ဂီတမိတ် နဲ့ ဗြိတိသျှတေးဂီတအဖွဲ့ ပူးပေါင်းတင်ဆက်မယ်

ပို့စ်တင်ချိန် - 11/18/2013 12:16:00 PM


ရန်ကုန်မြို့ ကမ်းနားဟိုတယ်မှာ ဗြိတိသျှ တေးဂီတအဖွဲ့တခုက အခမဲ့ ဖျော်ဖြေတင်ဆက်မယ်၊ လာရောက်ကြည့်ရှုနိုင်ပါတယ် တဲ့။ မြန်မာတို့ရဲ့ ဂီတမိတ်ကျောင်းနဲ့ တွဲဖက် တင်ဆက်မှု အစီအစဉ် ပါဝင်တယ် ဆိုပြီး ရန်ကုန်ဗြိတိသျှကောင်စီက ဖိတ်ထားပါတယ်။ ဗုဒ္ဓဟူး ညနေပိုင်းပါ။

ယူကေမှနာမည်ကြီး a cappella  အဖွဲ့ဖြစ်သည့် Black Voices  မြန်မာနိုင်ငံတွင်ဖျော်ဖြေမည်

ဗြိတိသျှကောင်စီသည် အောင်မြင်ကျော်ကြားသည့် a cappellaအဆိုရှင်အဖွဲ့ဖြစ်သည့် Black Voices အဖွဲ့အား မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ဖျော်ဖြေပေးရန်ဖိတ်ကြားထားပါသည်။

ဆယ်စုနှစ်နှစ်ခုကြာ အောင်မြင်စွာရပ်တည်လာခဲ့သည့် Black Voices  အဖွဲ့သည် Ray Charles ၊ Nina Simone ၊ Wynton Marsalis နှင့် Take 6   တို့ကဲ့သို့သော ဂီတထိပ်သီးတို့နှင့် တွဲဖက်ဖျော်ဖြေခဲ့ဖူးပြီး သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား နှင့် ဗြိတိန်တော်ဝင်မိသားစု အစရှိသည့် ထင်ရှားသူတို့အား ဖျော်ဖြေခဲ့ဖူးသည်။

၎င်းတို့၏ စွဲမက်ဖွယ်တင်ဆက်မှုနှင့် သူမတူသည့် တူရိယာမပါဘဲ "အသံအား" သက်သက်သာသုံး၍ သီဆိုဖျော်ဖြေသည့် a cappella ပုံစံသီဆိုဟန်တို့သည် အာဖရိကန် ကာရစ်ဘီယန် ရိုးရာ၊ အင်္ဂလိပ်ကျေးလက်ဂီတ၊ jazz, gospel, pop, reggae သီချင်းပုံစံများစွာအား အာဖရိက၊ ကာရစ်ဘီယန်၊ ဗြိတိသျှအမွေအနှစ်တို့ဖြင့် ကြွယ်ဝစွာထုံမွှမ်းချယ်မှုန်းထားကာ ကျားမ၊ လူမျိုး၊ အသက်အရွယ်၊ ဘာသာအယူတို့၏ နယ်နိမိတ်ကို ကျော်လွန်ပျံ့နှံ့သွားသည်။

၎င်းတို့၏ လူထုဖျော်ဖြေပွဲသည် နိုဝင်ဘာလ ၂၀ ရက်၊ ညနေ ၆ နာရီခွဲတွင်  Strand Hotel   ၌ မြန်မာနိုင်ငံရှိ ဂီတမြတ်နိုးသူပရိတ်သတ်အတွက် အခမဲ့ တင်ဆက်မည်ဖြစ်သည်။

အဆိုပါပွဲတွင် ရန်ကုန်မြို့ရှိ “ဂီတမိတ်” ဂီတကျောင်းကလည်း ပါဝင်တွဲဖက် တင်ဆက်မည်ဖြစ်သည်။

စိတ်ပါဝင်စားသူတိုင်း ကြွရောက်နားဆင်နိုင်ပါသည်။

Irrawaddy