ရုရှားခရီးသည်တင်လေယာဉ်ပျက်ကျမှု အနည်းဆုံး လူ ၅၀ ဦးသေဆုံး

ပို့စ်တင်ချိန် - 11/18/2013 09:01:00 AM


ရုရှားနိုင်ငံအလယ်ပိုင်း ကဇန်မြို့တွင် ခရီးသည်တင် Boeing အမျိုးအစား လေယာဉ်တစ်စင်း လေဆိပ်သို့ဆင်းသက်စဉ် ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၅၂ ဦးသေဆုံးကြောင်း အရေးပေါ်ဝန်ကြီးဌာန၏အဆိုအရ သိရှိရသည်။

Tatarstan လေကြောင်းလိုင်းပိုင် Boeing 737-500 ခရီးသည်တင်လေယာဉ်သည် ကဇန်လေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျပြီး ပေါက်ကွဲမီးလောင်သွားကြောင်း ရုရှားသတင်းဌာနက Interfax က ပြောကြားသည်။ အဆိုပါလေယာဉ်သည် မော်စကိုမြို့မှ ပျံသန်းလာခြင်းဖြစ်သည်။

သေဆုံးသူအရေအတွက် သတင်းများမှာ ကွဲလွဲမှုရှိနေပြီး အရေးပေါ်ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး၏ အဆိုအရ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၅၂ ရှိပြီး လေယာဉ်ပျက်ကျအတွင်း လိုက်ပါလာသူအားလုံး သေဆုံးသွားကြောင်း သိရသည်။

ပြည်ထောင်စု လေကြာင်းပို့ဆောင်ရေးဌာနကမူ ပျက်ကျသည့် လေယာဉ်ပေါ်တွင် အမှုထမ်း ၆ ဦး အပါအဝင် စုစုပေါင်း လူ ၅၀ ဦးလိုက်ပါလာခဲ့ပြီး ၎င်းတို့အားလုံးမှာ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားကြောင်း ပြောကြားသည်။

Interfax သတင်းဌာနက ရရှိသော သတင်းရင်းမြစ်များအရ လေယာဉ်ဆင်းသက်စဉ် လေယာဉ်မှူးမှာ မှားယွင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လေယာဉ်သည် ပျက်မကျမီ သုံးကြိမ်တိုင် ဆက်သက်ရန် ကြိုးပမ်းခဲ့ကြောင်း ရုရှားလေကြောင်းပို့ဆောင်ရေးအေဂျင်စီက ပြောကြားသည်။

Planet Myanmar Network