ဘုရားဖူးယာဉ်ပေါ်မှ ပစ်ချသည့် မုန့်လိုက်ကောက်သူကလေးငယ်အား နောက်ယာဉ်မှတိုက်မိသေဆုံး

ပို့စ်တင်ချိန် - 12/02/2013 09:04:00 AM

၁.၁၂.၂၀၁၃ရက်နေ့ ၀၉၄၅အချိန် မှော်ဘီမြို့နယ်၊ ၀ါးနက်ချောင်း
ကျေးရွာအုပ်စု၊ တိုက်နယ်ဆေးရုံ အနီး၊ မှော်ဘီ-၀ါးနက်ချောင်းလမ်းပေါ်တွင် ယာဉ်မောင်း သိန်းဇော် (ဘ)ဦးသန်းရွှေ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်
နေသူမောင်းနှင်လာသည့် ၈င/----၊ လိုက်ထရပ်အဖြူရောင်ယာဉ်သည် လားရာတူ ၎င်း၏ရှေ့ရှိ ဘုရားဖူးယာဉ်များပေါ်မှ ပစ်ချပေးသော မုန့်များအားလိုက်ကောက်နေသည့် မစန္ဒာထွေး (ဘ)ဦးအောင်ထွေး၊ ၀ါးနက်ချောင်းကျေးရွာ၊ မှော်ဘီမြို့နယ်နေသူအား ပွတ်တိုက်မိ၍ မစန္ဒာထွေးတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ယာဒူး/ယာခြေသလုံး
ပွန်းပဲ့ဒဏ်ရာများရရှိသဖြင့် တိုက်နယ်ဆေးရုံ သို့တင်ပို့စဉ်
သေဆုံးသွားသောကြောင့် ယာဉ်မောင်း သိန်းဇော်အား
မှော်ဘီမြို့မရဲစခန်း ယာဉ်(ပ)၇၄/၂၀၁၃၊ ပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police