ဦးသိန်းစိန်အစိုးရ ပြုပြင်ပြောင်းလဲရေး မလိုလားဟု NLD ကြေညာချက်ထုတ်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မေတ္တာ ရပ်ခံချက် အပေါ် အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ တုံ့ပြန်ပြောဆိုမှုသည် စစ်အစိုးရ တုံ့ပြန်ချက် ကဲ့သို့ ဖြစ်နေပြီး လက်ရှိအစိုးရသည် ပြုပြင်ပြောင်းလဲရေး မလိုလားဟု ယူဆစရာဖြစ်နေသည်ဟု NLDက ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ လွှတ်တော်တို့ပါဝင်သော တွေ့ဆုံဆွေးနွေးရန် မေတ္တာ ရပ်ခံချက် တစောင်  နိုဝင်ဘာလနှောင်းပိုင်းတွင် ပေးပို့လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက် သည် စောလွန်းပြီး ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ တွေ့ဆုံသင့်၊ မတွေ့ဆုံသင့် ဆုံးဖြတ်သင့်ကြောင်း၊ ယခုအချိန် တွေ့ဆုံမည် ဆိုပါက လွှတ်တော် ကော်မတီအပေါ် ဖိအားပေးရာ ရောက်မည့်အပြင် ရှုပ်ထွေးမှုများ ရှိနိုင်သည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဧရာဝတီသတင်းဌာနအပါအ၀င် သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်အပေါ် ယင်းသို့ တုံ့ပြန် ပြောဆိုမှုသည်   တွေ့ဆုံဆွေးနွေးမှုကို အချိန်ဆိုင်းစေရန် ရည်ရွယ်ပြောကြားခြင်းဟု ယူဆနိုင်ကြောင်း၊ သမ္မတဦးသိန်းစိန်အစိုးရ၏ တုံ့ပြန်မှုသည် ၁၉၈၈ ခုနှစ် အမျိုးသားရင်ကြားစေ့ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ယခင် န၀တ အစိုးရထံသို့ တွေ့ဆုံ ဆွေးနွေးရန် တင်ပြချက်အပေါ် ပြန်လည် တုံ့ပြန်သည့် ပုံစံမျိုး ဖြစ်နေကြောင်း NLD၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ပြုပြင်ပြောင်းလဲမှုကို အချိန်ရွှေ့နေတယ်လို့ ယူဆတယ်။ တကယ်ဘာရည်ရွယ်ချက်လဲဆိုတာ သူတို့ပဲ သိမှာပါ။ ကျနော်ပြောချင်တာက တရားဝင်ပြန်ကြားစာလုံးဝ မရသေးပေမယ့် အစိုးရပြောရေးဆိုခွင့်ရှိသူရဲ့ တုံ့ပြန်ချက်ကို ပြန်တုံ့ပြန်ထားတာပါ´´ ဟု NLD၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်အပေါ် အစိုးရပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွဋ်၏ တုံ့ပြန်ချက် ထွက်ပေါ် လာသော်လည်း သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လွှတ်တော်တို့ထံမှ တရားဝင် အကြောင်း ပြန်ကြားစာမရသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက် လက်မခံပါက မည်သို့ မည်ပုံ ဆက်လက်ဆောင်ရွက်မည်ကိုလည်း ယခုအချိန်တွင် မပြောနိုင်သေးဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးညီပုက ပြောဆိုသည်။

“ဘာဆက်လုပ်မလဲဆိုတာ ပြောလို့မရသေးပါဘူး။ အချိန်ရွှေ့ဆိုင်းတဲ့သဘောတွေ၊ တွေ့ဆုံဆွေးနွေးရေး မလိုလားဘူးဆိုတဲ့ သဘောတွေရှိနေတယ်လို့ ယူဆလို့ ကြေညာချက်ထုတ်တာပါ´´ ဟု ဦးညီပုက ရှင်းပြသည်။

သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အစိုးရသည် ပြုပြင်ပြောင်းလဲလိုလားကြောင်း၊ ပြုပြင်ပြောင်းလဲရေး လိုလား၍သာ NLD  နိုင်ငံရေးတွင် ပါဝင်လာနိုင်ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ကိစ္စသည် ပြည်ထောင်စု လွှတ်တော် နှင့်သာ သက်ဆိုင်ကြောင်း ပြောဆိုသည်။

“သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးကြောင့် NLD လွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ တုံ့ပြန်ချက်က အခြေခံဥပဒေပြင်ဆင်ရေးကို ဟန့်တားတာမဟုတ်ဘူး။ နည်းမှန်လမ်းမှန် ဆောင်ရွက်သင့်ကြောင်း ပြောတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြုပြင် ပြောင်းလဲရေးကို အဟန့်အတားဖြစ်စရာအကြောင်းမရှိပါဘူး။ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ပတ်သက်ပြီး အစိုးရဘက်က အချိန်ရွှေ့စရာ အကြောင်း မရှိပါဘူး။ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လုပ်ပိုင်ခွင့် ကို ပြည်ထောင်စုလွှတ်တော် အား အပ်နှင်းထားတာဖြစ်ပါတယ်။ မြန်ခြင်း၊ နှေးခြင်းက ပြည်ထောင်စု လွှတ်တော် နဲ့ ပဲ ဆိုင်ပါတယ်´´ ဟု  ဦးရဲထွဋ်က ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး တွေ့ဆုံဆွေးနွေးရန် ရှောင်တိမ်းခြင်း သည် ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီမလိုလား၍ ဖြစ်ကြောင်း သြစတြေးလျခရီးစဉ်အတွင်း ထုတ်ပြန် ပြောဆို ထားသည်။

ဧရာဝတီ Myanmar News

ပွေးအနာအတွက် လွယ်ကူသက်သာ အိမ်တွင်းကုထုံးများ




ပွေး (ringworm) ကြောင့်ဖြစ်ရတဲ့ အနာဟာ မှိုပိုးဝင်ခြင်းတစ်မျိုးပဲ ဖြစ်ပြီး ဆေးပညာအခေါ်အရ Dermatophytosis  လို့ခေါ်ဆိုပါတယ်။ ringworm  လို့ခေါ်ရတာကတော့ ဖြစ်စေတဲ့ ပိုးကောင်ရဲ့ပုံသဏ္ဌာန်ဟာ လက်စွပ်သို့မဟုတ် အ၀ိုင်းပုံစံရှိလို့ ပါပဲ။ ဒီရောဂါဟာ အိမ်မွေး တိရစ္ဆာန် တွေဖြစ်တဲ့ ခွေး၊ ကြောင်တွေကနေ တစ်ဆင့် ကူးစက်ပြီး ကလေးငယ်တွေမှာ ပိုအဖြစ်များပါတယ်။
-ပွေးနာဖြစ်ပွားရခြင်းအကြောင်း
-အရေပြားကုတ်ရာ၊ ခြစ်ရာ၊ ပြတ်ရှဒဏ်ရာများမှတစ်ဆင့် ကူးစက်ခြင်း
-စွတ်စိုထိုင်းမှိုင်းပြီး သန့်ရှင်းမှု အားနည်းသော နေရာများမှာ နေထိုင်ရခြင်း
-အ၀တ်အစားများကို မလျှော်ဖွတ်ဘဲ ၀တ်ဆင်ခြင်း
-ခေါင်းဘီးများကို တစ်ဦးနှင့် တစ်ဦး မျှဝေသုံးစွဲခြင်း
-ရေကူးကန်၊ အိမ်မွေးတိရစ္ဆာန်များမှ ကူးစက်ခြင်း တွေပဲဖြစ်ပါတယ်။
အိမ်တွင်းကုထုံးများ
- ပွေးကွက်အပေါ်ကို လတ်ဆတ်တဲ့ သင်္ဘောသီးစိတ်ငယ်များကို ပုံပေးပါ
- မုန်ညင်းစေ့ကို အမှုန့်ပြုလုပ်ပါ။ ထို့နောက် ရေအနည်းငယ်ရောပြီး အနည်းငယ်ပျစ်ချွဲအောင် လုပ်ပေးပါ။ ပွေးကွက်ပေါ်မှာအုံပေးရင် ပွေးကွက် များလျော့ပါးသက်သာနိုင်ပါတယ်။
- ကြက်သွန်ဖြူဟာ မှိုပိုးကိုနိုင်တဲ့ ဟင်းချက်စရာတစ်မျိုးပါ။ ပွေးကိုလည်း နှိမ်နင်းနိုင်တဲ့အတွက် ကျိတ်ချေထားတဲ့ကြက်သွန်ဖြူကို ပွေးကူး စက်နေတဲ့ နေရာပေါ်မှာ လိမ်းကျံပေးရင် ပွေးများပျောက်ကင်းနိုင်ပါတယ်။
- ဗီနီဂါနဲ့ဆားကို ရောစပ်ပြီး ပွေးကွက်ပေါ်ကို လိမ်းကျံပေးပါ။ ငါးမိနစ်လောက်ထားပေးပြီး ရေနဲ့ သန့်စင်အောင် ဆေးကျောပေးပါ။
နေ့စဉ်လုပ်ပေးရင် ပွေးနာများ အနာကျက်မြန်တယ်ဆိုတာ တွေ့ရှိရပါတယ်။
- လာဗင်ဒါအဆီ (lavendar oil)မှာ မှိုပိုးကိုနိုင်တဲ့ အစွမ်းထက် အာနိသင်ရှိပါတယ်။ ပွေးအနာပေါ် မှာလာဗင်ဒါအဆီကို နေ့စဉ်လိမ်းပေး ရင်ပွေးပွားတာကို မလျော့စေနိုင်ပေမယ့်ပိုးတွေကိုတော့ သေစေနိုင်ပါတယ်။
- လက်ဖက်ဆီလည်း ပွေးကိုနိုင်နင်းတဲ့ အဆီတစ်မျိုးပါ။ လက်ဖက်စေ့ဆီ အနည်းငယ်ကိုသန့်စင်တဲ့ ဂွမ်းစနဲ့ စွတ်ပြီးပွေးကွက်ပေါ် တစ်နေ့ သုံးကြိမ်လိမ်းပေးမယ်ဆိုရင် ရက်အနည်းငယ်အတွင်းမှာ ပွေးနာတွေ လျော့ပါးသက်သာ သွားနိုင်ပါတယ်။
သက်ကို
ref;medindia

Health Updates Journal

ဘာသာရေးကို ထိခိုက်စေသည့် ဆိုင်းဘုတ် ကိုင်ဆောင်သူများကို အရေးယူရန် စုံစမ်းနေ


နိုဝင်ဘာ ၁၅ ရက် ရန်ကုန်တွင် ဆန္ဒပြနေသော ဗုဒ္ဓဘာသာ ဘုန်းကြီးများ (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ)
အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) နှင့် ကိုယ်စားလှယ်များကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဘာသာရေး ယုံကြည်မှုကို စော်ကားရာ ရောက်သည့် ဆိုင်းဘုတ်ကို ကိုင်ဆောင် လှည့်လည်ခဲ့သူများကို အရေးယူရန် စုံစမ်းလျှက်ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၅ ရက်က ရန်ကုန် ဗဟန်းမြို့နယ် ကြားတောရလမ်း၌ OIC အဖွဲ့နှင့် ကိုယ်စားလှယ်များကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ရာတွင် ဘာသာရေးဆိုင်ရာ စော်ကားသော စာသားပါဝင်သည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့ကြသဖြင့်
အဆိုပါ ဆိုင်းဘုတ်ကိုင်ဆောင်ခဲ့သူများကို ပုဒ်မ ၂၉၅ (တပါးသူ၏ ဘာသာ၊ သာသနာကို စော်ကားမှု) ဖြင့် အရေးယူရန် စုံစမ်းလျှက် ရှိကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိ ရဲတဦးက ဧရာဝတီသို့ပြောသည်။

“ဆန္ဒ ထုတ်ဖော်ခွင့် ပြုလိုက်တုန်းက အဲဒီဆိုင်းဘုတ်တွေ ကိုင်ဆောင်ဖို့ ခွင့်မပြုခဲ့ပါဘူး၊ အခု အဲဒီ ဆိုင်းဘုတ် ကိုင်ဆောင်ခဲ့တဲ့ သူတွေကို အရေးယူမှာပါ။ လောလောဆယ် စုံစမ်းနေဆဲပါ” ဟု အထက်ပါ ရဲအရာရှိက ဆိုသည်။

ဗဟန်းမြို့နယ် ကြားတောရလမ်းတွင် OIC အဖွဲ့နှင့် ကိုယ်စားလှယ်များကို ဆန္ဒထုတ်ဖော်ခဲ့စဉ်က “တိရစ္ဆာန်ဝါဒ …” အစရှိသည်ဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်ကို သံဃာတော်တချို့က ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

“သူတို့ရဲ့ ဘာသာကို ထိခိုက်မိသွားတယ်ဆိုရင် ကျနော်တို့ ရခိုင် အမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်၊ အိမ်တွေ မီးရှို့တာ ကျတော့ရော ဘယ်လို အရေးယူပေးမှာလဲ။ ဒီစာသားက ဆန္ဒပြတဲ့အထဲမှာ ပါသွားတယ် ဆိုတာကလည်း သေချာမစိစစ်မိတဲ့ ကျနော့်အမှားပါ” ဟု နိုဝင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် OIC အဖွဲ့ကို ဆန္ဒထုတ်ဖော်ရန် ဦးဆောင်သူ ရခိုင်လူငယ်ကွန်ရက်မှ ကိုဖိုးသာက ဧရာဝတီသို့ ပြောသည်။

အဆိုပါ စာသားကဲ့သို့ ပြင်းထန်သည့် စကားလုံးများ ပါဝင်သည့် ဆိုင်းဘုတ် တချို့လည်း ထပ်မံ တွေ့ရှိရသည့်အတွက် မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း၊ ယင်းစာသားများကို ဆန္ဒထုတ်ဖော်သူများက ရေးသားခဲ့ခြင်း မဟုတ်ဘဲ ကြားဝင် နှောင့်ယှက် မှုများကြောင့် ဘာသာရေး ထိခိုက်စေသည့် ဆိုင်းဘုတ်များ ပါဝင်ခဲ့ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ စာသားအားလုံးကို
မစိစစ် လိုက်နိုင်ကြောင်း ၎င်းက ဆိုသည်။

“တကယ်ဆို အစိုးရနဲ့ နယ်မြေခံ တာဝန်ရှိသူတွေမှာလည်း ဒီကိစ္စအတွက် တာဝန်ရှိတာပဲ၊ သူတို့တွေကလည်း စာသားတွေကို စစ်ဆေးသင့်တယ်လေ၊ ကျနော်တို့တွေက အစိုးရ လက်အောက်ကနေ အလုပ်လုပ်ကြတဲ့ သူတွေမဟုတ်လား” ဟု ၎င်းက
ဆက်ပြောသည်။

ဆန္ဒထုတ်ဖော်ခဲ့သည့် နေ့က ဘာသာရေးဆိုင်ရာ ထိခိုက်မှုရှိနိုင်သည့် ဆိုင်းဘုတ် ၄ ခုကို မီးရှို့ဖျက်ဆီး ပစ်ခဲ့သော်လည်း အဆိုပါ ဆိုင်းဘုတ်ကို မတွေ့ခဲ့သည့်အတွက် မဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ဆိုင်းဘုတ်ကိစ္စနှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ကလည်း သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သကဲ့သို့ ဆရာတော် ဦးပါမောက္ခ အနေဖြင့်လည်း မီဒီယာများတွင် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဦးဇင်းတို့တတွေ ဆိုင်းဘုတ် တချို့ကို ဖျက်ဆီးပစ်ခဲ့သေးတယ်။ ဒါပေမယ့် အဲဒီ ဆိုင်းဘုတ်ကို မတွေ့လိုက်မိဘူး။ တကယ့် ရည်ရွယ်ချက်က မိမိဘာသာရေးနဲ့ OIC ရုံး မစိုက်ဖို့ကို ဆောင်ရွက်တာပါ။ ဒါကိုမှ တရားစွဲချင်တယ် ဆိုရင်တော့ သူတို့ ဆန္ဒအတိုင်းပဲ။ ဒါပေမယ့် တရားစွဲလိုက်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ပြဿနာ ပြေလည်သွားမလား၊ ရှုပ်ထွေးသွားမလား ဆိုတာ ကိုတော့ တရားစွဲမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ ကြိုတင် ပြင်ဆင်ထားသင့်တယ်” ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးပါမောက္ခက မိန့်သည်။

သို့သော် သက်ဆိုင်ရာမှ တရားစွဲဆိုသည်အထိ ပြုလုပ်လာမည်ဆိုပါက တရားစွဲဆိုမည့် သူများအနေဖြင့် သတိထား စေချင်ကြောင်း ဦးပါမောက္ခက ဆိုသည်။

“ဗီနိုင်းလေးတခု မှားတဲ့အပေါ်မှာ တရားစွဲတာ လုပ်ရင်တော့ သူတို့ဘာသာ၊ သူတို့လူမျိုးတွေက လုပ်ထားတဲ့ကိစ္စတွေ အပေါ်မှာလည်း ပြန်ပြီး ပေးဆပ်ရလိမ့်မယ်ဆိုတာ သတိထားစေချင်တယ်” ဟု ၎င်းက ဆက်လက်မိန့်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်၊ ၁၆ ရက် နေ့များက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် OIC အဖွဲ့ လာရောက်သည့် အပေါ် လက်မခံနိုင်သည့် အတွက် ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ စစ်တွေ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး စသည့် မြို့တချို့တွင် ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ဧရာဝတီ Myanmar News

ထိုင်းဆန္ဒပြ အင်အားစုနှစ်ခု အဓိကရုဏ်း ဖြစ်ပွားရာမှ နှစ်ဦးသေဆုံး ဘန်ကောက်တွင် စစ်တပ်များနေရာယူ




ဘန်ကောက်၊ ဒီဇင်ဘာ ၁

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများနှင့် အစိုးရကို လိုလားသူ တန်ပြန် ဆန္ဒပြကြသည့် ရှပ်နီများ မြို့တော် ဘန်ကောက်တွင် ထိပ်တိုက် ရန်ပွဲဖြစ်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း အေဂျင်စီ သတင်းများက ဖော်ပြထားကြပြီး စစ်တပ်ကလည်း ဘန်ကောက်တွင် လာရောက် တပ်စွဲနေရာယူကြပြီ ဖြစ်သည်။

အစိုးရကို မလိုလားသည့် ဆန္ဒပြသူများက အစိုးရရုံးများကို ဝင်ရောက် စီးနင်း နေရာယူမှုများ ပြုလုပ်နေသဖြင့် ရဲတပ်ဖွဲ့က ကာကွယ်ရန် ကြိုးစားနေမှုကို ကူညီသည့် အနေဖြင့် စစ်တပ်က လာရောက် အားဖြည့်ခြင်း ဖြစ်သည်။

အစိုးရရုံးချုပ်ကို ဆန္ဒပြသူများက လာရောက်ကြပြီး အကာအကွယ် အတားအဆီးများကို ကျော်ရန် ကြိုးစားကြရာမှ ရဲက မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများက ယင်းလပ်အစိုးရသည် သက်ဆင်၏ ကြိုးကိုင်မှုအောက်တွင် လုပ်ဆောင်နေကြောင်း အခိုင်အမာ ပြောဆိုထားကြသည်။

ဆန္ဒပြသူများသည် ရုပ်သံလိုင်း ထုတ်လွှင့်ရုံများကိုလည်း ဝင်ရောက်ကြပြီး ရုပ်သံလွှင့်မှု အစီအစဉ်များကို ရယူရန် ဆွေးနွေးမှုများ ရှိလာပြီး Thai PBS ရုပ်သံလိုင်းကိုလည်း အုပ်စုတစ်စုက ထိန်းချုပ်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားထားသည်။

BBC ၏ ဘန်ကောက်အခြေစိုက် သတင်းထောက် ဂျိုနာဖစ်ရှာက အစိုးရ ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူများ၏ လုပ်ဆောင်မှုများသည် အာဏာသိမ်း သကဲ့သို့ ခံစားရကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

အစိုးရအနေနှင့် ဆန္ဒပြသူများကို နှိမ်နင်းရာတွင် အကြမ်းဖက်ခြင်း နည်းလမ်းကို လုံးဝအသုံးပြုမည် မဟုတ်ကြောင်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ကတိကဝတ် ပြုခဲ့ဖူးသည်။

ယင်းလပ်အစိုးရ ပြုတ်ကျရေး ဆန္ဒပြသူများကို ကိုင်တွယ်ရာတွင် စစ်တပ်ကို အသုံးပြုပါရန် ရှပ်နီများက အားကစားကွင်း တစ်ကွင်းတွင် ဆန္ဒပြခဲ့ပြီးနောက် ၎င်းတို့၏ အရေးဆိုမှုကို အဆုံးသတ်လိုက်ပြီဟု ရှပ်နီ ခေါင်းဆောင်များက ကြေညာထားသည်။

အစိုးရကို လိုလားသူများ အားကစားကွင်းသို့ သွားသည့် ကားများကို ကျောင်းသားများက တိုက်ခိုက်ခဲ့ရာမှ အကြမ်းမဖက် ဆန္ဒပြပွဲများသည် အကြမ်းဖက် မြင်ကွင်းများအဖြစ် ပြောင်းသွား ခဲ့ပြီး သေဆုံးသူနှစ်ဦး ရှိခဲ့သည်။

လမ်းမပေါ် နိုင်ငံရေး ယဉ်ကျေးမှု အရှိန်ရနေပြီးဖြစ်သော ထိုင်းနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်ကလည်း သက်ဆင်ကို လိုလားသည့် ရှပ်နီများက ဘန်ကောက် မြို့တော်၏ အရေးကြီး နေရာများကို ထိန်းချုပ်ထားခဲ့ပြီး အလုံးအရင်း ဆန္ဒပြခဲ့ရာမှ လူ ၉၀ သေဆုံးခဲ့ဖူးသည်။

The Voice Weekly

ပြည်ပဆက်သွယ်ရေး အော်ပရေ တာ နှစ်ခု၌ အလုပ်လျှောက်လွှာများ အပြိုင်အဆိုင် ခေါ်ယူနေကြပြီး လျှောက် ထားလိုသူများပြား




ပြည်တွင်း၌ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ရရှိထားသည့် နော်ဝေးနိုင်ငံအခြေစိုက် Telenor နှင့် ကာတာနိုင်ငံအခြေစိုက် Ooredoo နည်းပညာ ကုမ္ပဏီများတွင် မြန်မာနိုင်ငံသားများ၏ အလုပ်လျှောက်ထားမှုများ မြင့်တက်လျက် ရှိကြောင်း စုံစမ်းသိရှိရသည်။

သုံးစွဲမည့်သူများသို့ ဈေးကွက်မြှင့်တင်မှု အစီအစဉ်များကိုလည်း အပြိုင်အဆိုင်ခင်းကျင်း ပြသနေကြသည့် အဆိုပါနိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီ များဘက်ကလည်း မြန်မာနိုင်ငံသား ဝန်ထမ်းများကို အပြိုင်ခေါ်ယူမှုများ ပြုလုပ်နေကြသည်ဟု စုံစမ်းသိရှိရသည်။

“အခုလို ကိုယ့်နိုင်ငံမှာလာပြီး လုပ်ကိုင်မယ့် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ကိုင်ချင်စိတ်က အရမ်းပြင်းပြနေတယ်။ ကျွန်မတို့လိုပဲ စိတ်ဝင်စားတဲ့သူတွေ အများကြီးဆိုတာ တွေ့နေရတယ်။

ဒါပေမဲ့ ဒီလိုအဆင့်မြင့် ကုမ္ပဏီကြီးတွေမှာ စိတ်ဝင်တစားလျှောက်ထားတဲ့ သူတွေများနေတာရဲ့နောက်ကွယ်မှာကလည်း စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်။ ဒီကလူငယ်တွေ အခုထက်ပိုကြိုးစားဖို့ လိုတယ်လို့မြင်တယ်” ဟု အဆိုပါ ကုမ္ပဏီများတွင် အလုပ်လျှောက်ထားရန် ပြင်ဆင်နေသူ အမျိုးသမီးကဆိုသည်။

ယင်းကဲ့သို့ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ၏ အလုပ်အကိုင်ခေါ်ယူမှုတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ ဘာသာစကား ကျွမ်းကျင်မှုများက လျှောက်ထားသည့်နိုင်ငံသားများအတွက် အဓိကကျသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်းလည်း အဆိုပါကုမ္ပဏီများတွင် အလုပ်လျှောက်ထားမှု ပြုလုပ်ထားသူတချို့က ဆိုကြသည်။

နော်ဝေဆက်သွယ်ရေး ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ၎င်းတို့သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံသား ဝန်ထမ်းပေါင်း ကိုးဆယ်ခန့်ကို အလုပ်အကိုင်နေရာများ ခန့်အပ်ထားရှိပြီးဖြစ်ပြီး ယခုနှစ်အကုန်တွင် တစ်ရာ့နှစ်ဆယ်ဦးရေခန့်အထိ တိုးမြှင့်ခန့်ထားရန် ရည်မှန်းထားသည်။ ထို့အပြင် ၎င်းတို့နှင့်ပူးပေါင်း လုပ်ကိုင်လိုသည့် ကျွန်ုပ်တို့နိုင်ငံသားများ၏ များပြားသော အလုပ်လျှောက်လွှာများကိုလည်း လက်ခံရရှိနေကြောင်း ဆိုသည်။

အရှေ့အလယ်ပိုင်းဒေသနိုင်ငံ တစ်ခုဖြစ်သည့် ကာတာနိုင်ငံ Ooredoo ကုမ္ပဏီ၏ မြန်မာပြည် အမှုဆောင်အရာရှိချုပ် Mr. Ross Cormack က လာမည့်ငါးနှစ်အတွင်းတွင် ၎င်းတို့ထံတွင် မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်းကို အလုပ်အကိုင်နေရာများ ခန့်အပ်ထားပြီးဖြစ်မည်ဟု အခိုင်အမာသတင်း ထုတ်ပြန်ထားသည်။

“တစ်နေ့တခြား တိုးပွါးလာတဲ့ ကျွန်တော်တို့အဖွဲ့မှာ အခုလောလောဆယ် ဝန်ထမ်းဦးရေ တစ်ရာ့ငါးဆယ်လောက် ရှိနေပါတယ်။ လူမျိုးပေါင်းက ၃၀ လောက်ရှိနေပါပြီ။ အခုထက်ပိုပြီး မြန်မာနိုင်ငံသား ဝန်ထမ်းအင်အား တိုးတက်လာဖို့ မျှော်လင့်ပါတယ်။

လာမယ့်နှစ်အကုန်မှာ ဝန်ထမ်းဦးရေကို မြန်မာနိုင်ငံသားတွေ အပါအဝင် တစ်ထောင်ကျော်လောက် ရှိလာဖို့ရည်မှန်းပါတယ်။ ရေရှည်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဝန်ထမ်းဦးရေ ငါးထောင်လောက်အထိကို ခန့်အပ်ဖို့ အစီအစဉ်တွေလည်း ရှိနေပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံသားများ လိုအပ်လျက်ရှိသော နိုင်ငံတကာအဆင့်မီ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အဓိကကျသည့် ဈေးကွက်ယှဉ်ပြိုင်မှု ပိုင်းတွင်လည်း ပြိုင်ဆိုင်မှုပြင်းထန်နေသည့် ၎င်းအော်ပရေတာနှစ်ခုသည်

၎င်းတို့၏အရောင်းဌာန၊ ဖြန့်ချိရေးဌာန၊ ဝယ်ယူသူများကို ဝန်ဆောင်မှုပေးရသည့်ဌာန၊ သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဌာန၊ လက်လီအရောင်းဌာန၊ ရုံးတွင်းပိုင်းဌာန အစရှိသည့် နေရာများအ
တွက် နိုင်ငံသားဝန်ထမ်းများကို အဆက်မပြတ်ခေါ်ယူ နေကြခြင်းသည်။

ယခုကဲ့သို့ နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်းကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ပြည်တွင်းရှိ ၎င်းကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ကိုင်ရန် ပြန်လည်ဝင်ရောက်လာနိုင်ဖွယ်ရာရှိနေသည်ဟု ပြည်ပရောက် မြန်မာနိုင်ငံသားတချို့က သုံးသပ်ကြသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်ရန်အတွက် စတင်နေပြီဖြစ်သည့် အဆိုပါဆက် သွယ်ရေးအော်ပရေတာများသည် ၎င်းတို့၏အဆင့်မြင့် ဝန်ထမ်းများတွင် မြန်မာနိုင်ငံသားများအပြင် အိမ်နီးချင်းနိုင်ငံတချို့မှ ကျွမ်းကျင်ဝန်ထမ်းများကိုပါ
ခေါ်ယူခန့်အပ်ထားရကြောင်း သိရသည်။

-ယုဇနကိုကို
Internet Journal

အာဂျင်တီးနားတွင် ကိုယ်ဝန်ဆောင် သတို့သား၏ လက်ထပ်ပွဲ ပထမဆုံးအကြိမ် တရားဝင်ခွင့်ပြု


နိုဝင်ဘာ ၂၉ရက် အာဂျင်တီးနားတွင် ကိုယ်ဝန်သည်အမျိုးသားနှင့် သူ၏ချစ်သူ ( မိန်းမဘ၀ ပြောင်းထားသူ)တို့၏လက်ထပ်ပွဲသည် နိုင်ငံအတွင်း
လိင်ပြောင်းသူအချင်းချင်း ပထမဆုံးအကြိမ် တရားဝင် ကိုယ်ဝန်ဆောင် အမျိုးသား တစ်ဦး ၏ လက်ထပ်ပွဲ ဖြစ်လာခဲ့သည်။

အာဂျင်တီးနားသည် လက်တင်အမေရိကတွင် လိင်တူထိမ်းမြားမှုများ တရားဝင်ခွင့်ပြုခဲ့သည့် ပထမဆုံး နိုင်ငံဖြစ်ပြီး ၂၀၁၀ခုနှစ်တွင် စတင်ခဲ့သည်။ သုံးနှစ်ကြာလာသည့် ယခုအချိန်တွင် ကိုယ်ဝန်ဆောင် အမျိုးသား လက်ထပ်ပွဲကို တရားဝင် ထပ်မံ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၉ရက်က အာဂျင်တီးနားနိုင်ငံ ဗစ်တိုးရီုးယားတွင် လက်ထပ်သည့် စုံတွဲတွင် ရှစ်လသား ကိုယ်ဝန်ကို ဆောင်ထားသော သတိုးသား Alexis Taborda သည် မူလက မိန်းမ ဘ၀ပိုင်ဆိုင်ခဲ့ပြီး လိင်အင်္ဂါ ပြောင်းလဲခွဲ စိတ်ပြီးနောက်ပိုင်း အမျိုးသားတစ်ဦးအဖြစ် တရားဝင် ရပ်တည်ခဲ့သည်။ သူတို့သမီး ဖြစ်သူ Karen Bruselario သည် ယောက်ျားဘ၀နှင့် မွေးဖွားခဲ့ပြီးနောက် ယခုလက်ထပ်ချိန်တွင်မူ ဥပဒေအရ အမျိုးသမီးဘ၀ကို တရားဝင် ရယူထားသူဖြစ်သည်။

သူတို့နှစ်ဦးသည် လိင်အင်္ဂါပြောင်းသူများနှင့် နိုင်ငံသားစိစစ်ရေ ကတ်ပြားတွင် လိင်အမျိုးအစား ပြောင်းလဲသူတို့၏ အခွင့်အရေး
ဆွေးနွေးပွဲတွင် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း နောက်ထပ်အခွင့်အရေး သစ်တစ်ရပ်ကို ပူးပေါင်း ဖော်ဆောင်လိုက်သလို ဖြစ်သွားတော့သည်။

သတို့သား Taborda ၂၆နှစ်က သူနှစ်ဦးသည် တရားးဝင်လက်ထပ်ခွင့်ရသည်အတွက် အလွန်စိတ်လှုပ်ရှားဖွယ် နေ့တစ်ခုဖြစ်ခဲ့ကြောင်း၊ သူတို့၏ အိပ်မက်များ အမှန်တကယ် အကောင်အထည် ပေါ်လာပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းဌာနနှင့် တယ်လီဖုန်း မေးမြန်းခန်းတွင် ပြောပြခဲ့သည်။

သူတို့၏ ကျား/မ အမျိုးအစားကိုလည် ပြန်လည်ပြောင်းလဲမည် မဟုတ်ကြောင်းနှင့် သတို့၏ ဖြစ်ရပ်ကို အာဂျင်တီနားနွယ်ဖွား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ထံသို့ အီးမေးလ်ပို့ကာ တုန့်ပြန်ချက်တစ်စုံတရာ တောင်းခံထားကြောင်း ပျော်ရွင်စွာ
ပြောပြခဲ့သည်။

Ref: AFP
The Myanma Age

အသုံးများတဲ့..စကားအတိုလေးများ

ဒီနေ့လည်း အသုံးတည့်နိုင်လောက်တဲ့ အင်္ဂလိပ်စကားအတိုလေးတွေကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။

(1) Drink and drive?No sir!
အရက်မူးပြီးမောင်းတယ်? မဟုတ်ရပါဘူးဗျာ..။

(2) I'm serious!
တစ်ကယ်ပြောတာပါ။

(3) He's a Win Oo look-alike.
သူကတော့ ၀င်းဦးနဲ့ ချွတ်စွပ်တူတာပဲ။

(4) There it is!
ဟော..ဟိုမှာ..။

(5) Look what you did!
မင်းလုပ်ပုံကိုလည်း ကြည့်ဦး။

(6) No way out!
မတတ်နိုင်ဘူး။

(7) Hit the spot!
အတော်ပဲကွာ။
(အသုံးတည့်လို့ ပြောတာ)

(8) Nothing to it!
လွယ်လွယ်ကလေးပဲ။

(9) Cheer up!
ဇွဲတင်းထားစမ်းပါ။

(10) How come?
ဘယ်လို ဖြစ်ရတာတုန်း။

(11) He's a man's man.
ယောက်ျားအချင်းချင်းတောင် လေးစားလောက်တဲ့သူပဲ။

(12) Is he out and about?
သူ..နလန်ထပြီလား။

(13) Sad to say,...
ဝမ်းနည်းစရာ ကောင်းတာကတော့....

(14) His number was up!
သူ.. ကြွသွားပြီ။ (လျှောသွားပြီ။)

(15) Perish the thought!
ဖွဟဲ့..လွဲပါစေ။ဖယ်ပါစေ။

အင်္ဂလိပ်ဘာသာ လေ့လာစရာ

ရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ ချောရတနာ


အခုအချိန်မှာတော့ ကိုယ်ဝန်လေးလကျော် လွယ်ထားရတဲ့ ချောရတနာက ရင်သွေးလေးက သားဦးဖြစ်တဲ့အတွက် မိခင်တစ်ယောက်အနေနဲ့ အစစ အရာရာဂရုစိုက် ပြီးေ တာ့ သတိ ထားဆင်ခြင်နေထိုင်ဖြစ်တယ်လို့ ဆိုပါတယ်။ “ဝိတိုရိယဆေးရုံက ဆရာမ ဒေါ်ခင်လေးကြွယ်နဲ့ ချောက ပြနေ တယ်။ ကိုယ်ဝန်က လေးလခွဲရှိနေ ပြီ။ အစက ချောမှာ ကိုယ်ဝန်ရှိလို့ ရှိနေမှန်း မသိဘူး။ အရင်ကတည်းက ကိုယ်မှာက သွေးပေါင်ကျပြီး မူး တတ်တဲ့ အကျင့်ရှိတယ်။ ကိုယ်ဝန် ရှိတဲ့ လက္ခဏာမျိုးလည်း သူများတွေလို မပြတော့ ကိုယ်ဝန်ရှိမှန်း မသိဘူး။ နောက်တော့ ဆေးခန်းပြကြည့် တော့ ကိုယ်ဝန်ရှိမှန်းသိသွားတယ်။ တအားလည်း ဝမ်းသာပြီး ပျော်သွား တယ်။ ချောနဲ့အတူ ချောရဲ့အမျိုး သားကလည်း ပျော်နေတယ်။ တအားလည်း အံ့သြသွားတယ်။ အခု ထိတော့ သမီး လေးလား၊သားလေးလားဆိုတာတော့ မသိရသေးဘူး။ အခုချိန်ထိတော့ ချောက အစား အသောက်လည်း စားရတာ အဆင်ပြေတယ်။ အစား မရွေးဘူး။ အရင်လို တော့ သွားချင်တဲ့ နေရာမျိုးတွေ ရှိ ရင် တအားတော့သွားလို့မရဘူး။ ဆင်ခြင်ပြီးတော့ နေထိုင်ဖြစ် တယ်။ အစားအသောက်လည်း အကုန်စားတယ်။ ဒုက္ခ တော့ မရှိဘူး။ သူများတွေ လို အော့အန်တာမျိုးလည်း မရှိဘူး။ ကိုယ်က သားဦးလေးမွေးမှာဆိုတော့ အစစ အရာ ရာတော့ ဂရုစိုက်ဖြစ်တယ်။ ကလေးကို ကျန်း ကျန်းမာ မာလေးဖြစ်ဖို့တော့ ဆုတောင်း ဖြစ်တယ်။ချောကတော့ ဝိတိုရိယ ဆေးရုံမှာ ပဲ မွေး ဖြစ်မှာပါ။ ချောတို့ နှစ်ယောက်စလုံး က အခု မွေးမှာက သားဦးဖြစ် တဲ့အတွက် သားသားပဲ ဖြစ်ဖြစ်၊ မီးမီးပဲဖြစ်ဖြစ် ချစ်မှာပါ။ အခုလည်း ဆေးရုံ ကိုတော့ ပုံမှန်သွားပြီး ပြဖြစ်တယ်။ အစစအရာရာတော့ အမှားမရှိအောင် အတတ် နိုင်ဆုံး ဂရုစိုက်ပြီး နေရတယ်။ တခြားစိုး ရိမ်စိတ်တော့ မရှိပါဘူး” လို့ ပြောပါတယ်။

လွင်လွင်ထွန်း

Popular Myanmar News Journal

ဆွဲဆောင်မှု ပြင်းပြင်း HTC One Max အနီရောင်ဗားရှင်း ထွက်ပေါ်လာ တော့မည်


MTZT

တရုတ်အခြေစိုက် Mobile operator ဖြစ်သူ FarEasTone Telecommunications က HTC One Max အနီရောင်ဗားရှင်းကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းထုတ်လွှင့်ထားပါတယ်။

ယခင်က HTC One Max ကို အနက်ရောင်နဲ့ ငွေရောင်ဗားရှင်း နှစ်မျိုး ထုတ်လုပ်ခဲ့ပြီး ပိုပြီးဆွဲဆောင်မှုရှိလှတဲ့ အနီရောင်ကိုယ်ထည်နဲ့
မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အပြာရောင်ဗားရှင်း ထပ်ထုတ်သွားမယ်လို့ ဆိုပါတယ်။

ကိုယ်ထည်အနီရောင်လေးနဲ့ HTC One Max က ပိုပြီးဆွဲဆောင်မှု ရှိတာတော့ အမှန်ပါပဲ။ ပြည်တွင်းကိုရောက်ရှိလာရင် ဘယ်လို အရောင်မျိုးတွေ
မြင်တွေ့ရမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်လိုက်ကြရအောင်။

Guide Magazine

သြဇီမှာ ဒေါ်အောင်ဆန်းစုကြည် ပြောပြတဲ့ ဒီပဲယင်းတိုက်ခိုက်ခံရခြင်း အကြောင်း



၂၀၀၃ မှာ ကျမ အထက်မြန်မာပြည်ကို ခရီးသွားတုန်း ကျမတို့ ကားတန်းကို အတိုက်ခိုက် ခံခဲ့ရပါတယ် ။ တိုက်ခိုက်တဲ့လူတွေကိုတော့ အကြမ်းဖက် လူရမ်းကားတွေ လို့သာ ခေါ်ရမှာပါဘဲ .... ဘာလို့လည်းဆိုတော့ သူတို့မှာ ဓါးတွေ ၊ သစ်သားတုတ်တွေပါလာပြီး ကျမတို့ ကားတန်းကို တိုက်ခိုက်ကြတယ် ။ ပြီးတော့ ကျမတို့ အဖမ်းခံရတယ် ။

အတော်လေးတော့ ထူးခြားတဲ့အခြေအနေဆိုပါတော့.....
ဘာလို့လည်းဆိုတော့ အတိုက်ခိုက်ခံရသူတွေက အဖမ်းခံရပြီး တိုက်ခိုက်သူတွေကတော့ လွတ်သွားကြတယ် ။ ဘယ်ကို လွတ်သွားသလဲတော့ ကျမလည်း မသိဘူး ။ ကျူးလွန်ခဲ့တာတွေအတွက် ဘာတစ်ခုမှ အပြစ်ပေးခံရခြင်း မရှိဘဲကို လွတ်သွားကြတာ ။

အဲဒီအဖြစ်အပျက် အပြီးမှာ ကျမရော ၊ ကားတန်းမှာပါတဲ့တခြားလူတွေရော ထောင်ချခံရတယ် ။ အဲဒီကိစ္စဖြစ်တာ ၂၀၀၃ မေလ မှာပါ ။"

ဒေါ်အောင်ဆန်းစုကြည်
သြဇီ မိန့် ခွန်းမှ


ပြန်လည်မျှဝေပေးပါတယ်.
လေးစားလျက်
Martin Swe
02-12-2013

ဆီးဂိမ်းတွင် အင်တာနက်မြန်နှုန်းကို ပုဂ္ဂလိကများထက် ပိုကောင်းအောင် ဆောင် ရွက်ပေး မည်ဟု မြန်မာ့ဆက်သွယ်ရေးပြောကြား


ဖူးပွင့်သော်

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ။ ။ ဆီးဂိမ်း ပွဲတော်တွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများ၏မြန်နှုန်းထက် မ လျော့ကျစေ ရန် ဆောင်ရွက်ထား ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ဆီးဂိမ်းကျင်းပပြုလုပ်မည့် နေရာများဖြစ်သည့် ရန်ကုန်၊ နေ ပြည်တော်၊ မန္တလေးနှင့် ငွေဆောင် အစရှိသည့်နေရာများတွင် ဝိုင် ဖိုင်စနစ်ဖြင့် အင်တာနက်အသုံး ပြုမှုများကို ပုဂ္ဂလိကကုမ္ပဏီနှစ် ခုဖြစ်သည့် Redlink နှင့် ရွှေသံ လွင်ကုမ္ပဏီတို့က မြန်မာ့ဆက် သွယ်ရေးလုပ် ငန်းနှင့် နေရာ ခွဲဝေ ၍ ဆောင်ရွက်ထားကြောင်း သိ ရသည်။

''ဆက်သွယ်ရေးက လေးနေ ရာစလုံးမှာ ဝိုင်ဖိုင်စနစ်ပေးမယ်။ နေပြည်တော် မှာတော့ နေရာတော် တော်များများမှာပေါ့။ ဇေယျာ သီရိ၊ ဝဏ္ဏသိဒ္ဓိ အားကစားရွာေ တွ ပြီးရင် Social Zone စတဲ့နေရာ တွေမှာ သုံးနိုင်မယ်။ အင်တာနက် မြန်နှုန်းကိုတော့ အတိအကျသတ် မှတ်ထားတာမျိုးမရှိဘူး။ ပုဂ္ဂလိက ကုမ္ပဏီတွေထက်တော့ လျော့မှာ မဟုတ်ပါဘူး။ ကစားကွင်းမှာ ဝိုင်ဖိုင်သုံးတာ အားလုံးစမ်းသပ် ပြီးသွားပါပြီ''ဟု မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

အဆိုပါမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်တာနက်အသုံး ပြုခွင့်ကို ဝန်ဆောင်မှုနှစ်မျိုးပေး ထားပြီး အများပြည်သူအသုံးပြု နိုင်သည့် အင်တာနက်ကို Security စနစ်ခံထားမည်မဟုတ် ဘဲ ဆီးဂိမ်းနှင့်သက်ဆိုင် သည့်လုပ် ငန်းပိုင်းအသုံးပြုခြင်းကိုလည်း ဝန်ဆောင်မှုပေးသွားမည်ဖြစ် သည်ဟု သိရသည်။

''အင်တာနက်မြန်နှုန်းမြင့် အောင်တော့ အတတ်နိုင်ဆုံးလုပ် ထားပါတယ်။ ဒါပေမဲ့ လူသိပ် များလာတဲ့နေရာမှာတော့ အင် တာနက်လိုင်းကျမှာပါ။ မီဒီယာ တွေ တခြားအချက်အလက်တွေ ပေး ပို့မှုမြန်အောင်လို့ နှစ်မျိုးခွဲ ခြား ထားပါတယ်''ဟု ယင်းက ထပ်မံ ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ ပြန်လည်ခွဲပေးသည့် အင် တာနက် Bandwitchကို ပုဂ္ဂလိ ကအင်တာနက်ဆားဗစ်ပရိုဗိုက် တာကုမ္ပဏီများ မှတစ်ဆင့် ပြန် လည်ထုတ်လွှင့်ပေးနေရခြင်း ဖြစ် ရာ မြန်မာ့ဆက် သွယ်ရေး အ နေဖြင့် အင်တာနက်မြန်နှုန်းကို ပုဂ္ဂလိကကုမ္ပဏီများထက် ပိုမို လျင်မြန်အောင်ဆောင် ရွက်ပေး နိုင်ခြင်းလည်းဖြစ်သည်။

Yangon Media Group

အနုပညာအလုပ်တွေ အေးအေးဆေးဆေး ဆက်လက်လုပ်ကိုင်ရင်း အကယ်ဒမီပွဲအတွက် ရင်ခုန်နေပါတယ်လို့ ဆိုတဲ့ န၀ရတ်



လတ်တလောမှာ အင်တာနက်ပေါ်မှာတက်နေတဲ့ န၀ရတ်ရဲ့ သတင်းအချို့နဲ့ပတ်သတ်ပြီး သူမကိုအားပေးနေတဲ့ ပရိသတ်တွေ စိုးရိမ်နေကြမှာ အမှန်ပါပဲ။ အဲဒီသတင်းဟာ လွန်ခဲ့တဲ့၅နှစ်ခန့်က စစ်ဆေးထားတဲ့ စစ်ချက်ဖြစ်နေတာကြောင့် စိုးရိမ်စရာဘာမှမရှိဘူးလို့ သိရပေမယ့် သူမကို သွားရောက်တွေ့ဆုံပြီးမေးမြန်းကြည့်တဲ့အခါ ဒါဟာဘာမှမဟုတ်တဲ့အကြောင်း၊  အချိန်ကြာနေပြီဖြစ်တဲ့ အတွက် အားပေးနေတဲ့ ပရိသတ်တွေ သူမအတွက် မစိုးရိမ်ကြဖို့နဲ့ သူမဟာ ခု နေအိမ်မှာပဲရှိနေပြီး ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ အကြောင်း၊ အကယ်ဒမီပွဲအတွက် ရင်ခုန်နေပြီဖြစ်တဲ့အကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

န၀ရတ်ဟာ မကြာခင်မှာကျရောက်တော့မယ့် အကယ်ဒမီပေးပွဲနဲ့ ပတ်သတ်ပြီး ၂၀၁၂ ထဲမှာ ကားပြိုင်နှစ်ကားနဲ့ ပရိသတ်တွေကြား ပွဲဆူနေသူမို့ မေးမြန်းကြည့်တဲ့အခါ ‘အကယ်ဒမီကတော့ တိမ်မင်းသမီးလဲရင်ခုန်တာပဲ။ မွေခံထိုက်သူလဲ ရင်ခုန်တာပဲ။ တိမ်မင်းသမီးကတော့ ပိုပြီးတော့ရစေချင်တာပေါ့နော်။ လူအများကြီးလဲထည့်ထားတယ်။ ဇာတ်ကားတစ်ကားလုံးမှာလဲ ပရိသတ်ကြည့်ရတာအားရတဲ့ ကားတစ်ကားပေါ့။ ဒီကားလေးထဲမှာ ရခဲ့တယ်ဆိုရင် အစ်မ ရိုက်ရကျိုးနပ်တယ်ပေါ့။ ဒါပြည်သူတွေကို ပင်ပင်ပန်းပန်းနဲ့ ကြိုးစားပြီး ရိုက်ထားတဲ့ ကားတစ်ကားဖြစ်တဲ့အတွက် ပြသမှုအပိုင်းနဲ့ပတ်သတ်ပြီးတော့လဲ ကျေနပ်တယ်။ ရုံတင်တဲ့အခါမှာလဲ န၀ရတ်နဲ့ထပ်တူခံစားပေးတဲ့အတွက် အရမ်းဝမ်းသာတယ်။အကယ်ဒမီရရ၊ မရရ၊ အမြတ်ရရမရရအသာထား ဇာတ်ကားတစ်ကားအနေနဲ့ ဒရမ်မာကားကိုအားပေးတဲ့အတွက်၊ လက်ခံတဲ့အတွက် ကိုယ့်ရဲ့စိတ်ကူးက သူတို့နဲ့ စိတ်တူကိုယ်တူဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ဖန်တီးမှုအပိုင်းနဲ့ပတ်သတ်ပြီးတော့လဲ ပိုပြီးတော့ အားရှိတယ်။ ဒီကားကို မရိုက်ခင်တုန်းက အရမ်းစဥ်းစားရတယ်။ ဇာတ်ကလဲ မင်းသမီးဇာတ်ဖြစ်တဲ့အတွက် ကိုယ်တိုင်မှပဲရမှာ။ ကိုယ်တိုင်ရိုက်ဖို့အတွက် အရင်ဆုံးပိုက်ဆံစုတယ်။ ပြီးတော့ ပါမဲ့သူတွေကို လျာ၊ လျာပြီးတော့မှအားလုံးကွက်တိပဲရွေးထားတဲ့သူတွေက အားလုံးလဲအဆင်ပြေတယ်။ အားလုံးအထစ်အငေါ့မရှိဘဲ အဆင်ပြေတယ်။’လို့ ပြောပါတယ်။

ပါဝင်တဲ့သရုပ်ဆောင်တွေတစ်ဦးချင်းရဲ့ကြိုးစားအားထုတ်မှုအပိုင်းကိုလည်း သူမက ‘တိမ်မင်းသမီးတစ်ဖွဲ့လုံးကောင်းလို့လဲ ဇာတ်ကားတစ်ကားလုံးကောင်းသွားတာပါ။ ပြီးတော့ ဒီဇာတ်လေးက အစ်မရဲ့ပရိသတ်တစ်ယောက်က ပေးတဲ့ဇာတ်လေးပေါ့။ သူတို့ပြောလို့ ကိုယ်ကသိတာဆိုတော့ သူတို့ကိုလဲ ကျေးဇူးဆပ်ချင်ပါတယ်။ အကယ်လို့ရခဲ့တယ်ဆိုရင် အဲဒီပရိသတ်ကို အစ်မလိပ်စာအတိုင်း ဆက်သွယ်ပါ။ ကျေးဇူးဆပ်မယ်လို့ပြောထားပါတယ်။ အစ်မကိုယ်တိုင်ရိုက်ရတာကလဲ ဇာတ်ရုပ်၂ ရုပ်လုံးကကောင်းတယ်။ အစ်မလုပ်ရမလား။ ညီမလုပ်ရမလား ကြည့်တဲ့အချိန်မှာ ၂ ခုစလုံးကကောင်းနေတယ်။ စာရေးဆရာမကလဲ ဗီဒီယိုဆို မရောင်းဘူး။ ရှေ့မှာလဲ ၃ ဦးလောက်လာဝယ်သေးတယ်။ ရုပ်ရှင်ကားကြီးအနေနဲ့ပဲ မျှော်မှန်းထားတယ်ပေါ့နော်။ အဲဒါနဲ့ပဲ ရုပ်ရှင်ကားကြီးအနေနဲ့ဝယ်ခဲ့တာပေါ့။ ရုံမှာကြည့်တဲ့သူတိုင်း သိပါတယ်။ လာကြည့်တဲ့သူတိုင်းပြန်ထွက်လာရင် မျက်လုံးလေးတွေမို့အစ်နေတာပဲ။ အဲဒါကြောင့် ဒီကားလေးဟာပရိသတ်အတွက် အစ်မရဲ့ အနုပညာတာဝန်ကျေတယ် လို့ပြောလို့ရတဲ့ကားလေးတစ်ကားပါ။ ပါတဲ့ဇာတ်ကားနှစ်ကားလုံးက ပင်ပန်းတယ်။ မွေခံထိုက်သူမှာဆိုလဲ ချိုင်းထောက်နဲ့အရမ်းခက်ခဲပါတယ်။ သူတောင်းစားမအခန်းနဲ့ သားက ဆွမ်းခံကျွေးတဲ့ထမင်းကို ထိုင်စားတယ်။ တိမ်မင်းသမီးကျတော့လဲ လှလှပပ ဟန်ချက်ညီညီနဲ့ ဇာတ်အိမ်တစ်ခုလုံးက ဟာကွက်မရှိအောင်လုပ်ရတာဆိုတော့ တစ်ဖွဲ့လုံးကိုရစေချင်ပါတယ်။ တိမ်မင်းသမီးကိုလဲရစေချင်တယ်။ မွေခံထိုက်သူကိုလဲ ရစေချင်တယ်။ ဆေးစက်ကျရာ အရုပ်ထင်ချင်တယ်။ ကျော်ဟိန်းသမီးဆိုတော့ လောဘကြီးတယ်။ အားလုံးကိုရစေချင်ပါတယ်တဲ့။ အကယ်ဒမီပေးပွဲမှာ ၀တ်မဲ့ဝတ်စုံကိုတော့ တိမ်မင်းသမီးတစ်ကားလုံးကိုချုပ်လုပ်ပေးခဲ့တဲ့ ဒီဇိုင်နာမလတ်ကစီစဉ်ပေးမှာပါ။ မိတ်ကပ်လဲအဲလိုပါပဲ။ ဦးမာပဲပြင်ပေးမှာပါ။ ပိုးထည်ကတော့ မလတ်ကိုပဲစီစဉ်ခိုင်းမယ်ဆိုတော့ လေ။ အစ်မ၀ယ်လာတဲ့ဟာလေးတွေလဲရှိတော့ သူ့ဆီပို့ထားတယ်။ သူပဲစီစဉ်ပေးမှာပါ။’ လို့ပြောပြပေးခဲ့ပါတယ။်

ခင်ဆွေသက်

Trend Myanmar

iOS 7 သို့ Firmware Activate ပြုလုပ်သူများ iCloud အကောင့်အား ဂရုစိုက်သင့်

iOS 7 သို့ Firmware Activate ပြုလုပ်သူများ အနေဖြင့် Activate ပြုလုပ်ရာတွင် iCloud အားအသုံးပြု၍ Activate ပြုလုပ်ပါက ဂရုစိုက်သင့်ကြောင်း သိရသည်။   iOS 7 ၌ Firmware Activate ပြုလုပ်ရာတွင် ကိုယ်တိုင်ပြုလုပ်သူ အချို့၌ iCloud အကောင့်မှတစ်ဆင့် Login ဝင်ကာ Activate ပြုလုပ်ခဲ့ပြီး Activate ပြုလုပ်ပြီး၍ ပြန်ထွက်သောအချိန်တွင် iCloud အကောင့်အား Log Move ဖြင့်ပြန်လည်ထွက်လာပါက မိမိတို့၏ဖုန်းများအတွက် နောက်တစ်ကြိမ်  Firmware Activate ပြုလုပ်ရာ၌ ဖုန်း Lock ကျသော ပြဿနာများ ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။   ယင်းနှင့်ပတ်သက်၍ X-code မိုဘိုင်းမှ တာဝန်ရှိသူ ကိုပြည့်ဖြိုးမှ ပြောပြရာတွင် “ iOS7 မှာ Firmware Activate ပြုလုပ်တဲ့အခါမှာ ဂရုစိုက်သင့်တဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ iCloud အကောင့်ပါ။ Firmware ကို Activate ပြုလုပ်ချိန်မှာ iCloud ကနေ Login ဝင်ပြီးပြုလုပ်ခဲ့တယ်ဆိုရင် Activate ပြုလုပ်ပြီးချိန်မှာ iCloud အကောင့်ကို Logout လုပ်ပြီးပြန်ထွက်လာရပါမယ်။ အဲဒီလိုမျိုး Log out မလုပ်ဘဲနဲ့ တစ်ခါတည်း တန်းပြီးတော့ Logmove လုပ်ပြီးထွက်လာခဲ့ လိုက်ရင်တော့ နောက်တစ်ကြိမ် ကိုယ့်ရဲ့ဖုန်းကို Firmware Activate ပြုလုပ်ချိန်မှာ ဖုန်းအတွက် ကိုယ်ပထမသုံးခဲ့တဲ့ iCloud အကောင့်ရဲ့ Password ကိုပြန်တောင်းမှာ ဖြစ်ပါတယ်။ အဲဒီလိုပြန်တောင်းတဲ့ အချိန်မှာ ကိုယ်ကပထမ iCloud ရဲ့ပက်စ်ဝက်ဘ်ကို မသိတော့ဘူးဆိုရင်တော့ အဲဒီဖုန်းဟာ အမြဲတမ်းအတွက် Lock ကျသွားတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Activate ပြုလုပ်ချိန်မှာ iCloud အကောင့်ကို ဂရုစိုက်သင့်ပါတယ်” ဟုပြောသည်။   ယင်းကဲ့သို့ Lock ကျသွားပါက ပြန်လည်ပြုလုပ်ရန် ခက်ခဲသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် iPhone 4S များထိသာ ပြန်လည်ပြုလုပ် နိုင်သေးကြောင်း သိရသည်။ -

Internet Journal

Paul Walker သေဆုံးမှုကြောင့် စိတ်နောက် ကျန်ရစ်ခဲ့သူများစွာရှိ


Paul Walker သေဆုံးမှုကို ကြားရပြီး စိတ်နောက် ကျန်ရစ်ခဲ့သူများစွာရှိပါတယ်။ “Fast & Furious 7” အတွက် Paul Walker နဲ့တွဲရိုက်ကူးနေကြတဲ့ သရုပ်ဆောင်ဖက်တွေဟာ ရိုက်ကူးရေးလုပ်ငန်းခွင်ကို ပြန်ဝင်ဖို့ စိတ်နောက်နေကြပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကမှ ရိုက်ကူးရေးလုပ်ငန်းခွင်မှာ သက်ရှိထင်ရှား သရုပ်ဆောင် ရိုက်ကူနေခဲ့တဲ့ မင်းသား Paul Walker အတွက် စိတ်မကောင်းဖြစ်၊ တုန်လှုပ်ခြောက်ခြားနေကြပါတယ်။

“ရုပ်ရှင်အကြောင်းတောင် ပြန်တွေးချင်တဲ့သူ မရှိဘူး။” လို့ အမည်မဖော်လိုသူတစ်ဦးက ပြောခဲ့ပါတယ်။ Paul Walker ဟာ “Fast & Furious 7” အတွက် အဓိကဇာတ်ဝင်ခန်းတွေကို ဂျော်ဂျီယာပြည်နယ်၊ အက်တလန်တာမြို့မှာ ရိုက်ကူးဖို့ စီစဉ်ထားပြီးသားဖြစ်တယ်လို့လည်း ပြောခဲ့သူတွေရှိပါတယ်။

Paul Walker မှာ ၂၃နှစ်အရွယ်၊ ကျောင်းသူ Jasmine Pilchard-Gosnell အမည်ရှိတဲ့ ရည်းစားရှိပါတယ်။ Jasmine ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ ဘာဘာရာ မြို့မှာ နေထိုင်တာ ၇နှစ်ကျော်ရှိပါပြီ။ Paul Walker ရဲ့ ရုတ်တရက်သေဆုံးမှု သတင်းကို ကြားပြီးရတဲ့နောက် Jasmine ဟာ အကြီးအကျယ် စိတ်ထိခိုက်ခဲ့ပါတယ်။ သူမရဲ့အမေ Julie က ဒီထိန့်လန့်တုန်လှုပ်စရာ သတင်းကို နိုင်နိုင်နင်းနင်းကိုင်တွယ် ဖြေရှင်းပြနိုင်ခဲ့တဲ့အတွက်ကြောင့်သာ Jasmineဟာ သက်သာရာရခဲ့တာပါ။

“Paulဟာ တကယ့်ကို လူကောင်းတစ်ယောက်ပါ။ Paul ရုတ်တရက်သေဆုံးသွားတော့ Jasmine လဲ ဗုန်းဗုန်းလဲနေပြီ။ Paul နဲ့အတူ ကျေးဇူးတော်နေ့ကို ဆင်နွှဲချင်ခဲ့တာ၊ ဂေါ့ဖ်ရိုက်ချင်ခဲ့တာ။ သူတို့နှစ်ယောက်က အတူရှိနေခဲ့ပြီး သာယာဖြောင့်ဖြူးတဲ့ အနာဂတ်ကို လျှောက်လှမ်းကြမယ်လို့ မျှော်မှန်းထားတာ။ ဒီသတင်းကြီးက ကြောက်ရွံ့ထိတ်လန့်စရာကောင်းပါတယ်။ မမျှော်လင့်ထားခဲ့ဘူး။ Julieက သူ့သမီး Jasmine နဲ့အတူရှိနေပြီး နှစ်သိမ့်ပေးနေပါတယ်။” လို့ Jasmine ရဲ့ ဦးလေးဖြစ်သူ Barton Brunerကပြောခဲ့ပါတယ်။

Paul Walker သေဆုံးမှုနဲ့ပတ်သက်ပြီး ၀မ်းနည်းစကား ပြောဆိုသူများစွာရှိသလို၊ ပရိသတ်ချစ် နာမည်ကျော်မင်းသားတစ်ဦးအတွက် ၀မ်းနည်းပူဆွေးသူ များစွာလည်းရှိပါတယ်။

Paul Walkerဟာ အသက်၄၀ရှိပြီဖြစ်ပြီး “Fast & Furious” ရုပ်ရှင်ဇာတ်ကားနဲ့ နာမည်ကျော်ကြားလာတဲ့ ပရိတ်သတ်ချစ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ ၂၀၀၅ခုနှစ်ထုတ် Porsche Carrera GT ပြိုင်ကားပေါ်မှာ ယာဉ်မောင်းတစ်ဦးက မောင်းလာခဲ့ပြီး Paul Walkerကဘေးကထိုင်လိုက်လာတုန်း ဓာတ်တိုင်ကို ၀င်ဆောင့်ခဲ့ပြီး ကားမီးလောင်မှုဖြစ်ခဲ့ပါတယ်။ နေရာကတော့ ဟောလီးဝုဒ် မြောက်ဘက် မိုင်၃၀ အကွာ၊ ဗလန်စီရာ ကော်မြူနတီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ရုံးအဆောက်အဦးတွေများရာနေရာမှာပါ။ Paul Walkerရဲ့သေဆုံးမှုကို သူ့ရဲ့ ပြန်ကြားရေးဖြစ်သူ Ame van Idenက နိုဝင်ဘာ ၃၀ရက်နေ့မှာ အတည်ပြုပေးခဲ့ပါတယ်။ Paul Walker နဲ့အတူ ကားမောင်းလာသူကတော့ Roger Rodus ပါလို့ CNN သတင်းထောက် ရဲ့အတည်ပြုချက်အရ သိရပါတယ်။

Trend Myanmar

Facebook နှင့် ဘဝလုံခြုံမှု ပြဿနာ


Facebook လို Social Media Site များက မိမိရဲ့  Personal အချက်အလက်များကို အလွယ်တကူ မြင်တွေ့ နိုင်တဲ့ နေရာတစ်ခုအဖြစ် ရပ်တည်လာပါတယ်။

တကယ်ပါ။ ကျနော့ အကောင့်ထဲမှာ အမျိုးသမီးတစ်ဦးရှိတယ်။ သိပ်မခင်ဘူး။ သူက ရှော့ပင်ထွက်တဲ့ အကြောင်းတွေ Status တင်တယ်။ အိမ်မှာပျင်းလိုက်တာ ဆိုပြီးတော့ တင်တယ်။ ပြီးတော့ သူအစားစားပြီ ဆိုရင် ဓာတ်ပုံအရင်ရိုက်ပြီးမှ အရမ်းကြိုက်၊ အရမ်းခိုက် ဆိုတဲ့ စာမျိုးနဲ့ တင်တယ်။ သူ့အိမ်ရှေ့ က ပေါက်နေတဲ့ ပန်းတွေက လှလို့ပါဆိုပြီး ဓာတ်ပုံရိုက်ပြီးတင်ရှာတယ်။ သူ အားပေးတဲ့ နိုင်ငံခေါင်းဆောင် တစ်ယောက် အကြောင်း ကိုတင်တယ်။ ပြီးတော့ အသဲကွဲ ကဗျာလေးတွေကို Page တွေကနေ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် တင်တယ်။ အဲ့ဒီမှာ ကျနော် သူ့ အကြောင်းကို တော်တော်သိသွားပြီ။

နေတဲ့ မြို့ ၊ ရပ်ကွက် ကိုသိပြီ။ မွေးရပ်ဇာတိကို သိပြီ။ ကိုယ်ကလည်း ရန်ကုန်မှာ ခြေရာမထပ်ပေမယ့် တိုက်ဆိုင်လို့လား မသိ။ အဲ့ပန်းပင် ရှိတဲ့နေရာကို မှတ်မှတ်ရရသိ။ ပြီးတော့ သူကြိုက်တဲ့ အစားအစာကို သိသွားပြီ။ နောက်ပြီးတော့ သူရဲ့  နိုင်ငံရေး ရပ်တည်ချက်ကို သိသွားပြီ။ သူ အသဲကွဲတဲ့ ခံစားချက်မျိုးရှိတာ သိသွားပြီ။ ရှော့ပင်သွားရင် ဘယ်နေရာသွားတယ် သိသွားပြီ။ ဘယ်နေ့သွား တတ်တယ် သိသွားပြီ။ အဲဒါ စကား လုံးဝ မပြောရသေးဘူးနော်။ အကြောင်းအရာ အတော်များများ သိနေပြီ။ အကြောင်းက သိသလောက် နီးပါးရှိနေတဲ့ Social Media မှာ ကျနော်တို့လို စာရေးတဲ့ သူတွေက စကားပြောကောင်းတယ်လေ။ လွယ်လွယ်နဲ့ခင်သွားတာပေါ့။ နောက်တော့ သူ့ရဲ့ အချက်အလက်တွေ အတော်များများ သိတာမို့ လက်တည့်စမ်းပြီး အကောင့်လေးဘာလေး တွေး တိုးစမ်း Hack ကြည့်လိုက်တာ ညံ့လိုက်တဲ့ Security မေးခွန်း မွေးရပ်ဇာတိ ကို အင်္ဂလိပ်လိုရိုက်ပေးတာနဲ့ အကောင့်က လက်ထဲကို ရောက်ရော။ (နောက်တော့ ဆုံးမ သြဝါဒ ချွေပြီး ပြန်ပေးလိုက်ပါတယ်။)


ကဲ..။ ဒီက စာဖတ်သူတို့ရော်။ သင်တို့ Facebook အကောင့်တွေလုံခြုံပါရဲ့ လား။ ပိုပြီးလေးနက်တဲ့ မေးခွန်း မေးပါမယ်။ သင့်ဘဝ လုံခြုံပါရဲ့ လား။ အရေးအကြီးဆုံးအချက်တွေ ပြောပါမယ်။


နေရာဖော်ပြမှု (Location)

သိပ်အရေးကြီးတယ်။ သွားတတ်တဲ့နေရာတိုင်းကို အားလုံးကို သိစေချင်လို့ ရှဲလွန်းကြတော့ သိသူ၊မြင်သူက မြင်နေပြီ။ သင်တကယ် လုံခြုံပါရဲ့ လား။

ကိုယ်ရေးအချက်အလက် ဖော်ပြမှု (Personal Information)

အချက်အလက်တင်မကဘူး။ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေကော၊ အိမ်တွေကော၊ လှတာရော၊မလှတာရော အားလုံး ပေါင်း ဖော်ပြနေတော့ သူ ဘယ်မှာနေတယ်။ ဘာလုပ်တယ်။ ဘက်ကလာတယ် အတော်များများက သိနေပြီ။


ခံစားချက် ဖော်ပြမှု (Feeling Status)

အချို့ က ဘော့စ်နဲ့ အဆင်မပြေတော့ဘူး။ လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်မပြေတော့ဘူး။ ချက်ချင်းပဲ စိတ်မကျေနပ် တဲ့ စတေးတပ်တွေ တင်ကုန်ကြပါတယ်။ လူကဲခတ်တတ်သူများ သူက ဘာကိုစိတ်တိုတတ်တယ်။ သူက ဘယ်လို စိတ်နေစိတ်ထား ရှိတယ် အလွယ်တကူ ခန့်မှန်းနိုင်ပြီး သတင်းနှိုက်တဲ့နေရာမှာ အကွက်ချချ အသုံးပြု သွားနိုင်ပါတယ်။

ကဲ။ နေရာသိပြီ။ ကိုယ်ရေးအချက်အလက်သိပြီ။ သူ့ခံစားချက်သိပြီ။ ဘာလုပ်တော့မလဲ။ ကျနော်ကပဲ အရမ်း စူးစမ်းလေ့လာတတ်လို့လားမသိ စုံထောက်ဝင်စားပုံရပါတယ်။ (နောက်တာပါ) ။ ဆောင်ရန်လေးတွေ ပြော ပါမယ်။

Privacy သတ်မှတ်ပါ

ဒါက Facebook က အရေမရ အဖတ်မရပါဆိုပြီး ပေးထားတဲ့ Feature မဟုတ်ဘူးနော်။ Status တစ်ခု၊ Photo တစ်ခု တင်မယ်ဆိုရင်

တင်တဲ့အချိန် (Time)

တင်တဲ့နေရာ ( Location)

မြင်စေချင်တဲ့သူ (Public or No one or Any or Something)

ပါဝင်တဲ့ သူ ( People)

ဓာတ်ပုံ ရယူရန် အသုံးပြုသော ပစ္စည်း ( iPhone/HTC/ Nokia and so on)

အစရှိသဖြင့် ရွေးချယ်ပိုင်ခွင့် အားလုံး ပေးထားပါတယ်။ အဲဒါတွေ သတိကော ထားမိကြရဲ့ လား။ Privacy တစ်ခု ကိုယ်ကိုတောင် ချမှတ်စေချင်ပါတယ်။ ဥပမာ အပြင်သွားမယ့် အကြောင်းအရာလေး၊ ရှော့ပင်သွားမယ့် အကြောင်းအရာလေးတွေဆိုရင် ခင်ရာမင်ရာ သူငယ်ချင်းအရင်းတွေကိုပဲ သိစေတာမျိုး၊ ဓာတ်ပုံတွေ တင်ရင်လည်း မြင်စေချင်တဲ့ သူငယ်ချင်းတွေပဲ မြင်စေတာမျိုး၊ အချို့  လုပ်ငန်းနဲ့ ပက်သက်တဲ့ ပရိုမိုးရှင်းကို အကောင့်မှာ လုပ်တဲ့အခါကျ အားလုံးကိုမြင်စေဖို့ Public ပေးတာမျိုး အစရှိသဖြင့် ပြုလုပ်တတ်ဖို့ လိုအပ်ပါတယ်။

ဘာပဲလုပ်လုပ် Staus မတင်၊ Update မတင်ရင်လည်း Facebook ဆိုတာ သုံးရတာ စိတ်ကျေနပ်မှု ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ Facebook က တင်စေချင်လို့ကို ယင်း UI ကို ပေးထားတာပါ။ သို့ပေမယ့် မိမိရဲ့  ကိုယ်ရေးအချက်အလက်နဲ့ စိတ်ခံစားချက်များကို လုံခြုံမှု ရှိအောင်တော့ ယခုလို Only Friend, Friend of Friend, Tag Location, Edit Time အစရှိသဖြင့် Feature ကို အစုံအလင် ပေးထားခြင်း ဖြစ်ပါတယ်။

ဒါကြောင့် Facebook ကို လုံလုံခြုံခြုံ အသုံးပြုနိုင်စေဖို့ Privacy Setting, Account Setting ကို အားတိုင်း ဝတ်ဖတ်ပါ။ ဝင်ပြင်ချင်ရာ ပြင်ပါ။ စာဖတ်မပျင်းပါနဲ့။ မိမိ အကောင့် လုံခြုံရေးက မိမိ အသက်လုံခြုံရေးနဲ့ သိပ်မကွာခြားတော့ပါဘူး။ ယနေ့မှာ Social Media ကိုအခြေခံပြီး ဖြစ်ပေါ်တဲ့ Crime တွေ အင်မတန် များပြား လာပါပြီ။ လူတိုင်း Facebook Personal Account ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် အကြံပေး တိုက်တွန်း လိုက်ရပါတယ်။
.
အောင်ခမ်း ( ရိုးရာလေး )

Smart Pro Journal

အကယ်၍ ... ညစ်ပတ်သော အစိုးရကို တော်လှန်ရန် .. ( ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြရန် ) လိုအပ်လာပါလျှင် ... ဤပုံကဲ့သို့ စည်းလုံးညီညွတ်မှု ရှိကြပါဦးမည်လော


အကယ်၍ ... ညစ်ပတ်သော အစိုးရကို တော်လှန်ရန် ..

( ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြရန် )

လိုအပ်လာပါလျှင် ... ဤပုံကဲ့သို့ စည်းလုံးညီညွတ်မှု

ရှိကြပါဦးမည်လော ...

သူတို့ ( အစ္စလာမ်တွေကကော ) ဒီလိုမျိုး လုပ်ရဲပါဦးမည်လော ...။

၈၈ ဟာ သိပ်လှခဲ့တယ် ... မကြုံဖူးလောက်တဲ့ ပြည်သူ့ အင်အား

စုမိသွားခဲ့တယ် ... ဘာသာမခွဲဘူး ... လူမျိုးမရွေးဘူး ... တိုင်းရင်းသား

ပေါင်းစုံ ဘာသာပေါင်းစုံက တညီတညွတ်တည်း အာဏာရှင်ကို

တော်လှန်ခဲ့ကြတယ် ... အောင်မြင်မှုလည်း ရခဲ့ပါတယ် ... ပြည်သူတွေရဲ့

ရင်ထဲကိုလည်း ဒီမိုကရေစီ စိတ်ဓာတ်ကို သွင်းပေးနိုင်ခဲ့တယ် ...

နောက်ပိုင်းမှာ ခေါင်းဆောင်ပိုင်း အားနည်းမှု နဲ့ အကောက်ကြံ

ခံရမှု တွေကြောင့်သာ ... အချိန်ကိုက် အစိုးရ မဖွဲ့နိုင်ခဲ့တာပါ ...

ခုတခါ ... နာဂစ်လော ပြင်မပေးဘူး ဆိုရင် ... ပြည်သူအားလုံး

စုစည်းမိပါဦးမည်လား ...

ဖြေစရာ မလိုပါဘူး ... စုမိဖို့ မလွယ်တော့ပါဘူး ... အစ္စလာမ်

ဘာသာဝင်တွေက ငါတို့ဘက် ဦးလှည့်တော့မှာပဲ ဆိုပြီး

စိုးရိမ်မှုနဲ့ အသင့်အနေအထား ဖြစ်နေကြမှာပါ ... ဒီထဲကို

ပါမှာ မဟုတ် ... ဒီလို ဖြစ်အောင် သေချာ လုပ်ကြံဖန်တီးပြီး

ဘာသာရေးး မီးကို မွှေးထားခဲ့တာလေ ... အဲဒီမီး ဘယ်သူ

မွှေးတာလဲ ... ကဲ ကျနော် ပြောစရာမှ မလိုတော့တာ ...

ခုလည်း မွှေးနေတာပဲ ... နောက်လည်း မွှေးနေဦးမှာပဲ ...

အလိုတော်ရိ အပေါင်းနှင့် ... ပညာရည်နိမ့်ပါး ...

ဝေဖန်သုံးသပ်နိုင်စွမ်း အားနည်းတဲ့ ... လူတစုက ဒါကို

အကောင်အထည်ဖော်ပေးလိမ့်မယ် ....။

ဒီ ဘောင်းဘီချွတ် အာဏာရှင် အစိုးရ ကို အမြစ်ကလှန်

မဖြိုလှဲ နိုင်သေး သရွေ့ ... ဒီမီးစ က မငြိမ်းနိုင်ပါဘူး ...

( ၈၈ တုန်းက ဓာတ်ပုံလေး ကိုပဲ လွမ်းတယ် )

credit --> Bran Sai

ဝန်ကြီးချုပ် ယင်လပ် ထွက်ပြေးပြီ ဟူသောသတင်း ထိုင်းအစိုးရငြင်း



ဗန်ကောက်၊ ဒီဇင်ဘာ-၁

ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့ကို ဖြုတ်
ချရန် ကြိုးပမ်းနေသည့် အတိုက်အခံဆန္ဒပြသမားများသည် ဒီဇင်ဘာ ၁ ရက်
ကိုအောင်ပွဲနေ့အဖြစ် ကြေညာ၍ ပြည်သူ့အာဏာသိမ်းပိုက်ရေး လှုပ်ရှားမှုတစ်ရပ် လုပ်ဆောင်ခဲ့ရာ ဗန်ကောက်မြို့တော်လမ်းပေါ် ပဋိပက္ခများကြောင့် သေဆုံးသူလေးဦးအထိ ရှိလာပြီဖြစ်သည်။

သတင်းမီဒီယာများ၏ အဆိုအရအစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားထောင်
ပေါင်းများစွာတို့သည် ၀န်ကြီးချုပ်ရုံးစိုက်ရာ အစိုးရအိမ်တော်ကို ၀င်စီးရန် ကြိုးပမ်းလျက်ရှိရာ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ သုံး၍ တားဆီးနေရကြောင်း သိရသည်။

တစ်ချိန်တည်း၌ပင် ဆန္ဒပြအုပ်စုတစ်စု၏ အ၀ိုင်းခံရမည့်ဘေးမှ လွတ်
မြောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ယင်လပ်သည် နိုင်ငံကို စွန့်ခွာထွက်ပြေး သွားပြီဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေမှုကို ထိုင်းအစိုးရ တာဝန်ရှိသူများကဖြေရှင်းချက်များ ထုတ်ပြန်ထားသည်။

အလားတူ ထိုင်းဘုရင်မင်းမြတ်မွေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၅ ရက်မတိုင် မီ
လက်ရှိအစိုးရကို အလဲထိုးရေးအတွက်ဆန္ဒပြပွဲများ၌ ပါဝင်အင်အားဖြည့်ပေး
ကြရန် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားခေါင်းဆောင်များက ဗန်ကောက်မြို့
တော် ပြည်သူများအား တိုက်တွန်းထားသည်။

ဒီဇင်ဘာ ၁ ရက် ပြည်သူ့အာဏာသိမ်းယူရေးလှုပ်ရှားမှုအတွင်း အစိုးရရုံး
၁၀ ရုံး၊ ရုပ်မြင်သံကြားထုတ်လွှင့်ရေးဌာနခြောက်ခု၊ ရဲတပ်ဖွဲ့ဌာနချုပ်များနှင့် ၀န်ကြီးချုပ်ရုံးတို့ကို လက်ရစီးနင်းကြရန် အတိုက်အခံခေါင်းဆောင်များက တိုက်တွန်းထားရာ ထိုင်းစစ်ဘက်က ၀င်ရောက်စွက်ဖက်ရမည့် အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
သို့ရာတွင် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးမတည်ငြိမ်မှုများအတွင်း ၀င်ရောက်စွက်ဖက်ရန် ထိုင်းတပ်မ တော်အနေဖြင့် အလျင်လိုသည့် သဘောမရှိဘဲ အကြမ်းဖက်မှုများ ရပ်တန့်ကြရေးအတွက်သာ ထိုင်းတပ် မတော်အကြီးအကဲက တိုက်တွန်းထားသည်။

လက်ရှိ ၀န်ကြီးချုပ်ယင်လပ်၏ အစ်ကို ၀န်ကြီးချုပ်ဟောင်းသက်ဆင်ကို အပြစ်ကင်းကင်း ပြည်တော်ပြန်ခွင့်ပေး နိုင်သည့် ဥပဒေအဖြစ် အတိုက်အခံ များက သတ်မှတ်ထားကြသော နိုင်ငံရေး လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ဥပဒေကြမ်းကိုအကြောင်းပြု၍ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို ကျေးလက်နှင့် မြို့ပြအလုပ်သမား လူတန်းစားများကထောက်ခံကြသော်လည်း ထိုင်းတောင်ပိုင်းသားများ၊ လူလတ်တန်းစားများနှင့် ရေပေါ်ဆီလူတန်းစားများက လိုလားနှစ်ခြိုက်မှုမရှိ ကြချေ။

စံတော်ချိန် နေ့စဉ်သတင်းစာ

မန္တလေး ကန့်သတ်ဧရိယာများတွင် ယာဉ်ရပ်နားခ ကြာချိန်အလိုက် တိုးမြှင့်ကောက်ခံမည်




မန္တလေး၊ ဒီဇင်ဘာ ၁

ဆိုင်ကယ်မြို့တော်ဖြစ်သော မန္တလေးမြို့တော်တွင် အဓိကစည်ကားရာ နေရာများ၌ ယာဉ်ကြော ပိတ်ဆို့မှုများ မဖြစ်စေရန် ယာဉ်ရပ်နား ကန့်သတ်နယ်မြေ ဧရိယာအတွင်း ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်နားပါက ကြာချိန်အလိုက် သတ်မှတ် ယာဉ်ရပ်နားခ များကို ဒီဇင်ဘာလ ၉ ရက်နေ့မှစတင် တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ယာဉ်ရပ်နား ကန့်သတ်နယ်မြေများတွင် တစ်နာရီအတွင်း ရပ်နားပါက လက်ရှိ ကောက်ခံနေသည့် နှုန်းထားများအတိုင်း ဆိုင်ကယ်တစ်စီးလျှင် ၅၀ ကျပ်၊ မော်တော်ယာဉ် တစ်စီးလျှင် ၁၀၀ ကျပ်နှုန်းဖြင့် ကောက်ခံမည် ဖြစ်ပြီး တစ်နာရီထက် ကျော်လွန် ရပ်နားပါက ကျော်လွန်သည့် နာရီများအတွက် တစ်နာရီလျှင် ဆိုင်ကယ်နှင့် မော်တော်ယာဉ် တစ်စီးလျှင် ၁၀၀ ကျပ်နှုန်းဖြင့် ထပ်တိုး ကောက်ခံသွားမည် ဖြစ်ကာ ယာဉ်နှစ်ထပ်ရပ်သည့် ယာဉ်များကို Tow Truck ယာဉ်ဖြင့် ဆွဲယူ၍ ယာဉ်မောင်းနှင်သူကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“အရင်တုန်းက တစ်နေကုန်ရပ်လည်း ကျပ်ငါးဆယ်ကနေ တစ်ရာအတွင်း ကောက်တာ။ ခုတော့ တစ်နာရီတိုး ရပ်တိုင်း ကျပ်တစ်ရာနှုန်း တိုးသွားမယ်။ ယာဉ်တွေကို Tow Truck နဲ့ ဆွဲတာကတော့ ဧရိယာထပ် တိုးလိုက်တာ။ ဆိုင်ကယ်တွေကိုလည်း ကားပေါ်တင်မယ်။ အဓိကကတော့ ယာဉ်တွေကို ကြာကြာမရပ်စေချင်လို့ပါ” ဟု ၎င်းကဆိုသည်။

မန္တလေးမြို့တော်တွင်း ယာဉ်ရပ်နား ကန့်သတ်နယ်မြေများနှင့် ဖြူ၊ နီကျားများတွင် စည်းကမ်းမဲ့ ရပ်နားထားသည့် မော်တော်ယာဉ်များကို Tow Truck ခုဖြင့် ဆွဲယူ ရှင်းလင်းခြင်းကို ယခုဇွန်လ နောက်ဆုံးပတ်က စတင်ခဲ့ပြီး မန္တလေးဈေးချိုတော် အနီးတစ်ဝိုက်တွင် အဓိကထား ဆောင်ရွက်ခဲ့ကာ မော်တော်ယာဉ်တစ်စီးလျှင် ဒဏ်ငွေငါးသောင်း သတ်မှတ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ယာဉ်ရပ်နားခ တိုးမြှင့် ကောက်ခံမည့် ယာဉ်ရပ်နား ကန့်သတ် နယ်မြေများမှာ ၈၃ လမ်း (၂၆ လမ်းနှင့် လမ်း ၃၀ ကြား)၊ ၈၂ လမ်း (၂၆လမ်းနှင့် လမ်း ၃၀ ကြား)၊ လမ်း ၈၀ (၂၇ လမ်းနှင့် ၃၃ လမ်းကြား)၊ လမ်း ၃၀ (၇၄ လမ်းနှင့် ၇၈ လမ်းကြား)၊၂၆ လမ်း (လမ်း ၈၀နှင့် ၈၄ လမ်းကြား)၊ ၃၅ လမ်း (လမ်း ၈၀နှင့် ၈၄ လမ်းကြား) တို့ ဖြစ်ကြောင်း အဆိုပါဌာန ထုတ်ပြန်ချက်များအရ သိရသည်။
“နေ့လယ်၊ နေ့ခင်းဆိုရင်တော့ ယာဉ်ကြော ရှင်းပါတယ်။ ညနေပိုင်း ဆိုရင်တော့ တော်တော်ရှုပ်တယ်။ တစ်နာရီကျော်သွားတိုင်း ရပ်နားခ ကောက်မယ်ဆိုတော့ ကောင်းပါတယ်။ ဈေးကြီးရင်တော့ ဘယ်သူ မှပေးချင်မှာ မဟုတ်ဘူးလေ။ အဲဒီတော့ ကြာကြာလည်းရပ်မှာ မဟုတ်လောက်ဘူး” ဟု ၂၆ လမ်း (၈၁ လမ်းနှင့် ၈၂ လမ်းကြား) တွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် တိုင်းရင်း ဆေးဆရာမတစ်ဦးက ဆိုသည်။

ယင်းအပြင် မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မန္တလေး စည်ပင်သန့်ရှင်းရေးဌာန၏ လုပ်ငန်းလိုင်စင် ရယူထားသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင်နှင့် ကုန်စုံဆိုင်များရှေ့တွင် ဆိုင်ကယ်၊ မော်တော်ယာဉ်များ စည်းကမ်းမဲ့ ရပ်နားခြင်း၊ ယာဉ်ကြောနှစ်ထပ် ရပ်နားခြင်းများ ပြုလုပ်ထားပါက မန္တလေးမြို့တော် စည်ပင်သာရေး ကော်မတီ၏ နည်းဥပဒေအရ အရေးယူ ဆောင်ရွက်မည့် အပြင် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ် ကြောင်း အဆိုပါ သန့်ရှင်းရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

ပဋိပက္ခ ဒုက္ခသည်များကို မြေနေရာ ပြန်လည် ချထားပေးမည်ဟုဆို




မိတ္ထီလာ၊ ဒီဇင်ဘာ ၁

မိတ္ထီလာမြို့တွင် ယခုနှစ် မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ဖြစ်ပွားသော ပဋိပက္ခကြောင့် ချမ်းအေးသာယာ ရပ်ကွက်တွင် နေထိုင်ခဲ့သော မီးဘေးသင့် ဒုက္ခသည်များကို ဒီဇင်ဘာလအတွင်း မြေနေရာများ ပြန်လည် ချထားပေးသွားမည် ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာ မီးဘေးသင့် ဒုက္ခသည်များကို ပြန်လည် နေရာ ချထားရာ၌ မြေပိုင်ဆိုင်မှု အထောက်အထား ခိုင်မာပြီး အရှုပ်အရှင်းကင်းသည့် အိမ်ထောင်စု ၉၃ စုကို ပေ ၄၀-၃၀ မြေကွက်များကို ဦးစွာချပေးမည် ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

မြေပေးအမိန့်၊ မြေပိုင်ဆိုင်မှု အထောက်အထား ရှိသော်လည်း အရှုပ်အရှင်းရှိသော အိမ်ထောင်စု ၇၇ စု ကို ဒုတိယအုပ်စုအဖြစ် စိစစ်နေရာ ချပေးမည် ဖြစ်ပြီး မြေပိုင်ဆိုင်မှု အထောက်အထား မရှိသော အိမ်ထောင်စု ၁၉၃ စုကို အိမ်ထောင်သည်လိုင်းများ တည်ဆောက်ကာ ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ပဋိပက္ခ ကာလအတွင်း မီးဘေးသင့်ခဲ့သော ချမ်းအေးသာယာ ရပ်ကွက်တွင် မူလက မြေကွက်ပေါင်း ၆၃၇ ကွက်ရှိရာတွင် မြေကွက် ၄၄၃ ကွက်မှာ အထောက်အထား စိစစ်ပြီး ဖြစ်ကြောင်း မိတ္ထီလာ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီထံမှ သိရသည်။
“မနေ့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ မြေနေရာ ပြန်လည် ချထားရေးကိစ္စအတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အစည်းအဝေး လုပ်တယ်လို့ သိရတယ်။ အဆောက်အအုံ လှူမယ့် ပြင်ပက ပုဂ္ဂလိက အလှူရှင်တွေလည်း ပါတယ်လို့ သိရတယ်။ ဒီဇင်ဘာလ ဒုတိယပတ်မှာ စမယ်လို့ သတင်း ထွက်နေတယ်။ မူလကရှိခဲ့တဲ့ ၅၀-၃၀ အတိုင်း ပြန်လိုချင်ပါတယ်” ဟု ရေအရင်းအမြစ် ဒုက္ခသည် စခန်းတွင် ရောက်ရှိနေသော မီးဘေးသင့် ဒုက္ခသည် ဦးမောင်မောင်က ဆိုသည်။

မိတ္ထီလာ ပဋိပက္ခ ဒုက္ခသည်များသည် ကယ်ဆယ်ရေးစခန်းတွင် နေထိုင် ခဲ့ရသည်မှာ အချိန် ရှစ်လကျော် ကြာပြီဖြစ်၍ စားနပ်ရိက္ခာနှင့် လူမှုရေး အခက်အခဲများ နေ့စဉ် ပိုမိုများပြားလာလျက် ရှိခြင်းကြောင့် ဒုက္ခသည်များသည် မြေနေရာ ပြန်လည်နေရာ ရရှိရေးကို မျှော်လင့်လျက် ရှိရာ မြေကွက်များ ပြန်လည် ချပေးတော့မည်ဟု သတင်းများ ကြားနေရကြောင်း သာသနာရက္ခိတ ကယ်ဆယ်ရေးစခန်းမှ ဒေါ်ဦးက ပြောကြားသည်။

မိတ္ထီလာမြို့ တွင် မတ်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ သုံးရက်ကြာ ဖြစ်ပွားခဲ့သော ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခကြောင့် လူပေါင်း ၄၃ ဦးသေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၁၅၄၉ လုံး မီးရှို့ဖျက်ဆီးခံ ခဲ့ရကြောင်း အစိုးရ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ မိတ္ထီလာမြို့တွင် ကယ်ဆယ်ရေးစခန်း ငါးခု ဖွင့်ထားဆဲ ဖြစ်ပြီး ဒုက္ခသည်ပေါင်း ၄၁၈၆ ဦးခန့် ကျန်ရှိနေရာ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေး စခန်းနှစ်ခုဖြစ်သော သာသနာရက္ခိတ ကျောင်းတွင် ဒုက္ခသည် ၆၆၄ ဦး၊ အုတ်ဖို အလယ်ကျောင်းတွင် ဒုက္ခသည် ၁၉၀ ဦး၊ မွတ်ဆလင် ကယ် ဆယ်ရေးစခန်းများဖြစ်သော ဗဟိုပို့ဆောင် ဆက်သွယ်ရေးစခန်းတွင် ဒုက္ခသည် ၁၅၅၀ ဦး၊ မိတ္ထီလာခရိုင် အားကစားကွင်း စခန်းတွင် ၈၉၄ ဦး၊ ရေအရင်းအမြစ် စခန်းတွင် ဒုက္ခသည် ၈၆၈ ဦး ကျန်ရှိနေသေးကြောင်း ယင်းစခန်းများ၏ ထုတ်ပြန်ထားသော လူဦးရေ စာရင်းများအရ သိရသည်။

The Voice Weekly

ပထမဆုံးနဲ့ နောက်ဆုံးရှင်းပြတာပါဆိုတဲ့ အကယ်ဒမီစိုးမြတ်သူဇာ



ပထမဆုံးနဲ့နောက်ဆုံး ရှင်းပြတာပါ နောက်ထပ် ဒါနဲ့ ပတ်သက်တဲ့ ဘာ အကြောင်းအရာ ကိုမှ ကျမ ပြန်ရှင်းပြ မှာ မဟုတ်ပါဘူး လူ့အခွင့်အရေး ကို တကယ်နားလည်လေးစားမယ်ဆို ရင် စာနာစိတ်နဲ့ ဆက်ဆံရေးကို အသုံးပြုကြတာ အကောင်းဆုံး မဟုတ်ဘူးလား ကျမကို ချစ်တဲ့ ပရိသတ်များ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နာမည်ပါခဲ့တဲ့ အနုပညာ မောင်နှမ များရှင် ကျမနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် ရခဲ့ကြတဲ့ အတွက် ဒီနေရာကနေ ကျမ တောင်းပန်ပါတယ် ကျမ ကိုနားလည်ပေးကြပါ ဒီကိစ္စမှာ ကျမ ကိုကူညီဖေးမခဲ့တဲ့ သူများ နဲ့ အကြံဥာဏ်ပေးခဲ့သူတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ် အားလုံး မင်္ဂလာရှိသော သူများ ဖြစ်ကြပါစေရှင်။
စိုးမြတ်သူဇာ
2nd December 2013
1:30 pm

Popular Myanmar News Journal

ဒေါ် အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက် အပေါ်အစိုးရရဲ့ တုန့်ပြန်ပြောကြားမှုနဲ့ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမူဆောင် အဖွဲ့က သဘောထားထုတ်ပြန်


Kumudra


ရတနာပုံသတင်းစာ၊ ဒီဇင်ဘာ (၂) ရက်နေ့ထုတ်၊ အတွဲ (၂၂)၊ အမှတ် (၂၁၈)


မြဝတီသတင်းစာ၊ ဒီဇင်ဘာ (၂) ရက်နေ့ထုတ်၊ အတွဲ (၃)၊ အမှတ် (၂၂၈)


NLD ပါတီရဲ့ ပါဝါနိုင်ငံရေး ဘာတွေ မှားခဲ့သလဲ




နေထက်နီ

သူရဦးရွှေမန်း-ဒေါ်စု ၀င်ရိုးတန်း ဘာ့ကြောင့် ပြိုကွဲသွားသလဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးလေးကြီး လေးပွင့်ဆိုင် ဒိုင်ယာလော့တောင်းဆိုမှုသည် သူရသူရဦးရွှေမန်း- ဒေါ်စု မဟာမိတ်အတွဲ ပြိုကွဲသွားပြီဟု အဓိပ္ပါယ် ဖော်နိုင်မည်လား။ သူရသူရဦးရွှေမန်းသည် စစ်အစိုးရတွင် နံပတ်(၃)ခေါင်းဆောင်ဖြစ်ခဲ့ပါသည်။ ၂၀၀၇-၂၀၀၈-၂၀၀၉ နိုင်ငံရေးကိစ္စများကို ကိုင်တွယ် ခဲ့သူဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဆိုပါသည်။ ၂၀၀၇ တွင် ရွှေဝါရောင် တော်လှန်ရေးနှင့် ဖြိုခွင်းမှုများ ဖြစ်ပွားခဲ့ သည်။ မကြာသေးခင်ကပင် ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေက သူရဦးရွှေမန်းကို သက်သေထား၍ ရွှေဝါရောင် တော်လှန်ရေးဖြစ်စဉ်ကို ရှင်းလင်းခဲ့ပါသည်။

အမျိုးသားလွှတ်တော်နာယက ဦးခင်အောင်မြင့်သည် အတိုက်အခံနိုင်ငံရေးသမားများနှင့်ပတ်သက် လာလျှင် အမြင်စူးရှသူဖြစ်ကြောင်း၊ အတိုက်အခံနိုင်ငံရေးသမားများအပေါ် သူရဦးရွှေမန်းဦးစီး၍ ဆုံးဖြတ် သော နိုင်လုံဟု ခေါ်သည့်အစည်းအဝေးများတွင် ဦးခင်အောင်မြင့် အစဉ်အမြဲတက်ရောက် ပါဝင်ခဲ့ကြောင်း လည်း ဦးရဲထွဋ်က ပြောပြသည်။ ဤသည်တို့ကို ဆက်စပ်လိုက်လျှင် ထွက်ပေါ်လာသော ပုံရိပ်သည် သတိထားဖွယ်ရာကောင်းသော လွှတ်တော်ဥက္ကဌ(၂)ဦးစလုံး၏ အရိပ်များ ဖြစ်နေပါသည်။ ပထမအချက် အနေဖြင့် ဤသည်တို့ကို သိရှိသွား၍ မဟာမိတ် ၀င်ရိုးတန်း ပြိုကွဲသွားခြင်းလော စဉ်းစားစရာ ဖြစ်နေ ပါသည်။

ဒုတိယအချက်ကို ဆက်လက် တင်ပြလိုပါသည်။ သူရဦးရွှေမန်းသည် စစ်အစိုးရ၏ နံပတ်(၃)ခေါင်း ဆောင်၊ ကြံ့ခိုင်ရေးပါတီ၏လက်ရှိခေါင်းဆောင် ဖြစ်သောကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် အရေးကြီး သော လွှတ်တော်တွင်း ချိန်ခွင်လျှာကို ထိန်းထားနိုင်သူ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစု ကြည်က သူရဦးရွှေမန်း၏ အားကိုယူ၍ ပြင်ဆင်နိုင်ရေး ကြိုးပမ်းခဲ့ဖွယ် ရှိသည်ဟု ကောက်ချက်ချနိုင် ပါသည်။ ယခုအချိန်တွင် သူရဦးရွှေမန်း၏ ဖွဲ့စည်းပုံပြင်ဆင်လိုသည့် အလားအလာကို ရိပ်စားမိ၍ သမ္မတ၊ တပ်ချုပ်တို့ နှင့် တိုက်ရိုက်တွေ့ဆုံရန် တောင်းဆိုလိုက်ခြင်း ဖြစ်နိုင်ပါသလား။ သေချာသည့်အချက်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သူရဦးရွှေမန်းအား အားကိုး၍ မရနိုင်တော့ ဟု ဒေါ်အောင်ဆန်းစုကြည် ယုံကြည်လာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်နိုင်ပါသည်။

တတိယအချက်ကို ဆက်လက် တင်ပြလိုပါသည်။ လွှတ်တော်အတွင်း လေ့လာသုံးသပ်ရေး ၁၀၈ ဦး ကော်မတီ၏ အရိပ်အကဲကို ဒေါ်အောင်ဆန်းစုကြည် ရိပ်စားမိခြင်း ဖြစ်နိုင်ပါသည်။ ၁၀၈ ဦးကော်မတီက တင်ပြလာသောအချက်များတွင် ၅၉(စ) မပါနိုင်၊ သူရဦးရွှေမန်းကလည်း လွှတ်တော်ဆောင်ရွက်မှု စနစ် အရ ကော်မတီ၏တင်ပြချက်ကို ထောက်ခံမည်၊ လွှတ်တော်တွင်း မဲခွဲလျှင် NLD ရှုံးမည်၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တော့။ သူရဦးရွှေမန်းတစ်ဦးတည်းအနေဖြင့် ၅၉(စ)ကို ပြင်ဆင် ပေးလိုပါသော်လည်း လွှတ်တော်၏ ဆုံးဖြတ်ချက်က ဤသို့ ဖြစ်နေသည်ကို တတ်နိုင်မည်မဟုတ်။ ယခု အတိုင်း အဖြေထွက်လာမည့် အနေအထားကို ဒေါ်အောင်ဆန်းစုကြည် ကြိုတင်သိရှိလာခြင်းကြောင့် ဖြစ်နိုင်ပါသည်။

စတုတ္ထအချက်ကို ဆက်လက်တင်ပြလိုပါသည်။ သမ္မတ ဖြစ်လိုသော သူရဦးရွှေမန်းဘက်ကကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် ယှဉ်ပြိုင်စရာ မဟုတ်သော ပြိုင်ဘက်ကြီး ဖြစ်နေသည်။ သူရဦးရွှေမန်း သမ္မတဖြစ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စင်ပေါ်တက်မလာစေရန်သာ ကြိုးပမ်းရမည့် အနေ အထားမျိုး ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ကို စနစ်တကျ တားနိုင်ဆီးနိုင်သည်မှာ ၅၉(စ)သာ ဖြစ်သည့်အတွက် မိမိကိုအလဲထိုးမည့် ထောက်လက်သီးကို သိသိကြီး ရင်ဆိုင်တိုးပါမည်လော။ စစ်တိုက် နေကြသော စစ်ခေါင်းဆောင်များ၏ ဓလေ့စရိုက်မှာ ရည်မှန်းချက်ကို ဦးစွာသတ်မှတ်ပြီးမှ ပန်းတိုင် ရောက်ရှိရေး ဖော်ဆောင်တတ်ကြခြင်း ဖြစ်ပါသည်။ သူရဦးရွှေမန်း၏ ရည်မှန်းချက်မှာ သမ္မတ ဖြစ်ရေး ဟု အတိအလင်း သတ်မှတ်ထားပြီး ဖြစ်ရာ ယင်းပန်းတိုင်ရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းမည်သာ ဖြစ်ကြောင်း သတိပြုသင့်ပါသည်။ စစ်အောင်နိုင်ရေးအတွက် တရားမျှတမှုတို့ ရှိမည် မဟုတ် ဟူသော စကားပုံကိုလည်း သတိ ရဖွယ်ရာပင်။

ပဉ္စမအချက်ကို ဆက်လက် တင်ပြပါမည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရဦးရွှေမန်းနှင့် ဆက်ဆံ ရေးမြှင့်တင်ကာ လိုလားချက်များကို ပုံဖော်ခဲ့ပါလိမ့်မည်။ ရင်းနှီးသော ဆက်ဆံရေးကို ထူထောင်ခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးကစားကွက် အလဟဿ ဖြစ်သွားပြီဟု သိရှိလာရခြင်းကြောင့် သမ္မတ ဦးသိန်းစိန်ဘက်ကို ဦးလှည့်လိုက်ခြင်းလော စဉ်းစားစရာ ဖြစ်နေပါသည်။

ဒေါ်စု ဘာမှားခဲ့သလဲ

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရဦးရွှေမန်းကို အားကိုး၍မရနိုင်တော့၊ လွှတ်တော်ကို အားကိုး၍မရနိုင်တော့ ဟု ဆုံးချက်လိုက်ခြင်းကတော့ သေချာနေပါသည်။ ဤသို့ ဆိုလျှင် (၂)နှစ်ခန့်အချိန်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် အချိန်ပေးဆောင်ရွက်ခဲ့သော သူရဦးရွှေမန်း နှင့် မဟာမိတ်ဝင်ရိုးတန်းတည်ဆောက်ရေးဗျူဟာကြောင့် မည်သည့်အကျိုးအမြတ်များ ထွက်လာခဲ့ပါသနည်း။ ဤသည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။

သူရဦးရွှေမန်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုကို အကျိုးရှိရှိ အသုံးချ၍ အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ တပ်မတော်နှင့် ထိပ်တိုက်တွေ့ဆုံမှုများတွင် ဒေါ်အောင် ဆန်းစုကြည်သည် သူရဦးရွှေမန်းဘက်က ရပ်တည်ပေးခဲ့ပါသည်။ တစ်ဘက်သတ်ဆန်သော၊ အာဏာရှင် ဆန်လာသော လွှတ်တော်၏ အုံနှင့်ကျင်းနှင့် လုပ်ဆောင်မှုများတွင် ဒေါ်အောင်ဆန်းစုကြည်သည် သူရဦးရွှေ မန်း ဘက်က ရပ်တည်ပေးခဲ့ပါသည်။ အမြင်သာဆုံး ဥပမာ ပြရလျှင် သူရဦးရွှေမန်း၏ သားများ ၀င်ရောက် လုပ်ကိုင်နေသည့် မိုဘိုင်းဖုန်းအော်ပရေတာလိုင်စင် ချထားပေးရေးကိစ္စတွင် အရေးကြီးအဆို တင်သွင်း၍ ကြားဝင်ရန် ကြိုးပမ်းခဲ့ရာ၌ NLD ပါတီသည် သူရဦးရွှေမန်းဘက်က ရပ်တည်ပေးခဲ့ပြီး NLD အမတ် ဦးဝင်းမြင့် (ပုသိမ်)က တက်ကြွစွာ တိုက်ပွဲဝင်ပေးခဲ့ပါသည်။ တရား ဥပဒေစိုးမိုးရေးကို ဦးဆောင် ရမည့် ခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ သည် အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်ခဲ့ ရာတွင် သူရဦးရွှေမန်းဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြပါသည်။

မဟာမိတ်ဝင်ရိုးတန်း စိတ်ကူးဖြင့် လွှတ်တော်၏ လိုအပ်ချက်များ၊ မှားယွင်းမှုများကို တစ်စုံတစ်ရာ ထောက်ပြ ပြောကြားခြင်း မပြုခဲ့ဘဲ အစိုးရအား အတိုက်အခံပြုမှုများတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင် ခဲ့ပါသည်။ ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသော ဦးသိန်းစိန် အစိုးရအား အကောင်းမမြင်ကြရန်၊ ရင်းနှီးမြုပ်နှံမှုများ ၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ပြီးမှ ၀င်ရောက်ကြရန် နိုင်ငံ တကာကို ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့ပြီး အစိုးရနာမည်ပျက်စေရန် ကန်ပိန်းချဆောင်ရွက်ခဲ့ပါသည်။ တပ်မတော်သားများ နိုင်ငံရေးတွင် ၀င်ရောက်ပါဝင်ခြင်း မပြုသင့်ကြောင်း ကြိမ်ဖန်များစွာ ၀ါဒဖြန့်ချိခဲ့ပါ သည်။

အချိန်လွန် ဒိုင်ယာလော့

ယခုအချိန်တွင် ၀င်ရိုးတန်း အလုပ်မဖြစ်နိုင်တော့ ဟု သိရှိလာသောအခါ ဒေါ်အောင်ဆန်းစုကြည် ဘာဆက်လုပ်ခဲ့ပါသနည်း။ သူရဦးရွှေမန်းသည် လွှတ်တော်ကို ထိန်းထားသူ ဖြစ်၍ ဖွဲ့စည်းပုံပြင်ဆင်ရေး တွင် အခရာကျပါသည်။ ထို့ကြောင့် သူရဦးရွှေမန်းဖက်ကို ပုံအောရမည် ဟု တွေးတောခဲ့သော အတွေးအမြင်များ တက်တက်စင်အောင် လွဲချော်ခဲ့ပြီ ဟု ဆိုချင်ပါသည်။ တစ်ဖက်ဖက်ကို ရွေးချယ်မှု ပြုရာတွင် သူရဦးရွှေမန်း တစ်ဖက်တည်းကိုသာ ပုံအောလိုက်သော အလောင်းအစားကို မှားသည်ဟု မပြောလိုပါ။ သို့သော်လည်း ပါဝါကြီး(၂)ခုအကြား သမမျှတအောင် လိမ္မာပါးနပ်စွာ ကစားရန် လိုအပ် သည်ကို သိရှိခဲ့ပါလျက် တစ်ဖက်တည်းကို ပုံအောခဲ့ခြင်း၏ ရလဒ်သည် ယခုမြင်တွေ့နေရသည့်အတိုင်း အချည်းနှီးသာ ဖြစ်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ တွေးခေါ်ယူဆမှု၊ ဆုံးဖြတ်ချက်ချမှတ်မှု တို့သည် နိုင်ငံနှင့် ပြည်သူအတွက် အထူးပင် အရေးကြီးပါသည်။ အများကလည်း အားကိုးတကြီး ယုံကြည်မှုကြီးစွာဖြင့် မျှော်လင့်နေခဲ့ကြပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများ၏ မျှော်လင့်ချက်များကို ကြေမွစေခဲ့သော ခြေလှမ်းမှားများ လှမ်းခဲ့ပြီး ဖြစ်ပါသည်။

ဦးသိန်းစိန်နှင့်ရော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ပါ နီးကပ်မလာဘဲ ပို၍ပို၍ ဝေးကွာခဲ့ရခြင်း၏ တရားခံသည် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သာလျှင် ဖြစ်ပါလိမ့်မည်။ နိုင်ငံရေးခေါင်းဆောင်တို့ ၏ အကွက်မှားရွှေ့မှုများကို ပြန်လည်ဘွာခတ်၍ မရနိုင်ပါ။ စတေးလိုက်ရသည်မှာ ပြည်သူများ၏ မျှော်လင့် ချက်များအထိ ဖြစ်လာနိုင်ပါသည်။ ယခုကဲ့သို့ သူရဦးရွှေမန်းနှင့် လွှတ်တော်က အားကိုးအားထား ပြု၍ မရနိုင်သော အချိန်လွန်ကာမှ ဦးသိန်းစိန်ထံ စာရေးတောင်းဆိုခြင်းသည် သင့်လျော်ပါ၏လော ဟု မေးခွန်း ထုတ်လိုပါသည်။ ဒိုင်ယာလော့လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ရှေးဦးစွာ နားလည်မှု တည်ဆောက်ခြင်း ရှိပါ သည်။ ဒုတိယအဆင့်အနေဖြင့် ယုံကြည်မှုတည်ဆောက်ခြင်းသို့ ကူးပြောင်းရပါသည်။ ယင်းနောက် တတိယအဆင့်တွင်မှ စေ့စပ်ညှိနှိုင်းခြင်း အမှုကို ပြုရပါသည်။ ဤအချက်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားထားသည့် “ဟင့်အင်းကို ကျော်ဖြတ်ခြင်း” စာအုပ်တွင် ပါရှိပြီး ဖြစ်ပါသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးသီအိုရီများကို လက်တွေ့အသုံးချနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

သူရဦးရွှေမန်းဖက်ကို ပုံအောခဲ့သော အလောင်းအစားဖြင့် နားလည်မှုများ ပိုမိုလွဲမှားစေရန် ဆောင်ရွက် ခဲ့ပါသည်။ ယုံကြည်မှုများ ပြိုကွဲစေရန် ဆောင်ရွက်ခဲ့ပါသည်။ အနေဝေးကွာစေရန်လည်း ဝေဖန်တိုက်ခိုက် မှုများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဆက်ဆံရေးအခြေအနေ ဆိုးဆိုးရွားရွား ဖြစ်စေရန် အချိန်ယူ၍ တည် ဆောက်ခဲ့ပြီးမှ ဒိုင်ယာလော့ လုပ်လိုသော သဘောမှာ နားလည်ရခက်နေပါသည်။ သူရဦးရွှေမန်းဖက်သို့ အချီကြီး ပုံအောထားသူ တစ်ယောက်ကို သမ္မတနှင့် တပ်ချုပ်က မည်သို့ သဘောထားမည် ဟူသည်ကို လည်း အထူးတလည် စဉ်းစားနေစရာ မလိုပါ။

ဒေါ်အောင်ဆန်းစုကြည်သာ ဦးသိန်းစိန်အစိုးရ နိုင်ငံတကာအလယ်တွင် အမှတ်လျော့အောင် မလုပ်ခဲ့ဘဲ ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ပေးခဲ့ပါက ယခုထက်ပိုမိုသာလွန်သော စီးပွားရေးအခြေအနေတစ် ရပ်ရပ်ကို ရရှိချင် ရရှိနေပါလိမ့်မည်။ တပ်မတော်နှင့် ပိုမိုဝေးကွာစေမည့် တွန်းအားကို မသုံးခဲ့ဘဲ ဆွဲအားကို သုံးခဲ့ပါလျှင် ယခုထက်ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို ရရှိချင် ရရှိနေပါလိမ့်မည်။ နားလည်ရခက်နေ သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သူရဦးရွှေမန်းဘက်ကို ပုံအော နိုင်ခဲ့သလိုမျိုး မည်သည့်အတွက်ကြောင့် သမ္မတနှင့် တပ်မတော်ကို စည်းရုံးရမည် ဟု မတွေးတော နိုင်ခဲ့ပါသနည်း။ ပါဝါကြီးများအကြား ကစားနိုင်လျှင် ကစားနိုင်သလောက် အကျိုးအမြတ်ထွက်နိုင်သည့် ကြားခံပါဝါကြီး တစ်ရပ် ဟူသော ပါဝါနိုင်ငံရေးကို မည်သည့်အတွက်ကြောင့် အရှုံးထွက်အောင် ကစားခဲ့ ပါသနည်း ဟူ၍ ဖြစ်ပါသည်။ ပြည်သူကို ဦးဆောင်နေသော ခေါင်းဆောင်တစ်ဦးအနေဖြင့် နိုင်ငံရေး အတွက်အချက် မှား၍ မရပါ။ မှားခဲ့သော နိုင်ငံရေးကစားကွက်ကို ပြန်ပြင်၍ မရနိုင်ပါ။

ယခုအချိန်တွင် မည်သူ ရှုံး၍ မည်သူနိုင်သနည်း တွက်ချက်ကြည့်နိုင်ပြီ ဖြစ်ပါသည်။ သမ္မတလည်း မရှုံးပါ၊ တပ်မတော်လည်း မရှုံးပါ။ သူရဦးရွှေမန်းလည်း မရှုံးပါ။ တစ်ကယ်တမ်း အရှုံးပြခဲ့သည်မှာ (၂)နှစ်နီးပါး အချိန်များ ရင်း၍ မည်သည့်အကျိုးအမြတ်မျှ မထွက်အောင် ဟိုလိုလိုဒီလိုလို လုပ်ခဲ့သော NLD ပါတီသာ လျှင် ဖြစ်နေပါသည်။ ဒေါ်စုနှင့် NLD ၏ ရည်မှန်းချက် ပြည့်ဝရန် မည်သည့်ပါဝါကို မည်သို့ကစားသင့်သည် ဟူသော အနိမ့်ဆုံးရွေးချယ်မှုကိုပင် မှန်ကန်အောင် မလုပ်နိုင်ခဲ့သည်ကို ယခုနောက်ဆုံး လေးပွင့်ဆိုင် တောင်းဆိုချက်က သက်သေပြနေပါသည်။ ဤသို့ မှားယွင်းသော ပါဝါနိုင်ငံရေးကို ဒေါ်အောင်ဆန်း စုကြည် ရွေးချယ်ကစားလာခဲ့စေရန် ၀ိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြသော NLD ပါတီခေါင်းဆောင်များ၊ အကြံ ပေးများ၊ လွှတ်တော်တွင်းရှိ ဦးဝင်းမြင့်(ပုသိမ်)ဦးဆောင်သော NLD အမတ်များ အားလုံးတွင် တာဝန် ရှိသည် ဟုသာ လက်ညိုးတည့်တည့် ထိုးလိုပါသည်။ နိုင်ငံရေးဆုံးရှုံးမှုနှင့် နိုင်ငံရေးကစားကွက် အမှား အတွက် ဒီထက်မက ထိုးသင့်သည် ဟုသာ ထင်မြင်မိပါတော့သည်။

The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၂၈) မှ ကူးယူဖော်ပြသည်

Myawady News

၁၀ နှစ်တာ ကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်မှု ၁၂၆ ရာခိုင်နှုန်း တိုးတက်




၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်မှု ၁၂၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ်၌ ရန်ကုန်ဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်မှုမှာ ၉၇၁ စီးသာ ရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၌ ၂၁၉၆ စီး ရှိခဲ့ကြောင်း သိရသည်။

"ဆယ်နှစ်တာ ကာလအတွင်း ရန်ကုန်ဆိပ်ကမ်းမှာ အပြည်ပြည်ဆိုင်ရာ သင်္ဘောဝင်ထွက် ဆိုက်ကပ်မှုက ၁၂၂၅ စီး တိုးတက်ဆိုက်ကပ်ခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် ၁၂၆ ရာခိုင်နှုန်း တိုးတက်ဆိုက်ကပ် နိုင်ခဲ့ပါတယ်" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ သွင်းကုန်ပို့ကုန်များ၏ ၈၅ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ဆောင်ရွက် ပေးနေသည့် ရန်ကုန်ဆိပ်ကမ်းသည် ထီးတန်းကမ်းနားဒေသမှ သံလျက်စွန်း ကမ်းနားဒေသအတွင်း နိုင်ငံတကာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား ၁၈ စင်း၊ ကုန်းတွင်းကုန်သေတ္တာစခန်း သုံးခုဖြင့် ဆိပ်ကမ်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းရှစ်ခု၏ သင်္ဘောများ ဆိုက်ကပ်မှုမှာ ဆူးလေဆိပ်ကမ်းတွင် ၂၁ ရာခိုင်နှုန်း အေးရှားဝေါလ် ဆိပ်ကမ်းတွင် ၁၉ ရာခိုင်နှုန်း၊ MITT တွင် ၁၅ ရာခိုင်နှုန်း၊ MIP တွင် ၁၄ ရာခိုင်နှုန်း၊ HPT တွင် ၁၂ ရာခိုင်နှုန်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင် ၇ ရာခိုင်နှုန်း၊ HOB ဆိပ်ကမ်းနှင့် MIPL ဆိပ်ကမ်းများ ၆ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းများတွင် ကုန်သေတ္တာ ကိုင်တွယ်နိုင်သော ဆိပ်ကမ်းအဖြစ် ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ အေးရှားဝေါလ် ဆိပ်ကမ်းနှင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါ စသည်ဖြင့် ကုန်သေတ္တာ ဆိပ်ကမ်းလေးခုရှိကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းများသို့ ၀င်ရောက်သည့် သင်္ဘောများ၏ ရာခိုင်နှုန်း ၄၀ မှာ ကုန်သေတ္တာတင် သင်္ဘောများဖြစ်ပြီး ၄၈ ရာခိုင်နှုန်းမှာ အထွေထွေ ကုန်ပစ္စည်းတင်သင်္ဘော၊ ၁၂ ရာခိုင်နှုန်းမှာ မော်တော်ယာဉ်တင် သင်္ဘောများ ဖြစ်ကြောင်းလည်း သိရသည်။

MITT ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောတစ်စီးအား တွေ့ရစဉ်

ကောင်းသော အစိုးရ ၊ ယုံကြည်မှု မြင့်မားသော ပြည်သူလူထု

အယ်ဒီတာ့အာဘော် ကဏ္ဍ

နိုဝင်ဘာ၃ဝရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ ၌ ကျင်းပခဲ့သည့် တည်ငြိမ်အေးချမ်းသည့် နိုင်ငံ တော်တည်ဆောက်ရေးတွင် လူထုအခြေပြုအဖွဲ့ အစည်းများ၏ အခန်း ကဏ္ဍ ဆိုင်ရာဆွေးနွေးပွဲ၌ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ''မိမိတို့ လူ့အဖွဲ့အစည်းတွင် အစိုးရနှင့် ပြည်သူကြား၊ အင်စတီကျူးရှင်းများနှင့် ပြည် သူလူထုအကြား၊ နိုင်ငံသားတစ်ဦးနှင့်တစ်ဦးအကြား ကာလရှည်ကြာ လျော့ပါးခဲ့ရသည့် အပြန်အလှန်ယုံကြည် မှု ပြန်လည်တည်ဆောက်နိုင်ရေးသည် နိုင်ငံရေးလိုအပ် ချက်တစ်ရပ်ဖြစ်ကြောင်း'' ထည့်သွင်းပြောကြားခဲ့သည် ကို တွေ့ရသည်။

ယင်းအပြင် ''ဖြတ်သန်းခဲ့ရသော နိုင်ငံရေးအတွေ့ အကြုံများအရ မိမိတို့လူ့အဖွဲ့အစည်းတွင် သံသယများ မြင့်တက်ခဲ့ရသကဲ့သို့ အချင်းချင်း ယုံကြည်မှုလျော့ပါး ခဲ့ရကြောင်း၊ ထိုအချက်က ယနေ့မိမိတို့ အကောင်အထည် ဖော်နေသော နိုင်ငံရေးအပြောင်းအလဲများနှင့် အမျိုး သား နိုင်ငံရေးဖြစ်စဉ်သစ်များ အရှိန်အဟုန်နှင့် တိုးတက် မှုရစေရန်အတွက် ဖန်တီးသည့်နေရာတွင် စိန်ခေါ်မှု တစ်ရပ်အနေဖြင့် တည်ရှိနေဆဲ ပင်ဖြစ်ပါကြောင်း'' ဟု ထည့်သွင်းပြောကြားခဲ့သည် ကို တွေ့ရသည်။

ထိုသို့ အချင်းချင်းအကြား ယုံကြည်မှုနိမ့်ပါးသည့် လူ့အဖွဲ့အစည်းများ တွင် မြင်တွေ့ရလေ့ရှိသော အားနည်း ချက်များတွင် ''ကိုယ်ကျိုးစီးပွား ကို ရှေ့တန်းတင်ပြီး မှန် ကန်သည့်လုပ်ရပ်များဖြင့် ကြိုးပမ်းမှုများကိုပင် လိုရာဆွဲ ပုံဖော်ခြင်း၊ အစဉ်အမြဲရှင်သန်နေရန် လိုအပ်သောအယူ အဆသစ်များ၊ အတွေးအခေါ်သစ်များကို လက်မခံဘဲ ရှေးရိုးကျပြီး အစွန်းမလွတ်သည့် အတွေးအခေါ်ဟောင်း များကို ကိုင်စွဲထားလေ့ရှိခြင်း၊ အထွေထွေဖွံ့ဖြိုးတိုးတက် ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ၏ အားနည်းချက် များ၊ လိုအပ်ချက်များကို အဆိုးမြင်အပြစ်ပြောဆိုသည့် ရပ်တည်ချက်များ ထားရှိခြင်း၊ အချင်းချင်း သတင်းအချက် အလက်များ ဖြန့်ဝေလိုမှုမရှိဘဲ သတင်းထိမ်ချန်ထားပြီး အသာစီးရရှိရန် ကြိုးပမ်းသည့်အတွက် ပွင့်လင်းမျှတ သော ဆွေးနွေးအဖြေရှာမှုများကို အဟန့်အတားဖြစ်စေ ခြင်းဆိုသည့် အားနည်းချက်များပင်ဖြစ်'' ဟု ဖော်ပြထား သည်ကို တွေ့ရပေသည်။

မှန်ပါသည်။ အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှု ကင်းမဲ့နေမှုသည် သမ္မတပြောကြားသလို နိုင်ငံရေးလို အပ်ချက်တစ်ရပ်ထက်ပင် မကပေ။ နိုင်ငံရေးလိုအပ်ချက် ၏ အဓိကအချက်တစ်ရပ် ဖြစ်နေသည်။ အစိတ်အပိုင်း တစ်ရပ်ထက်ပိုပါသည်ဟု ပြောရပါမည်။ ဒါကြောင့်ပင် အစိုး ရနှင့် ပြည် သူကြား တွင် ယုံကြည်မှုကို လွယ်လွယ် ဖြင့် တည်ဆောက် မရနိုင်ခြင်း ဖြစ်ပါ သည်။

သမ္မတ၏ မိန့်ခွန်းတွင် ယုံကြည်မှုနိမ့်ပါးသည့် လူ့အဖွဲ့အစည်းများ တွင် မြင်တွေ့ရလေ့ရှိသော အားနည်းချက်များကို ထည့် သွင်းပြောကြား သွားခဲ့သလို အစိုးရအဖွဲ့နှင့် အခြားအဆက် အစပ် အဖွဲ့အစည်းများ၏ အားနည်းချက်များကို လည်း ဖော်ထုတ်တင်ပြ သင့်ပါလျက် မဖော်ထုတ် မတင်ပြနိုင်ခဲ့ သည်ကို တွေ့ရသည်။ အစိုးရနှင့် ပြည်သူကြား ကောင်း တာပြောပြော၊ ဆိုးတာပြောပြော၊ ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် သူ့လုပ်ပိုင်ခွင့်ဖြစ်သည်။ သူ့ဒီမိုကရေစီ ဖြစ်သည်။

စည်းကျော်ဘောင်ကျော်ဖြစ်လာလျှင် တည် ဆဲဥပဒေအရ အရေးယူရုံသာ ရှိသည်။ ဒီမိုကရေစီအစိုးရ သည် ထိုအတိုင်း ကျင့်ကြံရုံသာရှိ သည်။ ပြည်သူလူထုကို နိဗ္ဗာန်ရောက်ကြောင်း တရားဟောရသော အလုပ်သည် အစိုးရအလုပ် မဟုတ်ပေ။ အစိုးရ ထိုသို့ပြောဆိုနေခြင်း ကိုယ်နှိုက်ကပင် ဒီမိုကရေစီစံနှုန်းနှင့် လွဲချော်နေခြင်းဖြစ် သည်။

အစိုးရတစ်ရပ်အနေဖြင့် ကောင်းသောအစိုးရဖြစ် ရန်သာ အားထုတ်နေရ မည်ဖြစ်ပြီး ကောင်းသောအစိုးရ ဖြစ်မှသာ ကောင်းသောပြည်သူလူထု၊ ယုံကြည်မှုမြင့် မားသော ပြည်သူလူထု ကို မွေးထုတ်ပေးနိုင် မည်ဖြစ်ပါ ကြောင်း။

အယ်ဒီတာ

Yangon Media Group


ဘင်္ဂလားပင်လယ်အော် လေဖိအားနည်း ရပ်ဝန်းကြောင့် ကမ်းရိုးတန်းဒေသများ လှိုင်းကြီးမည်


ဘင်္ဂလား ပင်လယ်အော်အတွင်း ဒီဇင်ဘာလ ၁ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေခြင်းကြောင့် ကမ်းရိုးတန်း ဒေသများတွင် လှိုင်းကြီးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း အဆိုပါဌာနက သတိပေးချက် ထုတ်ပြန်သည်။

ယခုတစ်ကြိမ် ဘင်္ဂလား ပင်လယ်အော်အတွင်း ထပ်မံဖြစ်ပေါ်လာသည့် လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်း မုန်တိုင်း အခြေအနေအထိ ရောက်ရှိပါက ၂၀၁၃ ခုနှစ်အတွက် ဘင်္ဂလား ပင်လယ်အော် အတွင်း ပဉ္စမမြောက် ဖြစ်ပေါ်လာသည့် မုန်တိုင်း ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

လာမည့် နှစ်ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

ပြီးခဲ့သည့် ရက်ပိုင်း အတွင်းကလည်း ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဆိုင်ကလုန်း မုန်တိုင်း လီဟာ ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယနိုင်ငံ ဘက်ခြမ်းသို့ ဝင်ရောက် တိုက်ခတ်ခဲ့သည်။

The Voice Weekly

လတ်တလော ဖေ့ဘုတ်ပေါ်မှ အကြောင်းအရာများနှင့်ပတ်သက်ပြီး အကယ်ဒမီ စိုးမြတ်သူဇာရဲ့ ဖြေရှင်းချက်



ပရိတ်သတ်များရှင် ဒီရက်ပိုင်းအတွင်း FB စာမျက်နာပေါ်သို့ ရောက်လာသည့် ကျမ နှင့် ပတ်သက်သော အကြောင်းအရာများနှင့် ပတ်သက်ပီး ကျမ မိသားစု မိတ်ဆွေသူငယ်ချင်းများအပါအဝင် ကျမကို သံယောဇဉ် ရှိကြတဲ့ ပရိတ်သတ်များ အားလုံး စိတ်အနှောက်အရှက် များစွာဖြစ်ရသလို ကာယကံရှင် ကျမကိုယ်တိုင်လဲ အတိုင်းအဆမရှိ စိတ်ထဲမှာ ထိခိုက် နာကျင်ရပါတယ် Moe Zay Nyein ကိုကျမ မသိပါ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ရပ်ကို လုပ်ခဲ့လဲ ဆိုတာကိုလည်း ကျမ နားမလည်ပါ သူတင်ပြထားတဲ့ အကြောင်းအရာများကို မှန်ကန်ပါတယ်လို့ တစ်ဦးတစ်ယောက်ကမှ မထောက်ခံထားသလို လုံးဝ အမှန်လို့လဲ မယူဆသင့်ပါ အခြေအနေမှန်ကို သေချာမသိဘဲ ဝင်ရေးထားတဲ့ comment နှစ်ခုလောက်ကို မြင်ရတဲ့အခါ ကျမ တော်တော် ကို စိတ်ပျက်မိပါတယ် အနုပညာရှင်တွေဟာ စည်းကမ်းမရှိ အရှက်အကြောက်မရှိ ဥပဒေ ဘောင်တွင်း တကယ် နိုင်ငံတော်အစိုးရက ဒီတိုင်းကြည့်မနေဘဲ ထိထိရောက်ရောက်အပြစ်ပေးခဲ့တာ လူတိုင်းလဲသိကြပါတယ် nobody perfect ဆိုပေမဲ့ perfect ဖြစ်တဲ့သူတွေလဲ အများကြီးရှိနိုင်ပါတယ် သေချာတာက ကျမဟာ perfect မဟုတ်ဘူး ဆိုတာပါဘဲ ကျမ မှာ အားနဲချက် ချို့ယွင်းချက်တွေ အများကြီးရှိသလို အမှားမရှိ အပြစ်ကင်းတဲ့ လူမျိုးလဲ မဟုတ်ပါဘူး ကျမ အသက် ၄၂ နှစ်ရှိပါပြီ လက်ရှိမိဘ တွေနဲ့ တူတူနေပြီး ကျမ ကျွမ်းကျင်တဲ့ အသက်မွေး ဝမ်းကျောင်းပညာနဲ့ လူ့ပါတ်ဝန်းကျင် အသိုင်းအဝိုင်း မှာ ရိုးသားစွာ နေထိုင်ပြီး တင့်တယ်အောင် ရပ်တည်နေပါတယ် အခုကိစ္စမှာ ကျမကို မရည်ရွယ်လဲ ကျမ ဓါတ်ပုံ နဲ့ ခေါင်းစဉ်တတ် အကြောင်းအရာတွေကိုတော့ကျမ အနေနဲ့ အင်မတန် ခံရခက်ပါတယ် နိုင်ငံရေး နားလည်သည့် အသိ ဥာဏ်မျိုး မရှိတဲ့ အတွက် နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့ ဒီနိုင်ငံသူတစ်ယောက်အနေနဲ့ နိုင်ငံ့အရေးကိုတော့ ကျမ စိတ်ဝင်စားပါတယ် ပစ္စုပ္ပန်ကာလ မှာ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်နေတဲ့ အတွက် ကျမ နဲ့သက်ဆိုင်သော ကိစ္စ များကိုဘဲ ကျမ စိတ်ဝင်စားပါတယ် ကျမ အလုပ်ကို လေးလေးစားစား လုပ်ပါတယ်ံဘယ်သူ့ကိုမှ အနိုင်မယူ ဘ်ာသူ့ကိုမှ အရူံး မပေး Win win situation ကို လက်ခံကျင့်သုံးပါတယ် ကျမ life ကို Day by day ဖြတ်သမ်းပါတယ် ကျမ ပျော်ပျော်နေတတ်ပေမဲ့ ဘယ်တုန်းက မှ ပေါ့ပေါ့ မနေခဲ့ပါဘူ့း  ကျမ life perfect မဖြစ်ပေမဲ့ ဒီနေ့ဒီအချိန်ထိ ကျမကြောင့် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာအောင် ပျက်ဆီး ဆုံးရူံးအောင် ဆိုးဝါးတဲ့ အမှားမျိုး အပြစ်မျိုး မလုပ်ခဲ့တဲ့အတွက် ဒီအသက်မရွယ်ထိ ဒီနေရာမှာ ကျမ ရပ်တည်ခွင့် ရနေတာ လူတိုင်းအမြင်ပါဘဲ လိပ့်ပြာသန့်တဲ့အတွက် ကျမ ဘဝက မင်္ဂလာ ရှိပါတယ် MZN ရဲ့အမှန်တရားဖော်ထုတ်တဲ့ ကိစ္စက ကျမတင်မက အကြောင်းအရာ ထဲမှာနံမည်ပါတဲ့ လုပ်ဖော် ကိုင်ဖက် ကျမရဲ့ အနုပညာရှင်မောင်နှမတွေ ကိုပါ အများကြီး ထိခိုက်နစ်စေပါတယ် မိသားစုတွေ ရှိကြတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် အပြန် အလှန်လေးစားတဲ့ ဆက်ဆံရေးကို ပျက်ဆီးစေပါတယ် သံသယ တွေနဲ့ ရင်းနှီးမူ ကို ဒုက္ခ ရောက်စေပါတယ် အဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အများအတွက် နစ်နာဆုံးရူံးမူကို ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေဟာ ဘယ်လောက်ဘဲ ( အမှန် ) ဖြစ်နေပါစေ နောက်ဆုံးမှာ ( အမှား ) ဖြစ်စေပါတယ် ပရိတ်သတ်များရှင် MZN တင်ပြချက်မှာပါတဲ့ ကျမနဲ့ပတ်သက်တဲ့ ဓါတ်ပုံအပါအဝင် အကြောင်းအရာ အရာအားလုံးကို ကျမ လုံးဝ လက်မခံပါဘူး အစစ်မှန်ဆိုတာကိုလဲ မယုံတဲ့ အတွက် အသိအမှတ်လဲ မပြုပါဘူး ကျမ အတွက် အချိန်က ဘဝ ပါ ဘဝကို တန်ဖိုးထားသလို အချိန်ကိုလဲ ကျမ အရမ်းတန်ဖိုးထားပါတယ် ကျမရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကိုအကုန်ခံပြီး ဒီလိုပြန်ရှင်းပြရတာ ကျမကို ချစ်တဲ့ လေးစားကြတဲ့ ပရိတ်သတ်တွေကို ကျမ တန်ဖိုးထားထားလို့ပါ ကျမ အတွက် နံပါတ် တစ် ဦးစားပေး အရေးပါတဲ့ လူတွေထဲမှာ ပရိတ်သတ်များ ပါပါတယ် ဆက်လျှောက်ဖို့ ကျန်နေသေးတဲ့ ခရီးမှာ ကျမကို လက်တွဲထားမဲ့ အဖော်ကောင်း မပါပေမဲ့ မိတ်ဆွေကောင်းတွေကို လက်တွဲပြီး ပရိတ်သတ်ပေးတဲ့ ခွန်အားတွေနဲ့ ကျမ ဆက်လျှောက်ချင်ပါတယ် MZH က comment တစ်ခုမှာ မကြီးစိုး စဆရ လို့ သုံးနူန်းထားပါတယ် စစ်သားသားသမီးဖြစ်လို့ ဒီအသုံးအနူံးကို ကျမ နားလည်ပါတယ် ဦး MZN ရှင် ( ဦးနဲ့ပတ်သက်လို့ အနဲငယ် သိထားတဲ့ အတွက် ဦးတတ်ပြီး ခေါ လိုက်တာပါ ) ဦးပြောသလို အကြောင်းအရာတွေ ချန်ထားခဲ့လို့ ဆိုပြီး မရှိတဲ့ အကြောင်းအရာ တွေ အတွက် ကျမ ကတော့ ဘယ်တော့မှ ကျေးဇူးတင်မှာ မဟုတ်ပါဘူးရှင် ဒါပေမဲ့ ဦးပြောတဲ့ အသုံးနူန်းတိုင်း ပြောရရင် ကျမ အတွက် MZN စဆရ မှာ မိတ်ဆွေကောင်းတွေ အများကြီး ထပ်ရလိုက်လို့ ဒီအတွက်တော့ ဦး ကို ကျေးဇူးတင်မိပါတယ် ဘယ်သူ နဲ့မှ ရေရှည် အခြေ အတင် မဖြစ်ချင်တာ ကျမ ဆန္ဒ ပါ လူမူဆက်ဆံရေးဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး ကဏ္ဍ ပါ လူမူဆက်ဆံရေး မပြေလည်ရင် တခြား ဘယ်အရာ မှ အဆင်ပြေမှာ မဟုတ်ပါဘူး ကျမ နိုင်ငံခြားမှာနေရတဲ့ အချိန်မှာ သိခဲ့တဲ့ ဥပဒေ တစ်ခု ရှိပါတယ် ဘယ်နိုင်ငံမှာဘဲ နေနေ နိုင်ငံတိုင်းရဲ့ ဥပဒေ မှာ တူညီတဲ့ ဥပဒေ တစ်ခုတော့ ရှိပါတယ် အနုပညာရှင်များ (သို့) အောင်မြင်ထင်ရှား လူသိများသူတွေရဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာတွေကို (၁) ကာယကံရဲ့ ခွင့်ပြုချက်မရရှိပါက (၂) တရားဥပဒေအရ အကြောင်းမတိုက်ဆိုင် (သို့) တရားရုံးမှ ခွင့်ပြုချက်မရရှိပါက (၃) လက်ရှိ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် ကျုးလွန်နေသူဟု ခိုင်လုံသော သတင်းအထောက်အထား မရှိပါက ဘယ်တော့မှ လူအများမြင်သာတဲ့ နေရာတွေမှာ ဖြန့်ဝေ နိုင်ခွင့် မရှိဘူး ဆိုတာပါဘဲ ကျမကတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အနေခက် တာမျိုး မဖြစ်စေချင် သလို ဥပဒေ နဲ့ စကားပြောရတာမျိုးတွေ အထိ လဲ အလုပ်တွေ မရူပ်ချင်ပါ အဲဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ပထမဆုံးနဲ့နောက်ဆုံး ရှင်းပြတာပါ
နောက်ထပ် ဒါနဲ့ ပတ်သက်တဲ့ ဘာ အကြောင်းအရာ ကိုမှ ကျမ ပြန်ရှင်းပြ မှာ မဟုတ်ပါဘူး
လူ့အခွင့်အရေး ကို တကယ်နားလည်လေးစားမယ်ဆို ရင် စာနာစိတ်နဲ့ ဆက်ဆံရေးကို အသုံးပြုကြတာ အကောင်းဆုံး မဟုတ်ဘူးလား

ကျမကို ချစ်တဲ့ ပရိတ်သပ်များ
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး
နာမည်ပါခဲ့တဲ့ အနုပညာ မောင်နှမ များရှင်
ကျမနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် ရခဲ့ကြတဲ့ အတွက် ဒီနေရာကနေ ကျမ တောင်းပန်ပါတယ်
ကျမ ကိုနားလည်ပေးကြပါ

ဒီကိစ္စမှာ ကျမ ကိုကူညီဖေးမခဲ့တဲ့ သူများ နဲ့ အကြံဥာဏ်ပေးခဲ့သူတွေအားလုံးကို
အထူးကျေးဇူးတင်ပါတယ်

အားလုံး မင်္ဂလာရှိသော သူများ ဖြစ်ကြပ်စေရှင်။

စိုးမြတ်သူဇာ
2nd December 2013
1:30 pm

SOEMYAT THUZAR စိုးမြတ်သူဇာ ဖေ့ဘုတ်မှ
Popular Journal

ဒီဇင်ဘာလ(၁)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ်၏ အတွဲ ၂ အမှတ် ၃၀


ဒီဇင်ဘာလ(၄)ရက်နေ့ ထုတ် Mobile Guide Issue 131


နိုင်ငံရေး ဆွေးနွေးပွဲတွင် တိုင်းရင်းသားများ တောင်းဆိုမည့် အချက်များကို ကြိုတင်တွက်ထားပြီးဖြစ်ကာ အာဏာခွဲဝေရေး၌ တိုင်းရင်းသားများ ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်နိုင်ရန် အာဏာပြန်အပ်မည်ဟု ၀န်ကြီးဦးအောင်မင်းဆို

နိုင်ငံရေး ဆွေးနွေးပွဲတွင် တိုင်းရင်းသားများ တောင်းဆိုမည့် အချက်များကို ကြိုတွက်ထားပြီးဖြစ်ကာ အာဏာခွဲဝေရေးတွင် တိုင်းရင်းသားများ ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်နိုင်ရန် အာဏာပြန်အပ်မည်ဟု သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၃၀ ရက်က ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ပြုလုပ်သော "တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ" ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို အရပ်ဘက် လူမှုအဖွဲ့အစည်းများအား ရှင်းပြစဉ် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "နိုင်ငံရေး ဆွေးနွေးပွဲမှာ သူတို့ (တိုင်းရင်းသားတွေ)ဘာကို တောင်းဆိုမလဲ။ ကျွန်တော်တို့တွေ ကြိုပြီးတွက်ထား ပြီးသား။ ကျွန်တော်တို့က ဒီတိုင်းရင်းသားတွေနဲ့ အကြိမ်နှစ်ရာလောက် တွေ့ထားပြီးသား" ဟု ဆိုသည်။ တိုင်းရင်းသားများ လိုလားသည့် အချက်များမှာ တန်းတူညီတူ အခွင့်အရေး ရရှိရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့် ရရှိရေးတို့ ဖြစ်ကြောင်း၊ အဆိုပါ အချက်နှစ်ချက်ကို ပေါင်းလိုက်ပါက ဖက်ဒရယ်ပင် ဖြစ်ကြောင်း၊ ဖက်ဒရယ်ကို သွားမည်ဟု သမ္မတကြီးကလည်း ကြေညာထားပြီးဖြစ်ကြောင်း၊ ဖက်ဒရယ်ကို လုပ်ဆောင်ရာတွင် အာဏာခွဲဝေရေးနှင့် သယံဇာတ ခွဲဝေရေးကို ဆွေးနွေးကြရမည်ဖြစ်ကြောင်း ၀န်ကြီးဦးအောင်မင်းက ပြောကြားသည်။

"အာဏာခွဲဝေရေးမှာ ကျွန်တော်တို့က ဘယ်လောက်အထိ စဉ်းစားထားလဲဆိုရင် ကချင်ပြည်နယ်ကို ကချင်ပြည်နယ်သားတွေ အုပ်ချုပ်ရမယ်။ ရှမ်းပြည်နယ်ကို ရှမ်းပြည်နယ်သားတွေ အုပ်ချုပ်ရမယ်။ အကုန်လုံး အာဏာတွေ အားလုံးကို သူတို့ကို ပြန်အပ်ရမယ်။ အဲဒီလို အပ်တဲ့အခါမှာလည်း သူတို့က ဥပဒေနဲ့အညီ သူတို့ပြန် အုပ်ချုပ်ရမယ်။ ဒါဘာမှ မခက်ဘူး။ ဒါတွေအကုန်လုံးက စဉ်းစားထားပြီးသား" ဟု ၎င်းကဆိုသည်။

Eleven Media Group

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နိုင်ငံတော်မှ ပေးချေရမည့် ဟိုတယ်အချို့၏ အခန်းခများအား တစ်ပြေးညီ သတ်မှတ်ထားပြီး ကျန်ရှိသည့် ဟိုတယ်အခန်းခ များကိုမူ ဈေးနှုန်းသတ်မှတ်ထားခြင်း မရှိဘဲ ပေါက်ဈေးအတိုင်း ပေးချေရမည်



ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဧည့်သည်များ တည်းခိုရန် စီစဉ်ထားသည့် ရန်ကုန်ဆီဒိုးနား ဟိုတယ်အား တွေ့ရစဉ်


ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နိုင်ငံတော်မှ ပေးချေရမည့် ဟိုတယ်အချို့ အခန်းခများကို တစ်ပြေးညီ သတ်မှတ်ထားပြီး ကျန်ရှိသည့် ဟိုတယ်အခန်းခ များကိုမူ ဈေးနှုန်းသတ်မှတ်ထားခြင်း မရှိပဲ ပေါက်ဈေးအတိုင်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

"အားကစား သမားတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ အထူးဧည့်သည်တွေ တည်းခိုမယ့် အခန်းခကို နိုင်ငံတော်က ကျခံပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ပေးချေမှာ ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်းရှင်တွေ ကိုလည်း အသိပေးထား ပြီးပါပြီ" ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကောင်းထွဋ်က ပြောပြခဲ့သည်။

နိုင်ငံတော်မှ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးရှိ ဟိုတယ်အလုံးပေါင်း ၂၀ ခန့်ရှိ အခန်းခများကို ပေးချေမည်ဖြစ်ပြီး တစ်ရက်လျှင် ဒေါ်လာ ၅၀ နှုန်းထက် မပိုသော ဈေးနှုန်းသတ်မှတ်ထားကြောင်း သိရသည်။

ပြိုင်ပွဲသို့ လာရောက်ကြည့်ရှု့ ကြရာတွင် ပြည်တွင်းပြည်ပမှ တည်းခိုမည့် ဧည့်သည်များအတွက် အခန်းခများကိုလည်း သတ်မှတ်ထားခြင်း ရှိမရှိကို ဟိုတယ်ဇုန် အချို့အား မေးမြန်းခဲ့ရာ "ဈေးနှုန်းသတ်မှတ် ထားတာမျိုး မရှိပါဘူး။ ပေါက်ဈေးအတိုင်း ပေးချေရမှာပါ" ဟု မန္တလေး ဟိုတယ်ဇုန် ဥက္ကဌ ဦးမြင့်ဇွန်က ပြောပြခဲ့သည်။

ဆက်လက်၍ ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးကြည်သိန်းကိုက "အားကစား သမားတွေ နည်းပြတွေနဲ့ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တွေ အတွက်က ဒေါ်လာ ၅၀ ထက် ပိုယူလို့ မရပါဘူး။ အခြားဧည့်သည်တွေ အတွက်ကတော့ ဈေးသတ်မှတ်တာမျိုး မရှိပဲ ပေါက်ဈေးအတိုင်းပဲ ပေးချေရမှာ ဖြစ်ပါတယ်" ဟု ပြောပြခဲ့သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ငွေဆောင်ကမ်းခြေတို့တွင် အားကစားနည်းများအလိုက် ကျင်းပသွားမည် ဖြစ်သဖြင့် ရန်ကုန်တွင် ဟိုတယ် ၃၃ လုံးမှ အခန်း ၁၁၉၄ ခန်း၊ မန္တလေးတွင် ဟိုတယ် ၁၉ လုံးမှ အခန်း ၄၄၂ ခန်း၊ နေပြည်တော်တွင် ဟိုတယ် ၂၆ လုံးမှ အခန်း ၄၁၄၅ ခန်းနှင့် ငွေဆောင်တွင် ဟိုတယ် ၉ လုံးမှ အခန်းပေါင်း ၂၂၂ လုံး အသီးသီး အသုံးပြု သွားမည်ဖြစ်ပြီး ဟိုတယ်အလုံးပေါင်း ၁၁၄ လုံးမှ အခန်းပေါင်း ၆၀၀၀ ကျော်ကို အသုံးပြုမည်ဟု သိရသည်။



အွန်လိုင်းတွင် ပျံ့နှံ့နေသည့် မူးယစ်ဆေးသုံးစွဲအနုပညာရှင်များစာရင်း လူမင်း စုံစမ်းဖော်ထုတ်မည်

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)| တနင်္လာနေ့၊ ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၃ ခုနှစ်

ဖေ့စ်ဘွတ်စာမျက်နှာတွင် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ ပျံ့နှံ့လျက်ရှိသည့် မူးယစ်ဆေးဝါးအသုံးပြုသည့် အနုပညာရှင်များ၏အမည်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းကသူ၏အမည်ပါဝင်နေ ခြင်းနှင့်ပတ်သက်၍ ငြင်းဆိုခဲ့သည့်အပြင် ၎င်းကိစ္စအား စုံစမ်းဖော်ထုတ်သွားမည်ဖြစ်သည်ဟု မဇ္ဈိမ သတင်းစာသို့ ဒီဇင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။

ယခုပျံ့နှံ့လျက်ရှိသည့် အနုပညာရှင်များ မူးယစ်ဆေးဝါးအသုံးပြုသောအကြောင်းအရာမှာ ၂၀၀၈ ခုနှစ် က အနုပညာရှင်နှစ်ဦးအား ခေါ်ယူစစ်ဆေးသည့် မှုခင်းမှတ်တမ်းထွက်ဆိုချက်အနေဖြင့် ထွက်ရှိလာ ခဲ့ခြင်းဖြစ်သည်။

“စာတွေထဲမှာပါတဲ့အကြောင်းအရာတွေက တကယ် ဟုတ်၊ မဟုတ်ဆိုတာကို စုံစမ်းနေပါတယ်။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အကြမ်းဖျင်းအားဖြင့်တော့ ပြောရမယ်ဆိုရင်တော့ စဉ်းစားကြည့်မယ်ဆိုရင် ဒီကိစ္စ ဟာ တကယ်အစစ်အမှန် ဟုတ်လား၊ မဟုတ်လားဆိုတာကို ပြောရမှာပါ။ ဟုတ်နေတယ်၊ တကယ်အစစ် အမှန်ဆိုရင်တော့ သက်ဆိုင်ရာက တာဝန်ယူရပါလိမ့်မယ်။ အစစ်အမှန်မဟုတ်ရင်တော့လည်း မဟုတ် တဲ့အတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ။ အခု ဒီစာထဲမှာလည်း ကျွန်တော်လည်း ပါတယ်။ ကျွန် တော့်နာမည်ပါလို့ ဘာမှထွေထွေ ထူးထူးမခံစားရပါဘူး။ မူးယစ်ဆေးဝါးကို ငယ်ငယ်လေးကတည်းက စမ်းတောင်မစမ်းဖူးပါဘူး။ ဒါဟာ သုံးဖို့မပြောပါနဲ့။ အစ်ကို ကင်းရှင်းတယ်ဆိုတာ အနုပညာ လောကထဲ ကသူတိုင်း အားလုံးသိကြပါတယ်”ဟု လူမင်းက ပြောဆိုလိုက်သည်။

လူမင်းသည် လက်ရှိတွင် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်သည့်အသင်းတွင် ချစ်ကြည်ရေးသံတမန် အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် အနုပညာရှင်များနှင့် မူးယစ်ဆေးဝါး ပြဿနာကို ဖော်ထုတ်သွားမည် ဖြစ်သည်။ ယင်းသို့ဖော်ထုတ်ရာတွင် ခိုင်မာမှုရှိပါက တရားဝင်ထုတ် ဖော်ပြောဆိုသွားမည်ဟုလည်း ထပ်မံပြောဆိုလိုက်သည်။

ယင်းသို့မှုခင်းစစ်ချက်ကို ထွက်ဆိုထားသူနှစ်ဦးမှာ မင်းသမီးနှစ်ဦးဟု ဖေ့စ်ဘွတ်တွင် ဖော်ပြထားပြီး ၎င်းတို့အား ဆက်သွယ်မေးမြန်းရာတွင်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

အဆိုပါစာရင်းတွင် ဖော်ပြခြင်းခံရသူ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က “ဒီကိစ္စက ဘယ်သူတွေ တင်တာလဲ၊ ဘယ်သူတွေ လုပ်တာလဲဆိုတာကို သိဖို့လိုပါတယ်။ ဒီကိစ္စကို ကျွန်တော်ကန့်ကွက်ပါ တယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့ စုံစမ်းသင့်ပါတယ်၊ ကန့်ကွက်သင့်ပါတယ်။ တရားဝင်ဖြစ်လား မဖြစ် လား၊ ဟုတ်လား မဟုတ်လားဆိုတာကိုတော့ သိရမှပါ။မစိုးကြီးကတော့ မဟုတ်ဘူးလို့ပြောတယ်။ ဒီကိစ္စ ဟာ လျှို့ဝှက်ချက်ဖြစ်ရမှာဆိုတော့အပြင်ကို မထွက်သင့်ပါဘူး။ သက်ဆိုင်ရာက တာဝန်ရှိပါတယ်။ အဲဒါ ကို သေချာလုပ်သင့်တယ်လို့ ထင်ပါတယ်”ဟု ယင်းက ပြောသည်။

ဆေးဝါးသုံးစွဲသည်ဟု ဆက်စပ်ဖော်ထုတ်ခြင်းခံရသည့် အနုပညာရှင်များ စာရင်းတွင် ကွယ်လွန်သူ မင်းသားလည်း ပါဝင်လျက်ရှိသည်ဟု ဖော်ပြထားပြီး ကွယ်လွန်ချိန်အထိ ဖောက်သည်တစ်ဦး အနေဖြင့် ရှိခဲ့သည်ဟုလည်း ပါရှိသည်။ ဒါ့အပြင် ဂီတလောကမှ ထင်ပေါ်ကျော်ကြားသူများ၊ စီးပွားရေးအသိုင်း အ၀ိုင်းနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးအမည်များလည်း အဆိုပါစစ်ချက်၏ ပြောကြားချက်တွင် ပါဝင်လျက်ရှိပြီး အချို့မှာ မူးယစ်ဆေးဝါးအမှုဖြင့် ထိန်းသိမ်းခြင်းခံခဲ့ရသူ ထိပ်တန်းစီးပွားရေးသမားနှင့် ပြန်လည်လွတ်မြောက်လာသည့် ဒါရိုက်တာတစ်ဦး၏အမည်လည်း ပါဝင်လျက်ရှိသည်။
Mizzima - News in Burmese

ရင်လတ် ကို ဝန်ကြီးရာထူးမှ နှုတ်ထွက်ရန် ထိုင်းပြည်သူတို့ ရာဇသံပေး




လက်ရှိ ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝက်ထရာ ကို သမ္မတ ရာထူးကနေ ၂ ရက်အတွင်း နှုတ်ထွက်ပေးဖို့ အတွက် ထိုင်းပြည်သူတို့ ရာဇသံပေးခဲ့ကြောင်း သိရ ပါတယ်။

အစိုးရ ဆန့်ကျင့် သပိတ်ခေါင်းဆောင် Suthep Thaugsuban ကိုယ်တိုင် ရင်လတ်နဲ့လည်း တွေ့ဆုံခဲ့ပြိး ယင်းစကားကို ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ က အစိုးရ ဆန့်ကျင့် ဆန္ဒပြပွဲ အတော်လေး ပြင်းထန်နေပါပြီ။ အစိုးရ ဆန့်ကျင်တဲ့ ရှပ်ဝါနဲ့ အစိုးရ ထောက်ခံ ရှပ်နီတို့ ထိပ်တိုက် တွေ့ဆုံတဲ့ အခြေအနေ အထိ ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေး ရဲများရဲ့  လက်နက်သုံး ဖြိုခွင်းမှုကြောင့် ၂ ဦးသေဆုံး ၄၈ ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။ ရင်လတ်ကို ဆန့်ကျင်တဲ့ အဖွဲ့ဟာ လက်ရှိမှာ ဝန်ကြီးချုပ်ရုံး၊ အစိုးရ ဌာနကို ဦးတည်လို့ ဆန္ဒပြပြီး ထိုင်း တပ်မတော်ကလည်း လုံခြုံရေးကို တင်းကြပ်လာပါတယ်။ ထိုင်းတပ်မတော်မှ ရာထူး အကြီးဆုံး အရာရှိများ ပါဝင်လာတဲ့ ပထမဦးဆုံး ပြည်တွင်း ပဋိပက္ခဖြစ်ကြောင်းလည်း ဆိုပါတယ်။ ထိုင်းတပ်မတော် ခေါင်းဆောင် Prayuth Chan- ocha ကိုယ်တိုင်လည်း ပါဝင်လာခြင်း ဖြစ်ပါတယ်။

ဒီတော့ စစ်အာဏာသိမ်းမှုပဲ ထပ်ဖြစ်မလား၊ ရင်လတ်ပဲ ရာထူးက နှုတ်ထွက်မလား၊ အစိုးရ ဆန့်ကျင်အဖွဲ့ပဲ ကျရှုံးမလားဆိုတာ ရင်တမမ နဲ့ စောင့်ကြည့်နေရတဲ့ ကာလ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို ထိုင်းနိုင်ငံ ပြန်လည် ဝင်ရောက်လာခွင့်ရှိအောင် နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းခွင့် ဥပဒေကို ရင်လတ်တို့ ပျူထိုင်းပါတီက လွတ်တော်သို့ တင်သွင်းပြီး အတည်ပြုရန် ကြိုးစားခြင်းဖြစ်ကြောင်း နိုင်ငံရေး ပညာရှင်များက ခန့်မှန်း ပြောဆိုပါတယ်။ သက်ဆင် ဝင်ရောက်လာမှုအပေါ်ကို ဘန်ကောက်က အလယ်လတ်တန်းနဲ့ အထက်တန်း လူတန်းစား ပါဝင်သော ရှပ်ဝါ အုပ်စုက စတင် ဆန္ဒပြခြင်း ဖြစ်ပြီး လူပေါင်း သောင်းချီ အင်အား ကြီးထွားလာခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပေါ်က ပဋိပက္ခဟာ ယခု ရက်ပိုင်းအတွင်း တိကျသော အဖြေ တစ်ခု ထွက်နိုင်မယ်လို့ ကမ္ဘာ့ စောင့်ကြည့်သူများက ခန့်မှန်းထားကြကြောင်း သိရပါတယ်။
.
Ref: Xinhua
အောင်ခမ်း ( ရိုးရာလေး ) 

ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် VINTAGE LUXURY ရေပေါ်ဟိုတယ်သစ်အား ဇန်န၀ါရီလတွင် ဖွင့်လှစ်မည်



ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် VINTAGE LUXURY ရေပေါ်ဟိုတယ်သစ်အား တွေ့ရစဉ်


ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် VINTAGE LUXURY ရေပေါ်ဟိုတယ်သစ်အား လာမည့်ဇန်န၀ါရီ လကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

"သင်္ဘောအပြင်ပိုင်း ပြင်ဆင်မှုတွေ ပြုလုပ်ပြီးပါပြီ။ ဟိုတယ်အတွင်းပိုင်း ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဇန်န၀ါရီ လကုန်ပိုင်းလောက်မှာ ရေပေါ်ဟိုတယ်ကို ဖွင့်လှစ်နိုင်မှာပါ" ဟု လှလှပပ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဗိုလ်တထောင် ဆိပ်ကမ်း၌ ရေပေါ်ဟိုတယ် သင်္ဘောဆိုက်ကပ်မည့် ဆိပ်ခံတံတား နှစ်စီးအား တည်ဆောက်နေပြီး၊ မကြာခင် အချိန်တွင် ပြီးစီးတော့မည်ဟု သိရသည်။ ဗိုလ်တထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တိုးချဲ့တည်ဆောက်ရန် ဆိပ်ကမ်းအမှတ် ၃ ဘောတံတားမှ အမှတ် ၁ ကုန်းတွင်း ကုန်သေတ္တာစင်ထိပ်ထိ ကမ်းနားတစ်လျှောက် ရေကာတံတိုင်း ဆောက်လုပ်၍ မြေဖို့ပြီး မြေနေရာ တိုးချဲ့ခြင်းများ ပြုလုပ်ရန် ၂၀၁၂ ဇူလိုင်လအတွင်း သတ်မှတ်ခဲ့သည်။

အဆိုပါ ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ လှလှပပ ကုမ္ပဏီ လိမီတက်က ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအား စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှလှပပ ကုမ္ပဏီမှ ရေပေါ်ဟိုတယ် ဖွင့်လှစ်ရန် ဖင်လန်နိုင်ငံမှ တန်ချိန်နှစ်ထောင်ကျော်ရှိသည့် စက်မဲ့သင်္ဘော တစ်စီးအား ၀ယ်ယူခဲ့ကြောင်း သိရသည်။ ယင်းသင်္ဘောသည် သြဂုတ် ၁၈ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး၊ ယင်းသင်္ဘောအား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို မြန်မာ့သင်္ဘောကျင်းရှိ ၁၂၀၀၀ ရေလုံ သင်္ဘောကျင်းတွင် ဆောင်ရွက်ခဲ့သည်။ အဆိုပါ စက်မဲ့သင်္ဘောသည် အလျား ၁၀၆ မီတာ၊ အကျယ်အ၀န်း ၁၈.၄ မီတာ၊ ရေစူး ၂ မီတာနှင့် တန်ချိန်နှစ်ထောင်ကျော် ရှိကြောင်း သိရသည်။

သင်္ဘောအား ပြုပြင်ခြင်း လုပ်ငန်းများကို စက်တင်ဘာလမှ စတင်ကာ လုပ်ဆောင်လျက်ရှိပြီး ဇန်န၀ါရီ လကုန်ပိုင်းတွင် အပြီးသတ် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် လှလှပပ ကုမ္ပဏီပိုင် ရေပေါ်ဟိုတယ် သင်္ဘောတွင် နှစ်ယောက်ခန်း ၁၀၄ ခန်း ပါဝင်ပြီး၊ စားသောက်ခန်း နှစ်ခန်းနှင့် ဘားကောင်တာများ ပါမည်ဖြစ်သည်။

Eleven Media Group

တူ နဲ့ထုလည်း မကွဲနိုင်တဲ့ စမတ်ဖုန်းမျက်နှာပြင် စတင်ရောင်းပြီ


ခွန်နေ(AMMG)

နမော်နမဲ့နိုင်တဲ့ ကိုကို၊မမ တွေအတွက် ကမ္ဘာ့အကြမ်းအခံဆုံး စတ်ဖုန်းမျက်
နှာပြင်ကို Cambridge အခြေစိုက် Evolutive Labs ကထုတ် လုပ်ဖြန့် ချိရောင်းချပေးတော့ မှာပါ။

ဖုန်းမကြာခဏလွတ်ကျသူတွေအတွက် ပူစရာမလိုတော့သလို အဆိုပါ မှန်မျက်နှာပြင်ကို တူနဲ့ထုရင်တောင် မကွဲဘူးလို့ ထုတ်လုပ်တဲ့ ပညာရှင်တွေ
ကအမွန်းတင်ထားပါတယ်။

Rhino Shield Protector လို့အမည်ပေးထားတဲ့ အဆိုပါမှန်ရဲ့အထူက စာရွက်တစ်ရွက်ထက် သုံးဆသာထူပြီး ကြမ်းတမ်းတဲ့ ကွန်ကရစ်မျက်နှာပြင်
ပေါ် ပြုတ်ကျရင်တောင်ဘာမှမဖြစ်သလို ၄၈ မီတာအမြင့်ကနေ ၂၈၈ ဂရမ်
အလေးချိန်ရှိတဲ့ သံမဏိဘောလုံးပစ်ချရင်တောင် မျက်နှာပြင်ထိခိုက်ခြင်းမရှိ
တာကို စမ်းသပ်တွေ့ရှိထားပါတယ်။

ပိုလီမာ အခြေခံပြီး Evolutive Labs ရဲ့ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထား
တဲ့ အဆိုပါ မှန်မျက်နှာပြင်ကို iPhone အပါအဝင် လက်ရှိတန်းမြင့်ဖုန်းတွေ
ဖြစ်တဲ့ Gorilla Glass တွေထက်ပိုမိုကြံ့ခိုင်ပြီး တို့ထိအာရုံခံစနစ် ကိုလည်း
အနှောက်အယှက် မပေးဘူးလို့သိရပါတယ်။

သို့ပေမယ့် လက်တလောမှာတော့ အဆိုပါမျက်နှာပြင်ကို iPhone 5,5S နဲ့ 5Cတို့မှာသာ တပ်ဆင်အသုံးပြုနိုင်ဦးမှာဖြစ်ပြီး အခြားစမတ်ဖုန်းတွေမှာ ရမရ
ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ရောင်းဈေး အမေရိကန် ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဈေးနဲ့ ဖြန့်ချိရောင်းချပေး
သွားမယ်လို့ သိရပါတယ်။

Ref:DailMail

Stuff Myanmar Magazine

အမေရိကန်ဒေါ်လာဈေး ရက်ပိုင်းအတွင်း ရုတ်တရက် မြင့်တက်


လအနည်းငယ်အကြာ တည်ငြိမ်နေခဲ့သည့် အမေရိကန်ဒေါ်လာ လဲလှယ် နှုန်းထားများမှာ ငွေလဲ ကောင်တာများနှင့် ပြင်ပဈေးကွက်တွင် ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၁၀ ကျပ်ခန့် ရုတ်တရက် မြင့်တက် လာကြောင်း ငွေကြေးဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တရားဝင် ငွေလဲကောင်တာ များတွင် အောက်တိုဘာလဆန်း ပိုင်းမှ စတင်၍ ဝယ်ဈေး ၉၆၉ ကျပ်၊ ရောင်းဈေး ၉၇၆ ကျပ် ဝန်းကျင်တွင် ရှိနေရာမှ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဝယ်ဈေး ၉၇၉ ကျပ်မှ ရောင်းဈေး ၉၈၉ ကျပ်အထိ မြင့်တက်သွားကြောင်း ငွေလဲကောင်တာ လဲလှယ် နှုန်းထားများအရ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုဝင်ဘာလ ၂၁ ရက်နေ့ တစ်ဒေါ်လာ သတ်မှတ်နှုန်းထားမှာ ၉၇၃ ကျပ်သာ ဖြစ်သော်လည်း နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ ၉၈၃ ကျပ်ဟု ပြောင်းလဲ သတ်မှတ်ထားကြောင်း ဗဟိုဘဏ်က ကြေညာသည်။

တရားဝင် ငွေလဲကောင်တာများ သာမက ပြင်ပဈေးကွက်တွင်ပါ ဒေါ်လာဈေး အပြောင်းအလဲ ရှိပြီး ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၄ ကျပ်ဝန်းကျင် မြင့်တက်ခဲ့ကြောင်း ပြင်ပ ငွေကြေးဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

ပြင်ပဈေးကွက်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့က ဝယ်ဈေး တစ်ဒေါ်လာလျှင် ၉၇၀ ကျပ်၊ ရောင်းဈေး ၉၇၆ ကျပ်သာ ရှိရာမှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဝယ်ဈေး ၉၇၄ ကျပ်၊ ရောင်းဈေး ၉၈၀ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိကြောင်း ယင်းဈေးကွက် အတွင်းမှ သိရသည်။

ဒေါ်လာလဲနှုန်း တက်သော်လည်း ပြည်ပမှ တင်သွင်းရသော စက်သုံးဆီ ဈေးနှုန်းများမှာမူ အပြောင်းအလဲ မရှိသေးကြောင်း ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly