ယင်းအကြမ်းဖက်မှုကို ခွဲထွက်ရေးဝါဒီ အရှေ့တာကစ္စတန် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ (ETIM) က လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက စွပ်စွဲထားသည်။

ထို့အပြင် စင်ကျန်ပြည်နယ်ရှိ ဆူပူမှုများကို ETIM အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တရုတ် အာဏာပိုင်များက စွပ်စွဲလေ့ ရှိသော်လည်း ETIM အဖွဲ့တွင် ယင်းကဲ့သို့သော တိုက်ခိုက်မှုများ ပြုလုပ်ရန် စွမ်းဆောင်ရည် မရှိကြောင်း BBC သတင်းတွင် သုံးသပ် ဖော်ပြထားသည်။

တရုတ် အစိုးရအဖွဲ့က စင်ကျန် ပြည်နယ်၌ လုံခြုံရေးရာ ဖိနှိပ်မှုများ လုပ်ဆောင်နေခြင်းကို ဆင်ခြေပေးနိုင်ရန် ETIM အဖွဲ့ကို အသုံးချနေကြောင်း အူဂါ အုပ်စုများက အခိုင်အမာ ပြောကြားသည်။

စင်ကျန် ပြည်နယ်အတွင်း အူဂါ လူမျိုး ၉ သန်း ရှိသော်လည်း ယခုအခါ ဟန်တရုတ် လူမျိုးများက နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးသွားပြီ ဖြစ်သည်။
The Voice Weekly

လွှတ်တော်သို့ လာရောက် လေ့လာရန် ပြည်ထောင်စုလွှတ်တော် နာယက ဖိတ်ခေါ်


ကလေး၊ နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီးရှိ ပြည်သူများ အနေနှင့် လွှတ်တော် ကိုယ်စားလှယ်များ မည်သည့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေသည်နှင့် လွှတ်တော်၏ ပြောင်းလဲမှုများ သိရှိနိုင်ရန်အတွက် လွှတ်တော်များသို့ လာရောက် လေ့လာရန် ဖိတ်ခေါ်ကြောင်း ကလေးမြို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သော ဒေသခံများ တွေ့ဆုံပွဲတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

လွှတ်တော်များ စတင်ကျင်းပစဉ်က မည်ကာမတ္တ လွှတ်တော်၊ လက်ညှိုးထောင် ခေါင်းညိတ် လွှတ်တော်၊ ၁၅ မိနစ် လွှတ်တော်၊ နာရီဝက် လွှတ်တော်ဟု ပြောဆိုမှုများ ရှိခဲ့ပြီး ယင်းသို့ ပြောဆိုခြင်းသည် မှန်ကန်ကြောင်း၊ လုပ်ငန်းတစ်ခု အစဦးတွင် ယင်းကဲ့သို့ ဖြစ်တတ်သော်လည်း အရှိန်တစ်ခု ရလာသော အခါတွင် ယနေ့ လွှတ်တော်များ၏ လုပ်ငန်း ဆောင်တာများကို နိုင်ငံတကာနှင့် ပြည်သူများက စိတ်ဝင်စားမှု ရှိလာကာ အသိအမှတ် ပြုလာကြောင်း၊ အချို့နေ့များ တွင် လွှတ်တော်သို့ လူဦးရေ တစ်ထောင်ကျော်ထိ ရောက်ရှိလာကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ထပ်မံပြောကြားသည်။
“ဒါ ဘာဖော်ပြလဲ ဆိုတော့ လွှတ်တော်ကို ပိုပြီးတော့ စိတ်ဝင်စား လာတယ်။ လွှတ်တော်ကိုလည်း ပိုပြီးတော့ အားကိုးလာတယ်။ ယုံကြည် လာတယ်ဆိုတာ ဖော်ပြနေပါတယ်” ဟု ၎င်းက သုံးသပ် ပြောကြားသည်။

ယင်းကြောင့် လွှတ်တော်တွင် ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် လွှတ်တော် ဥက္ကဋ္ဌများ ထံသို့ ပြည်သူများထံမှ ဥပဒေရေးရာ၊ တရားရေးရာနှင့် အသနား ခံစာများ၊ တိုင်ကြားစာပေါင်း သောင်းဂဏန်း ထိပင် ရောက်ရှိနေကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများ မတရား သိမ်းဆည်းမှု မဖြစ်ပေါ်စေရေး ကိစ္စနှင့် ပတ်သက်ပြီး တိုင်ကြားစာမှာလည်း သောင်းဂဏန်း အနေအထားထိ ရှိနေပြီး အရေးကြီး အလေးထားရမည့် ကိစ္စများကို လွှတ်တော် အနေနှင့် ဖြေရှင်း ဆောင်ရွက် ပေးလျက်ရှိရာ မကြာသေးမီက လျှပ်စစ်မီးမီတာခ တိုးမြှင့်သော ကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု အတွင်း မကျေ လည်မှု ဖြစ်ပေါ်ခဲ့သော ကိစ္စနှင့် ပတ်သက်ကာ လွှတ်တော်မှတစ်ဆင့် အရေးကြီးအဆို တင်သွင်းပြီး နိုင်ငံတော်၏ တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လွှတ်တော်က ကြားဖြတ် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ပြည်သူများ၏ အခက်အခဲ များကို လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်ပင် ဆွေးနွေး အဖြေရှာရန် လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်သို့ သွားရောက် လေ့လာခဲ့သော အချိန်တွင် လယ်ယာမြေ ကိစ္စများ ပြောဆိုဆွေးနွေး နေသည်ကို တွေ့မြင်ရကြောင်း၊ အနီးကပ် လေ့လာခြင်းအားဖြင့် နိုင်ငံ အပြောင်းအလဲ ကို ဆောင်ရွက်နေသူများနှင့် တစ်သားတည်း ကဲ့သို့ ခံစားရမိပြီး လွှတ်တော်များသို့ သွားရောက် လေ့လာခြင်းဖြင့် အရှုံးမရှိနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ သွားရောက် လေ့လာခဲ့ဖူးသော ကလေးမြို့ဒေသခံ ဦးအန်ဒရောထားသွောင်က ပြောကြားသည်။

မြတ် (ကလေး)
The Voice Weekly

မြန်မာ-တရုတ် ပိုက်လိုင်းတစ်လျှောက် ဒေသခံများ ဆုံးရှုံးနစ်နာမှု လွှတ်တော်တင်မည်


မန္တလေး၊ နိုဝင်ဘာ ၁၇

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက် ဒေသခံများကို ပိုက်လိုင်းနှင့် ပတ်သက်သည့် အသေးစိတ် လူမှုစစ်တမ်း ကောက်ယူပြီး လွှတ်တော်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံ တင်သွင်းမည် ဖြစ်ကြောင်း ယင်း မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးတင်သစ်က The Voice သို့ ပြောကြားသည်။

“တရုတ်ပိုက်လိုင်း ဖြတ်သန်းတဲ့ ကျေးရွာ ဒေသခံတွေရဲ့ ဆုံရှုံးနစ်နာမှုတွေကို လွှတ်တော်မှာ တင်သွင်းမယ်။ ပြီးရင် အစိုးရ နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရယ်၊ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ စီမံကိန်း ကုမ္ပဏီ (CNPC) ရယ်ကို ပေးပို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းပိုက်လိုင်း ဖြတ်သန်းရာ ရခိုင် ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ရှမ်းပြည်နယ် (တရုတ်နိုင်ငံ ရွှေလီနယ်စပ်) နမ့်ခမ်းမြို့နယ်အထိ မြို့နယ်ပေါင်း ၂၁ မြို့ ရှိပြီး ကျေးရွာများစွာ ရှိကြောင်း၊ ယင်းကျေးရွာ ဒေသခံများသည် ပိုက်လိုင်း ဖြတ်သန်းမှုနှင့် ပတ်သက်လျှင် ဆုံးရှုံးနစ်နာမှု များစွာ ရှိကြောင်း၊ မြေယာ လျော်ကြေး ရရှိသော ကိစ္စများတွင် တစ်မြို့နယ်နှင့် တစ်မြို့နယ်၊ ကျေးရွာတစ်ရွာနှင့် တစ်ရွာ၊ တောင်သူတစ်ဦးနှင့် တစ်ဦး လျော်ကြေး ရရှိမှု မတူညီကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

ယင်းအပြင် မြေယာလျော်ကြေး ရရှိထားသည်ဟု ဆိုသော တောင်သူများ အနေနှင့်လည်း ငါးနှစ်စာ မြေ ငှားရမ်းခနှင့် သီးနှံလျော်ကြေး ဆိုသည်ကို ရှင်းလင်းစွာ မသိရကြောင်း မန္တလေးတိုင်း ဒေသကြီးအတွင်း ပိုက်လိုင်းဖြတ်သန်းရာ စဥ့်ကိုင်မြို့နယ် ကင်းတုံကျေးရွာ ဒေသခံများက ပြောကြားသည်။

ပိုက်လိုင်းဖြတ်သန်းရာ ဒေသအချို့မှ တောင်သူအချို့ လျော်ကြေး မရရှိမှုများလည်း ယနေ့တိုင် ရှိနေသေးကြောင်း အဆိုပါ ပိုက်လိုင်း ဖြတ်သန်းသည့် ဒေသများတွင် အသေးစိတ် လူမှုစစ်တမ်း ကောက်ယူနေသည့် စိမ်းရောင်စို (တံတားဦး) အဖွဲ့ တာဝန်ခံ ဦးသန့်စင်က ပြောကြားသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၌ ဓာတ်ငွေ့ ပို့လွှတ်ခြင်းကို ဇူလိုင်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအရှည် ၇၉၃ ကီလိုမီတာ ရေနံပိုက်လိုင်းအရှည် ၇၇၁ ကီလိုမီတာ ရှိကြောင်း ပိုက်လိုင်း တစ်လျှောက်တွင် မြေယာဧက ၅၆၃၈ ဒသမ ၅၉၆ အသုံးပြုခဲ့ကြောင်း CNPC ထုတ်ပြန်ချက်များအရ သိရှိရသည်။

မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတွင်းရှိ လူမှုရေးအဖွဲ့အစည်း ၁၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ပိုက်လိုင်းတစ်လျှောက် ဒေသခံ ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများကို စစ်တမ်း ကောက်ယူလျက် ရှိသည်။

ပိုက်လိုင်းဖြတ်သန်းရာ စဥ့်ကိုင်မြို့နယ် ဒေသခံ တောင်သူများနှင့် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီတို့ အသိအမြင်ဖလှယ် ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ပလိပ်မြို့ ငါးဆူကျောင်းတိုက်တွင် ပြုလုပ်မည် ဖြစ်သည်။
The Voice Weekly

တံတားဦးတွင် ဧကငါးထောင်ကျော် အကျယ်ရှိ ဟိုတယ်စီမံကိန်း စတင်မည်


မန္တလေး၊ နိုဝင်ဘာ ၁၇

မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ်တွင် ဧကငါးထောင်ကျော် ကျယ်ဝန်းသည့် ဟိုတယ် စီမံကိန်းကို Myanmar Tourism Development Public Company က ယခုလအတွင်း စတင် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောကြားသည်။

ယင်းကဲ့သို့ လုပ်ငန်း စတင်နိုင်ရန်အတွက် အများပိုင်ကုမ္ပဏီ တည်ထောင်ရာတွင် အဆိုပြု ရှယ်ယာရှင်များကို ရှယ်ယာငွေများ စတင် တောင်းခံနေပြီ ဖြစ်ကြောင်း၊ အများပြည်သူသို့ လာမည့် ၂၀၁၄ ခုနှစ် ဧပြီလတွင် ရောင်းချနိုင်ရန် ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

“ရှယ်ယာ ရောင်းချခွင့် ကျပြီဆိုတာနဲ့ အများပြည်သူကို ရောင်းချပေးမှာပါ၊ တစ်စုကို တစ်သောင်းကျပ် သတ်မှတ်ထားပါတယ်။ တစ်ဦးကို သိန်းပေါင်း တစ်သောင်းဖိုးထိ ဝယ်လို့ရပါတယ်” ဟု ဦးမြင့်အောင်က ဆိုသည်။

အဆိုပါ တံတားဦး စီမံကိန်း မြေနေရာတွင် ပါဝင်သည့် စိုက်ပျိုးမြေများကို လျော်ကြေးပေးရန် တောင်သူများနှင့် ညှိနှိုင်းနေကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာခြင်းကြောင့် မန္တလေး မြို့တော်တွင် နိုင်ငံခြားသား ဧည့်အဝင် များလာနိုင်သည့်အတွက် ဟိုတယ် စီမံကိန်းကို အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး ယင်းဟိုတယ် စီမံကိန်းကို ဧရာဝတီ မြစ်ကမ်းနံဘေး အင်းဝမြို့ဟောင်း အနီးတွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
The Voice Weekly

ပါကစ္စတန် မြို့ကြီးတစ်မြို့တွင် ဆွန်နီ-ရှီးယိုက် ဘာသာရေး အဓိကရုဏ်းကြောင့် ညမထွက်ရ အမိန့်ထုတ်


ရာဝါပင်ဒီ၊ နိုဝင်ဘာ ၁၇

ပါကစ္စတန်နိုင်ငံ မြို့တော် ရာဝါပင်ဒီတွင် ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရရှိသွားခဲ့ပြီးနောက် အဆိုပါ ဒေသကို အာဏာပိုင်များက ညမထွက်ရအမိန့် ထုတ်လိုက်ပြီ ဖြစ်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အခင်းဖြစ်ပွားရာ မြို့တော်သည် မြို့တော် အစ္စလာမ်မာဘတ်နှင့် ကပ်လျက် တည်ရှိသော နေရာဖြစ်ပြီး ရှီးယိုက်များ၏ ဘာသာရေး အခမ်းအနားများ ပြုလုပ်ချိန်နှင့် ဆက်စပ်လျက် ဆွန်နီများနှင့် ထိပ်တိုက် အဓိကရုဏ်း ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။
“သောကြာနေ့က ဖြစ်ခဲ့တဲ့ အဓိကရုဏ်း အကြမ်းဖက်မှုတွေကို ကျော်လွှားဖို့အတွက် ရာဝါပင်ဒီ မြို့တော်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု မြို့တော် ရဲတပ်ဖွဲ့မှ အရာရှိ ဝါဆင်းအာမက်က AFP ကို ပြောကြားခဲ့သည်။
“မြို့တော် တစ်ခုလုံး အားလုံးငြိမ် သက်နေပါတယ်” ဟု အဆိုပါ အရာရှိက ပြောကြားသည်။

ဒေါသ ထွက်နေကြသော ရှီးယိုက် လူအုပ်ကြီးက ဆွန်နီဗလီနှင့် ကျမ်းစာသင်ကျောင်းကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြကာ အနီးအနားရှိ အထည်ဈေးကိုလည်း မီးတင်ရှို့ခဲ့သည်။
ထို့နောက် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ခဲ့ကာ ရုပ်သံ ကင်မရာသမားများနှင့် လုံခြုံရေးများပါ တိုက်ခိုက်ခံရသည်။

သေနတ်ဖြင့် ပစ်ခတ်သံများလည်း ကြားရသည်ဟု ယင်းသတင်းက ဖော်ပြထားပြီး မည်သည့်ဘက်က ပစ်သည်ကိုမူ အတိအကျ မသိရသေးပေ။

ပါကစ္စတန် အာဏာပိုင်က အဆိုပါမြို့ အခြေအနေကို ထိန်းသိမ်းရန် စစ်တပ် အင်အားကိုလည်း ခေါ်ယူထားပြီး လုံးဝ ညမထွက်ရ အမိန့်ချမှတ်လိုက်ကာ စစ်သားများကလည်း လမ်းမများပေါ်တွင် နေရာယူထားကာ ယင်းမြို့တော်သို့ ပြင်ပမှ ဝင်လာသူများကို တားဆီးထားသည်။

မြို့တော် ရာဝါပင်ဒီ၏ ဝင်ပေါက်များ အားလုံးကို ပိတ်ထားလိုက်ပြီး မြို့တော် အစ္စလာမ်မာဘတ်သို့ သွားသည့် လမ်းကြောင်း အဝေးပြေး လမ်းများလည်း ပိတ်ကုန်သည်။
အဆိုပါ ဘာသာရေး ရန်ပွဲကြောင့် ဆေးရုံတွင်လည်း လူနာများစွာ ရောက်ရှိနေကြောင်း အဆိုပါ ဒေသဆိုင်ရာ ဆေးရုံမှ အရာရှိများက ပြောကြားသည်။
The Voice Weekly

ရိုဟင်ဂျာတွေအဖြစ်ဟာ ရင်နင့်စရာလို့ OIC အဖွဲ့ပြော


ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားကြည့်ခဲ့ရတာ တခါမှမကြုံဖူးခဲ့တဲ့ ဝမ်းနည်းကြေကွဲမှုကို ခံစားရပြီး မျက်ရည်ဝဲမိတယ်လို့ အိုအိုင်စီ ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှုးချုပ် Mr Ihsannoglu က ပြောသွားကြောင်း ဒီနေ့ အေပီသတင်းတစ်ရပ်က ဖော်ပြထားပါတယ်။

သူနဲ့ OIC ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ စစ်တွေမြို့အနီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုခဲ့ပြီး လူ ၅ ထောင်လောက်ကို တွေ့ရကြောင်း၊ ဒါပေမဲ့ ဘာသာစကား အခက်အခဲကြောင့် ဘာမှမေးမြန်းပြောဆိုနိုင်ခြင်း မရှိကြောင်း၊ သူတို့အားလုံးဟာ ကြောက်ရွံ့ထိတ်လန့်နေကြပြီး အခုလို OIC အဖွဲ့လာတာကို ဝမ်းသာနေကြကြောင်း၊ ဒီပြဿနာကို ဖြေရှင်းမယ်လို့ အစိုးရကပြောကြောင်း၊ အခုမဖြေရှင်းဘူးဆိုရင် နောင်အခါ ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း Mr Ihsannoglu က ပြောသွားပါတယ်။

အိုအိုင်စီ ကိုယ်စားလှယ်တွေဟာ မနေ့က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ OIC အဖွဲ့ဟာ မြန်မာနိုင်ငံက ပြန်လည်မထွက်ခွါခင် လေဆိပ်ရောက်တဲ့အချိန်ထိ ဆန့်ကျင်ဆန္ဒပြတာတွေ ကြုံခဲ့ရပါတယ်။

မနေ့ကလည်း သံဃာ ၆ ပါးပါဝင်တဲ့ လူ ၆ဝ လောက်က အိုအိုင်စီထွက်သွား၊ အိုအိုင်စီ ပြည်တွင်းရေး ဝင်မစွက်ဖက်နဲ့ဆိုတဲ့ စာတန်းတွေကိုင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

RFA

ကော့သောင်း - ရနောင်း တံတားထိုးရန် ဆွေးနွေး


ကော့သောင်း ၊ နိုဝင်ဘာ ၁၇ ။ ။ ကော့သောင်းခရိုင် ခမောက်ကြီး မြို့နယ် ဆိတ်ဖူးကျေးရွာနှင့် ထိုင်း နိုင်ငံ ရနောင်းခရိုင်၊ ကလပ်ပူရိ မြို့နယ်သို့ နှစ်နိုင်ငံချစ်ကြည်ရေး တံတားထိုးနိုင်ရန်အတွက် နှစ်နိုင် ငံစီးပွားရေးလုပ်ငန်းရှင်များက ဆွေးနွေး လျက်ရှိကြောင်း သွား ရောက်ဆွေးနွေးရာတွင် ပါဝင် ခဲ့သည့် ကော့သောင်းခရိုင် ငါး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦး မင်းလွင်က ပြောကြားခဲ့သည်။

ခရိုင်ငါးလုပ်ငန်းရှင်များအ သင်းအပါအဝင် တခြားစီးပွား ရေးလုပ်ငန်းရှင် များနှင့် ထိုင်းစီး ပွားရေးလုပ်ငန်းရှင်များက နိုဝင် ဘာ ၁ရက် က ပေ၂၅ဝ အရှည်ရှိ သည့် တံတားတည်ဆောက်ရေးနှင့် စက်မှုဇုန်တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ခြင်းဖြစ် ကြောင်း ဦးမင်းလွင်က ပြောသည်။

တံတားတည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်ပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ် ကို ကော့သောင်း ခရီးစဉ်၌တင်ပြရာ အောက်ခြေ တွင် စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်း ညှိနှိုင်းမှုပြေလည် လျှင် ခွင့်ပြုနိုင်သည် ဟုပြောကြား ခဲ့ကြောင်း ၎င်းကပြော သည်။

''ထားဝယ်၊ မြိတ်တို့မှာ နယ်စပ်ဂိတ်တွေကနေ သွားလာ လို့ရသလို ဆိတ်ဖူးကျေးရွာနဲ့ က လပ်ပူရိကိုသာ တံတားခင်းနိုင်ရင် ကုန်သွယ်ရေးဇုန်ဖြစ်လာပြီး ခ ရိုင်သုံးခရိုင်စလုံး တစ်ပြေးညီတိုး တက်သွားမယ်''ဟု ဦးမင်းလွင်က မှတ်ချက်ပြု သည်။ ဆိတ်ဖူးကျေးရွာ သည် ကော့သောင်းမှ ကီလိုမီတာ ၆၀ အကွာတွင်ရှိသည်။

Dawei Watch

Yangon Media Group

အောင်ဆန်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အုပ်ချုပ်ရေးမှူးကို ဓားမဖြင့် ဝင်ခုတ်


ရန်ကုန်၊ နိုဝင်ဘာ ၁၇

အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နိုဝင်ဘာလ ၁၆ ရက် ည ၈ နာရီခွဲခန့်က ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူ အသက် ၂၉ နှစ် အမျိုးသားတစ်ဦးက ဓားမဖြင့် ဆက်တိုက် ဆင့်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ရုံးတွင်း အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်နေသူ အသက် ၅၈ နှစ်အရွယ် ဦးအောင်ဇေယျမင်း ထံသို့ အောင်ဆန်းရပ်ကွက် သီဟိုရ် ကျောင်းလမ်းတွင် နေထိုင်သူ အရက်သောက်ကာ မူးယစ် ရမ်းကားနေသော သားဖြစ်သူ ကိုဝေဇော်အောင်ကို အရေးယူပေးရန် အမျိုးသမီးကြီး တစ်ဦးက လာရောက် တိုင်ကြားနေစဉ် အဆိုပါ သားဖြစ်သူက ရုံးအတွင်းသို့ အရှည် တစ်ပေခန့်ရှိ ဓားမ ကိုင်ဆောင် ဝင်လာပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သုံးချက် ဆက်တိုက် ဆင့်ခုတ်ခဲ့ကြောင်း မျက်မြင် တွေ့ရှိသူ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြောကြားသည်။
“ဓားမကြီးကိုင်ပြီး ရုံးထဲဝင်လာပြီး အုပ်ချုပ်ရေးမှူးကို ဓားမနဲ့ ဆင့်ခုတ်တာ ရုတ်တရက်ဆိုတော့ ရုံးထဲကလူတွေ အားလုံး ကြောင်ပြီး ကြည့်နေမိတာ၊ သုံးချက်လောက် ဆင့်ခုတ်ခံရတော့မှ ရုံးကလူတွေ ဝိုင်းပြီး ဓားကိုင်ထားတဲ့ လူကို မနည်းဝိုင်းဆွဲပြီး ရဲလက် အပ်လိုက်တာ” ဟု အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အဆိုပါ ဓားဖြင့် ဝင်ခုတ်သူ အမျိုးသားနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးမှာ ယခင်က ပုဂ္ဂိုလ်ရေးအရ ပြဿနာ ရှိသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူ အချို့ထံမှ ကြားသိရကြောင်းနှင့် ဓားဖြင့် ခုတ်ခံရသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ယခုနှစ်အတွင်း အသစ်ရွေးချယ် ခံရသောသူ ဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သူများနှင့် ဆက်ဆံရေး ပြေလည်မှု ရှိကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိများက ပြောကြားသည်။

ယင်းကဲ့သို့ ဓားခုတ် ခံရသောကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဇေယျမင်းတွင် ဘယ်ဘက် နားထင်၊ နားရွက်နှင့် ညာလက်ဖျံတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိသောကြောင့် အင်းစိန် မြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသလျက် ရှိကြောင်း၊ အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ခုတ်သူ ကိုဝေဇော်အောင်ကို (ပ) ၁၂၁၂/၁၃၊ ပြစ်မှုပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အလားတူ ယင်းနေ့ ည ၉ နာရီခန့်က သန်လျင်မြို့နယ် ကျိုက်ခေါက် ဘုရားရှေ့တွင် ရဲတပ်ဖွဲ့ဝင် ငါးဦးဖြင့် ယာဉ်ကြော ရှင်းလင်းရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင် ငါးဦးကို ကညင်ပင် ကျေးရွာတွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် သံပန်းလုပ်ငန်း လုပ်ကိုင်သူ ကိုကိုလွင် အပါအဝင် အမျိုးသား ခုနစ်ဦးက အုတ်ခဲကျိုးများဖြင့် ဝင်ရောက် ထုနှက်ခဲ့ကြောင်း၊ အဆိုပါ ထုနှက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး၏ ဦးခေါင်း၊ လက်ပြင်နှင့် ကျောကုန်းတို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သောကြောင့် ပြည်သူ့ ဝန်ထမ်းကို နာကျင်အောင် ပြုလုပ်မှုဖြင့် သန်လျင်မြို့နယ် မြို့မရဲစခန်းက အမှုဖွင့်ကာ အုတ်ခဲဖြင့် ထုသူများကို စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly

ကရင်နှစ်သစ်ကူး ပွဲတော်တွင် ကရင်လက်နက်ကိုင်လေးဖွဲ့ ပူးပေါင်း စစ်ရေးပြမည်


ရန်ကုန်၊ နိုဝင်ဘာ ၁၇

ဇန်နဝါရီလတွင် နှစ်စဉ် ကျင်းပလေ့ရှိသော ကရင် အမျိုးသားတို့၏ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့ ပူးပေါင်းကာ စစ်ရေးပြသမည် ဖြစ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး KNU ၏ ဘားအံ ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတစ်ဦးက Voice သို့ ပြောကြားသည်။

အဆိုပါ ကရင်နှစ်သစ်ကူးပွဲကို ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုမြိုင်တွင် ကျင်းပမည် ဖြစ်ပြီး ကရင် အမျိုးသား အစည်းအရုံး KNU၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ KNU/KNLAPC ၊ ဟောင်သေရော ငြိမ်းချမ်းရေးအဖွဲ့ KPF နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF အဖွဲ့တို့က စစ်ရေးပြ အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“နှစ်သစ်ကူးပွဲကို ဒီနှစ် အခမ်းနားဆုံး ကျင်းပသွားမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ နှစ်သစ်ကူးပွဲတွင် စစ်ရေးပြ အခမ်းအနား ထည့်သွင်း ကျင်းပရေးအတွက် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရသည်။ ကရင်တိုင်းရင်းသား တို့၏ နှစ်သစ်ကူး ပွဲတော်ကို နှစ်စဉ် ကရင်ပြည်နယ် ကျုံဒိုးမြို့တွင် ကျင်းပလေ့ရှိသည်။

၂၀၁၂ ဇွန်လအတွင်း ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင် ငြိမ်းချမ်းရေးကောင်စီ KNU/KNLAPC၊ ဟောင်သေရော ငြိမ်းချမ်းရေးအဖွဲ့ KPF၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF အဖွဲ့တို့ ပူးပေါင်းကာ ကရင်လက်နက်ကိုင် တပ်ဖွဲ့များ ညီညွတ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီက ကရင်လူမျိုးများ၏ ယဉ်ကျေးမှု၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးနှင့် တပ်ဖွဲ့ အချင်းချင်း ပဋိပက္ခ မဖြစ်စေရေးအတွက် ပူးပေါင်း လုပ်ဆောင်ရန် သဘောတူထားသည်။

အဆိုပါ တပ်ဖွဲ့များသည် စက်တင်ဘာလအတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်း ကျင်းပ ပြုလုပ်ခဲ့သော ကရင်ရိုးရာ လက်ချီပွဲတော်ကို ပူးပေါင်း လုပ်လုပ်ခဲ့ကြကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။

၁၉၉၃-၉၄ ခုနှစ်များတွင် တပ်မတော် အစိုးရ၏ ထိုးစစ်ကြောင့် KNU ဌာနချုပ် မာနယ်ပလော ကျခဲ့ပြီး KNU တပ်မဟာအချို့ ခွဲထွက်ကာ ကရင်လက်နက်ကိုင် အဖွဲ့အစည်း အမြောက်အမြား ပေါ်ပေါက်လာခဲ့သည်။
The Voice Weekly

အမေရိကန် သံအမတ်ကြီး၏ လတ်တလော ရခိုင်ခရီးစဉ်နှင့် ပတ်သက်ပြီး ကျေညာချက်ထုတ်

နိုဝင်္ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ပြုလုပ်ခဲ့သော အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲလ်၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်ပြီး အမေရိကန် သံရုံးမှ ကျေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

၎င်း ကျေညာချက်ကို အများသူဌာ သိရှိနိုင်ရန် အောက်တွင် ဖေါ်ပြပေးလိုက်ပါသည်။
(နိရဉ္စရာ- ၁၈ နိုဝင်္ဘာ ၂၀၁၃)




သားလျှော၊ သားဖျက်ခြင်းကြောင့် မိခင်သေဆုံးနှုန်း မြင့်မားဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံအတွင်း ကိုယ်ဝန်ဆောင် မိခင် သေဆုံးမှုနှုန်း မြင့်တက်ခြင်းမှာ ကိုယ်ဝန် ပျက်ကျခြင်းနှင့် တရားမဝင် ကိုယ်ဝန် ဖျက်ချခြင်းတို့ကြောင့် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့၌ နေပြည်တော် Royal Kumudra ဟိုတယ်တွင် ကျင်းပသော မိသားစုစီမံကိန်း ၂၀၂၀ (Family Planning 2020) သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးဦးစီးဌာန မိခင်ကလေး ကျန်းမာရေးဌာနစိတ် လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မိုရ်စိုးက ပြောကြားသည်။

မီးတွင်း သွေးသွန်ခြင်း၊ ကိုယ်ဝန်ဆိပ် တက်ခြင်းနှင့် သားလျှော၊ သားဖျက်ခြင်း တို့ကြောင့် မိခင်လောင်းများ အများဆုံး သေဆုံးကြကြောင်း၊ ယင်းသေဆုံးရသော အကြောင်းအရင်းများထဲက ရာခိုင်နှုန်း ထက်ဝက်ကျော်မှာ သားလျှော၊ သားဖျက်ခြင်းကြောင့် အသက်ဆုံးရှုံး နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် မိခင် သေဆုံးနှုန်းသည် အရှင်မွေး တစ်သိန်းတွင် ၂၀၀ ဦးအထိ ရှိပြီး ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်မီလိုလျှင် မိခင်သေဆုံးနှုန်းကို ၁၄၅ ဦးအထိ လျှော့ချရန် လိုအပ်သည်။

သို့သော် မြန်မာနိုင်ငံ အနေနှင့် ၂၀၁၅ ခုနှစ်တွင် ရောက်ရှိမည့် ထောင်စုနှစ် ရည်မှန်းချက်ကို ပြည့်မီရန် မဆောင်ရွက်နိုင်ကြောင်း ‘မိသားစု စီမံကိန်း ၂၀၂၀’ သတင်းစာ ရှင်းလင်းပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ပြောကြားသည်။

ယင်းကြောင့် မျိုးဆက်ပွား ကျန်းမာရေး ငါးနှစ်တာ မဟာဗျူဟာ စီမံကိန်း (၂၀၁၄-၂၀၁၈) ကို ရေးဆွဲနေသည့်အပြင် နိုင်ငံတကာ ရန်ပုံငွေနှင့် နည်းပညာ အကူအညီများ ရရှိနိုင်မည့် ‘မိသားစု စီမံကိန်း ၂၀၂၀’ ကိုလည်း စတင်နေပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အစိုးရ အနေနှင့် မျိုးဆက်ပွား ကျန်းမာရေးအတွက် သီးသန့် အသုံးစရိတ်ကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က စတင်ခွဲဝေပေးခဲ့ပြီး လာမည့် နှစ်များတွင်လည်း အသုံးစရိတ်များ ပိုမိုသုံးစွဲသွားရန် ကတိကဝတ် ပြုထားသည်။

The Voice Weekly

မြန်မာမှ ခိုးဝင်သူ ၁၉ ဦး ဘင်္ဂလာဒေခ်ျ့ကနေ ပြန်ပို့

မြန်မာနယ်စပ်အနီးမှ ဘင်္ဂလာ နယ်ခြားစောင့်တပ် ( ဓါတ်ပုံ- အင်တာနက်)

ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ ခိုးဝင်လာသူ ၁၉ ဦးကို ပြန်လည် ပို့ဆောင်လိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်က ပြောသည်။

ယင်းခိုးဝင်လာသူ ၁၉ ဦးကို လွန်ခဲ့သော သောကြာနေ့ ညနေပိုင်း ၇ နာရီ အချိန်တွင် တက်ကနက်မြို့နယ် ဇာတီမူရနှင့် နာယာပါရာ နယ်စပ်တွင် ဖမ်းဆီးရမိသည်ဟု သတင်းတွင် ဖေါ်ပြသည်။

ဒင်ဒါမီယာ ဘီဂျီဘီ (Border Guard Bangladesh) နယ်ခြားစောင့် စခန်း၊ တပ်ဖွဲ့ တစ်ခုမှ နယ်စပ်တွင် လှည့်ကင်း ဆောင်ရွက်နေစဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း တက်ကနက် အခြေစိုက် အမှတ် (၄၂) ဘီဂျီဘီ ယာယီ တပ်ရင်းမှူး ကပ္ပတိန် HK Kamrul Hassan  က သတင်းထောက်များသို့ ပြောသည်။

ဖမ်းဆီးခံရသူများမှာ မွတ်ဆလင်များ ဖြစ်ကြပြီး ၎င်းတို့ အထဲတွင် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦးနှင့် ကလေး ၈ ဦးပါဝင်သည်ဟု ဆိုသည်။

သူတို့သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ဘက်မှ လှေတစ်စီးဖြင့် နတ်မြစ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလာဒေခ်ျ့ရှိ ဒုက္ခသည် စခန်းများတွင် ခိုလုံရန် ၀င်ရောက်လာကြသူများ ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့အား  ဖမ်းဆီးမိပြီး ညဥ့်တွင်းချင်း မြန်မာဘက်ကို ပြန်ပို့ခဲ့သည်ဟု ယာယီ တပ်ရင်းမှူးက အတည်ပြု ပြောကြားသည်။
(နိရဉ္စရာ- ၁၈ နိုဝင်္ဘာ ၂၀၁၃)

အိပ်မောကျချိန်မှာ ဟောက်တာဟာ ကျန်းမာရေးအတွက် မကောင်းပါ


လူတွေတော်တော်များများက ညဘက် အိပ်မောကျနေတဲ့အချိန်မှာ ဟောက်တတ်တဲ့ အကျင့်ကို ပေါ့သေးသေးကိစ္စလို့ သဘောထားကြပါတယ်။ အမှန်တော့ အိပ်နေတဲ့ အချိန်မှာ ဟောက်တာက သင့်ကျန်းမာရေးအတွက် ဘေးအန္တရာယ်ရှိစေပါတယ်။ ညဘက်အိပ်စက်နေချိန်မှာ မေးရိုး၊လည်ချောင်းနဲ့ လျှာကြွက်သားတွေက ကောင်းကောင်း အလုပ်မလုပ်နိုင်ချိန်မှာ နှာခေါင်းနဲ့ အသက်မရှူနိုင်တာတွေဖြစ်လို့  ဟောက်ပြီး ပါးစပ်နဲ့ အသက်ရှူခြင်းတွေဖြစ်လာရတာပါ။ ဒီလိုဟောက်တတ်တဲ့သူတွေက တစ်ညမှာ အကြိမ်ရာချီပြီး ဟောက်တတ်ကြပါတယ်။ လူအများစုကတော့ အိပ်စက်ရင်း ဟောက်ရလွန်းလို့ တစ်ရေးနိုးပြီး မောဟိုက်သလိုခံစားနေရ တတ်ပါတယ်။ မောဟိုက်ခြင်းအပြင်

အက်ဆစ်ပြန်စီးကျခြင်း၊
ညဘက်တွင် မကြာခဏဆီးထသွားခြင်း၊
မှတ်ဥာဏ်ဆုံးရှုံးခြင်း၊
စိတ်ဓာတ်ကျခြင်း
ဆီးချိုရောဂါဖြစ်ခြင်း
နှလုံးရောဂါဖြစ်ခြင်းအစရှိတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါသေးတယ်။ အသက်၃၅နှစ်နဲ အထက်လူကြီးပိုင်းတွေမှာအဖြစ်များပါတယ်။
ဟောက်ခြင်းကို ပျောက်အောင်ကုသနိုင်တဲ့ ဆေးပညာတွေ၊ အထောက်အကူပြုပစ္စည်းတွေလဲ ပေါ်ပေါက်နေပြီဖြစ်လို့ သိနားလည်းတဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးကုသပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ကြပါစေ။

Ref: howlifeworks
Trend Myanmar

ကေတုမတီ မြို့တည်နန်းတည် ၅၀၃ နှစ်ပြည့်ပွဲ ကျင်းပ


တောင်ငူ၊ နိုဝင်ဘာ ၁၇

တောင်ငူ ကေတုမတီ မြို့တည်နန်းတည် ၅၀၃ နှစ်ပြည့် ပွဲတော်ကို နိုဝင်ဘာလ ၁၇ ရက် နံနက် ၉ နာရီက တောင်ငူမြို့ ဗိုလ်မှူး ဖိုးကွန်းလမ်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းထောင့်တွင် နန်းတက် အစီအရင် ဝင်းခင်းသဘင်နှင့် အခြားသော အစီအစဉ် များဖြင့် ကျင်းပခဲ့ကြောင်း ပွဲတော် ကျင်းပရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။

ပွဲတော်ရက်အတွင်း တောင်ငူမြို့နယ်လုံး ဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ လှည့်လည် ပူဇော်ပွဲ၊ အားကစားပြိုင်ပွဲများ၊ ရှင်အပါး ၅၀၃ ပါး ရှင်ပြု အလှူပွဲ၊ သံဃာတော် အပါး ၅၀၃ ပါးကို အရုဏ်ဆွမ်း လောင်းလှူ ပူဇော်ပွဲအပြင် တောင်ငူဘုရင်ခေတ် မြို့သိမ်း နန်းတက် အစီအရင်ကို ဆင်များ၊ မြင်းများနှင့် လူဦးရေ ၁၀၀ ကျော်ကို အသုံးပြုကာ ဝင်းခင်း သဘင်ပွဲကို ထည့်သွင်း ကျင်းပခဲ့ကြောင်း တောင်ငူ ကေတုမတီ မြို့တည် နန်းတည် ပွဲတော် ကျင်းပရေး ကော်မတီမှ ထုတ်ပြန်ချက်များအရ စုံစမ်းသိရှိရသည်။
“ဒီပွဲတော် ကျင်းပတာ သုံးနှစ်ရှိပြီ၊ နှစ်တိုင်း လာကြည့်တယ်၊ နောက်မျိုးဆက် ကလေးတွေ တွေ့ဖူးမြင်ဖူးဖို့ မပြောနဲ့ ကြားတောင် မကြားဖူးတဲ့ မြို့သိမ်း အစီအရင် ဝင်းခင်းပွဲ ဆိုတာကို မြင်တွေ့ဖူးစေချင်တဲ့ စိတ်ကြောင့်ပါ” ဟု တောင်ငူ ကေတုမတီ မြို့တည်နန်းတည် ၅၀၃ နှစ်ပြည့် ပွဲတော်ကို လာရောက် ကြည့်ရှုသူ ကျောက်ကြီးမြို့နယ် မုန်းမြို့မှ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ကြီးတစ်ဦးက ပြောကြားသည်။

တောင်ငူ ကေတုမတီ မြို့တည်နန်းတည် ၅၀၃ နှစ်ပြည့် ပွဲတော်နှင့် (၈၂) ကြိမ်မြောက် တောင်ငူမြို့နယ်လုံး ဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ လှည့်လည် ပူဇော်ပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပခဲ့ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မြို့တည်နန်းတည် မြို့သိမ်း အစီအရင် ဝင်းခင်းသဘင်နှင့် လေးကျွန်း ကန်တော်ကြီးတွင် မီးကြာခွက် မျှောပွဲနှင့် မီးပုံးပျံ လွှတ်ပွဲကို ထည့်သွင်း ကျင်းပကာ ညဘက်တွင် နိုင်ငံကျော် တေးသံရှင်များက တောင်ငူမြို့ပေါ် ရပ်ကွက်များတွင် အလှပြ မော်တော်ယာဉ်ကြီးများဖြင့် တေးသံသာများ လှည့်လည် ဖျော်ဖြေခဲ့ကြောင်း တောင်ငူမြို့ခံများက ပြောကြားသည်။

တောင်ငူ ကေတုမတီ မြို့တည်နန်းတည် ပွဲတော်ကို ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် သုံးကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး ပွဲတော်ရက်နှင့် တိုက်ကာ တောင်ငူမြို့နယ်လုံး ဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ လှည့်လည် ပူဇော်ပွဲကို ထည့်သွင်း ကျင်းပခဲ့ကြောင်း မြို့မိမြို့ဖ ဦးမောင်မောင်ကျော်က ပြောကြားသည်။

သက္ကရာဇ် ၈၇၂ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့တွင် တောင်ငူဘုရင် မဟာသီဟသူရ ဘွဲ့အမည်ခံ တောင်ငူဘုရင် မင်းကြီးညို စတင်တည်ထောင်ခဲ့သော တောင်ငူ ကေတုမတီ ထီနန်းသည် ၂၀၁၃ ခုနှစ်တွင် နှစ်ပေါင်း ၅၀၃ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။
The Voice Weekly

လာမည့်နှစ် ရန်ပုံငွေ စီမံချက်အတွက် ယူရိုသိန်း ၁၈၀ EU လျာထား


ရန်ကုန်၊ နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်နှင့် လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားခဲ့သော တိုင်းရင်းသား ဒေသများနှင့် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများကို ၂၀၁၄ ခုနှစ် တစ်နှစ်လုံးအတွက် လူသားချင်း စာနာ ထောက်ထားမှု ရန်ပုံငွေ ယူရိုသိန်း ၁၈၀ ထိ လျာထားကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဥရောပ ကော်မရှင် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး ဌာနက တရားဝင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ရန်ပုံငွေများကို တိုင်းရင်းသား လူနည်းစု ဒေသများအတွက် သုံးစွဲသွားမည့်အပြင် သဘာဝ ဘေးအန္တရာယ် ကျရောက်သော ဒေသများအတွက် အသုံးပြုသွားမည် ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မြန်မာနိုင်ငံ အရှေ့ပိုင်း နယ်စပ် ဒေသများနှင့် ထိုင်းနိုင်ငံရှိ မြန်မာ ဒုက္ခသည် စခန်းများအတွက် အဓိက ကူညီသွားမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွက် အခြေခံ ကျန်းမာရေး လိုအပ်ချက်များ၊ အစားအစာနှင့် သက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ ယင်းဒေသများတွင် နေထိုင်သူ အချင်းချင်း ခွဲခြား ဆက်ဆံမှု ပပျောက်ရန် ကာကွယ်ပေးခြင်း တို့ကို ဆောင်ရွက်သွားရန် လျာထားကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင်လည်း ကျန်းမာရေး၊ အစားအစာအတွက် ပံ့ပိုးပေးခြင်း၊ ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ အတွက် မိုင်းပညာပေး လှုပ်ရှားမှု ဆောင်ရွက်ခြင်း တို့တွင် ကူညီသွားမည် ဖြစ်ကြောင်း ဆက်လက် ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွက် ၂၀၁၂ ခုနှစ်တွင် ရရှိသော ရန်ပုံငွေ စာရင်းသည် အမေရိကန်ဒေါ်လာ ၁၃၆၅ သိန်းနီးပါး ရှိပြီး အလှူရှင်နိုင်ငံနှင့် အဖွဲ့အစည်းများမှာ EU၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ဂျပန်၊ ဗြိတိန်၊ AUSAID၊ USAID၊ တာကီ၊ ဆွီဒင်၊ ဒိန်းမတ်နှင့် ကုလသမဂ္ဂ (CERF) တို့ ဖြစ်ကြောင်း အဆိုပါဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ထိုင်းနိုင်ငံရှိ မြန်မာ ဒုက္ခသည် စခန်းများ အတွက်လည်း EU၊ ဆွီဒင်၊ နယ်သာလန်၊ ယူကေနှင့် အမေရိကန် နိုင်ငံတို့က ထိုင်းအစိုးရက တစ်ဆင့် ကူညီ ပံ့ပိုးပေးလျက်ရှိသည်။
The Voice Weekly

မစ်ဆူဘီရှီ ဥက္ကဋ္ဌနှင့် ဂျပန်လုပ်ငန်းရှင် ၆၀ ခန့် မြန်မာနိုင်ငံ လာမည်


ရန်ကုန်၊ နိုဝင်ဘာ ၁၇

ဂျပန်နိုင်ငံ၏ ကမ္ဘာကျော် ကုမ္ပဏီကြီး ဖြစ်သည့် မစ်ဆူဘီရှီ ကော်ပိုရေးရှင်း ကုမ္ပဏီ ဥက္ကဋ္ဌ KOBAYASHI Ken နှင့် ဒိုင်ဝါ စတော့အိတ်ချိန်း ကုမ္ပဏီ၏ အမှုဆောင် အုပ်ချုပ်မှု ဒါရိုက်တာ အပါအဝင် ဂျပန်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းရှင် ၆၀ ဦးခန့်သည် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။

နိုဝင်ဘာ ၁၉ ရက်နေ့တွင် ရန်ကုန် မြို့တော်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ မြန်မာ-ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံမည် ဖြစ်ပြီး ကုန်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ လေကြောင်းလိုင်းများ၊ သတ္တု ပြန်လည် သန့်စင်ရေးလုပ်ငန်း၊ အကြီးစား စက်မှုလုပ်ငန်း၊ အိုင်တီလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် စတော့အိတ်ချိန်း ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမည်ဟု ၎င်းက ဆိုသည်။
“လာမှာကတော့ အများကြီးပဲ။ ဂျပန်ရဲ့ အမြင့်ဆုံး စီးပွားရေး အဖွဲ့ဖြစ်တဲ့ KEIDANREN Federation က ဦးဆောင်ပြီး လာကြမှာ။ ဥရောပက လာပြီးပြီ။ သူတို့ကလည်း မြန်မာနဲ့ စီးပွားရေးလုပ်ဖို့ ဒီမှာ ဆွေးနွေးကြမယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် ကုမ္ပဏီကြီးများတွင် မစ်ဆူဘီရှီ ကော်ပိုရေးရှင်း၊ ဒိုင်ဝါ စတော့ အိတ်ချိန်း ကုမ္ပဏီ၊ စိုက်ပျိုးရေး ကဏ္ဍမှ မစ်ဆူရီကုမ္ပဏီ၊ လျှပ်စစ်ကဏ္ဍမှ Electrical Power Development ကုမ္ပဏီနှင့် All Nippon Air Ways ကုမ္ပဏီတို့ ပါဝင်ကြောင်း UMFCCI ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ KEIDANREN Federation သည် ဖေဖော်ဝါရီလ ၇ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့ပြီး မြန်မာ-ဂျပန် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကိစ္စအတွက် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့သည်။
The Voice Weekly

မြန်မာ့ ပြည်တွင်းရေးနှင့် အချုပ်အခြာ အာဏာကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ဟု OIC ဆို


ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ် အခြေအနေ အပါအဝင် နိုင်ငံအတွင်းရှိ လူမျိုးနွယ်နှင့် ဘာသာရေးဆိုင်ရာ စိန်ခေါ်မှုများကို ကူညီ ဖြေရှင်းရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့် အချုပ်အခြာ အာဏာကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OIC က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံသို့ OIC အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ သုံးရက်ကြာ ခရီးစဉ်အပြီး ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် နိုဝင်ဘာလ ၁၇ ရက်နေ့က ပူးတွဲ ကြေညာချက် တစ်စောင် ထုတ်ပြန်ရာတွင် ယင်းသို့ ထည့်သွင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် အချုပ်အခြာအာဏာ၊ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမှ ရှောင်ကြဉ်သည့် အခြေခံမူတို့ကို အပြည့်အဝ လေးစား၍ ဆောင်ရွက် သွားမည် ဖြစ်သည်ဟု အဆိုပါ ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

အိုအိုင်စီအဖွဲ့၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ အဖွဲ့အစည်း အချို့က မမှန်သတင်းများ ထုတ်လွှင့်ကာ လှုံ့ဆော်မှုများ ပြုလုပ်နေကြောင်း၊ အစိုးရ အနေနှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးစေမည့် ကိစ္စရပ်များကို လုံးဝဆောင်ရွက်မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ထို့အတူ လူသားချင်း စာနာ ထောက်ထားမှုနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရေးအတွက် အစိုးရနှင့် အိုအိုင်စီတို့ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သော်လည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာ မထိခိုက်စေရန်နှင့် ပြည်သူ့ဆန္ဒ များကြောင့် အိုအိုင်စီရုံးကို မြန်မာနိုင်ငံ၌ အခြေစိုက် ဖွင့်လှစ်ခွင့်ပြုမည် မဟုတ်ကြောင်း သမ္မတဦးသိန်းစိန်က ကတိပြုထားသည်။

အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့၏ သုံးရက်ကြာ ခရီးစဉ်အတွင်း နေပြည်တော်သို့ ရောက်ရှိစဉ် ရခိုင်ပြည်နယ်နှင့် မိတ္ထီလာ ဒေသများ၌ အကူအညီများ ပေးအပ်ရန် ကမ်းလှမ်း ခဲ့သော်လည်း ပြည်သူလူထု၏ သဘောဆန္ဒအရသာ အကူအညီများ လက်ခံရေးကို ဆုံးဖြတ်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာကို ကိုးကား၍ ရခိုင် တိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ထုတ်ဖော် ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ အပြည့်အဝ ရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဆိုင်ရာ ကောင်းကျိုးများ ဆက်လက် ဖြစ်ပေါ် တိုးတက်ရေးတို့တွင် ကူညီဆောင်ရွက်ရန် စိတ်ပါဝင်စားမှု ရှိသည့် အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့နှင့် ယင်းအဖွဲ့ဝင် နိုင်ငံ များကို မြန်မာအစိုးရက အသိအမှတ် ပြုကြောင်း ယင်းကြေညာချက်တွင် ပြောဆိုထားသည်။
The Voice Weekly

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ရှင်းလင်း ပြောကြားခဲ့ပြီး ဆန္ဒမဲပေးသူ ၈၈ ရာခိုင်နှုန်းက ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ထောက်ခံ




အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ကောက်ယူပွဲကို နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် နိုဝင်ဘာလ ၁၈ ရက်က ပြုလုပ်ခဲ့ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ရှင်းလင်း ပြောကြားခဲ့ပြီး ဆန္ဒမဲပေးသူ ၈၈ ရာခိုင်နှုန်းက ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ထောက်ခံခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူလူထုသို့ ပထမဆုံးအကြိမ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လူထုသဘောထား ရယူပွဲသို့ နေပြည်တော်ခရိုင် အတွင်းရှိ ပါတီဝင်များ၊ ဒေသခံများ နှစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ပြီး ၁၅၀၀၀ ၀န်းက ဆန္ဒမဲပေး ခဲ့ကြခြင်းဖြစ်သည်။

ယင်းလူထုသဘောထား ကောက်ခံပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကြေညာစာတမ်းကို ဖတ်ကြားခြင်း၊ အဖွဲ့ချုပ်မှ ဥပဒေ ပညာရှင်များဖြစ်သူ ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ဦးဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် အချက်များ၊ နိုင်ငံသားတို့၏ အခွင့်အရေးများကို ပြန်လည် ကန့်သတ်ထားသော ရှေ့နောက်မညီညွတ်သည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ၄င်း၏သဘောထားကို ပြောကြားခဲ့ပြီးနောက် ပြင်ဆင်ရန် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရန် အတွက် လက်ထောင်စနစ်ဖြင့် ဆန္ဒမဲကောက်ခံခဲ့ရာတွင် ထိုသို့ ၈၈ ရာခိုင်နှုန်းက ပြင်ဆင်ရန် ထောက်ခံခဲ့ခြင်းဖြစ်သည်။

အချစ်ကိုခံစားဖူးပါတယ်လို့ ဖွင့်ဟလာတဲ့ မိုးဟေကို


မိုးဟေကိုက လတ်တလောမှာ ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးတဲ့ “ရစ်ပတ် နှောင်တွယ်” ဇာတ်ကားကို ပြေတီဦး၊ ညီထွဋ်ခေါင် တို့နဲ့ အတူ ရိုက်ကူးနေပါတယ်။ ကိုယ်ရိုက် ချင်တဲ့ ဇာတ်ရုပ် ပုံစံကို ရွေးချယ်ပြီး ရိုက်ကူးဖြစ်တဲ့ မိုးဟေကိုက နောက်ပိုင်းမှာ ဇာတ်ရုပ် အငြိမ်တွေကို ပိုရိုက်ဖြစ်လာကြောင်း ပြောပြပါတယ်။

“အမှန်အတိုင်း ပြောရရင် မရိုက်ဖူးတဲ့ ဇာတ်တွေ ရိုက်ရင်တော့ ပိုပြီး ရင်ခုန်ပါတယ်။ အခု ရိုက်နေတဲ့ ပုံစံတွေက ကိုယ်ရိုက်ဖူးနေကျ ပုံစံတွေပဲ ဖြစ်နေ တယ်။ နောက်ပိုင်း မိုးကိုပေးလာတဲ့ ဇာတ်တွေက ငြိမ်ပေမယ့် ဇာတ်လမ်းတွေက ကောင်းပါတယ်။ လူတိုင်း တစ်ယောက် နဲ့တစ်ယောက် အယူအဆ ချင်းတော့ မတူပါဘူး။ အကယ်ဒမီ ရပြီးမှ ပျောက်ကွယ် သွားတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။

အကယ်ဒမီရမှ မှတ်တိုင်လို့ ပြောတာထက် ကိုယ်လုပ်ရတဲ့ အလုပ်တွေကပဲ မှတ်တိုင်လို့ပြောရင် ရတယ်။ အနုပညာ နဲ့ ပတ်သက်တာတွေ လုပ်တာက ကိုယ့် အတွက် မှတ်တိုင်ပဲ။ အနုပညာရှင်တိုင်းက ဘယ်အရာကိုမဆို ကြိုးစားပြီး လုပ်နေ ကြတဲ့သူတွေပါပဲ။ ဒီတစ်ခု တည်းနဲ့ မှတ်တိုင် မစိုက်နိုင်ပေမယ့်လည်း တချို့ တခြားဟာတွေနဲ့ မှတ်တိုင် စိုက်နိုင်တာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ဝါကျွတ် အချိန်ကာလကို ရောက်ရှိလာ ပြီ ဖြစ်တဲ့အလျောက် အနုပညာရှင်တွေထဲကလည်း မင်္ဂလာ သတင်းတွေ ကြားနေရပါတယ်။ ပရိသတ်တွေ စိတ်ဝင်စား နေကြတဲ့ မိုးဟေကို ရဲ့အချစ်ရေး ကို လည်း မေးမြန်း ကြည့်ခဲ့ရာ “အချစ်ကို မခံစား ဖူးတာတော့ မဟုတ်ဘူး။ ခံစားဖူးပါ တယ်။ ဘဝမှာ သူ့ထက် အရေးကြီး တဲ့အရာ အကျိုးရှိမယ့် အရာတွေ အများကြီး လုပ် ချင်သေးတယ်။ အဲဒါတွေကို အချိန်ပေးပြီး ရင်ခုန်ရမယ့် အချိန် မဟုတ်တော့ ဘူး။ အချစ်ထက် အကျိုးရှိမယ့် အရာတွေ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။

တွယ်တာ
Popular Journal

BREAKING NEWS: (11/18/2013 - 1:52 PM)


မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်၏ တရားဝင်မိတ်ဖက်အဖြစ် ကူညီပံ့ပိုး သွားမည်ဟု Ooredoo ဆက်သွယ်ရေးကုမ္ပဏီ ကြေညာ

အခြေခံဥပဒေကို ကိုယ်ကျိုးစီးပွားထိခိုက်မှာစိုး၍ မပြင်ဆင်လိုသူများသည် တိုင်းပြည်ကိုမချစ်သူများဟု ဒေါ်အောင်ဆန်းစုကြည်ပြော

စစ်ကိုင်းနှင့် အိန္ဒိယအရှေ့မြောက်ပြည်နယ်ကြား လီဒိုလမ်းမကြီးပေါ်ရှိ ပန်ဆောင် နယ်စပ်ကုန်သွယ်ရေး ၂ဝ၁၄ တွင် ဖွင့်လှစ်မည်

တရုတ်-မြန်မာ-အမေရိကန် သုံးပွင့်ဆိုင် ဆက်ဆံရေး အလုပ်မဖြစ် ဟုပြောသူများ မှားယွင်းဟု မြန်မာကျွမ်းကျင်သူ ဒေးဗစ် စတိန်းဘက်ဆို
Kamayut Media

ယာဉ်ကြီးများအား ကာဗွန်အခွန်ကောက်မည့်အစီအစဉ်ကြောင့်ပြင်သစ်တွင် ကုန်တင်ယာဉ်ထောင်ပေါင်းများစွာ လမ်းပိတ်ဆို့ဆန္ဒပြ


[ Ref-AFP ၊ ပါရီ ၊ နိုဝင်ဘာ ၁၇ ]

ပြင်သစ်၌ ယာဉ်ကြီးများ အပေါ် ကာဗွန်ဒိုင်အောက်ဆိုက် အခွန်ကောက်မည့်အငြင်းပွားဖွယ် အစိုးရ၏အစီအစဉ်များကို ဆန့် ကျင်ကန့်ကွက်မည့်အနေဖြင့် စနေ နေ့က ကုန်တင်ယာဉ်ထောင်ပေါင်း များစွာသည် ပြင်သစ်နိုင်ငံတစ်ဝန်း ကားလမ်းများကို ပိတ်ဆို့ခဲ့သည်။

ပါရီ၊ စထရာဘော့ဂ်၊ တူး လောက်စ်၊ ဘော်ဒိုး၊ မာဆေး၊ လိုင်ယွန်အပါအဝင် ပြင်သစ်မြို့ ကြီးများထဲသို့သွားသောလမ်းများ ကိုပိတ်ဆို့ရန် နှေးကွေးစွာမောင်း နှင်ခဲ့သော ကုန်တင်ကား ၂၀၀၀ ခန့်ရှိသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်း ခဲ့သည်။ သို့သော်လည်း စီစဉ်သူ တို့က၄၀၀ဝအထိရှိသည်ဟု ဆိုသည်။

ဆန့်ကျင်ဆန္ဒပြမှုကို ကုန်း လမ်းပို့ဆောင်ရေးဖက်ဒရေးရှင်း ORTE ကစီစဉ်ခဲ့ပြီး ကားများ သွားလာနိုင်ရန် လမ်းကြောတစ် ခုကိုသာဖွင့်ပေးပြီး နိုင်ငံခြား ကုန်တင်ကားများကို ပိတ်ဆို့ရန် ကုန်တင်ကားမောင်းသူများကို ညွှန်ကြားခဲ့သည်။ ''ကျွန်တော် တို့ရပ်ထားချိန်မှာ ကျွန်တော်တို့ ရဲ့ပြိုင်ဘက်တွေကို ဆက်ပြီးမ မောင်းစေချင်ဘူး''ဟု OTRE ခေါင်းဆောင် အေလိုင်းမက်စ်ပ လေးက အေအက်ဖ်ပီသို့ ပြော ကြားခဲ့သည်။
Yangon Media Group

ဘတ်စ်ကားများ ရပ်၊ တင်၊ ထွက်စနစ် မအောင်မြင်ဟု မထသ (ဗဟို) ဥက္ကဋ္ဌဝန်ခံ


ရန်ကုန်၊ နိုဝင်ဘာ ၁၇

ယာဉ်ကြော ပိတ်ဆို့မှုများ ပိုမို များပြားလာသော ရန်ကုန်မြို့တော်တွင် မထသ (ဗဟို) လက်အောက်ရှိ ယာဉ်လိုင်း များကို ရပ်၊ တင်၊ ထွက် စနစ်ကို ကျင့်သုံးရန်အတွက် စစ်ဆေး အရေးယူမှုများ ပြုလုပ်ခဲ့ သော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။
“သက်ဆိုင်ရာ ယာဉ်လိုင်းတွေက ယာဉ်မောင်းတွေကို ဒီကနေ့ အရေးယူ လိုက်ပေမယ့် နောက်နေ့ကျ ယာဉ်မောင်းတခြား တစ်ယောက် ပြောင်းသွားတော့ အရေးယူလဲ မအောင်မြင်ဘူး” ဟု ၎င်းက ဆိုသည်။

မြို့တွင်း မော်တော်ယာဉ်လိုင်း များတွင် ပြေးဆွဲနေသော ယာဉ်များဘက်က လိုက်နာမှု အားနည်းမှုများ ရှိသောကြောင့် အရေးယူမှုများ ပြုလုပ်ခြင်းအစား ယာဉ်မောင်းများ ကိုယ်တိုင် လိုက်နာနိုင်စေရန် ပူးပေါင်း ဆောင်ရွက်သော စနစ်သုံးမျိုးကို ပြောင်းလဲ ကျင့်သုံး ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စနစ်သုံးမျိုးမှာ မထသက ဖွဲ့စည်းထားသော အထူးစစ်ဆေးရေး အဖွဲ့ ၁၆ ဖွဲ့က တစ်ဖွဲ့လျှင် နှစ်မှတ်တိုင်နှုန်း စစ်ဆေးခြင်း၊ မထသ၊ ယာဉ်ထိန်းရဲနှင့် ယာဉ်လိုင်းများ ပူးပေါင်း ဖွဲ့စည်းထားသော ပူးပေါင်းအဖွဲ့က တစ်ပတ်လျှင် နှစ်မှတ်တိုင်နှုန်း စစ်ဆေးခြင်းနှင့် ယာဉ်လိုင်းများက သက်ဆိုင်ရာ ယာဉ်လိုင်း မှတ်တိုင်များတွင် တာဝန်ယူ စစ်ဆေးသော နည်းဖြင့် နိုဝင်ဘာလ ၁ ရက်နေ့က စတင်၍ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ရပ်၊ တင်၊ ထွက်စနစ် ကျင့်သုံးရေး ပူးပေါင်း လုပ်ဆောင်မှုကို မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ (ဗဟို) လက်အောက်ရှိ အဖွဲ့ပေါင်း ၁၇ ဖွဲ့မှ ယာဉ်လိုင်းပေါင်း ၃၄၉ လိုင်းကို လုပ်ဆောင်လျက် ရှိကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့တော်၏ နေရာ အများစုမှာ အရောင်းစင်တာများ၊ ကျောင်းများ၊ ဟိုတယ်များရှိရာ နေရာများတွင် အဖြစ်များကြောင်း၊ ယင်းအပြင် ကားမှတ်တိုင်များတွင် ခရီးသည်တင် ကားများ အချိန်ကြာမြင့်စွာ ရပ်ခြင်း၊ နှစ်ထပ်ရပ်ခြင်း တို့ကြောင့်လည်း ယာဉ်ကြော ပိတ်ဆို့မှု အဖြစ်များကြောင်း အငှားယာဉ်မောင်း တစ်ဦးက ဆိုသည်။
The Voice Weekly

ရေသောက်နေရင်း အမျိုးသမီးတစ်ဦး လဲကျသေဆုံး


ရန်ကုန် ၊ နိုဝင်ဘာ ၁၈။

ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာတွင် အမျိုးသမီးတစ်ဦး ရေသောက်နေစဉ် ရုတ်တရက် လဲကျသွားသဖြင့် ကျောက်တန်းဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးမှုတစ်ခု နိုဝင်ဘာ ၁၇ရက် မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပထမဆုံးသူမှာ မသန်းသန်းလင်း(၂၃)နှစ်အရွယ်ရှိ
အထည်ချုပ်သမဖြစ်ပြီး ၁၂နာရီ ၁၅မိနစ်အချိန်တွင်
တစ်လမ်းတည်းနေ အဒေါ်ဖြစ်သူ ဒေါ်ပိုမာ၏ နေအိမ်
တွင် ထမင်းစားပြီးခဏအကြာ အိမ်အနီးရှိဈေးဆိုင်မှ
ကော်ဖီမစ်တစ် ထုပ်ဝယ်ယူသောက်ခဲ့ပြီးနောက်
ခြေရင်းဘက်နေ ဦးမြင့်စိန်အိမ် ထံမှ ရေတစ်ခွက်
သောက်နေစဉ် ထိုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
အဆိုပါရုံးမှ သိရသည်။

“သူ့မှာက နှလုံးရောဂါအခံကရှိတယ်ဗျ။ အရင်
ကလည်း ဒီလိုမူးလဲလို့ ဆေးရုံဆေးခန်းရောက်
ဖူးတယ်လို့ ကျွန်တော်တို့သိရတယ်။ အခုလည်း အဲဒီလိုဖြစ်တာ ရေတောင်မသောက်လိုက်ရပါဘူး။
ကျွန်တော်တို့ဆေးရုံမှာ ဆရာဝန်ရဲ့စစ်ဆေးချက်က
လည်း အသဲက သာမန်ထက်ပိုကြီးနေ တယ်လို့
အတည်ပြုတယ်”ဟု ဒုရဲအုပ်ဝင်းမြင့်ထွန်းက
ပြောကြားသည်။

အလောင်းအား ဆေးရုံမှ လက်ခံထားရှိ၍ လက်ဦး စစ်ဆေးတွေ့ရှိချက်အရ နှလုံးကြီး နေသည်ကို
တွေ့ရှိရပြီး၊ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်
မဟုတ် စစ်ဆေးနိုင်ရန် ကျောက်တန်းမြို့မရဲစခန်းမှ
သေမှုသေ ခင်းအမှတ်စဉ် ၂၆/၁၃ ဖြင့် အမှုဖွင့်
စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရေးသားသူ - ဝေဖြိုး
တည်းဖြတ်-နီတိုး
People power

Agony ဆီးလမ်းကျောက်က နာခြင်း


CT result အရ Ureteric Colic ဆီးပြွန်ကျောက်တည်ရောဂါလို့ပြောပါတယ်။ Kidney Stone နဲ့ ဘာကွာလဲ ဆရာ။

Kidney ကျောက်ကပ်နဲ့ Bladder ဆီးအိမ်ကြားမှာ အထက်ကနေ အောက်ကို ဆင်းလာပြီးဆက်နေတဲ့ ပြွန်လိုအင်္ဂါကို Ureter လို့ခေါ်တယ်။ အထက်မှာ ကျယ်ပြီး အောက်ရောက်လေကျဉ်းလေဖြစ်တယ်။ ဘယ်-ညာ ရှိတယ်။ အဲဒီမှာ ကျောက်ကတစ်နေလို့နာတာကို Ureteric colic လို့ခေါ်တယ်။ အလွန်နာတတ်တယ်။

အဲလို ဆီးလမ်းကျောက်ကြောင့်နာတာကို Pain, severe pain လို့ပြောတာနဲ့မလုံလောက်လို့ Agony လို့သုံးတယ်။

Colic ဆိုတာက ရစ်ပြီးနာတာမှန်သမျှ ကျောက်ကနေဖြစ်ဖြစ်၊ လေကြောင့်ဖြစ်ဖြစ်၊ ဝမ်းကြောင့်ဖြစ်ဖြစ် ခေါ်ပါတယ်။

နာတာအတွက် ဆေးဆောင်ထားသင့်တယ်။ သွားလေရာယူသွားပါ။ Buscopan/Spasmo Cibalgin စတဲ့ဆေးဖြစ်တယ်။ စားဆေးနဲ့ ထိုးဆေးရှိတယ်။

ဆရာလဲ ဖြစ်ဘူးလို့ Buscopan ကို သွားလေရာကို ယူသွားရဘူးတယ်။ တခါက တခြားနိုင်ငံတခုကို အစည်းအဝေး သွားတော့ ယူသွားတယ်။ မိတ်ဆွေတဦး ညကြီးမင်းကြီး နာလို့ ပါလာတဲ့ဆေးကို ထိုးပေးရတယ်။ ၅ မိနစ်အတွင်း သက်သာသွားတယ်။

သက်သာမှသူပြောတာက “အနားမှာ သေနပ်သာရှိရင် ကိုယ့်ကိုယ်ကို ပြစ်သတ်ချင်လောက်အောင်ဘဲ” တဲ့။ သူက လူကောင်ကြီးလို့ 3 ampoules IV ထိုးပေးရတယ်။ သာမန်လူဆိုရင် ၂ လုံးဆိုရတယ်။ တော်တော်တန်တန်နာရင် စားဆေး ၁-၂ ပြားဆိုရင် ရတယ်။

Buscopan ဆေးကို ရာသီလာလို့ မတရားနာသူကိုလဲ ပေးနိုင်တယ်။
Dr. Tint Swe

မင်္ဂလာဒုံမြို့နယ်တွင် မီးလောင်မှုဖြစ်


ရန်ကုန်၊ နိုဝင်ဘာ ၁၈

၁၈.၁၁.၂၀၁၃ရက်နေ့ ၀၉၀၅အချိန် မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်၊
ရေကြည်အိုင်၊ သစ္စာ(၁)လမ်းရှိ တင်မောင်စိုး၏နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါမီးလောင်မှုအား သက်ဆိုင်ရာ
တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ နေအိမ်ရှိဘုရားစင်တွင် မီးပူဇော်ထားသည့် မီးလုံးမှဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ပတ်ဝန်ကျင်နေသူများမှဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့်၀၉၁၀အချိန်တွင်မီးငြိမ်း
သွားခဲ့ကာ မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၁၀၀၀၀)ခန့်ဆုံးရှုံးခဲ့၍ မီးကိုပေါ့ဆစွာ အသုံးပြုသူ တင်မောင်စိုးအား မင်္ဂလာဒုံမြို့မရဲစခန်း
(ပ)၇၂၂/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ဆီးဂိမ်းတွင် မြန်မာအားကစားအဖွဲ့ ဝတ်ဆင်ရန် သိန်း ၇၂၀၀ တန်ဖိုးရှိ အားကစားဝတ်စုံများ ဂျပန်လှူဒါန်း


[ ညီသစ်လူ ၊ ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ]

နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်တောင်းဆိုမှု ကြောင့် ဂျပန်နိုင်ငံမှဆီးဂိမ်းပြိုင် ပွဲတွင် မြန်မာအားကစားအဖွဲ့ ဝတ်ဆင်ရန် သိန်း ၇၂၀၀ တန်ဖိုး ရှိ အားကစားဝတ်စုံများ လှူဒါန်း ခဲ့ကြောင်း သိရသည်။အဆိုပါဝတ်စုံများကို ၂၀၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ဝန်ကြီး ချုပ် လာရောက်လည်ပတ်ခြင်း မတိုင်မီက ဂျပန်အားကစားနှင့် ယဉ်ကျေးမှုအဖွဲ့များသည် နိုင်ငံ တော်သမ္မတနှင့် တွေဆုံခွင့် ရရှိ ခဲ့ပြီး ယင်းအဖွဲ့မှအဖွဲ့ဝင် ဒီဇိုင်း ပညာရှင် မစ္စကိုရှီနိုဂျွန်ကိုအား သမ္မတမှ တိုက်ရိုက်တောင်းဆို ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံမှ လှူ ဒါန်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ဂျပန် ဒီဇိုင်းပညာရှင် မစ္စကိုရှီနိုဂျွန်ကို က ''လွန်ခဲ့တဲ့တစ်နှစ်က မြန်မာ နိုင်ငံကိုရောက်ရှိခဲ့စဉ်က သမ္မတ နဲ့ တစ်ဦးချင်း တွေ့ဆုံခွင့်ရရှိခဲ့ ပါတယ်။ တွေ့ဆုံခွင့်ရရှိ ချိန်မှာ ဆီးဂိမ်းပြိုင်ပွဲဝင် အားကစား သမားတွေကို ဝတ်စုံဒီဇိုင်းရေးဆွဲ ဖို့ တိုက်ရိုက်တောင်းဆိုခဲ့ပါတယ်။ ခုမြန်မာအားကစားအဖွဲ့တွေ အတွက် သီးသန့်ဒီဇိုင်းရေးဆွဲပြီး ကုန်ကြမ်းရော ထုတ်လုပ်မှုကိုပါ ဂျပန်နိုင်ငံမှာ ပြုလုပ်တာဖြစ်ပါ တယ်''ဟု ၎င်းက ပြောသည်။

အဆိုပါအားကစားဝတ်စုံ တစ်စုံ၏ ဈေးနှုန်းမှာဂျပန်ယန်း ငွေ ၃၀၀၀၀ ကျသင့်ပြီး ဂျပန် ကုမ္ပဏီများက အကုန်အကျခံ ခဲ့ခြင်းဖြစ်ကာ တစ်စုံလျှင် မြန်မာ ကျပ်ငွေ သုံးသိန်းတန်ဖိုးရှိပြီး မြန်မာအားကစားအဖွဲ့ ဝတ်ဆင် ရန်အတွက် အထည်ပေါင်း ၂၄၀၀ ကို လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ယင်းလှူဒါန်းပွဲအခမ်းအ နားတွင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေး၏ ဆီးဂိမ်းအတွက်ဆု မွန်ကောင်းတောင်းသည့် သဝဏ် လွှာကိုပြသခဲ့ပြီး မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်၏ ကျေးဇူးတင် သဝဏ်လွှာကို အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးတင့် ဆန်းက ဖတ်ကြားခဲ့သည်။

ဂျပန်ဒီဇိုင်းပညာရှင် မစ္စ ကိုရှီနိုဂျွန်ကိုသည် ဂျပန်နိုင်ငံအို ဆာကာမြို့ဇာတိဖြစ်ပြီး Bunka Fashion College မှ ဒီဇိုင်းဘာ သာရပ်ဖြင့် ဘွဲ့ရရှိခဲ့ကာ ၂၀၀၈ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ခရီးသွား လုပ်ငန်းသံတမန်အဖြစ် ခန့်အပ် ခြင်းခံရသူဖြစ်သည်။
Yangon Media Group

ကျပ်သန်းပေါင်း တစ်ထောင်ကျော်ဖြင့် ဧရာဝတီ မြစ်ကြောင်း ပြုပြင်မည်


ရန်ကုန်၊ နိုဝင်ဘာ ၁၇

သောင်ထွန်းသဖြင့် ရေလမ်းကြောင်း ကျပ်တည်း လာမှုများနှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆိုးရွားစွာ ရင်ဆိုင်လာနေရသည့် ဧရာဝတီ မြစ်ကြောင်းကို ထိန်းသိမ်း ပြုပြင်ရန်အတွက် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း တစ်ထောင်ကျော် အသုံးပြုမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ပြောကြားသည်။

ဧရာဝတီ မြစ်ကြောင်း ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွင် ဗန်းမော်မှ ရန်ကုန်အထိ မြစ်အတွင်း ရေလမ်းကြောင်း ကျပ်တည်း ကျဉ်းမြောင်းသည့် နေရာ ၄၆ နေရာကို သောင်တူး ရေယာဉ် ၁၉ စီးဖြင့် သောင်တူးဖော်ခြင်း၊ သဲသောင် စုပ်ယူခြင်း စသည်တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အလားတူ ချင်းတွင်း မြစ်ကြောင်းအတွင်း ရေလမ်းကြောင်း ကျပ်တည်းသည့် ၃၇ နေရာကိုလည်း ကျပ်သန်းပေါင်း သုံးရာကျော်ဖြင့် တစ်ဆက်တည်း ပြုပြင်ထိန်းသိမ်းမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန စာရင်းဇယားများအရ သိရသည်။

လက်ရှိ အချိန်တွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်အတွင်း မြစ်ရေ ကျဆင်းပြီး သောင်ဖြစ်ထွန်းမှု များပြားကာ ရေလမ်းကြောင်း ကျပ်တည်း နေသဖြင့် ကုန်သွယ်ရေး လုပ်ငန်းများ အခက်တွေ့နေကြောင်း ကုန်သွယ် လုပ်ငန်းရှင်များနှင့် ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ရာသီဥတု ဖောက်ပြန်ခြင်း၊ သစ်တောများ ပြုန်းတီးမှု မြန်ဆန်လာခြင်းနှင့် တရားမဝင် ရွှေတူးဖော်ရေး လုပ်ငန်း များကြောင့် ဧရာဝတီ မြစ်ကြောင်းမှာ တစ်နှစ်ထက်တစ်နှစ် ပတ်ဝန်းကျင် ထိခိုက်မှု ဆိုးရွား လာနေသည့်အပြင် ကမ်းပြိုမှုများလည်း မြစ်ကြောင်း တစ်လျှောက်တွင် ခပ်စိပ်စိပ် ဖြစ်ပေါ်လာနေပြီ ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြောဆိုသည်။

၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ် အတွင်းက စတင် လုပ်ဆောင်နေသည့် မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများဖြစ်သော မြေထိန်းနံရံ တည်ဆောက်ခြင်း၊ ကျောက်ဖြည့် ရေကာ၊ ကျောက်စီ ရေကာနှင့် သောင် ဖြစ်ထွန်းမှု လျော့နည်းရန် သောင်ထိန်းများ တည်ဆောက်ခြင်း သဲသောင် စုပ်ယူခြင်းတို့ကို လည်း ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
The Voice Weekly

ရွှေမှုံရတီ ယခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုမည်


မိုးသူ | တနင်္လာနေ့၊ နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်

“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားဖြင့် ထင်ရှားခဲ့သူရွှေမှုံရတီသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းကို ၀င်ရောက်ဖြေဆိုမည်ဖြစ်သည်။ သူမသည် အ.ထ.က(၃) တာမွေတွင် ပညာသင်ကြားလျက်ရှိပြီး စီးပွားရေးဘာသာအဓိကယူထားသူဖြစ်သည်။

“သမီးက ဒီနှစ်မှစဖြေမှာပါ။ ဆရာအိမ်ခေါ်သင်ထားပါတယ်။ စာကိုပဲ ဖိလုပ်လိုက်မယ်ဆိုရင်တော့ အောင်မယ်လို့ ထင်ပါတယ်။ ဂုဏ်ထူးလည်း ကံကောင်းရင်တော့ ပါမှာပေါ့နော်”ဟု ပြောသည်။

၎င်းသည်အနုပညာများကို ယခုနှစ်ဒီဇင်ဘာလအထိ လုပ်ဆောင်သွားမည်ဖြစ်သည်။လက်ရှိတွင် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးသည့် ဇာတ်ကားတွင်မင်းသားနေမင်းနှင့် အတူပါဝင်ထားသည်။
Mizzima - News in Burmese









နှလုံးသွေးကြောကျဉ်းရောဂါ


နှလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက်
(Blood Pump Machine) တစ်ခု ပဲဖြစ်ပါတယ်..တစ်ရက်လျှင် ပျမ်းမျှ အကြိမ် ၁၀၀,၀၀၀ ခန့် ခုန်ရပြီး သွေး
ထုထည် ဂါလံ ၂,၀၀၀ ခန့် ညှစ်ထုတ် ပေးနေရပါတယ်.. လူ့သက်တမ်း တစ်လျှောက်လုံး မရပ်မနား စည်း
ချက်မှန်မှန် ညှစ်ထုတ်ပေး နေရပြီး အသက် ၇၀ အရွယ်ရောက်ပါက နှလုံးခုန်ခြင်း အကြိမ်ပေါင်း ၂.၅ ဘီလီ
ယံ ကျော် ခုန်ပြီး ဖြစ်ပါတယ်.. ဒီလို အချိန်ပြည့် လုပ်ဆောင်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီ
ဂျင်နဲ့ အာဟာရကို နှလုံးသွေးကြော (Coronary Arteries) များက ထောက်ပံ့ပေးနေရပါတယ်.. အကြောင်း
အမျိုးမျိုးကြောင့် နှလုံးသွေးကြောများဟာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာ
ဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့တဲ့အခါ နှလုံးသွေးကြောကျဉ်း လက္ခဏာများ ပေါ်ပေါက်လာပါ
တယ်.. အမေရိကန်နိုင်ငံတွင် လူဦးရေ ၃သန်းမှ ၄သန်းခန့်ထိ ဘာလက္ခဏာမှမပြပဲ နှလုံးသွေးကြောကျဉ်း
ရောဂါ ဖြစ်ပေါ်နေပါတယ်..

နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ

သွေးတိုးရောဂါ (Hypertension)
သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)
ဆေးလိပ်သောက်ခြင်း (Smoking)
တို့ဖြစ်ပါတယ်...
နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့
ဆီးချိုသွေးချိုရောဂါ (Diabetes)
စိတ်ဖိစီးမှုများခြင်း (Stress)
အဝလွန်ခြင်း (Overweight)
လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်း (Sedentary Lifestyle)
တို့ဖြစ်ပါတယ်..

အထက်ပါ အကြောင်းများကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး (Athero-
sclerosis) ကျဉ်းမြောင်းလာပါတယ်.. အနည်ကျ စုပုံတဲ့ အထဲတွင် ကိုလက်စထရော (Cholesterol)၊ ကယ်
လ်စီယမ် (Calcium)၊ ဆဲလ်သေ အစအနများ (Cellular debris)၊ သွေးမွှားဥများ (Platelets) များ ပါဝင်ပါ
တယ်.. ၎င်း အနည်ကျစုပုံခဲသည် သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြော တစ်နေရာတွင် ပိတ်မိတတ်ပါ
တယ် (Embolism).. နှလုံးသွေးကြောတွင် ပိတ်မိပါက နှလုံးပုပ်ခြင်း (Myocardial Infarct)၊ ဦးနှောက်သွေး
ကြော ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်
ခြင်း (Gangrene) တို့ ဖြစ်တတ်ပါတယ်..

နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများမှာ (Angina Pectoris)
ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း
ရင်ဘတ်အောင့်ခြင်းသည် ရံဖန်ရံခါ ဘယ်ဘက်ပုခုံးနှင့် ဘယ်ဘက်လက်မောင်းသို့၎င်း၊ လည်ပင်းနှင့် မေးစေ့တစ်ဝိုက် သို့၎င်း ပြန်နှံ့နာကျင် တတ်ပါတယ်.. ရင်ဘတ်အောင့်ခြင်းသည် ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့်(၃၀)မှ (၅)မိနစ်ထိ ကြာတတ်ပါတယ်.. အနားယူပါက သက်သာလာပါတယ်..
အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊
ပျို့အန်ခြင်း၊
အလွန်အမင်း ချွေးထွက်လာခြင်း၊
အနားယူသော်လည်း ရင်ဘတ်အောင့်ခြင်း မသက်သာပါက နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ပါတယ်..

ရောဂါစမ်းသပ်စစ်ဆေးချက်များ
Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
Cardiac Catheterization
Tube အသေးစား တစ်မျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတစ်ဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး Special dye တစ်မျိုးအား ထုတ်လွှတ်၍ ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် သွေးကြောကျဉ်းတဲ့နေရာ သိနိုင်ပါတယ်..
ရင်ဘတ်ဓါတ်မှန် (Chest X-ray) ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊
သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊
တို့ ပြုလုပ်ရန် လိုအပ်ပါတယ်..
လိုက်နာရမည့်အချက်များ
တိရိစ္ဆာန်အဆီများ၊ နီသောအသား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစရှိသည့် ကိုလက်စထရော ကြွယ်ဝသော အစားအစာများကို ရှောင်၍ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ ပြောင်း လူး ဆပ် ကဲ့သို့အနှံများ စားသုံးပါ
ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ်ရန်
သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်
သွေးတိုးနှင့် ဆီးချိုသွေးချို ရောဂါ ရှိပါက ရောဂါအတွက် ညွှန်ကြားထားသည်များကို လိုက်နာရန်
စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ရန်

ဆေးဝါးကုသမှု
ဆေးဝါများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရပါမယ်..
Nitrates (Nitroglycerin..), Betablockers (propranolol, metoprolol...), Calcium channel blockers (Amlodipine, diltiazem...) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ
သွေးခဲခြင်းကိုတားဆီးပေးသောဆေးများ ie. Aspirin (Aspilet),.....
သွေးတွင်းကိုလက်စထရော များနေပါက ကျစေသောဆေးများ ie. Statins (Atorvastatin, Simvastatin,....)
ခွဲစိတ်ကုသမှု-နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းများဖြင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနိုင်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်..

publichealthinmyanmar

ကြီးသွားများပေါက်ချိန် - Permanent Teeth Eruption


(က) အထက်ကြီးသွားများ

• ရှေ့-အလယ်သွား ပေါက်ချိန် = ၇-၈ နှစ်၊ အမြစ်ပေါက်ချိန် = ၁ဝ-၁၁ နှစ်၊
• ရှေ့-ဘေးသွား ပေါက်ချိန် = ၈-၉ နှစ်၊ အမြစ်ပေါက်ချိန် = ၁၁-၁၂ နှစ်၊
• စွယ်သွား ပေါက်ချိန် = ၁၁-၁၂ နှစ်၊ အမြစ်ပေါက်ချိန် = ၁၄-၁၅ နှစ်၊
• ရှေ့-ပဌမအံသွား ပေါက်ချိန် = ၁ဝ-၁၁ နှစ်၊ အမြစ်ပေါက်ချိန် = ၁၃-၁၄ နှစ်၊
• နောက်-ပဌမအံသွား ပေါက်ချိန် = ၁၁-၁၂ နှစ်၊ အမြစ်ပေါက်ချိန် = ၁၃-၁၅ နှစ်၊
• ပဌမအံသွား ပေါက်ချိန် = ၅-၇ နှစ်၊ အမြစ်ပေါက်ချိန် = ၈-၁ဝ နှစ်၊
• ဒုတိယအံသွား ပေါက်ချိန် = ၁၂-၁၃ နှစ်၊ အမြစ်ပေါက်ချိန် = ၁၅-၁၆ နှစ်၊
• တတိယအံသွား (အံဆုံး) ပေါက်ချိန် = ၁၇-၂၁ နှစ်၊ အမြစ်ပေါက်ချိန် = ၁၉-၂၃ နှစ်၊

(ခ) အောက်ကြီးသွားများ

• ရှေ့-အလယ်သွား ပေါက်ချိန် = ၆-၇ နှစ်၊ အမြစ်ပေါက်ချိန် = ၉-၁ဝ နှစ်၊
• ရှေ့-ဘေးသွား ပေါက်ချိန် = ၇-၈ နှစ်၊ အမြစ်ပေါက်ချိန် = ၁ဝ-၁၁ နှစ်၊
• စွယ်သွား ပေါက်ချိန် = ၉-၁ဝ နှစ်၊ အမြစ်ပေါက်ချိန် = ၁၂-၁၃ နှစ်၊
• ရှေ့-ပဌမအံသွား ပေါက်ချိန် = ၁ဝ-၁၂ နှစ်၊ အမြစ်ပေါက်ချိန် = ၁၃-၁၅ နှစ်၊
• နောက်-ပဌမအံသွား ပေါက်ချိန် = ၁၁-၁၂ နှစ်၊ အမြစ်ပေါက်ချိန် = ၁၃-၁၅ နှစ်၊
• ပဌမအံသွား ပေါက်ချိန် = ၅-၇ နှစ်၊ အမြစ်ပေါက်ချိန် = ၈-၁ဝ နှစ်၊
• ဒုတိယအံသွား ပေါက်ချိန် = ၁၁-၁၃ နှစ်၊ အမြစ်ပေါက်ချိန် = ၁၄-၁၆ နှစ်၊
• တတိယအံသွား (အံဆုံး) ပေါက်ချိန် = ၁၇-၂၁ နှစ်၊ အမြစ်ပေါက်ချိန် = ၁၉-၂၃ နှစ်၊
Dr. Tint Swe

မုန်တိုင်းဒဏ်သင့် ပိုင်ရှင်မဲ့ အလောင်း ၄၀၀ခန့်ကို စုပေါင်းမြုပ်နှံ


ဖိလစ်ပိုင်၊ နိုဝင်ဘာ ၁၈။

ဖိလစ်ပိုင်တွင် ကမ္ဘာ့အင်အားအပြင်းဆုံး မုန်တိုင်းတစ်ခုဖြစ်သည့် ဟိုင်ရန်မုန်တိုင်းကြောင့် သေဆုံးသွားသူများအနက် အမည်မသိအလောင်းပေါင်း ၃၉၃လောင်းကို ပလပ်စတစ်အိတ်အမည်းအတွင် ထည့်ကာ စုပေါင်း သဂြိုင်္ဟ်မြုပ်နှံခြင်းများ ပြုလုပ်ခဲ့သည်။

ယခုလုပ်ရပ်သည် ရိုးရာအစဉ်အလာကို ဆန့်ကျင်သော မယဉ်ကျေးသည် အပြုအမူအဖြစ် ဝေဖန်သူ အနည်ငယ်ရှိခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ တက်လိုဘန်တွင် စေတနာ့ဝန်ထမ်းများက ပိုင်ရှင်မဲ့အလောင်းများကို စုပေါင်းမြုပ်နှံရာတွင် အလောင်းပေါင်း ၆၀ ကျော်ခန့်မှာမူ မည်သူမည်ဝါဟု အတည်ပြုနိုင်ခဲ့သည်ဟုလည်း ဆိုသည်။

မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် အမြင့်ဆုံးတစ်သောင်းမှ အနည်းဆုံး ၂၅၀၀ အထိ ရှိမည်ဟု သတင်းအမျိုးမျိုး ထွက်ခဲ့ဖူးသည်။ ယခုအချိန်တွင် ဖိလစ်ပိုင် အာဏာပိုင်များက သေဆုံးသူ
လေးထောင်ကျော်ဟု တရားဝင် ကြေညာထားသည်။

တက်ဘိုဘန်မြို့တော်ဝန် Alfred Romualdez က ကျန်အလောင်းများသည် ဆူနာမီကဲ့သို့သော လှိုင်းများရိုက်ပုတ် ယူဆောင် ခြင်းကြောင့် ပင်လယ်အတွင်း၌ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် လူပေါင်း တစ်သိန်းမှ တစ်သိန်း နှစ်သောင်းခန့်သည် နီးစပ်ရာဒေသများသို့ မုန်တိုင်းရှောင်ခြင်း၊ မုန်တိုင်းအပြီး သွားရောက်နေထိုင်ခြင်း ရှိခဲ့ရာမှ ပြန်ရောက်ခြင်း မရှိသေးကြောင်းလည်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ရေခဲတိုက်များလည်း မုန်တိုင်းကြောင့် ပျက်စီးခဲ့သဖြင့် ကူးစက်ရောဂါများ ပြန့်ပွားမှု မရှိစရန် အလောင်းများကို အလျင်စလို မြေမြုပ်သဂြိုဟ်ရခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Daily Mail
The Myanma Age

အမျိုးသမီးဗိုလ်လောင်းများ အပြင် အမျိုးသမီးတပ်ကြပ်ကြီးစာရေးများကိုလည်းခေါ်ယူသွားမည်


နိုင်ငံတော်ကာကွယ်ရေးအတွက် သင့်လျော်သည့် ဌာနများတွင် အမျိုးသမီးများပါ တာဝန်ထမ်းဆောင်နိုင်ရန် အမျိုးသမီးတပ်မတော်အရာရှိများ ရွေးချယ် ခန့်အပ်သွားမည်ဖြစ်သည့်အပြင် တပ်ကြပ်ကြီး/ စာရေးအပါအဝင် အမျိုးသမီးစစ်မှုထမ်း များကိုပါ ခန့်ထားတာဝန်ပေးအပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပြောကြားသွားသည်။
MWD