ရန်ကုန်မြို့တော်ရှိ မြို့နယ် ၁၈ ခု မြို့ပြ မြေအသုံးချမှုဇုန်အဖြစ် သတ်မှတ်


ရန်ကုန်၊ ဒီဇင်ဘာ ၈

မြေအသုံးချမှုအပေါ် ကန့်သတ်ခြင်း အားပေးခြင်းများ လုပ်ဆောင်နိုင်ရန် ရန်ကုန်မြို့တော် အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်ကို မြို့ပြ မြေအသုံးချမှု ဇုန်များအဖြစ် နိုဝင်ဘာလကုန်က စတင် သတ်မှတ်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဇုန်သတ်မှတ်မှုများကို ၂၀၁၃ ခုနှစ် ဇွန်လက စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလကုန်တွင် မြို့နယ် ၁၈ခု သတ်မှတ်နိုင်ခဲ့ပြီး ၎င်းတို့မှာ အင်းစိန်၊ အလုံ၊ ဗဟန်း၊ ဒဂုံ၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ လသာ၊ ကျောက်တံတား၊ ပုဇွန်တောင်၊ တာမွေ၊ ရန်ကင်းမြို့နယ်တို့ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စုံစမ်းသိရှိရသည်။

မြေအသုံးချမှုနှင့် ပတ်သက်၍ မြေ အသုံးချမှုဇုန်များ သတ်မှတ်ရန် ကော်မတီ ဖွဲ့စည်း ဆောင်ရွက်မည် ဖြစ်ပြီး မြို့နယ်တစ်ခုစီ၏ မြေအသုံးချမှုအပေါ် ကန့်သတ်ခြင်း၊ အားပေးခြင်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ပညာရှင်များ၊ ပြည်သူ့ ဆောက်လုပ်ရေး၊ နည်းပညာ တက္ကသိုလ်၊ ရှေးဟောင်း အမွေအနှစ် ပညာရှင်၊ ဗိသုကာ အသင်းနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအသင်း (JICA) တို့ ပူးပေါင်း၍ ဇုန်များ ခွဲခြားရေး စီမံကိန်း ရေးဆွဲပြီးဖြစ်ရာ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပညာရှင်များ၊ မြေရှင်များကို ခေါ်ယူကာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားရန် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က နိုဝင်ဘာလကုန်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တွင် ပြုလုပ်သော ဆိပ်ကမ်းများ တိုးချဲ့ ဆောက်လုပ်နေမှု ရှင်းလင်း တင်ပြသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြို့ပြ မြေအသုံးချမှုဇုန်နှင့် ပတ်သက်၍ JICA အဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်နေသည့် Greater Yangon စီမံကိန်းတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဆိပ်ကမ်းဧရိယာ အတွင်းရှိ ပန်းဆိုးတန်း ကမ်းနားဒေသကို စိမ်းလန်းမြေ အဖြစ်သာ ထားရှိရန်နှင့် အများနှင့် သက်ဆိုင်သော အဆောက် အအုံကို နှစ်ထပ်အထက် မပိုစေဘဲ ဆောက်လုပ်ရန် စသဖြင့် ကန့်သတ်ထားသော အထပ်မြင့် ဆောက်လုပ်ခွင့် မရှိသော ဧရိယာအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က သတ်မှတ်ထားကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က တရားဝင် ကြေညာခဲ့သည်။
The Voice Weekly

SEA Games လုပ်အားပေး အင်ဂျင်နီယာ ၁၈ ဦး ဝမ်းရောဂါဖြစ်


ရန်ကုန်၊ ဒီဇင်ဘာ ၈

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် SEA Games ပြိုင်ပွဲ၌ လုပ်အားပေးနေသည့် မြန်မာ အင်ဂျင်နီယာ ၁၈ ဦးသည် ဒီဇင်ဘာ ၈ ရက်နေ့တွင် ဝမ်းရောဂါ ဖြစ်ပွားနေကြောင်း ဇမ္ဗူသီရိမြို့ ဗလသိန္ဓိ ရပ်ကွက်တွင်ရှိသော အ.ထ.က.၆ အဆောင်မှ ဒုတိယ အဆောင်တာဝန်ခံ ဦးသာဒုတ်က ပြောကြားသည်။

ယင်းအဆောင်တွင် နေထိုင်သူ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော်တွင် အင်ဂျင်နီယာ ၂၈၀ ဦးကျော် ရှိပြီး အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး သုံးဦးတို့ ဝမ်းရောဂါ ဖြစ်ပွားသဖြင့် ဗဟိုကူးစက်ရောဂါ ကာကွယ်ရေးဌာနက လာရောက် စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ပေါ်ခဲ့ခြင်းမှာ အစားအစာ သန့်ရှင်းမှု မရှိခြင်း၊ စားဖိုဆောင်နှင့် အိမ်သာ နီးကပ်ခြင်း တို့ကြောင့် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယင်းအင်ဂျင်နီယာများသည် ပြိုင်ပွဲ ကျင်းပလျက်ရှိသည့် အားကစား ကွင်းများကို တာဝန်ယူ လုပ်အားပေးရသော လူငယ်များဖြစ်ကာ ယမန်နေ့ည ၁၂ နာရီက သုံးဦးမှာ ဝမ်းစတင်သွားကြောင်း၊ ဒီဇင်ဘာ နံနက် ၄ နာရီခန့်တွင် ကျန်သူများကို ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ဗဟို ကူးဆက်ရောဂါ ကာကွယ်ရေးဌာနက လာရောက် စစ်ဆေးရာတွင် ဝမ်းကိုက်၊ ဝမ်းရောင်သာ ဖြစ်ပြီး စိုးရိမ်စရာ မရှိခြင်းကြောင့် သောက်ဆေး တစ်ရက်စာ ပေးထားခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယင်းအဆောင်တွင် လူဦးရေ ၁၀၀၀ ကျော် ရှိသော်လည်း အိမ်သာမှာ အနည်းငယ်သာ ရှိကြောင်း၊ လူ ၁၀ ဦးအတွက် အိမ်သာအခန်း တစ်ခန်းနှုန်းသာ ရှိကြောင်း ယင်းအဆောင် ဒုတိယတာဝန်ခံက ဝမ်းရောဂါ ဖြစ်ခဲ့ရခြင်းနှင့် ပတ်သက်၍ ထပ်လောင်း ပြောဆိုသည်။

ဗဟို ကူးဆက်ရောဂါ ကာကွယ်ရေးဌာနသို့ ဒီဇင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းက ဆက်သွယ် မေးမြန်းရာတွင် တာဝန်ရှိသူများသည် ကွင်းဆင်း စစ်ဆေးလျက် ရှိကြောင်း ယင်းဌာနမှ ပြန်လည် ဖြေကြားသည်။
The Voice Weekly

မင်္ဂလာဈေး ညကလပ်များပြန်ဖွင့် ဗိုလ်ကြီးနှစ်ဦး မူးယစ်ရမ်းကား


ရန်ကုန်၊ ဒီဇင်ဘာ-၈

မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးဝင်းအတွင်း နိုက်ကလပ်များကို နိုဝင်ဘာ ၇ ရက်မှစ၍ ပိတ်ထားပြီး ဒီဇင်ဘာ ၇ ရက်၌ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ဒီဇင်ဘာ ၈ ရက် နံနက် ၀၀း၃၀ နာရီက ဗိုလ်ကြီးဟုဆိုသူနှစ်ဦးမှ မူးယစ်ရမ်းကားပြီး မင်္ဂလာဈေးဝင်းအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် လမ်းဘေးဈေးဆိုင်လေးများကို ဖျက်ဆီးပစ်ခဲ့ကြကြောင်း သိရသည်။

" ဒီဈေးထဲက နိုက်ကလပ်တွေက မကြာခဏရန်ဖြစ်လို့ ပိတ်ထားတာ တစ်လနီးပါးလောက်ရှိနေပြီ။ မနေ့ကမှ ပြန်ပြီးဖွင့်လိုက်တာ။ ညက လေတပ်ထဲက ဗိုလ်ကြီးတွေဆိုပြီး လူငယ်နှစ်ယောက်က လာပြီးရမ်းကားသွားတယ် " ဟု မင်္ဂလာဈေးဝင်းအတွင်း ညဘက် ဈေးထွက်ရောင်းသည့် ဈေးသည်တစ်ဦးက ပြောဆိုသည်။

အဆိုပါ အရာရှိနှစ်ဦးမှာ မြိတ်လေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးအဆင့် အရာရှိနှစ်ဦးဖြစ်ပြီး ၎င်းတို့သည် ဒီဇင်ဘာ ၇ ရက် ညပိုင်းက မင်္ဂလာဈေးဝင်းအတွင်းရှိ နိုက်ကလပ်သို့အငှားယာဉ်ဖြင့် မူးယစ်ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ နိုက်ကလပ်များက ၎င်းတို့ကို အမူးလွန်နေသဖြင့် လက်မခံဘဲ ပြန်လွှတ်လိုက်ရာမှ ယခုကဲ့သို့ လမ်းဘေး၌ စားသောက်ဖွယ်ရာများ ဖွင့်လှစ်ရောင်းချသည့် ဆိုင်ခန်းများကို ဖျက်ဆီးရမ်းကားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" သူတို့နှစ်ယောက်က တက္ကစီနဲ့ပဲလာကြတာ။ ပြီးတော့ ကလပ်ပေါ်တက် သွားပြီး နာရီဝက်လောက်ကြာတော့ ပြန်ဆင်းလာပြီး ကားလမ်းမပေါ် ထွက်ပြီး လာသမျှ ကားတွေရှေ့မှာရပ်ပြီး တိုက်ကြစမ်း၊ သတ္တိရှိရင်ဆိုပြီး
အော်ဟစ်ဆဲဆိုနေကြတယ်။ ကားသမားတွေက ရှောင်ကွင်းသွားရင်း ကားကို လှမ်းပြီးကန်ကြတယ် " ဟု ဈေးသည်တစ်ဦးက ပြောဆိုသည်။

လေတပ်မှ ဗိုလ်ကြီးဆိုသူနှစ်ဦးသည် မူးယစ်ရမ်းကားပြီး မင်္ဂလာဈေးဝင်း၌ ဖွင့်လှစ်ရောင်းချနေသည့် ထမင်းကြော်ဆိုင်ရှိ ထိုင်ခုံမျာ၊ စားပွဲခုံများနှင့် ထမင်းပန်းကန်များကို ရိုက်ခွဲကန်ကျောက်ခဲ့ကြသဖြင့် ငွေကျပ် ငါးသောင်းကျော်ဖိုးခန့် ဆုံးရှုံးသွားခဲ့ရကြောင်း၊ ယခုကဲ့သို့ စစ်ဗိုလ်များဟုဆိုကာ ရမ်းကားခဲ့ခြင်းမျိုးမှာ မဖြစ်သင့်ကြောင်း၊ သက်ဆိုင်ရာရဲစခန်းသို့ ဖုန်းဆက်အကြောင်း ကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ ၀င်များက လာရောက်ထိန်းသိမ်းခဲ့ကြသော်လည်း ၎င်းတို့မှ
လေတပ်ဗိုလ်ကြီးများ ဟု ပြောဆိုဆဲရေးကြပြီး ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ထိုးကြိတ်ခဲ့သဖြင့် အနီးပတ်ဝန်းကျင်ရှိ လူများက ၀ိုင်း၍ ထိန်းသိမ်းခဲ့ ပြီး ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

" သူတို့နှစ်ယောက်ကို ကျွန်တော်တို့စခန်းမှာပဲ ခဏထိန်းသိမ်းထားပြီး သက်ဆိုင်ရာတပ်ရင်းကို အကြောင်းကြား ပေးခဲ့ပါတယ်။ အခုတော့ သူတို့ကို လာခေါ် သွားကြပါပြီ "ဟု မင်္ဂလာတောင်ညွန်မြို့ နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၈ ရက် ညနေ ၆ နာရီဝန်းကျင်တွင် စံတော်ချိန်သို့ ပြောဆိုသည်။

ဇော်အေးထိုက်
စံတော်ချိန် နေ့စဉ်သတင်းစာ

အမျိုးသမီးများကို ဦးတည် လုယက်မှု မြင့်တက်ခဲ့သည့် မုံရွာတွင် ဒုရဲအုပ် အမျိုးသမီးကို တည်ကြက်လုပ်၍ လုယက်သူများအားဖမ်းမိ


မုံရွာ၊ ဒီဇင်ဘာ ၈

တစ်ပတ်အတွင်း အမျိုးသမီးသုံးဦး လုယက်ခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်မုံရွာမြို့ အဓိက လမ်းမကြီးများတွင် ပိုက်ဆံအိတ် လုယက်သူ များကို ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း ၈ နာရီအချိန်က ဒုရဲအုပ် အမျိုးသမီးတစ်ဦးကို တည်ကြက်အဖြစ် (အရပ်သား အမျိုးသမီးအဖြစ် အသွင်ယူ၍) သုံး၍ မြို့မရဲစခန်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောကြားသည်။

ဒီဇင်ဘာလ ပထမပတ်အတွင်းတွင် အမျိုးသမီးများ ပိုက်ဆံအိတ်များ လုယက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒုရဲအုပ် အမျိုးသမီး စီးနင်းသည့် ဆိုင်ကယ်ရှေ့ခြင်းအတွင်း ကြိုးဖြင့် ချီထားသည့် အိတ်ကို ထည့်စေပြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်မှ ဆင်နှစ်ကောင် ဘုရားအကြား လမ်းကြောင်းအတိုင်း ဆိုင်ကယ်ကို စီးနင်းခဲ့ရာ ညပိုင်း ၈ နာရီ အချိန်ခန့်တွင် ကန်သာယာ ဘုရားအနီးတွင် လူငယ်နှစ်ဦး စီးလာသည့် ဆိုင်ကယ်က အိတ်ကို ဆွဲယူခဲ့သည့်အတွက် နောက်မှ အနီးကပ် လိုက်ပါလာသည့် ဒုရဲအုပ် အမျိုးသားနှင့် ကြိုတင် စောင့်ဆိုင်းနေသော ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အရပ်ဝတ်နဲ့ တပ်ဖွဲ့ဝင် ၁၅ ဦးလောက်ထိ စောင့်နေပြီးသားပါ၊ အခင်းဖြစ်တဲ့အချိန်မှာ လုယက်သူတွေက အိတ်လုပြီး ဆိုင်ကယ်ကို ပြန်ကွေ့ပြေးဖို့ ကြိုးစားတယ်။ အဲဒီမှာ ဆိုင်ကယ်နောက်က အိတ်လုတဲ့လူကို လှမ်းဆွဲလိုက်တာ ဆိုင်ကယ် မောင်းသူကတော့ ထွက်ပြေးသွားတယ်” ဟု ကိုယ်တိုင် ပါဝင်ဖမ်းဆီးခဲ့သည့် မုံရွာမြို့မစခန်းမှူး ဦးကျော်ကျော်ညွှန့်က ဆိုသည်။

ဖမ်းဆီးရမိထားသူမှာ အသက် ၁၉ နှစ်အရွယ်ဖြစ်ကာ တံခွန်တိုင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး လုယက်မှုတွင် ပါဝင်ဆက်နွှယ်သော နောက်ထပ် သုံးဦးကိုလည်း ဖမ်းဆီးရမိခဲ့သည့်အတွက် စုစုပေါင်းလေးဦး ဖမ်းမိထားကြောင်း ယင်း မြို့နယ်ရဲစခန်းမှ သိရသည်။

မုံရွာမြို့ပေါ် အဓိက လမ်းမပေါ်တွင် နိုဝင်ဘာလ၂၈ ရက်နေ့က အမျိုးသမီး ဆရာဝန်တစ်ဦး ပထမဆုံးအကြိမ် ပိုက်ဆံအိတ် လုယူခံရပြီး ဒီဇင်ဘာလ ၄ ရက်နေ့ည ၇ နာရီတွင် စာရင်းစစ်ရုံးမှ ပြန်လာသည့် ဝန်ထမ်းအမျိုးသမီး လုယက်ခံရသည့်အပြင် ဒီဇင်ဘာလ ၅ ရက်နေ့ညပိုင်း ၉ နာရီခန့် ကလည်း စာသင်ပြီး ပြန်လာသည့် ဆရာမတစ်ဦး ထပ်မံလုယက်ခြင်း ခံခဲ့ရသည်။

ဖမ်းဆီးရမိသည့် တရားခံများကို မုံရွာမြို့မ ရဲစခန်းမှ (ပ) ၆၀၂/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့် အရေးယူထားသည်။
The Voice Weekly

မြန်မာရေလုပ်သား ၁၁ ဦးပါ ငါးဖမ်းလှေတစ်စင်း အိန္ဒိယ ရေပိုင်နက် အနီး ပျောက်ဆုံးနေ


မြိတ် ၊ ဒီဇင်ဘာ ၈ ။ ။ မြန်မာ ရေလုပ်သား ၁၁ဦးပါ ငါးဖမ်း စက် လှေတစ်စင်း သည် နိုဝင်ဘာ ၂၂ ရက်က အိန္ဒိယ နိုင်ငံ ရေပိုင်နက် အစပ်ရောက်နေစဉ် မုန်တိုင်း ကြောင့် အဆက်အသွယ်ပြတ် တောက် သွားပြီးနောက် ယနေ့အ ထိ ပျောက်ဆုံးနေသည်ဟု ရေ လုပ်သားမိသားစု ဝင်များထံမှ သိရသည်။

အဆိုပါ ငါးဖမ်းလှေသည် နိုဝင်ဘာ ၁၉ရက်က မြိတ်မြို့မှ စတင်ထွက်ခွာ သွားပြီး စက်လှေ ပေါ်တွင် ပဲ့နင်း၊ စက်ဆရာ၊ ထမင်း ချက်နှင့် ရေလုပ် သားများ အပါ အဝင် စုစုပေါင်း ၁၁ဦးပါကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ရက်တွင် စက် လှေပိုင်ရှင်နှင့် ပဲ့နင်းတို့သည် စကား ပြောစက်မှ အဆက်အသွယ်ရခဲ့ ရာ ပင်လယ်ပြင်တွင် မုန်တိုင်းဖြစ် ပေါ်နေပြီး ကမ်းကပ် ရန် လမ်းမ မြင်ဖြစ်နေသည်ဟု စကားပြော စက်မှပြောဆိုခဲ့ကြောင်း အ ထက်ပါ ငါးဖမ်းလှေမှ ပဲ့နင်း၏ ဇနီးက ပြောပြသည်။

''မုန်တိုင်းမိတယ်လို့ ထင် တာပဲ။ ဘာအဆက်အသွယ်မှမရ ဘူး။ ဒီနေ့အထိ ဘာသဲလွန်စမှ မတွေ့ဘူး။ အခင်းဖြစ်တဲ့ ၂၂ ရက်ကတည်း က စောင့်ကြည့်နေ တာ တစ်ပတ်တောင်ကျော်နေ ပြီ''ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ယနေ့အထိ အဆက်အ သွယ်မရဖြစ်နေခြင်းကြောင့် စိုး ရိမ်နေကြ သည့် ရေလုပ်သားမိ သားစုဝင်များကို စက်လှေပိုင်ရှင် ဦးကြူရှိန်မှ ခေါ် ယူဆွေးနွေးပြီး ကရုဏာကြေးအဖြစ် ငွေကျပ်လေး သိန်းစီကို ရေလုပ်သား မိသားစု များအား မြိတ်ထားဝယ်စုရပ် အုပ်ချုပ်ရေးမှူးရုံးတွင် အသီး သီးပေးအပ်ခဲ့သည်ဟု ယင်းမိသား စုဝင်များထံမှ သိရသည်။

''ဒီသားလေးတစ်ဦးပဲ ရှိ တယ်။ တစ်ဦးတည်းသောသားပါ။ အခုလိုမျိုးဖြစ် မယ် ဆိုတာ လုံးဝ မတွေးထားပါဘူး။ အခုပေးမယ် ဆိုတာကလဲ ကရုဏာကြေးဆိုပြီး ငွေကျပ်လေးသိန်းပေးတယ်။ သား တစ်ယောက်တော့ ဆုံးရှုံးသွား ရပြီ''ဟု ရွှေပြည်တန်ရပ် ကွက်နေ ရေလုပ် သားတစ်ဦး၏ဖခင် ဦးဆန်း ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်လှေပိုင်ရှင်အား ဆက်သွယ် မေးမြန်းရာ မိမိအနေဖြင့် တတ် နိုင်သလောက်စုံစမ်းနေသော် လည်း ယခုအချိန်အထိ အဆက် အသွယ်မရကြောင်း ပြန်လည် ဖြေကြားသည်။

''ကျွန်တော့်မှာလဲ လူရော ပစ္စည်းပါ အကုန်လုံး ဆုံးရှုံးရပါ တယ်။ ကာယကံ ရှင် မိသားစုဝင် တွေကိုလဲ အဆင်ပြေအောင် လုပ် ပေးထားပြီးပါပြီ။ ကျွန်တော်တော့ ဒီလောက်ပဲ တတ်နိုင်ပါတယ်''ဟု စက်လှေပိုင်ရှင် ဦးကြူရှိန် က ရှင်းပြသည်။

Dawei Watch
Yangon Media Group

GREAT WELL ဖိနပ်စက်ရုံ အလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ


ရန်ကုန် ၊ ဒီဇင်ဘာ ၈ ။ ။ နိုင်ငံခြား သားလုပ်ငန်းရှင်မှ အလုပ်သမား များသို့ဆက်ဆံရာတွင် အော်ဟစ် ဆဲဆိုကြိမ်းမောင်းခြင်းများကို မပြုလုပ် ဘဲခိုင်းစေပေးရန်နှင့် နေ့ စဉ်ကြေးများတိုးမြှင့်ပေးရန် စ သည့်လုပ်ငန်းခွင် အခွင့်အရေး များရရှိရန်အတွက် GREAT WELL ဖိနပ်စက်ရုံအလုပ်သမား ၆ဝဝကျော်မှ အချက်၁၂ချက်ကို ဆန္ဒပြတောင်းဆိုလျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၆ရက်တွင် လှိုင် သာယာမြို့နယ် ရွှေလင်ပန်းစက် မှုဇုန်အတွင်းရှိ (GREAT WELL) ဖိနပ်စက်ရုံတွင် အလုပ်သ မား ၆ဝဝကျော်သည် လုပ်ငန်း ခွင်အတွင်းရရှိသည့်၊ ရရှိမည့်ရက် မှန်ကြေးကို ယခင် ကျပ် ၇၀၀၀ မှ ကျပ် ၂ဝဝဝတိုးမြှင့်ကာ ကျပ် ၉ဝဝဝသတ်မှတ်ပေးရန်၊ နိုင်ငံ ခြားသားများမှ အလုပ်သမား များသို့ဆက်ဆံရာတွင် အော် ဟစ်ဆဲဆိုကြိမ်းမောင်းခြင်းကို မပြုလုပ်ဘဲခိုင်းစေပေးရန်၊ အ လုပ်ဆင်းအလုပ်ပြန် ဖယ်ရီကား များမစီစဉ်ပေးခြင်းကြောင့် ယခင် လမ်းစရိတ်နှုန်းထား ၄ဝဝမှ ယခု ၄ဝဝထပ်မံတိုးမြှင့်ပေးရန်၊ စက် ရုံတွင်း သောက်သုံးရေ ရေသန့် ဘူးစီစဉ်ပေးရန်တို့ကို တောင်းဆို ခဲ့ကြောင်းသိရသည်။

ထို့အပြင် အစိုးရရုံးပိတ် ရက်တွင် ပုံမှန်ပိတ်ရက်ပေးရန်နှင့် စက်ရုံ၏ လုပ်ငန်းလိုအပ်ချက် ကြောင့် အရေးတကြီးခေါ်ပါက လုပ်ခကို လက်ငင်းရှင်းလင်းပေး ရန်၊ အစိုးရရုံးပိတ်ရက်များတွင် အလုပ်ခေါ်ခြင်းကို အလုပ်သမား များမှပျက်ကွက် ပါက လည်း မည် သည့်အပြစ်မျိုးမှမပေးရန်၊ နှစ် စဉ်ကြေး ယခင် ကျပ် ၃ဝဝဝမှ ယခု ကျပ်၂ဝဝဝတိုး၍ ကျပ် ၅ဝဝဝပေးရန်၊ လစာထုတ်သည့် ရက်များတွင် မည်သည့်အကြောင်း ပြချက်နှင့်မှ အချိန်ပိုမခေါ်ရန်၊ တစ်နှစ်လျှင် နှစ်ကြိမ်လစာတိုး ပေးရန်၊ စနေနေ့တွင် ၁၁နာရီ ခွဲနောက်ပိုင်းအချိန်ပိုခေါ်ရာ တွင် အကြောင်းတစ်စုံတစ်ရာ ကြောင့် ပြန်သည့်အလုပ်သမား များကို ရက်မှန်ကြေးမှမဖြတ် ရန်၊ နေ့စဉ်ကြေး ယခင် တစ်နာရီ ကျပ် ၁၂ဝမှ ၃ဝတိုးပေး၍ တစ် နာရီ ကျပ် ၁၅ဝပေးရန်၊ အချိန် ပိုကြေး ယခင် ၂၆၂ ကျပ်မှ ၃၈ ကျပ်တိုး၍ ၃ဝဝပေးရန်၊ အချက် ၁၂ချက်ကို အလုပ်သမားများမှ တောင်းဆိုခဲ့ကြောင်း အလုပ်သ မားများက ပြောသည်။

အဆိုပါစက်ရုံ၏ အခြေခံ အလုပ်သမား ဦးမျိုးဇော်ဦးက ''ကျွန်တော်တို့အလုပ်သမားတွေ  တောင်းထားတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ဒီနေ့မနက် အလုပ် ရှင်နဲ့ဝင်ညှိခဲ့ပါတယ်။ အလုပ်ရှင် က သုံးခုလောက်ပဲလိုက်လျောပြီး ငွေကြေးနှုန်းထားနဲ့ပတ်သက် တဲ့အပိုင်းတွေကို လုံးဝမညှိနှိုင်း ပေးတဲ့အတွက် အခုလိုဆန္ဒပြရ တာပါ''ဟု ပြောသည်။ စက်ရုံမှအိမ်သို့ပြန်ရာတွင် ဖယ်ရီကားမစီစဉ်ပေးသည့်အ တွက် အချိန်ပိုဆင်း၍ ပြန်ရချိန် နောက်ကျသည့်အတွက် အလုပ် မှ သတ်မှတ်ပေးသည့် ကားခနှုန်း ထားသည် လုံးဝလောက်ငှခြင်းမ ရှိကြောင်း၊ စက်ရုံတွင် သောက်သုံး ရေမထားရှိပေးသည့်အတွက် သောက်သုံးရေထားရှိပေးရန် တောင်းဆိုခဲ့ကြောင်း ယင်းမှ ဆက်လက်ပြောသည်။

ဇာခြည်လှိုင်
Yangon Media Group

က​ရင်​ပြည်​နယ်​တွင် ​သစ်​တော​များ ​မ​ရှိ​တော့​ဟု​ဆို


အ​လွန်​အ​ကျွံ ​ခုတ်​လှဲ​ရောင်း​စား​ခဲ့​မှု​တွေ​ကြောင့် ၂၀၀၁ ​ခု​နှစ်​က​နေ ၂၀၁၀ ​ခု​နှစ်​အ​ကြား ၁၀ ​နှစ်​အ​တွင်း ​က​ရင်​ပြည်​နယ်​မှာ ​သစ်​တော​တွေ ​မ​ကျန်​တော့​သ​လောက် ​ပြုန်း​တီး​ကုန်​ကြောင်း ​က​ရင်​ပြည်​နယ်​အ​စိုး​ရ ​အ​ဖွဲ့​၀င် ​သစ်​တော​နဲ့ ​သ​တ္တု​တွင်း​၀န်​ကြီး ​စော​ဆာ​လော​လာ​က ​ပြော​ပါ ​တယ်။

Timber​လွန်​ခဲ့​တဲ့ ၁၀ ​နှစ်​အ​တွင်း ​က​ရင်​ပြည်​နယ်​မှာ ​ကေ​အန်​ယူ​နဲ့ ​ဒီ​ကေ​ဘီ​အေ​အ​ဖွဲ့​တွေ​က ​သစ်​ကို ​အ​လွန်​အ​ကျွံ ​ထုတ်​လုပ်​ခဲ့​ကြောင်း​၊ ​အ​စိုး​ရ​နဲ့ ​စစ်​တပ်​က​လည်း ​ထိန်း​သိမ်း​နိုင်​စွမ်း ​မ​ရှိ​ကြောင်း​၊ ​ဒီ​အ​တွက် ​သစ်​တော ​အ​လွန်​အ​ကျွံ ​ပြုန်း​တီး​ကုန်​ကြောင်း ​သူ​က ​ပြော​ပါ​တယ်။

က​ရင်​ပြည်​နယ် ​မဲ​ဆ​န္ဒ​နယ် ​အ​မှတ် ၁ ​က ​အ​မျိုး​သား​လွှတ်​တော်​အ​မတ် ​စော​အောင်​ကျော်​နိုင်​က​လည်း ၀ိ​သ​မ​လော​ဘ​သား​တွေ​ကြောင့် ​သစ်​တော​တွေ ​မ​ရှိ​တော့​ကြောင်း ​ဘား​အံ​မြို့​မှာ ​ကျင်း​ပ​တဲ့ ​အ​စိမ်း​ရောင်​ကွန်​ရက် ​မျိုး​ဆက်​သစ်​တွေ​နဲ့ ​တွေ့​ဆုံ​ပွဲ​မှာ ​ပြော​ကြား​ခဲ့​ပါ​သေး​တယ်။
ဒီဗွီဘီ


သစ်လုံးတင်ယာဉ်က ရပ်ထားသော ယာဉ်ကိုဝင်တိုက်၊ ယာဉ်မောင်းသေဆုံး


တောင်ငူ၊ ဒီဇင်ဘာ ၈

ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၉/၂ အုတ်တွင်းမြို့နယ် အိုးဘိုကုန်း ကျေးရွာတွင် ဒီဇင်ဘာလ ၈ ရက် နံနက် ၆ နာရီခန့်က ယာဉ်ပျက်၍ ရပ်တန့်ထားသော ဝါးတင်ဆောင်သည့် ဟီးနိုး ခြောက်ဘီးယာဉ်ကို ၂၂ ဘီးသစ်လုံး တင်ယာဉ်က ဝင်တိုက်မိသဖြင့် သစ်လုံးတင်ယာဉ်မှ အသက် ၂၃ နှစ်အရွယ် ယာဉ်မောင်း ပွဲချင်းပြီး သေဆုံးခဲ့ကာ ယင်းယာဉ်ပေါ်မှ ယာဉ်နောက်လိုက်နှင့် ဝါးသယ်ယာဉ်ပေါ်မှ ယာဉ်မောင်း အပါအဝင် လူငါးဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောကြားသည်။

အသက် ၂၃ နှစ်အရွယ်ရှိ ယာဉ်မောင်း ထိန်လင်းအောင် မောင်းနှင်လာသော ၂၂ ဘီး သစ်လုံတင် ယာဉ်သည် မျက်နှာချင်းဆိုင် မီးကြီးထိုးကာ မောင်းနှင် လာသော ကုန်တင်ယာဉ် တစ်စီးကို ရှောင်တိမ်း ရာမှ ရပ်တန့်ထားသော ဝါးတင်ယာဉ်ကို အရှိန်လွန်ပြီး ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ညောင်ခြေထောက် နယ်မြေ ရဲစခန်းမှူး ရဲအုပ် ဦးကိုလေးက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာနှင့် ကိုက် ၃၀ ခန့်အကွာတွင် နေထိုင်သူ ဒေါ်စန္ဒာက “ဝုန်းခနဲ အသံကြားလို့ ထွက်ကြည့်တော့ ဝါးကားက ကျွန်မအိမ်ရှေ့က ရေမြောင်းထဲမှာ မှောက်နေပြီ” ဟု ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ၂၂ ဘီးယာဉ်ကို မောင်းနှင်သူ ကိုထိန်လင်းအောင် ပဲနွယ်ကုန်းမြို့ နေသူမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အဆိုပါယာဉ်မှ ယာဉ်နောက်လိုက် ဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဦးဖိုးဇော်မှာ ခြေသလုံးကျိုးကြေ ဒဏ်ရာများနှင့် ယာဉ်ခေါင်းခန်းတွင် ပိတ်မိနေရာမှ နံနက် ၁၀ နာရီခွဲခန့်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထုတ်ယူနိုင်ခဲ့ပြီး ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ရကြောင်း၊ အခြားဒဏ်ရာရသူ လူလေးဦးမှာ သာမန် ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာ နေရာတွင် သွားရောက် ကယ်ဆယ်ရေး လုပ်ကိုင်ပေးခဲ့သူ အုတ်တွင်းမြို့နယ် မီးသတ်ဦးစီးဌာန လက်ထောက် မီးသတ်ဦးစီးမှူး ဦးသိန်းဝင်းက ပြောကြားသည်။

ဖြူးမြို့နယ် ညောင်ခြေထောက် နယ်မြေရဲစခန်းမှ ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ကိုထိန်လင်းအောင် ပဲနွယ်ကုန်းမြို့ သီရိမင်္ဂလာ (၄) လမ်းနေသူကို ယာဉ် (ပ) ၁၄/၁၃ ပြစ်မှုပုဒ်မ ၃၀၄ (က)/ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားသည်။
The Voice Weekly

ပြည်ပမှ တင်သွင်းလာသော ဓာတ်မြေသြဇာများ အရောအနှောရှိသဖြင့် စစ်ဆေးမည်


ရန်ကုန် ၊ဒီဇင်ဘာ ၈ ။ ။ ပြည်ပမှ တင်သွင်းသော ဓာတ်မြေဩဇာများ တွင် အရောအနှောများ ရောင်းချ နေခြင်းကြောင့် စစ်ဆေးမှုများပြု လုပ်သွားမည်ဖြစ်ကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ဈေးကွက်အတွင်းရှိ ဓာတ်မြေဩဇာများမှာ အရည်အ သွေး သတ်မှတ်ချက်များရှိသော် လည်း ဈေးကွက်အတွင်းပြန်လည် ရောင်းချပါက အရောအနှောများ ဖြင့် ရောင်းချလျက်ရပြီး ပြည်ပမှ တင်သွင်းသည့် ဓာတ်မြေဩဇာ များနှင့် ပြည်တွင်းထုတ်လုပ်သည့် ဓာတ်မြေဩဇာများ မှာ ဖော်ပြ ထားသည့် သတ်မှတ်ချက်များအ ပါအဝင် ကွန်ပေါင်းပါ ဝင်နှုန်းများ နှင့်အညီ တင်သွင်းခွင့်များ ပေး ထား သော်လည်း ဈေး ကွက်ထဲရောက် ရှိသွားသည့် ဓာတ်မြေဩဇာများ မှာ ရောနှော၍ ရောင်း ချခြင်းများ ကြောင့် တောင်သူလယ်သမားများ အတွက် ထိခိုက်မှုများ ရှိနေကြောင်း မြန်မာနိုင်ငံမြေဩဇာမှတ်ပုံတင် ရေးလုပ်ငန်းကော်မတီမှ ဓာတ်ခွဲ ခန်းတာဝန်ခံ ဒေါ်ခင်ဝင်းမာက ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ တင် သွင်းရန် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများမှာ ၁၀၀ရခုရှိပြီး ပြည် တွင်းမြေဩဇာထုတ်လုပ်သည့် ကုမ္ပဏီမှာ ၃၂၃ခုရှိကာ ပြည်တွင်း မှ ပြည်ပသို့တင်ပို့သည့်ကုမ္ပဏီတစ် ခုသာရှိကြောင်း လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်းများအရ သိရသည်။

လက်ရှိ ပြည်တွင်းသို့ နယ်စပ် မှဝင်ရောက်နေသော ဓာတ်မြေ ဩဇာ၊ ပိုးသတ်ဆေးများ ပိုမိုများ ပြားပြီး စစ်ဆေးမှုများအား နယ် စပ်ဂိတ်များတွင် ပိုမိုပြုလုပ်နေပြီး မြန်မာနိုင်ငံအတွင်း ဖြန့်ချိမည့် ဓာတ်မြေဩဇာများအား တင်သွင်း သည့်ကုမ္ပဏီများ၊ တိုင်းနှင့်ပြည် နယ်များ၏ အမှတ်အသားများ၊ NPK ပါဝင်မှုနှုန်းများကို တည့် သွင်းဖော်ပြ၍ ရောင်းချခွင့်ပေး ထားကြောင်း ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်သူများ မသုံးသင့် သည့် ဓာတ်မြေဩဇာများသုံးခြင်း ဖြင့် ထွက်နှုန်း များ ကျဆင်းခြင်း များ လယ်ယာပျက်စီးခြင်း များ ကြောင့် တောင် သူများနှင့် ပြည် တွင်းစိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုများရှိနိုင်သောကြောင့် စစ်ဆေးမှုများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများပူးပေါင်း၍ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။

မို့မို့သန္တာ
Yangon Media Group

ဥပဒေအထက်မှာခရိုနီတွေရှိနေတယ်


ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ ဒုံမြို့နယ်၊ဇေကမ္ဘာကုမ္ပဏီပိုင်မြေ ဧရီယာအတွင်းရှိကွင်းအမှတ် (၄၈၈)၌ဇေကမ္ဘာကုမ္ပဏီမှစက် ယန္တရားများဖြင့်မြေညှိခြင်းမြေဖို့ ခြင်းတို့ကို ဒီဇင်ဘာ (၅)ရက်နေ့ ကဆောင်ရွက်ပြုလုပ်ခဲ့ကြောင်းသိ ရသည်။

အဆိုပါကွင်းသည်ဒေသခံ လယ်သမာများနှင့်ကုမ္ပဏီတို့အငြင်း ပွားနေသောကွင်းဖြစ်သောကြောင့် တားမြစ်ရန်အတွက်ဒေသခံလယ် သမားများကလယ်ထဲသို့ဝင်ရောက် ရန်ကြိုးစားကြရာတွင်ကုမ္ပဏီဝန် ထမ်းများကတားမြစ်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင်၎င်းလယ် ယာမြေဧက (၁၂၀၀)ကျော်ကို စတင်၍နိုင်ငံတော်မှာသိမ်းယူခဲ့ ပြီးသိမ်းယူခဲ့သောလယ်ယာမြေများ ပေါ်တွင် ၁၉၉၇ ခုနှစ်၌ဇေကမ္ဘာ ကုမ္ပဏီကအဆောက်အအုံများကို စတင်ဆောက်လုပ်ခဲ့ကြောင်းသိရ သည်။

““ကျွန်တော်တို့သိထားတာက အိုးအိမ်ကဒီမြေတွေကိုလန/၃၉ ချမပေးဘူးလို့သိထားတယ်။ သူ တို့တွေအဆောက်အအုံဆောက် ထားပေမဲ့ကျွန်တော်တို့လယ် သမားတွေဆီကသိမ်းထားတဲ့လယ် ဧက (၁၂၀၀)လုံးအကုန်မဆောက် ရသေးဘူ။တစ်ဝက်နီးပါကျန်နေ သေးပါတယ်”” ဟုဒေသခံတစ်ဦး ကဆိုသည်။

လယ်သမားများကိုဇေကမ္ဘာ ကုမ္ပဏီမှ တစ်ဧကလျှင် (၄၀၀၀) ကျပ်နှုန်းဖြင့်သီးစားပြန်ချထားခဲ့ ပြီး ၂၀၀၁ ခုနှစ်တွင်ကုမ္ပဏီဘက် မှပြန်လည်ရုပ်သိမ်းခဲ့ကြောင်းသိ ရသည်။

လယ်(၄၈) ဧကသိမ်းဆည်း ခံရသူဦးအေးမောင်က ““ကျွန်တော် တို့ဘိုးစဉ်ဘောင်ဆက်ကတည်းက ဒီလယ်တွေကိုလုပ်ခဲ့တာပါ။ နိုင်ငံ တော်ကိုလယ်ယာမြေနဲ့ပတ်သက် ပြီးအခွန်တွေကိုနှစ်စဉ်ပေးဆောင် ခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲ တွေက ဥပဒေအထက်မှာဘယ် သူမှမရှိစေရလို့ပြောနေပေမဲ့အခု ဥပဒေအထက်မှာခရိုနီတွေရှိနေ တယ်။ ကျွန်တော်တို့လယ်သမား တွေကဥပဒေကိုလေးစားပေမဲ့ ကုမ်္ပဏီကဥပဒေကိုမလေးစားဘူး ဟု ”” ပြောသည်။

မြို့နယ်ခရိုင်များမှအငြင်းပွား နေသောနေရာဖြစ်သည့်အတွက် နှစ်ဖက်ဆက်မလုပ်ရန်ပြောဆိုထား ပြီး ၂၀၁၂ခုနှစ်တွင်သတ်မှတ်တိုင် များစိုက်ထူထားကြောင်းသိရသည်။

ဇေကမ္ဘာကုမ္ပဏီမှလုံခြုံရေး တာဝန်ရှိသူများကို ယင်းကိစ္စနှင့် ပတ်သက်၍သွားရောက်မေးမြန်း ခဲ့ရာတွင်၎င်းတို့အနေဖြင့်ပြောကြား ခွင့်မရှိသည့်အတွက် ရုံးချုပ်တွင် သွားရောက်မေးမြန်းပါရန်ပြော သောကြောင့် ဇေကမ္ဘာရုံးချုပ်သို့ သွားရောက်သောအခါတွင်ယခု ဖြစ်နေသည့်ကိစ္စများကိုလုံခြုံရေး တာဝန်ကျသူများကိုလွှဲအပ်ထား သဖြင့်လုံခြုံရေးတာဝန်ရှိသူများ ကိုသာမေးမြန်းပါဟု ပြန်လည် ပြောကြားခဲ့သည်။ ကုမ္ပဏီအနေ ဖြင့်လုပ်ငန်းဆောင်ရွက်နေခြင်းကို ဆင်ဖုံ၊သင်္ဃန်းကျွန်းကြီး၊ ချစ်တီး ကုန်းရွာမှ ဒေသခံလယ်သမား (၂၀၀)ခန့်ကတားမြစ်ခဲ့ခြင်းဖြစ် သည်။

မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှူးက ““ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော် တို့အနေနဲ့အရေးယူဖို့မရှိပါဘူး။ ကုမ္ပဏီဖက်ကနေဆက်သွယ်လာ တဲ့အတွက်လုံခြုံရေးယူပေးခဲ့ရ တာဖြစ်ပါတယ်”” ဟုပြောသည်။

ဇေကမ္ဘာကုမ္ပဏီကအိုးအိမ် ၏ခွင့်ပြုချက်ရရှိသဖြင့်လုပ်ငန်း လုပ်ဆောင်ခဲ့ကြောင်းလယ်သမား များကိုရှင်းပြခဲ့ပြီးလယ်သမားများ  ကလည်း ၎င်းကိစ္စအတွက်ဌာန ဆိုင်ရာများတွင်စုံစမ်းနေကြောင်း သိရသည်။              

မျိုးကျော်
Hot News Journal

အချုပ်ခန်းတွင်း သေဆုံးခဲ့ရမှု ပြန်လည် စစ်ဆေးရန် တိုင်းတရားလွှတ်တော် အမိန့်ချ


ပြည်၊ ဒီဇင်ဘာ ၈

ပန်းတောင်းမြို့နယ် စံပြရဲတပ်ဖွဲ့စခန်း အချုပ်ခန်းတွင် ချုပ်နှောင်ထားစဉ် ဒဏ်ရာများနှင့် သေဆုံးခဲ့သည့် ဦးသန်းထွန်း၏ သေမှုသေခင်း ဖြစ်စဉ် အတွက် မြို့နယ်တရားရုံးက ချမှတ်ခဲ့သည့် အမိန့်ကို ပယ်ဖျက်၍ ပြန်လည် စစ်ဆေးရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ကြောင်း သေဆုံးသူ ဦးသန်းထွန်း၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ် ပြစ်မှုသေးအမှတ် (၂၇) အရ သေဆုံးခဲ့သူ ဦးသန်းထွန်း၏ အမှုကို ဇူလိုင်လ ၁၂ ရက်နေ့က ပန်းတောင်းမြို့နယ် တရားရုံးက ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု အမိန့်ချမှတ် ခဲ့သည်ကို ပြင်ဆင်မှု တက်ခဲ့ပြီး နောက်တွင် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က မူလတရားရုံး အမိန့်ကို အောက်တိုဘာလ ၇ ရက်နေ့က ပယ်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူဘက်မှ လိုက်လံ ဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေက ပြောကြားသည်။

သေဆုံးခဲ့ရသူသည် တစ်ဦးတစ်ယောက်၏ ပယောဂမပါဘဲ မိမိကိုယ်ကိုယ် အနာတရ ဖြစ်အောင် ကြံစည် လုပ်ဆောင်ရာမှ ခန္ဓာကိုယ် ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်ရာ ဓမ္မတာသဘောအရ သေနေ့စေ့၍ သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ပန်းတောင်း တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းမှာ မှန်ကန်သည်ဟု မဆိုနိုင်ကြောင်း၊ သေဆုံးသူ တရားခံ ဦးသန်းထွန်းသည် အခြားသူ၏ ပယောဂမပါဘဲ သေဆုံးသည်ဟု ဆိုနိုင်ရန် ခဲယဉ်းကြောင်း ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်၏ စီရင်ချက်တွင် ဖော်ပြထားသည်။
“တိုင်းက အမိန့်ကို ပယ်ဖျက်လိုက်တဲ့အတွက် ပန်းတောင်း တရားရုံးက ဒီသေမှုသေခင်း အမှုကို အမှုမှန် ပေါ်ပေါက်ရေးအတွက် ဥပဒေအရ ဆက်လက် ဆောင်ရွက်ရမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ဆိုသည်။

ဦးသန်းထွန်း ချုပ်နှောင်ခံခဲ့ရသော ပန်းတောင်း စံပြရဲစခန်မှူး ရဲအုပ်ဆန်းလင်းက သေဆုံးခဲ့သူမှာ အရက်ကြောင်ကြောင်ကာ ကိုယ့်ကိုယ်ကိုယ် အန္တရာယ် ဖြစ်အောင် ပြုလုပ်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်တရားရုံး၌ အစစ်ခံခဲ့သည်။

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဒန့်ဒလွန်အုပ်စု ကြာအင်း ကွက်သစ်နေ ဦးသန်းထွန်းသည် တစ်ရွာတည်းနေ ဦးနီနှင့် ခိုက်ရန် ဖြစ်ခဲ့သောကြောင့် ပန်းတောင်းမြို့၊ စံပြရဲတပ်ဖွဲ့စခန်း ၂၀၁၃ခုနှစ် မေလ ၂၃ ရက်နေ့က ပုဒ်မ-၃၂၆ ဖြင့် ချုပ်နှောင် စစ်ဆေးခံနေရစဉ် လေးရက်အကြာတွင် ဖူးရောင်ညိုမည်း နံရိုးကျိုး ဒဏ်ရာများဖြင့် သေဆုံး ခဲ့၍ သေမှုသေခင်းနှင့် ပြစ်မှုသေး အမှတ် ၂၇/၂၀၁၃ ဖြင့် အရေးယူထားသော အမှုဖြစ်သည်။
The Voice Weekly

လမ်းသန့်ရှင်းရေး လုပ်သော တရုတ်မီလျံနာ


Yu Youzhen လို့ အမည်ရတဲ့ တရုတ် အမျိုးသမီး ဖြစ်ပါတယ်။ အသက် ၅၃ နှစ် ရှိပြီ ဖြစ်ပြီး တရုတ်ပြည်မှာ အိမ်၊ခြံ၊မြေ ဈေးကွက် စီးပွားရေး သမား သူဌေး သူကြွယ် တစ်ဦး ဖြစ်ပါတယ်။

သို့ပေမယ့် လက်ရှိ သူမ လုပ်နေတာကတော့ စီးပွားရေးတင် မကပဲ လမ်းတကာ သန့်ရှင်းလေး လုပ်တဲ့ သန့်ရှင်းရေး အလုပ်လည်း ပါဝင် ပါတယ်။ တစ်ပတ်မှာ ၆ ရက် မနက် ၃ နာရီ ထပြီး ၂ မိုင် အကွာအဝေးရှိတဲ့ လမ်းတစ်လျှောက်လုံးကို သန့်ရှင်းရေး လုပ်ပြီးမှ တစ်နေ့တာ သူ့အလုပ်ကို လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ သူမ ယခုလို လုပ်ရတဲ့ အကြောင်းအရင်း ကတော့ ချမ်းချမ်းသာသာ မိသားစုမှ ပေါက်ဖွားတဲ့ သူ့ သားသမီးများ ကို ဆုံးမ အတုယူစေဖို့ ဖြစ်ပါတယ်။

အလုပ်လုပ်ဖို့ထက် ငွေကြေးသုံးစွဲမှု၊ အပျော်အပါး မှာ ခုံမင်နေတဲ့ ကလေးများကို ငွေဆိုတာ အလွယ်တကူ ရှာမရကြောင်း သင်ခန်းစာ ရအောင် သူကိုယ်တိုင် မနက်တိုင်း သန့်ရှင်းရေး ထလုပ်ပြကြောင်း သိရ ပါတယ်။
.
Ref: dyknow

အောင်ခမ်း

မြန်မာ-အင်ဒို အမျိုးသမီးဘောလုံးပွဲ လက်မှတ်ခများ ပြန်အမ်းရန် စီစဉ်

ရန်ကုန်၊ မဇ္ဈိမ။       ။ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အင်ဒိုနီးရှား အမျိုးသမီး ဘောလုံးအသင်း နှုတ်ထွက်သွားသဖြင့် မြန်မာ-အင်ဒို အမျိုးသမီးဘောလုံးပွဲ လက်မှတ် ဝယ်လူထားသူများကို လက်မှတ်ခငွေများ ပြန်လည်ပေးအပ်ရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဒီဇင်ဘာလ ၈ရက် ညနေတွင် ၎င်း၏ ဖေ့စ်ဘုတ်မှတစ်ဆင့် ကြေငြာလိုက်သည်။

မြန်မာအမျိုးသမီးအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ဒီဇင်ဘာလ ၁၃ရက်တွင် ကစားမည့် ပွဲစဉ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ထိုပွဲအတွက် ကြိုတင်လက်မှတ်ဝယ်ယူထားသော ဘောလုံး ပရိတ်သတ်များကို လက်မှတ်ခ ပြန်လည်အမ်းရန် စီစဉ်ရခြင်းဖြစ်သည်။

၂၇ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသမီးပွဲစဉ်အတွက် လက်မှတ်ခများကို အထူးတန်း ၃၀၀၀နှင့် ရိုးရိုးတန်း ၁၀၀၀ သတ်မှတ်ထားသည်။

အင်ဒိုနီးရှား အမျိုးသမီးအသင်း နှုတ်ထွက်ခြင်းနှင့် ပွဲစဉ်ရပ်နားရခြင်းနှင့် စပ်လျဉ်း၍ အသေးစိတ်ကိုမူ ဘောလုံးအဖွဲ့ချုပ်က ဆက်လက်ထုတ်ပြန်သွားမည်ဟု ဆိုသည်။

Mizzima Burmese

စင်္ကာပူဝန်ကြီးချုပ်ရဲ့ Facebook မှာ ဆူပူမှုနဲ့ပတ်သက်ပြီးရေးသားတုံ့ပြန်


တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး စင်္ကာပူဝန်ကြီးချုပ်ရဲ့  Facebook မှာ မှတ်ချက်ခပ်တိုတိုတခု တွေ့ရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အပြီး နာရီအနည်းငယ်အကြာမှာ အဲဒီမှတ်ချက် ထွက်ပေါ်လာတာပါ။

အခုဆိုရင် အဲဒီမှတ်ချက်ကို Like လုပ်သူပေါင်း 18,376 ဦး၊ ပြန်လည် ဖြန့်ဝေသူပေါင်း 2,468 ဦး  ရှိတာ တွေ့ရပါလိမ့်မယ်။

အရေးကြီးဖြစ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံခေါင်းဆောင်တယောက်က သူ့ ဖေ့စ်ဘုတ်ကတဆင့် မှတ်ချက်ပေး သဘောထားပေးတယ် ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဘာတွေ ရေးထားတယ် ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။

သူ့ဖေ့စ်ဘုတ်ထဲကမှတ်ချက်ကို ဆီလျော်စွာ ဘာသာပြန်ပေးလိုက်ပါတယ်။
အိန္ဒိယရပ်ကွက်မှာ မနေ့ညက ဖြစ်ခဲ့တဲ့ မတော်တဆမှုက အင်မတန် အန္တရာယ်ရှိပါတယ်။
ရဲတပ်ဖွဲ့ ၀င်အများအပြား ဒဏ်ရာရခဲ့ကြတယ်၊ ကားတွေ ပျက်စီးတယ်၊ ဖျက်ဆီးခံရတယ်။

 အခြေအနေကို အခု ငြိမ်သက်အောင် ကိုင်တွယ် ထိန်းသိမ်းလိုက်နိုင်ပြီ၊ စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါပြီ။
အဓိကရုဏ်းဖြစ်ရတဲ့အကြောင်းရင်းက ဘာပဲ ဖြစ်နေပါစေ၊ အကြမ်းဖက်မှု၊ ဖျက်ဆီးမှု၊ ရာဇဝတ်သင့်တဲ့အပြုအမူတွေအတွက် ဘာမှ ဆင်ခြေပေးစရာ မလိုပါဘူး။

ပြစ်မှုကျူးလွန်သူတွေကို အရေးယူမယ်၊ ဥပဒေကြောင်းအရ တိတိကျကျ အရေးယူပါမယ်။

စင်္ကာပူနိုင်ငံသားတွေ အားလုံး တည်တည်ငြိမ်ငြိမ် ရှိကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်၊ ဓာတ်ပုံ သို့မဟုတ်  ရုပ်သံရိုက်ကူးချက် ရှိသမျှ ရဲတပ်ဖွဲ့ကို ပေးပို့ကြပါ။

ဒဏ်ရာ ရသွားတဲ့ အရာရှိတွေ အမြန်ဆုံး ပြန်လည် သက်သာဖို့ ဆန္ဒပြုလိုက်ပါတယ်။

ဧရာဝတီ သတင်း Myanmar News

ကျနော့်ကို သံသယ ရှိတယ်ဆိုရင် ကျနော့်အသက်နဲ့ လောင်းကြေး ထပ်ရဲတယ်


သရုပ်ဆောင်ပြေတီဦးကို ရိုက်ကွင်းတခုတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
အဖြူရောင်ရဲတိုက် ရုပ်ရှင်ကားမှာ သရုပ်ဆောင် နေတိုးရဲ့ ဇာတ်ဝင်ခန်း နည်းမှုတွေ၊ ဇာတ်ပို့တဦးပုံစံ သရုပ်ဆောင်ခဲ့ရမှုတွေ ရှိတယ်ဆိုပြီး နေတိုးရဲ့ (WLNT – We Love Nay Toe) ပရိသတ်တွေက သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံအပေါ် ဝေဖန်မှုတွေ Facebook စာမျက်နှာထက်မှ တွေ့ခဲ့ရပါတယ်။ နေတိုးကလည်း ဒီကိစ္စအပေါ် (လှည့်စားတယ်လို့ ခံစားခဲ့ရကြောင်း) ဧရာဝတီရဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဖြေထားပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြေတီဦးက စာနယ်ဇင်း ရှင်းလင်းပွဲလုပ်မယ် ဆိုပေမယ့် မလုပ်ဖြစ်တဲ့ အကြောင်းနဲ့ သူဘယ်လို ပြန်လည် ရှင်းလင်းခဲ့လဲ ဆိုတာကို နေတိုး၊ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ ပရိသတ်တွေ သိရှိစေဖို့ ပြေတီဦးကို ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။     ။ အဖြူရောင်ရဲတိုက် ဇာတ်ကားကြီးရဲ့ ပြဿနာနဲ့ပတ်သက်ပြီး ကိုပြေတီဦးအနေနဲ့ အစက စာနယ်ဇင်း ရှင်းလင်းပွဲ လုပ်မယ်ဆိုပြီး ကိုနေတိုးပရိသတ်တွေက Facebook ပေါ်မှာ တင်ခဲ့တာကို ဘာလို့ စာနယ်ဇင်း ရှင်းလင်းပွဲ မလုပ်တော့တာလဲ။

ဖြေ။     ။ စာနယ်ဇင်း ရှင်းလင်းပွဲ မလုပ်ဖြစ်တော့တာက ဘာကြောင့်လဲ ဆိုတော့ နေတိုးကလည်း ကိုလူမင်းတို့နဲ့ ဖုန်းတွေ ဟြေပြီးတော့ ဒီလိုပုံစံမျိုး စာနယ်ဇင်း ရှင်းလင်းပွဲလောက်ကြီး မလုပ်စေချင်ဘူး ဆိုတာမျိုးဟြေတယ်။ စာနယ်ဇင်း ရှင်းလင်းပွဲ မလုပ်တော့ဘဲ၊ ရုပ်ရှင်အစည်းအရုံးမှာ ရှင်းလင်းပြီးတော့ ညှိနှိုင်းကြပါလား ဆိုတော့ ကျနော်ကလည်း တကယ့်တကယ် စာနယ်ဇင်း ရှင်းလင်းပွဲ မလုပ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော် စာနယ်ဇင်းရှင်းလင်းပွဲ လုပ်လိုက်ရင် ဘယ်သူ့မှ မထိခိုက် စေချင်သော်လည်းပဲ ထိခိုက်မှုတွေ ရှိသွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်က အချက်အလက်တွေနဲ့ သက်သေ သာဓကတွေနဲ့ ခိုင်ခိုင်မာမာရှင်းမှာကိုး။ အဲဒီလိုမျိုး ကျနော့်ကြောင့် တဦးတယောက် ထိခိုက်သွားမှာမျိုး မဖြစ်စေချင်ဘူး။ ကျနော့်အပေါ်မှာ ရှိနေတဲ့ ထင်မြင်ယူဆချက်တွေ လုံးဝမဟုတ်ဘူး ဆိုတဲ့ အကြောင်းကို ကျနော် သက်သေတွေ၊ သာဓကတွေ၊ ဒီကားမှာရှိတဲ့ ၀တ္ထုနဲ့ မင်းသားတွေ ကိုယ်တိုင် နောက်ဆုံး အဆင့် လက်ခံထားတဲ့ အခန်းစဉ် တွေ၊ အဲဒါတွေအားလုံးနဲ့ ဒါတွေ တခုမှမဟုတ်ဘူးဆိုတဲ့ အကြောင်းကို အသေးစိတ် ရှင်းလင်းပေးခဲ့တယ်။ ရှင်းလင်းပေးခဲ့တဲ့ အခါမှာ ရုပ်ရှင်အစည်းအရုံးမှာ ရှိတဲ့ လူကြီးတွေရော၊ နေတိုး၊ နေတိုးရဲ့ အမေရော၊ အားလုံးပေါ့၊ သူတို့တတွေ အားလုံး ကျနော် ဟြေတဲ့ဟာကို တခုမှ Complain မရှိဘဲနဲ့ အားလုံးကို လက်ခံပေးသွားတယ်၊ နောက်ဆုံးမှာ ကျနော်တို့အပေါ်မှာရှိတဲ့ ထင်မြင်ယူဆချက်တွေ လုံးဝမှားယွင်းနေတာကို နေတိုးကိုယ်တိုင်က လက်ခံပါတယ်။ ဒါတွေကို ဆက်ပြီးတော့ မလုပ်ဖို့ သူကိုယ်တိုင် ဖျောင်းဖျ ပေးပါမယ်ဆိုပြီးတော့ ကျနော်တို့ကို သူကိုယ်တိုင် ၀န်ခံလက်မှတ် ထိုးပေးသွားတယ်။ ကျနော်တို့က အဲဒါတွေကို စာနယ်ဇင်းတွေအပေါ်မှာ ဖော်ပြမယ်ဆိုတာကိုလည်း ခွင့်တောင်းထားပြီးသားပါ၊ ဖော်ပြဖို့ကိုလည်း နေတိုး ကိုယ်တိုင် သဘောတူပါတယ်။ ဒါတွေကို ကျနော်က ကိုယ့်ဘာသာကိုယ် စဉ်းစားပြီးတော့ မဖော်ပြတော့ပါဘူးလို့ စဉ်းစားလိုက်တာ၊ ဒီလို သူတို့ကိုယ်တိုင် လက်မှတ်ထိုးထားတာကို ဖော်ပြလိုက်တာဟာ သူတို့ကာယကံရှင်တွေရဲ့ သိက္ခာ တွေကို ထိခိုက်သွားမှာ စိုးတဲ့အတွက် ကျနော့်ဘက်ကနေပြီး ဒါတွေကို မဖော်ပြတော့တာပါ၊၊

မေး။     ။ ကိုပြေတီဦး ဘက်က ကိုနေတိုးပရိသတ်တွေ အထင်မလွဲအောင် ဘယ်လိုရှင်းပြမှာလဲ။

ဖြေ။     ။ ကျနော် ရှင်းလင်းခဲ့တဲ့ အကြောင်းတွေ၊ သူတို့ဘက်က ၀န်ခံတဲ့ အကြောင်းတွေ၊ အဲဒါတွေ အားလုံးကိုလည်း ဗီဒီယို မှတ်တမ်း တင်ထားပါတယ်။ ကျနော်တို့မှာ ဗီဒီယို မှတ်တမ်းတွေလည်း ရှိပါတယ်။ အခြေအနေတွေ အားလုံး ငြိမ်သက် သွားပြီးတော့ အေးအေးချမ်းချမ်း ပြီးသွားမယ် ဆိုရင် အကောင်းဆုံးပါပဲ။ ကျနော်တို့ ဘက်ကလည်း ဘာမှထပ်ပြီး ဟြေစရာမရှိပါဘူး။ ဒါပေမယ့် မပြီးသေးဘဲ ဇာတ်လမ်းတွေ ရှည်မယ်ဆိုရင်တော့ ကျနော်တို့ဘက်က ချပြစရာ သက်သေတွေ၊ ကိုလူမင်းနဲ့ နေတိုးနဲ့ လက်မှတ်ထိုးထားတဲ့ သဘောတူထားချက်တွေ၊ ဒါတွေကအစ ဗီဒီယိုမှတ်တမ်းတွေ တင်ထားတော့ ကျနော်တို့ဘက်က ချပြလို့ရပါတယ်။

မေး။     ။ ကိုနေတိုး လက်မှတ်ထိုးသွားတဲ့ ၀န်ခံချက်ထဲမှာ ဘယ်လိုအချက်တွေပါလဲ။

ဖြေ။     ။ နေတိုးကိုယ်တိုင် လက်မှတ်ထိုးပေးသွားတဲ့ အထဲမှာ ကျနော်တို့နဲ့ ဒီထင်မြင် ယူဆချက်တွေဟာ လုံးဝ မှားယွင်းတယ် ဆိုတဲ့အကြောင်း၊ သူကိုယ်တိုင် WLNT အဖွဲ့ကို ဖျောင်းဖျပေးမယ်ဆိုတဲ့ အကြောင်းလည်း လက်မှတ် ထိုးပေးတဲ့ အထဲမှာ ပါပါတယ်။ အဲဒီလို ဖျောင်းဖျပေးတာ၊ မပေးတာကတော့ ကာယကံရှင်ရဲ့ သဘောဆန္ဒ အပေါ်မှာပဲ မူတည် နေပါလိမ့်မယ်။ ပါလား၊ မပါလား ဆိုတာကတော့ ပရိသတ်တွေ သိကြမှာပဲပေါ့။ ကျနော်တို့ကတော့ သူသဘောတူထားတဲ့ အတိုင်း လုပ်ပေးသည်ဖြစ်စေ၊ လုပ်မပေးသည်ဖြစ်စေ ဒီကိစ္စ အေးအေးချမ်းချမ်း ပြီးသွားတယ်ဆိုရင်ပဲ ပြီးတာပါပဲ၊၊

မေး။     ။ WLNT အဖွဲ့က ကိုပြေတီဦးနဲ့ မအိန္ဒြာကျော်ဇင်တို့ သုံးတဲ့ facebook စာမျက်နှာမှာ ရိုင်းစိုင်းတဲ့ ကွန်မန့်တွေ လာရေးတဲ့ အခါ ဘယ်လိုခံစားရလဲ။

ဖြေ။     ။ စိတ်မကောင်း ဖြစ်မိတာတခုပါပဲ။ သူတို့တတွေကို ကျနော့်အနေနဲ့တော့ ဘယ်လိုမှ သဘောမထားပါဘူး။ ဘာလို့လဲ ဆိုတော့ ဒါက သူတို့အားပေးတဲ့ လူတယောက်အတွက်ကို သူတို့ခံစားရတဲ့ အတွက်ကြောင့်မို့ ဟြေကြတာပါ။ ဒါပေမယ့် သူတို့တတွေ ကလည်း အဖြစ်အပျက်မှန်ကို တကယ်မသိဘဲ ရမ်းသမ်းပြီးတော့ လုပ်ကြရတဲ့ အနေအထား တခုပဲ ရှိပါတယ်။ သူတို့ လုပ်နေတာတွေကို မှန်နေတယ်၊ မှားနေတယ်လို့ ဟြေပြမယ့် သူမရှိဘူးလို့ ကျနော့်အနေနဲ့ ထင်ပါတယ်။ ဒါကလည်း သူတို့ရဲ့ ကရုဏာဒေါသော စိတ်တခုနဲ့ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ခဲ့ရတာပါ။ ကျနော့်အနေနဲ့လည်း အဲဒါတွေကို နားလည်ပေးလို့ ရပါတယ်၊ ကိုယ်ချင်းစာပေးလို့ ရပါတယ်၊ ကျနော့်အနေနဲ့တော့ ဘာမှမဖြစ်ပါဘူး။

မေး။     ။ မအိန္ဒြာကျော်ဇင်ရဲ့ ခံစားချက်ကရော ဒါနဲ့ပတ်သက်ပြီး ဘာဟြေလဲ။

ဖြေ။     ။ ပထမပိုင်းမှာတော့ စိတ်မကောင်း အရမ်းဖြစ်ကြတာပေါ့၊ ကျနော်တို့ နှစ်ယောက် အတူတူပါပဲ။ မဟုတ်တဲ့ အကြောင်းအရာ ကိစ္စတခုကို သေသေချာချာ ဂဃနဏမသိဘဲ နဲ့ဟြေနေကြတဲ့ အပေါ်မှာ စိတ်မကောင်းဖြစ်မိတာပဲ ရှိပါတယ်၊ ကျန်တာတော့ ဘာမှမရှိပါဘူး။

မေး။     ။ အဖြူရောင်ရဲတိုက် ဇာတ်ကားက ဒီလိုပြဿနာတွေ ဖြစ်နေတဲ့ ကြားက ပရိသတ်ကြိုက်နေတယ်၊ ပရိသတ်က ဒီပြဿနာကို စိတ်ဝင်စားနေတယ် ဆိုတဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ။     ။ ဟုတ်ကဲ့၊ စိတ်ဝင်စားခြင်း၊ စိတ်မ၀င်စားခြင်းက ပရိသတ်တွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်ခင်ဗျ၊၊

မေး။     ။ ကိုနေတိုးပါတဲ့ အခန်းတွေကို ဖြတ်ချတယ် ဆိုတာကရော တကယ်ဟုတ်လား။

ဖြေ။     ။ အဲဒါတွေ တိတိကျကျကိုလည်း သေသေချာချာ ရှင်းထားပါတယ်၊ မင်းသား တယောက်က ကားတကား ရိုက်တော့မယ် ဆိုရင် ၀တ္ထုကိုဖတ်ရတယ်၊ ဖတ်ပြီးမှ ကြိုက်ပြီဆိုရင် ဒါရိုက်တာက အခန်းစဉ်ဆိုတာကို ထုတ်ပြတယ်။ ကျနော်တို့ ခေါ်တာ Scene Serial ပေါ့၊ အဲဒီ အခန်းစဉ်ကို ပါဝင်မယ့် သရုပ်ဆောင်တွေ အကုန်လုံးကို ပြရတယ်။ ဒီအတိုင်း ရိုက်ပါမယ်၊ ဇာတ်သိမ်းကို ဒီလိုသိမ်းပါ့မယ် ဆိုတာ အားလုံး ပါထားပြီးသားပါ။ မင်းသား၊ မင်းသမီးတွေက ကြိုက်ပြီဆိုပြီး Confirm လုပ်တော့မှ ဒါရိုက်တာက အခန်းစဉ်အတိုင်း ဇာတ်ညွှန်းစရေးပြီးတော့ ရိုက်ရတယ်။ အခု ရုံတင်ပြသနေတဲ့ အခန်းစဉ် အားလုံးသည် နေတိုးကိုယ်တိုင် သဘောတူထားတဲ့ အခန်းစဉ်အတိုင်း အားလုံးပဲ။ နေတိုးရဲ့ အခန်းတွေကို ဖြုတ်တယ်လို့ ဟြေတဲ့အခါမှာ တကယ့်တကယ် အဖြုတ်ခံရတာက ကျနော်က ခြောက် Scene အဖြုတ်ခံရတယ်၊ နေတိုးက လေး Scene ပဲ အဖြုတ်ခံရတာ၊ တကယ့်တကယ်ဆို ကျနော်ကတောင် ပိုပြီးတော့ နစ်နာသေးတယ်။ ပြီးတော့ သရုပ်ဆောင် တယောက်က သူ့လက်ထဲမှာ အခန်းစဉ် ရှိထားပြီးသား၊ ဘယ်အခန်းတွေ ဖြုတ်တယ်ဆိုတာ သူကိုယ်တိုင်လည်း သိထားပြီးသား၊ သူ့အခန်းတွေကို ဒါရိုက်တာက ဖြုတ်တာ မကျေနပ်ဘူးဆိုရင် ဒါရိုက်တာကို တခါတည်း ကွန်ပလိန်း တက်လို့ရတယ်။ ကျနော့်အခန်းကို ဘာကြောင့်ဖြုတ်တာလဲလို့ မေးရမှာသည် သရုပ်ဆောင်ရဲ့ တာဝန်သာဖြစ်တယ်။ မေးရင် ဒါရိုက်တာက အကျိုးအကြောင်း ခိုင်လုံအောင် ရှင်းပြရတယ်၊ ခိုင်လုံရင် သရုပ်က သဘောတူလို့ရတယ်။ အကျိုးအကြောင်း ခိုင်လုံအောင် ဒါရိုက်တာက မရှင်းပြနိုင်ဘူးဆိုရင် ကျနော့်အခန်း ဒါကတော့ ဖြုတ်လို့မရဘူး၊ ရိုက်ပေးပါလို့ ဟြေရမှာသည် သရုပ်ဆောင်ရဲ့ တာဝန်သာဖြစ်တယ်။ သူ့ကိုမဟြေဘဲ ဖြုတ်လိုက်တာ မဟုတ်ဘူး၊ သူ့လက်ထဲမှာ အခန်းစဉ်ရှိပြီးသားလေ၊ သူသိရမယ်လေ၊ ဒါကိုလက်ခံခြင်း၊ လက်မခံခြင်းက သူနဲ့ပဲ ဆိုင်တယ်။ ကျနော့်အခန်းတွေ ဖြုတ်ခဲ့တုန်းကလည်း ကျနော် ကိုယ်တိုင် ဒါရိုက်တာကိုမေးတယ်၊ ဘာကြောင့်ဖြုတ်တာလဲ ဆိုတာ ဒါရိုက်တာက ဟြေတယ်၊ ဒါရိုက်တာဟြေတာ သဘာဝကျတဲ့ အတွက်ကြောင့် ကျနော်လက်ခံပေးခဲ့တယ်။ ကျနော်တို့က တခြားသရုပ်ဆောင် တယောက်ရဲ့ အခန်းကို သွားပြီး ဖြုတ်လို့ကိုမရဘူး။ ဒီလိုစွပ်စွဲတာ ကျနော်တို့ လုပ်ငန်းသဘောသဘာဝကို နားမလည်လို့ ဟြေတာသာဖြစ်တယ်။ နောက်ပြီး နေတိုးကလည်း လွန်ခဲ့တဲ့ တလ၊ နှစ်လကမှ အနုပညာ လောကထဲ စရောက်လာတဲ့ အသစ်လေး မဟုတ်ဘူး၊ ဆယ်စုနှစ်တစုစာလောက် အတွေ့အကြုံရှိထားပြီးသား လူတယောက်လေ။ သူ့ကို အဲဒီလိုလုပ်တိုင်း သူဘယ်ခံမလဲ၊ အဲဒီဟာတွေအားလုံး သူကိုယ်တိုင် သိထားပြီးသား အကြောင်းအရာတွေ သာဖြစ်တယ်။ ကျနော်က အဲဒါတွေကို စာရွက် စာတမ်းတွေ၊ သက်သေသာဓကတွေနဲ့ ရှင်းပြခဲ့ပြီးသား ဖြစ်တဲ့အတွက် ကျနော်ဟြေတာတွေကို ဘယ်သူ တဦးတယောက်ကမှ မငြင်းနိုင်ဘဲ လက်ခံပေးခဲ့ရတာပေါ့။

ကျနော် အမြဲတမ်း အမှန်တရားကိုပဲ မြတ်နိုးတယ်၊ ကျနော်အရှင်းဆုံး ဟြေရရင် ကျနော် လုပ်ခဲ့တဲ့အလုပ်တွေ မှန်သမျှကို အသက်ချင်း ထပ်ပြီးတော့ လောင်းကြေးထပ်ရဲတယ်၊ တကယ်လို့ သံသယရှိခဲ့တယ်ဆိုရင် ကျနော့်အသက်နဲ့ကို လောင်းကြေး ထပ်ပြီးတော့ ဟြေရဲတယ်။

မေး။     ။ ဒါဆို ကိုနေတိုးကို ချစ်တဲ့ ပရိသတ်ကိုရော ဘာဟြေချင်လဲ။

ဖြေ။     ။ အဖြစ်မှန်တခုကို မသိတဲ့အတွက် သူတို့တတွေ အထင်အမြင် လွဲခဲ့တာပါ၊ ကျနော်တိတိကျကျ မရှင်းပြတော့တာက ကာယကံရှင်တွေကို ထိခိုက်မှာ စိုးတဲ့အတွက် မရှင်းပြတော့ဘဲ ဒီအတိုင်းလေး ထားလိုက်တော့တာပါ။ သူတို့အပေါ်မှာလည်း ကျနော်က ဘာစိတ်မှကို မရှိပါဘူး။ အနုပညာသမားတွေကို အားပေးတာနဲ့ပဲ ကျေးဇူးတင်နေပြီ ဆိုတော့ ဘာစိတ်မှ မရှိပါဘူး။

မေး။     ။ ကိုပြေတီဦးတို့ရဲ့ ပရိသတ်တွေကိုရော ဘာဟြေချင်လဲ။

ဖြေ။     ။ အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒီလိုအဖြစ်အပျက်လေး ဖြစ်လိုက်မှပဲ ကျနော်တို့ ပရိသတ်တွေ ဘယ်လောက်အထိ များတယ်၊ ဘယ်လောက် စိတ်ပူပေးကြတယ်၊ ဘယ်လောက် အထိ ကျနော်တို့နဲ့ ထပ်တူထပ်မျှ ခံစားကြရတယ်ဆိုတာ သေချာကို သိလိုက်ရတယ်။ အဲဒီအတွက်ကြောင့် ကျေးဇူးလည်း အရမ်းတင်ပြီးတော့ အရမ်းလည်း ပီတိဖြစ်မိတယ်။ အခုအချိန်အထိလည်း ဒီကိစ္စကို ကျနော်တို့ ဘယ်လို ဖြေရှင်းလိုက်တယ် ဆိုတာ သိချင်နေကြတုန်းပါပဲ။ ကိုလူမင်းနဲ့၊ နေတိုးနဲ့ လက်မှတ်ထိုးထားတဲ့ သဘောတူချက်ကို ကျနော် facebook ပေါ်တင်ဖို့လည်း ခွင့်တောင်းတယ်၊ ပြီးတော့ facebook ပေါ် တင်တယ်၊ အဲဒါကို ကိုလူမင်းက ဒါလေးကိုတော့ ပြန်ဖြုတ်ပေးပါ ဆိုပြီး မတင်ဖို့ ခွင့်တောင်းတယ်။ အနုပညာ ညီအစ်ကိုချင်း ဆိုတော့ လုပ်မပေးနိုင်စရာ မရှိဘူးလေ။ ကျနော် ချက်ချင်း ပြန်ဖြုတ်ပေးလိုက်တယ်။ အဲဒါကြောင့် ပရိသတ်တချို့က ဘယ်လို ညှိနှိုင်းမှုတွေနဲ့ ပြေလည်သွားတယ် ဆိုတာကို မသိကြတော့တာပါ။ ကျနော်ကတော့ အနုပညာညီအစ်ကိုချင်း အကောင်းဆုံး ဖြစ်အောင် စဉ်းစားပေးပါတယ်။

မေး။     ။ ကိုနေတိုးနဲ့ တွဲရိုက်ဖို့ ဇာတ်ကားတွေရှိလာရင်ကော ကိုပြေတီဦးက ရိုက်မှာပဲလား။

ဖြေ။     ။ ဟုတ်ကဲ့၊ ကျနော်ကတော့ အေးဆေးပါပဲ၊ ဘာမှမရှိပါဘူး။
ဧရာဝတီ သတင်း Myanmar News

ဂုဏ်ပြုပန်းစည်းသိမ်းထားဖို့ မိုးစက်ဝိုင်ကိုမှာကြားတဲ့ ထိုင်းမင်းသား


ဓာတ်ပုံ – ဂျေမောင်မောင်(အမရပူရ)

ဆီးဂိမ်းအကြိုအဖြစ် ပရိသတ်များနှင့် ထိုင်း၊ မြန်မာ အနုပညာရှင်များ တွေ့ဆုံပွဲတွင် ဖိလစ်ပိုင်နိုင်ငံ missosology Organization မှ ပေးအပ်သော People Choice Award ရရှိခဲ့သည့် Miss Universe Myanmar မိုးစက်ဝိုင်အား ထိုင်းမင်းသား Mos Patiphan Patavikran က ဒူးထောက်ကာ ဂုဏ်ပြုပန်းစည်း ချီးမြှင့်ခဲ့သည်။

““မိုးစက်က အရမ်းချစ်စရာကောင်းတယ်။ ပြီးတော့ အခုလိုတွေ့ရတာ ၀မ်းသာတယ်။ ဒီပန်းလေးကို သေချာလေး သိမ်းပေးထားပါ။ နောက်တစ်ခါလာရင် ဒီပန်းလေးကို ပြန်လိုချင်ပါတယ်”” ဟု ထိုင်းမင်းသားက မိုးစက်ဝိုင်ကို  မှာကြားခဲ့သည်။

အဆိုပါပွဲတွင် ထိုင်းမင်းသား Mos Patiphan Patavikran က ထိုင်းသီချင်းသုံးပုဒ် သီဆိုခဲ့သည်။ Pee Mak  ဇာတ်ကားမှ ထိုင်းမင်းသမီး Davika Hoorne က စိုင်းစိုင်းနှင့်အတူ ဘတ်စကက်ဘော၊      စားပွဲတင်တင်းနစ်များ ကစားပေးခဲ့ပြီး ၎င်းကိုယ်တိုင် ဒီဇိုင်းထွင်ထားသော ပုဝါများကို ပရိသတ်များအား  ဝေမျှပေးခဲ့သည်။

ထိုင်းမင်းသား၊ မင်းသမီးတို့သည် မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင်လည်း စိုင်းစိုင်းခမ်းလှိုင်၊ လူမင်းတို့နှင့် ဇာတ်ကားရိုက်ကူးရန် ထပ်မံလာရောက်မည်ဖြစ်ကြောင်း သိရသည်။ထိုင်းအနုပညာရှင်များသည် ဒီဇင်ဘာ ၄ ရက် နေ့လယ်၌ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။
7 Day Daily

ထိုင်ခုံ နံပါတ်အတိုင်း မထိုင်ကြသူများကြောင့် ဘောလုံးပွဲကြည့် ပရိတ်သတ်များ အခက်တွေ့



မြန်မာ့လက် ရွေးစင်ဘောလုံး အသင်းကစား မည့်ပြိုင်ပွဲများ အတွက် လက်မှတ် များဝယ်ယူထားသော်လည်း ပြိုင် ပွဲကျင်းပချိန် တွင် နေရာအခက် အခဲများနှင့် ကြုံတွေ့ရကြောင်း ဘောလုံးဝါသနာရှင်များက ဝေ ဖန်ပြောကြားသည်။

ကွင်းအတွင်း လက်မှတ်ဖြင့် နေရာပြသမည့်သူမရှိခြင်းနှင့် ကွင်းအတွင်း ကြိုတင်ရောက်ရှိသူ များမှ ဦးရာလူစနစ်ဖြင့်နေရာယူ ထားခြင်းများကြောင့် ပြိုင်ပွဲကြည့် ရှုရန် နေရာအခက်အခဲဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း ယင်းတို့ကဆို သည်။

မြောက်ဥက္ကလာပမြို့နယ် မှဦးမြင့်ဦးက ''အလုပ်ကနောက် ကျတော့ ဘောလုံးပွဲကို မြန်မာပွဲစ ခါနီးမှရောက်တယ်။ ကွင်းထဲမှာ လက်မှတ်ပြတော့ အဆင်ပြေတဲ့ နေရာထိုင်လို့ ပြောတယ်။ လက် မှတ်မှာ နေရာနဲ့ခုံနံပါတ်ပါပြီးသား ကိုပြောလို့မရဘူး''ဟု ပြောသည်။

အဆိုပါဦးရာလူစနစ်ဖြင့် နေရာယူထားခြင်းများကြောင့် အမှန်တကယ်လက်မှတ်နှင့် ခုံအ မှတ်ပါရှိသူများမှ နေရာဖယ်ရှား ပေးရန်ပြောဆိုရာတွင် အငြင်းပွား မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းတို့က ဆိုသည်။

သန်လျင်မြို့နယ်မှကိုစည်သူ က''ကျွန်တော်တို့က လက်မှတ် ဝယ်ကတည်းက ကိုယ့်ခုံနံပါတ် နဲ့ကိုယ်ထိုင်ရမယ်ဆိုပြီး ပြောတယ်။ အဲဒါကြောင့် ကျွန်တော်တို့နေတာ က ဝေးတဲ့အတွက် မြန်မာအသင်း ကစားမယ့်အချိန်ကျမှ ရောက် တော့ ကွင်းထဲမှာလူက ပြည့်နေ ပြီ။ ကိုယ့်ခုံနံပါတ်မှာလဲ သူများ တွေက ထိုင်နေပြီ။ သွားပြောတော့ ဘယ်လိုမှပြောလို့မရဘူး။ အခု နိုင်ငံတကာအဆင့်ပွဲတွေမှာ ဒီ လိုမျိုးမဖြစ်အောင် ပွဲစီစဉ်သူတွေ က လုပ်ပေးသင့်တယ်။ နောက် တစ်ခုက ဘောလုံးပွဲကြည့်တဲ့သူ တွေကလဲ နိုင်ငံကြီးသားပီသဖို့ လိုတယ်''ဟု ဆိုသည်။

ယင်းအပြင် မြန်မာ့လက် ရွေးစင်ဘောလုံးအသင်းပြိုင်ပွဲ သည် ပြိုင်ပွဲများကို ဝင်ရောက် ကြည့်ရှုရာတွင် လုံခြုံရေးကတ် ပြားများ ပြုလုပ်ထားရမည်ဖြစ် ပြီး လက်မှတ်နှင့်တကွအတူပါရှိမှ ကြည့်ရှုရမည်ဟုဆိုသော်လည်း ကွင်းအတွင်း ဝင်ရောက်ရာတွင် လုံခြုံရေးကတ်များစစ်ဆေးခြင်း မရှိဘဲ လက်မှတ်ရှိသူတိုင်း ဝင် ရောက်ခွင့်ပြုထားကြောင်း သိ ရသည်။

မြန်မာအသင်း နှင့် ကမ္ဘောဒီးယား ပွဲတွင် အားပေးနေသည့် မြန်မာဘောလုံးအသင်း ပရိတ်သတ်များကို တွေ့ရစဉ် (Photo- ပြည့်ဖြိုးဟိန်း)
Yangon Media Group

သွားဖြူချင်သူများ အတွက်


သွားမျက်နှာပြင်ပေါ်မှာ မြင်ရတဲ့ အရောင်တွေက External Stainနဲ့ Internal Stain ဆိုပြီး နှစ်မျိုးရှိတဲ့ အနက် ကွမ်းစားထားတဲ့ သွားတွေဆိုရင် ပြင်ပ အစွန်းအထင်း(External Stain) အနေ နဲ့ အနီရောင်၊ အနက်ရောင်၊ အညို ရောင်စသဖြင့် မြင်ရတတ်ပါတယ်။ အဲဒီ လို မြင်ရတဲ့ ကွမ်းချေးတွေကို Abrasive နည်းနဲ့ ဖြစ်စေ၊ Ultrasonic Scalar နည်းနဲ့ ဖြစ်စေ ခြစ်ထုတ်ပြီး ဖြူစင်အောင် ပြုပြင်လို့ ရပါတယ်။
သွားဖြူစင်အောင်
သွားဖြူအောင် အပြင်မှာ ပြုပြင်တဲ့ နည်းနဲ့ အတွင်းမှာ ပြုပြင်တဲ့နည်းဆိုပြီး နှစ်နည်းရှိပါတယ်။ အပြင်မှာ ပြုပြင်တဲ့ နည်းဆိုတာ ကတော့ အပြင်မှာ ရှိနေတဲ့ သွားအရောင် အဆင်း အညို၊ အဝါ၊ အ မည်း၊ အစင်းတွေကို ခြစ်ထုတ်တဲ့နည်း ပါ။ ဒါက သာမန်သွားတိုက်တဲ့ နည်းနဲ့ တူပါတယ်။ အတွင်းမှာ ပြုပြင်တဲ့နည်းကတော့ အိမ်မှာ ဖြူနေတဲ့အကျÐတွေ ညစ်ပေနေ ရင် ဆပ်ပြာနဲ့ စိမ်ပြီး ကြေးချွတ်လို့ မပြောင်တဲ့အခါ မဲနယ်ဆိုးရသလိုပဲ သွားရဲ့အတွင်း ပိုင်းမျက်နှာပြင်တွေကို ပုံစံယူစနစ်နဲ့ သွားမျက်နှာပြင်ကို ဖြူ အောင် လုပ်လို့ ရပါတယ်။
သွားအရောင်ခြင်း မတူညီကြ
လူတစ်ဦးနဲ့ တစ်ဦး သွားအရောင်ချင်း မတူညီကြပါဘူး။ တချို့က သွားဖြူပြီး တချို့က သွားဝါကြ ပါတယ်။ စားတဲ့ အစားအစာ ကလည်း တစ်ယောက်နဲ့ တစ် ယောက် မတူတာကြောင့်ပါ။ တစ်ယောက် က ကိုကာကိုလာ ကြိုက်တယ်။ တစ် ယောက်က လက်ဖက်ရည်ကြိုက် . စသဖြင့် စားသောက်တဲ့ အစား အသောက်က မတူတဲ့ အတွက် ထွက်ရှိ လာတဲ့ သွားရဲ့ မျက်နှာပြင်က အရောင် မတူတာပါ။ တကယ်တော့ သွားဆိုတာ လုံးဝအဖြူမဟုတ်ဘဲ ဖြူသလိုလို၊ ဝါသ လိုလို၊ ညိုသလိုလို၊ ဖြူနီသလိုလို၊ ဝါညို သလိုလို ဖြစ်တတ်တဲ့ အတွက် လူ တစ်ယောက်နဲ့ တစ်ယောက် အရောင် မတူနိုင်ပါဘူး။
သွားများတွင် မလိုလားအပ်သော အရောင်အဆင်း မရှိအောင်
သွားမှာ အစင်းတွေ၊ အမည်းတွေကို သေချာ ဂရုစိုက်ကြည့်ရှုပြီး ဒါက သွားပိုး စားတာကြောင့်လား၊ ကျောက်ရှိနေတာ လား ဆိုတာ ခွဲခြားရပါမယ်။ သွားပိုးစား နေတာဆိုရင် သွားမျက်နှာပြင်က အ ပေါက်တွေကို ဖာထေးသင့်ရင် ဖာထေး ပေးရပါမယ်။ သွားမှာ ရှိနေ တာက ကျောက် ဆိုရင် ခြစ်ထုတ်ပြီး သွားမျက်နှာပြင်ကို လှပအောင် ပြင်ရမှာပါ။
ဆေးဝါးကြောင့် ဝါနေသော သွားဖြူအောင်
သွားအရောင် ဝါတဲ့အပေါ် မူတည်ပြီး အရောင်ဖြူတာကို မက်မောသူတွေကို သွားအရောင်ဖြူအောင် ပြောင်းလဲယူ လို့ရပါတယ်။ သွားအရောင်ကို ပြောင်း လို့ ရနိုင်တဲ့နည်းတွေက Bleaching (အ ရောင်ချွတ်တဲ့နည်း) နဲ့ သွားမျက်နှာပြင် ကို အုပ်တဲ့နည်းတွေပဲ ဖြစ်ပါတယ်။ အရောင်ချွတ်တဲ့နည်းကတော့ လိုချင်တဲ့ အရောင်အတိုင်းအတာအထိ မရနိုင် ပါဘူး။
မျိုးရိုးအရ သွားဝါနေခဲ့လျှင်
 မျိုးရိုးကြောင့် သွားဝါနေခဲ့ရင် လိုချင်တဲ့ အရောင်ကို ရအောင် ဖုံးအုပ်တဲ့ နည်းနဲ့ ရယူနိုင် ပါတယ်။ ဒီလို ပြုပြင်တာက ကုသမှုလုပ်တာ မဟုတ်ပါဘူး။ အလှဆင် တာ ဖြစ်ပါတယ်။ အလှဆင် ရာမှာ ကောင်းကျိုးရော၊ ဆိုးကျိုးရော ရှိပါ တယ်။ သွားဝါတဲ့ အတိမ်အနက် ရာခိုင် နှုန်းနဲ့ မျက်နှာ အလှအပအပေါ် မူတည် ပြီး ပြုပြင်သင့် ပါတယ်။ သွားဝါတဲ့ ရာခိုင် နှုန်းက များပြီး မျက်နှာ အနေအထားနဲ့ သွားဖွဲ့စည်းတည်ရှိပုံက လှနေရင်တော့ ပြုပြင်သင့်ပါတယ်။ သွားဝါတဲ့ အနေ အထားက နည်းပြီး မျက်နှာအနေ အထား ကလည်း မလှ၊ သွားအနေ အထားက လည်း မမှန် ဆိုရင်တော့ မပြုပြင်သင့်ပါ ဘူး။

Good Health 

နာမည်ကောင်း မရသည့်တိုင် နာမည်ပျက် စာရင်း မဝင်မိဖို့ လိုသည်


နာမည်ကောင်း တစ်ခုရဖို့၊ လူရိုသေ၊ ရှင်ရိုသေဖြစ်ဖို့ အတွက်တော့ အချိန်ယူ ရပါသည်။ ထိုကြာရှည်သော ကာလအတွင်းတွင် လည်း အမှားနည်းနိုင် သမျှနည်းအောင် တည်ဆောက် ရပါသည်။ ဂုဏ်သတင်းမွှေး ဖို့အတွက်တော့ အချိန်ယူရသည့် သဘော ဖြစ်သည်။ နာမည်ပျက် ချင်လျှင် တစ်ခဏ အတွင်း၊ တဒင်္ဂအတွင်း အမည်တစ်ခုသည် ပျက်သွားဖို့ လွယ်သည်။ ဂုဏ်သတင်း ကောင်းရဖို့ အတွက်တော့ လူတွေအပေါ် မည်မျှကောင်းကျိုးပြု ခဲ့သည်ဟူသော အချက်သည် လွန်စွာ အရေးကြီးသည်။ တိုယိုတာ ကုမ္ပဏီသည် Prius ကားတစ်မျိုး ကိုထုတ်လုပ် လိုက်သောကြောင့် ကားစီးသူ များအကြား Prius ကြောင့် နာမည်ကြီးခဲ့ သည်။ Prius ကြောင့် ဂုဏ်သတင်းမွှေးခဲ့ သည်။ ဆီစားအံ့မခန်း သက်သာကြောင့်ဖြစ် သည်။
တစ်ဂါလံကို မိုင် (၅ဝ)ရအောင် မောင်းနိုင်သည်။ မော်တော်ယာဉ် သုံးစွဲသူ များအကြိုက်ဖြစ်စေသည်။ GE သည်လည်း ထို့အတူ လူတွေလေးစား ဂုဏ်ပြုမှုဖြစ်လာ အောင် လူထု အကျိုးပြုလုပ်ငန်းများ အနေ ဖြင့် လေအားလျှပ်စစ် ထုတ်လုပ်မှုများတွင် လည်းကောင်း၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင်လည်း ကောင်း တီထွင်ဖန်တီးပြီး ဈေးကွက်တွင် ရောင်းချနိုင်ခဲ့သည်။ လောင်စာစွမ်းအင် သက်သာစေခြင်းကြောင့်လည်း GE ကို Ecomagination ဟုပင်ခေါ်ဝေါ်လာ သည်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လည်း အနည်းဆုံးဖြစ်စေသည်။ လေထု ညစ်ညမ်းမှုကိုလည်း လုံးဝမဖြစ်စေသော ကြောင့်ဖြစ်သည်။ Starbucks ကိုလည်း ကော်ဖီစိုက်ပျိုးသောစိုက်ပျိုးရေးသမားများ က ဂုဏ်ပြုကြသည်။
ကမ္ဘာပေါ်တွင် Starbucks ကြောင့် ကော်ဖီစိုက်ပျိုးသူများ ဝင်ငွေတိုးစေခဲ့သည်ကား အမှန်ဖြစ်သည်။ Starbucks မတိုင်မီက ထင်ရှားသော အမှတ်တံဆိပ်များရှိခဲ့ဖူးသည်။ သို့သော် လည်း ထိုအမှတ်တံဆိပ်များထင်ရှားမှုသည် သူ့လုပ်ငန်း၊ သူ့ကုမ္ပဏီအတွက်သာဖြစ်စေ သည်။ ကော်ဖီတောင်သူများအတွက်ကား အကျိုးမပြုခဲ့၊ Starbucks သည် ကော်ဖီ စိုက်ပျိုးသူတောင်သူများအတွက်ပါ အကျိုး ပြုစေသောကြောင့် ကော်ဖီလောကတွင် Starbucks ၏ဂုဏ်သတင်း Reputation မွှေးပျံ့ခဲ့သည်။ Reebok သည်လည်း ထို့အတူပင်ဖြစ်သည်။ Reebok တွင် အလုပ်အကိုင်တစ်ခုရဖို့အတွက်တော့ အလွန်ခက်ခဲသည်။ အကြောင်းကတော့ သူ့အလုပ်သမားများကို အလွန်ဂရုစိုက် သောကြောင့်ဖြစ်သည်။ အလုပ်သမားများ ရပိုင်ခွင့်နှင့်ပတ်သက်လာလျှင် အပြည့်အဝ ပေးသည်။
ထို့အတူ ကောင်းသောအင်္ဂါရပ်များနှင့် ပြည့်စုံသောကုမ္ပဏီလုပ်ငန်းများ၊ ဂုဏ် သတင်းမွှေးသောလုပ်ငန်းများရှိသကဲ့သို့ လုပ်ငန်းလည်ပတ်မှုနှင့်ပတ်သက်ပြီး အား နည်းခဲ့သောလုပ်ငန်းများလည်းရှိခဲ့ပါသည်။ ပမာအားဖြင့် Walmart ဆိုလျှင် တစ်ချိန် က သူ၏ဝန်ထမ်းများသည် လုပ်ခလစာ နည်းနေမှုများ၊ လုပ်ငန်းခွင်အတွင်း ရသင့် ရထိုက်သောအခွင့်အရေးများ နစ်နာဆုံးရှုံး သွားမှုများကြောင့် ကျယ်ကျယ်လောင် လောင်အရေးဆိုမှုများ၊ သတင်းစာဂျာနယ် များတွင် သတင်းအဖြစ်ဖော်ပြခံရမှုများရှိခဲ့ ဖူးသည်။ Nike လည်း ထို့အတူပင်ဖြစ် သည်။ သို့သော်လည်း ဖြစ်ပုံကတစ်မျိုးဖြစ် သည်။ သူကတော့ ကလေးလုပ်သားများ ခိုင်းစေခဲ့မှုဖြစ်သည်။ နိုင်ငံရပ်ခြားတိုင်း တစ်ပါးတွင် ဖွင့်လှစ်ထူထောင်ထားသော Nike လုပ်ငန်းများတွင် ကလေးလုပ်သား များခိုင်းစေမှုကြောင့် နာမည်ပျက်သော သဘောလည်းရှိခဲ့သည်။
ထို့ကြောင့် လုပ်ငန်း၏နာမည်သည် အရေးကြီးသည်။ နာမည်ကောင်းစာရင်း reputation တွင် မပါနိုင်သည့်တိုင်အောင် နာမည်ပျက်စာရင်း Blacklists များတွင် မဝင်မိဖို့ အရေးကြီးလာသည်။ ကုမ္ပဏီ လုပ်ငန်းတစ်ခုအတွက် နာမည်ကောင်းရဖို့ အတွက် အောက်ဖော်ပြပါအချက်ကြီး (၅)ချက်ကို ဂရုစိုက်ရန်လိုအပ်သည်ဟု လည်း လေ့လာသူများကသုံးသပ်ကြသည်။ ၁။ ကုမ္ပဏီလုပ်ငန်းတစ်ခုအနေဖြင့် မိမိထုတ်လုပ်လိုက်သော ကုန်စည်နှင့်ဝန် ဆောင်မှုများသည် အမှန်တကယ်အရည် အသွေးပြည့်မီခြင်းရှိမရှိ၊ စံချိန်စံညွှန်းကိုက် မကိုက်၊ ဂရုတစိုက်ထုတ်လုပ်သည်လားဟူ သောမေးခွန်းကို မှန်မှန်ကန်ကန်ဖြေတတ် ဖို့ အရေးကြီးသည်ဟုဆိုပါသည်။ အကယ် ၍ ထိုမေးခွန်းကိုမဖြေနိုင်ပါက နောက်မေး ခွန်းများလည်း မေးရန်မလိုတော့ဟုဆိုပါ သည်။ ထိုအချက်သည် အခြေခံအချက်ဖြစ် သည်။ မိမိရောင်းချလိုက်သည့် ထုတ်ကုန် သည်ပင်လျှင် အမှန်အကန်မထုတ်လုပ် သောလုပ်ငန်းအတွက်တော့ နာမည် ကောင်းဆိုသည့် Reputation လည်း ရှိမည်မဟုတ်တော့ပါ။
၂။ ကုမ္ပဏီအနေဖြင့် တည်ငြိမ်သော အမြတ်အစွန်းများရရှိမှု/ရှိမရှိဆိုသည့် အချက်ကို သုံးသပ်ရန်လိုသည်။ အမြတ် အနေဖြင့် များခြင်း၊ နည်းခြင်းဆိုသည် သဘောထက်၊ ပုံမှန်ရရှိနေသောအမြတ် အစွန်းကိုဆိုလိုသည်။ ထိုသို့သောအမြတ် အစွန်းသည် ကာလအတော်ကြာသည် အထိ ထိန်းသိမ်းထားနိုင်စွမ်းရှိသော လုပ်ငန်းများသည် ဖောက်သည်မပျက်သော ကြောင့်ဖြစ်သည်။ ဖောက်သည်မပျက်သည့် အကြောင်းရင်းမှာလည်း လုပ်ငန်းအပေါ် ယုံယုံကြည်ကြည်သုံးစွဲနေသောကြောင့်ဖြစ် သည်။
၃။ လုပ်ငန်းများစီမံခန့်ခွဲအုပ်ချုပ်ပုံ အနေအထားသည် ထင်သာမြင်သာရှိသော စီမံခန့်ခွဲမှုဖြစ်မဖြစ်ဆိုသည့်အချက်လည်း ဆန်းစစ်ရန်လိုသည်။ ရေလိုက်၊ ငါးလိုက်၊ သင့်သလိုအုပ်ချုပ်၊ တော်သလိုစီမံ၊ ဖြစ်သလို စီမံသောလုပ်ငန်းများစွာရှိသည်။ စီမံခန့်ခွဲ မှုညံ့ဖျင်းသောလုပ်ငန်းအတွက် နာမည် ကောင်းထိန်းသိမ်းရန်ခက်ပါမည်၊ အကြောင်းမှာ နာမည်ကောင်းမရှိသော ကြောင့်ဖြစ်သည်။
၎။ လုပ်ငန်းတွင် လုပ်ငန်းအတွက် လိုအပ်သောအရည်အချင်းနှင့်ပြည့်စုံသော လုပ်သားအင်အားခန့်ထားမှု ပြည့်စုံမှုရှိမရှိ ဆိုသည့်အချက်များကိုလည်း ဂရုစိုက်ရန် လိုပါသည်။ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ချောဖြန့်ဖြူးမှုအခြေအနေ ပုံမှန်အနေ အထားတွင်ရှိမရှိဆိုသည့်အချက်သည် အရေးကြီးသည်။ လုပ်ငန်းတစ်ခုလုပ်ကိုင် ရာတွင် မကြာခဏအရေးပေါ်အခြေအနေ လုပ်ကိုင်နေရခြင်းများ၊ မကြာခဏ အိုဗာ တိုင် (Overtimes) ဆင်းနေရမည်ဆိုပါက ထိုလုပ်ငန်းသည် Reputation ရရှိရန် မလွယ်ပါ။
 ၅။ လုပ်ငန်းများအနေဖြင့် လူမှုရေး ဆောင်ရွက်မှုများ၊ ဘာသာရေးပွဲတော်များ၊ နှင့် အခါကြီးရက်ကြီး၊ နိုင်ငံတော်နှင့်ဆိုင် သော ပွဲလမ်းသဘင်များတွင် ပါဝင်မှုရှိမရှိ ဆိုသည့်အချက်ကိုလည်း ဆန်းစစ်ရန်လိုပါ မည်။ အချို့သောလုပ်ငန်းများသည် လုပ်ငန်းရှင်အနေဖြင့်သာ လူမှုရေး၊ ဘာသာ ရေးလုပ်ငန်းများတွင် ပါဝင်ခြင်းရှိကြသည်။ သို့သော်လည်း လုပ်ငန်းအမည်ဖြင့်ပါဝင်မှု အတွက်တော့ နည်းတတ်ပါသည်။ ယနေ့ မျက်မှောက်အခြေအနေတွင် လုပ်ငန်းရှင် အနေဖြင့် ဘာသာရေး လူမှုရေးလုပ်ငန်း များတွင် ပါဝင်ခြင်းထက်၊ လုပ်ငန်းအနေ ဖြင့် ပါဝင်လာမှုအသွင်ပြောင်းလာပါသည်။ တစ်နည်းအားဖြင့် လူထုကြားတွင် လုပ်ငန်း ရှင်ထက်၊ လုပ်ငန်းကို လူသိပိုခံသည့် သဘောမျိုးဖြစ်သည်။ လုပ်ငန်းရှင်အနေဖြင့် လူသိခံခြင်း၊ လုပ်ငန်းအနေဖြင့် လူသိခံခြင်း ဆိုသည်မှာလည်း လုပ်ငန်းအနေအထား ပေါ်များစွာမူတည်နေ ပါလိမ့်မည်။
အချို့သောလုပ်ငန်း များသည် စုပေါင်း ပိုင်ဆိုင်သည့်လုပ်ငန်းများ Employee Owned Company များဖြစ်နေလျှင် လုပ်ငန်းအနေဖြင့် လုပ်ဆောင်တတ်ကြ သည်။ အချို့လုပ်ငန်းများသည် အကျိုးတူ ပူးပေါင်းဆောင်ရွက်သောလုပ်ငန်းမျိုး Mutual Company လည်းရှိတတ်ပါသည်။ ထိုလုပ်ငန်းမျိုးများတွင် လုပ်ငန်းရှင်အနေဖြင့် ရပ်တည်လို့မရပါ။ လုပ်ငန်းအနေဖြင့်သာ လှုပ်ရှားဆောင်ရွက်ရပါသည်။ နောက်တစ် မျိုးကတော့ သမဝါယမလုပ်ငန်း (Cooperative) များဖြစ်သည်။ တစ်ဦးတစ် ယောက်အမည်ဖြင့် လုပ်ငန်းကိုအမည် ကောင်းခံလို့မရသော လုပ်ငန်းမျိုးများဖြစ် သည်။ နောက်ဆုံးတစ်မျိုးမှာ Benefit Corporation များဖြစ်သည်။ လူမှုရေး အကျိုးအလို့ငှာ ထူထောင်ထားသော လုပ်ငန်းမျိုးများဖြစ်သည်။
ထိုသို့သော လုပ်ငန်း မျိုးများသည် တစ်ဦးတစ်ယောက် ကောင်းဖြင့် လုပ်ဆောင်ထားသောလုပ်ငန်း မျိုးမဟုတ်သောကြောင့် လုပ်ငန်း အတွက် သာ နာမည်ကောင်းရယူနိုင် ပါသည်။ အမည်ကောင်း လက်မှတ်အတွက် လူတိုင်း၊ လုပ်ငန်း တိုင်းသည် ကြိုးစားကြ သည်ချည်း သာဖြစ်သည်။ သို့သော်လည်း လူတိုင်းအတွက်ကြိုးစားရာတွင် Individuals သဘောမျိုးရယူသွားခြင်းရှိသကဲ့သို့ အဖွဲ့အစည်းသဘောမျိုး (Institutions) အနေဖြင့်လည်း ရယူနိုင်ပါသည်။ သို့သော် လည်း နာမည်ကောင်းအတွက် အရေးကြီး သောအချက်မှာ လုပ်ငန်းတစ်ခု အနေဖြင့် Institutional Factors သဘောမျိုးအရ ဖွဲ့စည်းထား သော်လည်း တစ်ဦးကောင်း တစ်ယောက်ကောင်း သဘောမျိုး Individual Reputation ရယူမည် ဆိုလျှင် ထို Reputation ကို ရယူထား သူအတွက် အလွန်အန္တရာယ်များ သည်ကိုတော့ သတိ ချပ်ရန် လိုပါမည်။

ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)
အခွင့်အလမ်း

ဒီဇင်ဘာလ(၄)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် ၄၆၅


ဒီဇင်ဘာလ(၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ


ဒီဇင်ဘာလ(၅)ရက်နေ့ ထုတ် ပြည်မြန်မာသတင်းဂျာနယ် အမှတ် ၈၉၉


ဒီဇင်ဘာလ(၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ


ဒီဇင်ဘာလ(၉)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၄)၊ အမှတ် (၆၀)


ဒီဇင်ဘာလ(၁၁)ရက်နေ့ ထုတ် Mobile Guide Issue 132


ဒီဇင်ဘာလ(၈)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၂ အမှတ် ၃၁


ဗိုလ်ချုပ်ဈေး မျက်နှာစာ သံပန်းများကာ၇ံထားသည့်ေ၇ှ့ တွင် tourism ကားကြီးများကို ယာဉ်ထိန်းရဲများ မသိကျိုးကျွံပြုပေးလျက်၇ှိနေ


ရိုးသားပြီး မျှတမှု၇ှိသော အေ၇းယူမှုဖြစ်ပါစေ
ဗိုလ်ချုပ်ဈေး မျက်နှာစာ သံပန်းများကာ၇ံထားသည့်ေ၇ှ့ တွင် tourism ကားကြီးများ ၇ပ်နားထားသဖြင့်..အိမ်စီးကားများလည်း၇ပ်နားကြ၇ာ..၇ပ်နားစဉ်နှင့် ၇ပ်နားဖို့ ကြိုးစားနေစဉ် အနီးအပါးမှ ယာဉ်ထိန်းရဲများ မသိကျိုးကျွံပြုပေးလျက်၇ှိပြီး...၇ပ်နားပြီး ၁၀ မိနစ်ခန့် ကြာမှ ဒဏ်ငွေ၇ိုက်
sticker များ ကပ်ကာ ဖမ်းဆီးမှူများ ပြုလုပ်လျက်၇ှိပါသည်....
ဖမ်းဆီး၇ာတွင် tourism ကားများ မပါဝင်ဘဲ အိမ်စီးကားများသာ ဖမ်းင်္ဆီးသဖြင့် 8.12.13 နေ့ လယ်က ဖမ်းဆီးသူ ယာဉ်ထိန်း၇ဲအား မေးမြန်း၇ာ ...ဟမ်...ဟု သာ ပြန်ဖြေပြီး ၇ှင်းလင်းပြောဆိုမှူမပြုသဖြင့် ...၉.၁၂.၁၃ မှာ သက်ဆိုင်၇ာ ယာဉ်ထိန်းရုံး ဖုန်းများဖြစ်တဲ့......291 285..296454..292288 များသို့ ဆက်သွယ်တိုင်တန်း၇ာ လက်ခံနားထောင်ပေးခြင်း၇ှိပြီး တာဝန်ယူ ဖြေ၇ှင်းမပေးပါ.....292288 မှ ပုဂ္ဂိုလ်ကမူ ...တိုင်ချင်၇ာတိုင်ပါဟု
ပြောလာပါသည်.....
.........................................................................................
ဖမ်းဆီးအေ၇းယူမှုပြုလုပ်၇ာတွင်..ပှံမှန် ဖမ်းဆီး၇ပါမည်..( ၆လ လွှတ်ပေး ၁လ ဖမ်း မလုပ်၇ပါ )
ပြစ်မှုကျူးလွန်သည့် ကားအားလုံးဖမ်းဆီး၇ပါမည်...( ဟိုကားဖမ်း ဒီကားလွှတ်မလုပ်၇ပါ)
ဖမ်းဆီးခံ၇သူမှ complain တက်လျှင် လက်ခံစကားပြောပေးသည့် အဖွဲ့ အစည်း၇ှိ၇ပါမည် (ဟိုလူ့ လွှဲ ဒီလူ့ လွှဲ မလုပ်၇ပါ)
ပြစ်မှုမမြောက်ခင် တားဆီး၇ပါမည်...tourism ကားများနှင့် ထောင်ချောက်ဆင် မဖမ်းဆီး၇ပါ)
..............................................................................
ယာဉ်ထိန်း၇ဲများ ကိုယ်ကျင့်သိက္ခာပြည့်စုံကြပါစေ....
ကားပိုင်၇ှင်တစ်ဦး
Nyay Nyay
by Myanmar CNN

အင်တာနက် ဂျာနယ် - internet journal (12-DEC-2013)


ယောက်ျားဆိုတာ


အမျိုးသား တစ်ယောက် ရှိတယ်။ သူက အမျိုးသမီး သုံးယောက်ထဲက တစ်ယောက်ကို လက်ထပ်ဖို့အတွက် ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကို အချိန်အတော် ကြာအောင် စဉ်းစားနေတယ်။
ထိုသုံးယောက်ကို စာမေးပွဲစစ်ဖို့ သူဆုံးဖြတ် လိုက်ပါတယ်။ ဒါကြောင့် တစ်ယောက်စီကို ဒေါ်လာ ၅၀၀ စီပေး လိုက်ပါတယ်။
ပထမ တစ်ယောက်က ဆွဲဆောင်မှု ရှိပြီး အရမ်းလှတယ်။ သူပေးလိုက်သော ဒေါ်လာ ၅၀၀၀ ကို beauty salon သွားပြီး မျက်နှာ ပေါင်တင်တယ်၊ ဆံပင်ဆေးဆိုးတယ်၊ ခြေသည်း လက်သည်းတွေကို ဆေးခြယ်တယ်။ ဒီလိုနည်းနဲ့ သုံးလိုက် ပါတယ်။ ထို့နောက် အမျိုးသမီးက သူ့ကို အရမ်းချစ်တယ်ဟု ပြောလိုက်ပါတယ်။ အရမ်းသဘောကြသွားတယ်။
ဒုတိယ တစ်ယောက်က ဆွဲဆောင်မှုတော့ အရမ်းမရှိဘူး ချောတယ်။ သူပေးလိုက်တဲ့ ပိုက်ဆံကို Shoppig ထွက်တယ်။ မုန့်စားတယ်။ ဖုန်းဝယ်တယ်။ သူ့အတွက် လက်ဆောင်လည်း တစ်ခုဝယ်ပေးတယ်။ ထို့နောက် သူ့ကို အရမ်းချစ်တယ်ဟု ပြောတယ်။ သူသဘော ကြသွားတယ်။
တတိယ တစ်ယာက်ကတော့ အရမ်းဆွဲဆောင်မှုတော့ မရှိဘူး။ သဘောကောင်းရုံတင် မက သူ့အပေါ်မှာ အလွန်ကောင်းတယ်။ သူပေးလိုက်တဲ့ ပိုက်ဆံကို သူ့ကို ပြန်ပေးတယ်။ ပြီးတော့ သူမကို ရှင်ကို အရမ်းချစ်တယ်လို့ ပြောတယ်။ သူ့အတွက် လက်ဆောင်တစ်ခု ထပ်ပြီး ဝယ်ပေးလိုက်သေးတယ်။ သူအရမ်း အရမ်းကို သဘောကြသွားတယ်။
ထိုအမျိုးသားသည် ဘယ်မိန်းကလေး ရွေးချယ်မည် ထင်ပါသနည်း။
(၁) ရုပ်ချောပြီး ဆွဲဆောင်မှု ရှိတယ်။
(၂) ဆွဲဆောင်မှုတော့ အရမ်းမရှိဘူး ချောတယ်။
(၃) ဆွဲဆောင်မှုလည်း မရှိဘူး။ မချောဘူး။
စိတ်ထား ကောင်းတယ်။ ထိုသူသည် အရမ်းချောပြီး ဆွဲဆောင်မှု ရှိတဲ့ တစ်ယောက်ကို ရွေးချယ် လိုက်ပါတယ်။
ထို့ကြောင့် ယောက်ျားဆိုတာ။
ကျော်လင်းနိုင် (ရိုးရာလေး)
Yoyarlay

မသင်္ကာစစ်ဆေးရာမှ ခိုးမှုဟောင်း (၃)မှုပေါ်ပေါက် (သက်ငယ်မှုခင်း)


ရန်ကုန်၊ ဒီဇင်ဘာ ၉

၁၈.၁၁.၂၀၁၃ရက်နေ့ ၀၅၀၀အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်နေ ဒေါ်ရွှေကျေး၏ နေအိမ်တိုက်ခန်းအတွင်းမှ
ဆင်းကဒ်ပါ SAMSUNG လက်ကိုင်ဖုန်း (၁)လုံး၊ တိုရှီဘာလက်တော့ (၁)လုံး၊ လက်ဝတ်ရတနာမျိုးစုံ(၇)မျိုးနှင့် ငွေကျပ် (၂)သိန်း၊
စုစုပေါင်းတန်ဘိုး (၄၃၈၂၇၉၅)ကျပ်နှင့် အမေရိကန်ဒေါ်လာ (၃၀၀)တို့
ပျောက်ဆုံးနေသဖြင့် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်း(ပ)၇၅၈/၂၀၁၃၊
ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ပြီး ခိုးယူသူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်စဉ် ၂၅.၁၁.၂၀၁၃ရက်နေ့ ၁၅၁၅အချိန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင် လမ်းတွင် မသင်္ကာတရားခံ သူရအောင် (ဘ)ဦးဝင်းအောင်မိုး၊ ဗိုလ်တထောင်မြို့နယ်နေသူနှင့် မသန်းသန်းထွေး(ခ)ဇူးဝတ်မှုန် (ဘ)ဦးဝင်းနိုင်၊ ရန်ကင်းမြို့နယ်နေသူတို့ (၂)ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၇၅၈/၂၀၁၃၊ ပုဒ်မ ၃၈၀အမှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။

ထို့အပြင် ၎င်းတို့ (၂)ဦးသည် ၁၃.၉.၂၀၁၃ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်၊ (၄၁)လမ်းရှိ နေအိမ်ခန်းအတွင်းမှ
ရွှေထည်လက်ဝတ်ရတနာများ၊ စုစုပေါင်းတန်ဘိုး ငွေကျပ်(၅၅)သိန်း
ပျောက်ဆုံးသဖြင့် ဗိုလ်တထောင်မြို့မရဲစခန်း(ပ)၁၇၄/၂၀၁၃၊ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိသော အမှုအားလည်းကောင်း၊ ၂၂.၁၁.၂၀၁၃ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ ဇေယျာသီရိလမ်းရှိ နေအိမ်ခန်းအတွင်းမှ လက်တော့မျိုးစုံ (၄)လုံး၊ ငွေကျပ် (၃)သိန်း၊စုစုပေါင်း (၂၂၇၀၀၀၀)ကျပ် ပျောက်ဆုံးသဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၅၀၈/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိသော အမှုအားလည်းကောင်း ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ပြီး အခြားခိုးမှုများဖြင့် တိုက်ဆိုင်စစ်ဆေးဖေါ်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ထိုင်းအစိုးရကို တနင်္လာနေ့ နောက်ဆုံးထား၍ တိုက်ပွဲဝင် ဖြုတ်ချသွားမည်ဟု အတိုက်အခံတို့ ပြောကြား


ဘန်ကောက်၊ ဒီဇင်ဘာ ၈

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် နောက်ကွယ်မှ ကြိုးကိုင်ခံနေရသည်ဟု စွပ်စွဲပြောဆို ခံထားရသည့် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့ကို တနင်္လာနေ့ (ဒီဇင်ဘာ ၉ ရက်နေ့) နောက်ဆုံးထား၍ ဖြုတ်ချသွားမည် ဖြစ်သည်ဟု အတိုက်အခံ အင်အားစုများက သံန္နိဋ္ဌာန် ချမှတ်လိုက်ပြီ ဖြစ်ကြောင်း The Nation သတင်းစာက ရေးသားဖော်ပြသည်။

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် ရက်အတန်ကြာ ဖြစ်ပေါ်ခဲ့သည့် ‘သက်ဆင်၏ ရုပ်သေးအစိုးရ’ ဆန့်ကျင်ဖြုတ်ချရေး ဆန္ဒပြပွဲကြီးသည် ဘုရင်မင်းမြတ် ဘူမီဘော အဒူရာဒက်၏ မွေးနေ့ အချိန်ကာလ၌ အတန်ငယ် အင်အားလျော့ကျ သွားခဲ့ပြီးနောက် အတိုက်အခံတို့က တနင်္လာနေ့ကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ကာ အစိုးရအား ဖြုတ်ချသွားမည်ဟု ကြေညာခြင်း ဖြစ်သည်။

အကယ်၍ သတ်မှတ်ထားသည့် ယင်းနေ့တွင် ဝ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရနှင့် သက်ဆင်အုပ်စု (၎င်းတို့အခေါ်) ကို ဖယ်ရှားနိုင်ခြင်း မရှိခဲ့ပါက အညံ့ခံ အရှုံးပေးသွားရန်လည်း ဆန္ဒပြ ခေါင်းဆောင်များတွင် ဆန္ဒရှိနေကြောင်း အတိုက်အခံတို့ဘက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
“မနက်ဖြန် (တနင်္လာနေ့) ဟာ အင်အားဖြည့်မယ့်နေ့ မဟုတ်ပါဘူး၊ တိုက်ပွဲ နောက်ဆုံးနေ့ပါ” ဟု အတိုက်အခံ အဖွဲ့ ဖြစ်သော ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRD) မှ ပြောရေးဆိုခွင့်ရှိသူ အီကာနက်ပရိုပန် ဆိုသူက ပြောကြားသည်။

အတိုက်အခံများက ထိုသို့ တနင်္လာနေ့အား အစိုးရကို နောက်ဆုံးဖြုတ်ချမည့် နေ့အဖြစ် သတ်မှတ်ကြောင်း ကြေညာစဉ် အချိန်တွင်ပင် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က သူမအနေနှင့် အတိုက်အခံ ခေါင်းဆောင် ဆူတတ်တာဆူဘန်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် တံခါးဖွင့်ထားဆဲ ဖြစ်ကြောင်း အသိပေး ပြောကြားသည်။
“ကျွန်မ တံခါးတွေအားလုံး ဖွင့်ထားဆဲပါပဲ၊ သူ (အတိုက်အခံ ခေါင်းဆောင်) နဲ့ တွေ့ဆုံ ဆွေးနွေးဖို့လည်း အသင့်ရှိနေပါတယ်” ဟု ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ နှမဖြစ်သူ လက်ရှိ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ပြောကြားသည်။

သို့သော် သက်ဆိုင်ရာ ဝန်ကြီးရုံးများ အားလုံးအနေနှင့် ဌာနရုံးများ အတွင်းသို့ ဆန္ဒပြ အင်အားစုများ ဝင်ရောက်လာမည့် အခြေအနေများအတွက် ကြိုတင် ပြင်ဆင်ထားရန် ထိုင်းအစိုးရက အထူးသတိပေးချက် ထုတ်ပြန်ထားသည်။
“ဒီဇင်ဘာ ၉ ရက်နေ့မှာ အားလုံး မဖြစ်မနေ အဆုံးသတ်ရမှာပါ။ တကယ်လို့ ဆန္ဒပြမှုတွေ မအောင်မြင်ခဲ့ဘူး ဆိုရင် ပူးတွဲ အတိုက်အခံ ခေါင်းဆောင်တွေ အားလုံး သူတို့ ဘာသာသူတို့ အရှုံးပေးကြမှာ ဖြစ်ပါတယ်၊ အဲဒီလိုဆိုရင် သူတို့ဟာ တည်ဆဲ ဥပဒေတွေအရ တရားစွဲဆို အရေးယူ ခံရတော့မှာ ဖြစ်ပါတယ်” ဟု အတိုက်အခံဘက်မှ ပြောရေး ဆိုခွင့်ရှိသူက ဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က အသက် ၈၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော ထိုင်းဘုရင် ဘူမီဘောက ပြန်လည် သင့်မြတ် ညီညွတ်ကြရန် ယင်းနေ့တွင် ထောင်ပေါင်း များစွာသော ပြည်သူများကို ပြောကြားခဲ့သည်။
The Voice Weekly

ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်


နေပြည်တော်၊ ဒီဇင်ဘာ ၉

၇-၁၂-၂၀၁၃ ရက်နေ့ ၀၄၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၈/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ပေပင်လေး အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်သပြေရပ်ကွက်နေ တင်ကျော်(၄၅)နှစ်မောင်းနှင်လာသည့် 1G/xxxx ““အီလိုက်”” ခရီးသည်တင်မှန်လုံယာဉ်မှာ ၀ဲဘက်ရှေ့ဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘာရီယာတုံးများအားဝင်ရောက်တိုက်မိခဲ့ကြောင်း တွေ့ရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်စက်ပြင်ဖြစ်သူ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်နေ စွမ်းနိုင်အောင်(၂၅)နှစ်တွင် ၀ဲခြေဖ၀ါးပေါက်ပြဲ ဒဏ်ရာရရှိခဲ့သောကြောင့် မိတ္ထီလာဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ယာဉ်မှာရှေ့လေကာမှန်ကွဲ၊ ကိုယ်ထည်ရှေ့ ၀ဲဘက်ခြမ်းအောက်ပိုင်းကျိုးကြေ၊ ၀ဲ/ယာရှေ့ဘီးများပေါက်၊ တန်ဘိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံး ခဲ့သဖြင့် တင်ကျော်အား ပေလေးပင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ကွတ်ခိုင်၌ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့်


ကွတ်ခိုင်၊ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် ရဲအဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့် ခဲ့ကြောင်း ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံက ပြောကြားသည်။

ကွတ်ခိုင်မြို့နယ်နှင့် သုံးမိုင်ခန့်အကွာ ကျေးရွာတစ်ရွာတွင် နေထိုင်သည့် ကလေး လေးဦးမိခင် အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီးကို ဒီဇင်ဘာလ ၂ ရက်နေ့က ရဲအဝတ်အစားများ ဝတ်ဆင်ပြီး လက်ထိတ်များ ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးက မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ ၎င်းနေအိမ်သို့ ရောက်ရှိလာကြောင်း၊ မူးယစ်ဆေးဝါးရှိ မရှိ နေအိမ်နှင့် အဆိုပါ အမျိုးသမီး ကိုယ်ပေါ်တွင် လိုက်လံ ရှာဖွေခဲ့ပြီး ခန္ဓာကိုယ်ကို ကြိုးဖြင့်တုပ်ကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင် အမျိုးသမီးက ဆိုသည်။

ယင်းဖြစ်ရပ်ကို အခင်းဖြစ်ပွားသည့် ညတွင် ကွတ်ခိုင်မြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး ကချင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ထံသို့လည်း ဆက်သွယ် အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

အဆိုပါ အမျိုးသမီးကို အဓမ္မပြုကျင့်မှုတွင် အမှန်တကယ် ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ပါက ယင်းတပ်ဖွဲ့ဝင်များကို အရေးယူသွားမည် ဖြစ်ပြီး အမူမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းထောက်လှမ်းရေး အဖွဲ့သုံးဖွဲ့ ဖွဲ့၍ ဆောင်ရွက်နေကြောင်း ကွတ်ခိုင်မြို့မ ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး စိုင်းကိုကိုလတ်က ပြောကြားသည်။
“လက်ညှိုးမကောင်း လက်ညှိုး၊ လက်မ မကောင်းလက်မ ပြတ်ပြတ်သားသား အရေးယူမယ်။ အဓမ္မပြုကျင့်တာ ရဲတပ်ဖွဲ့ဝင် ဖြစ်တယ်လို့ သံသယဝင်စရာ ဖြစ်နေရင်တော့ ရဲတပ်ဖွဲ့ရဲ့ သိက္ခာလည်း ကျဆင်းပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ကွတ်ခိုင်မြို့မရဲစခန်း ပြစ်မှုပုဒ်မ - ၃၇၆ အရ အမှုဖွင့် အရေးယူထားကြောင်း ကွတ်ခိုင် မြို့မရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly

ထိုင်းပြည်သူ့ လွှတ်တော်ဖျက်သိမ်း


(9/12/2013)

ပြည်သူ့ လွှတ်တော်ဖျက်သိမ်းလိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် ထပ်စင်ချင်န၀ပ် (9/12/2013) ထိုင်းစံတော်ချိန် နံနက် 9 နာရီနီးပါးအချိန်မှာ ကြေညာလိုက်ပါတယ်။ ထိုင်းလွှတ်တော်သက်တမ်း 4 နှစ်မှာ ယင့်လတ်ခ် အစိုးရဟာ 2 နှစ်နဲ့  5 လလောက်သာအစိုးရအဖြစ် ထမ်းဆောင်နိုင်ခဲ့ တာဖြစ် ပါတယ်။ အခုလို လွှတ်တော်ဖျက်သိမ်းဖို့ ကြေညာခဲ့ ရတာကတော့ လွှတ်တော်ထဲမှာ အဓိက အတိုက်အခံဖြစ်တဲ့ ဒီမိုကရက်ပါတီလွှတ်တော်အမတ် 153 ဦးလွှတ်တော် အမတ်အဖြစ်က နှုတ်ထွက်လိုက်တာကတစ်ကြောင်း အစိုးရကို ဆန့် ကျင်ဆန္ဒပြနေတာကလည်း လနဲ့ ချီကြာမြင့်ဆန္ဒပြနေသလို ဆန္ဒပြပွဲတွေကို ရုတ်သိမ်းမယ့်အနေအထားမရှိပဲ ဖိအားပေးဆန္ဒပြနေတာကြောင့် ပြည်သူတွေကို အာဏာပြန်အပ်လိုက်တဲ့သဘောနဲ့  လွှတ်တော်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

ယင့်လတ်ခ် အစိုးရကိုဆန္ဒပြနေတဲ့သူတွေကတော့ ယင့်လတ်အစိုးရက ကြားဖြတ်အစိုးရအဖြစ်လုပ်ဆောင်နေတာကိုလည်း အပြီးနှုတ်ထွက်ပေးရမယ်။ ပြည်သူကိုယ်စားပြုလွှတ်တော်(ပြည်သူ့ ကောင်စီ) ဖွဲ့ စည်းဖို့ ကိုပဲ တောင်းဆိုနေတုန်းဖြစ်ပါတယ်။ ပြည်ပမှာ တိန်းရှောင်နေရတဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်စင် ချင်န၀ပ်ရဲ့  မျိုးရိုးတွေ နိုင်ငံရေးကနေ လုံးဝဖယ်ရှားပေးရမယ်လို့ တောင်းဆိုနေပါတယ်၊

လက်ရှိဖွဲ့ စည်းပုံအရ 45 ရက်အတွက် ရွေးကောက်ပွဲ အသစ်ပြန်လုပ်ရမှာဖြစ်ပါတယ်။ လက်ရှိလူထုထောက်ခံမှုအရပြောရမယ်ဆိုရင် ယင့်လတ်ခ် ချင်န၀ပ် ပါတီဖြစ်တဲ့ ဖုယာထိုင်းပါတီ(ထိုင်း အတွက်ပါတီ) ကပဲ မဲအများစုရမယ့် အနေအထားဖြစ်ပါတယ်။ ဖုယာထိုင်း ပါတီက အနိုင်ရပြီး အစိုးရထပ်လုပ်မယ်ဆိုရင် လက်ရှိဆန္ဒသူတွေက ဆက်လက်ပြီး ဆန့် ကျင် ဆန္ဒကြဦးမှာဖြစ်တယ်၊ အကြောင်းပြချက်က တိုင်းပြည်ငွေအလွဲသုံးစားမှုနဲ့ ထောင်ဒဏ် 2 နှစ် အပြစ်ပေးခံထားရလို့ ပြည်ပမှာ တိန်းရှောင်နေရတဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်စင် ချင်န၀ပ် ကြောင့် တိုင်းပြည်အတွင်းမှာစိတ်ဝမ်းကွဲမှုတွေဖြစ်ခဲ့ရတယ်။ မိသားစုကိုယ်ကျိုးစီပွားရှားအကြီးအကျယ်ရှိခဲ့တယ်။ ထပ်စင် ချင်န၀ပ် မျိုးရိုးတွေ နိုင်ငံရေးကနေ လုံးဝဖယ်ရှားရမယ်လို လို့ တောင်းဆိုနေတာကြောင့်ဖြစ်ပါတယ်။

တခါလက်ရှိအတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီက အနိုင်ရပြီး အစိုးရဖွဲ့ ဆိုရင် ထပ်စင် ချင်န၀ပ်ကို ထောက်ခံတဲ့ ရှပ်နီတွေက ဆန့် ကျင်ဆန္ဒပြကြမှာဖြစ်ပါတယ်။ ရှပ်နီတွေရဲ့ အကြောင်းပြချက်ကတော့ လွန်ခဲ့တဲ့ 3 နှစ်က ရှပ်နီတွေဆန္ဒပြတာကို အင်အားသုံးပြီဖြိုခွင်းခဲ့ရာမှာ လူပေါင်း 100 နီးပါးသေဆုံးပြီး 2500 လောက်ဒဏ်ရာရခဲ့တယ်တယ်။ ဒီလိုသွေးစွန်းတဲ့လက်တွေကို အစိုးရလုပ်ခွင့်မပြုနိုင်ဘူးလို့ ပြောဆိုမှုရှိနေပါတယ်။
ဒီလိုနိုင်ငံရေးတင်းမာမှုတွေအပေါ် ပညာရှင်တွေရဲ့ ထောက်ပြချက်တွေ အမျိုးမျိုးရှိနေပါတယ်။

တချို့ ပညာရှင်တွေ တင်ပြတာကတော့ လွှတ်တော်ဖျက်သိမ်းလိုက်ပြီးနောက် ရွေးကောက်ပွဲ မဲဆွယ်တဲ့အခါ ထိုင်းနိုင်ငံရေးမှာ ဘာတွေပြုပြင်ချင်သလဲ ဖွဲ့ စည်းပုံကို ဘာတွေပြင်ချင်သလဲဆိုတာ ကို တိုင်းပြည်အကျိုးကိုရှေ့ ရှူပြီး အတိအကျပြောကြားပြီးမဲစွယ်ပါ၊ လွှတ်တော်အမတ်အများဆုံး ရတဲ့ ပါတီက မဲစွယ်ထားတဲ့အတိုင်း ပြင်ပို့ တိုက်တွန်းပါတယ်။

တချို့ ပညာရှင်တွေတင်ပြတာက လာမယ့်ရွေးကောက်ပွဲဟာ ဖွဲ့ စည်းပုံ ပြင်ရေးအတွက် အဓိကဖြစ်တယ်၊ ဖွဲ့ စည်းပုံပြင်ဆင်ရေးဆွဲရေး ကိုယ်စားလှယ်ရွေးချယ်ရေးအတွက် အဓိကလုပ်ဆောင်ရမယ်။ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ့် ဖွဲ့ စည်းပုံဖြစ်လာရေးဆွဲရမယ်။ ဒီတော့မှာ နိုင်ငံရေးတည်ငြိမ်မယ်လို့ ပြောနေပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံရေးရှေ့ အလားအလာကတော့ ဘယ်ကိုဦးတည်သွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

BBC ၀င်းမြင့် BBC Winmit's

ရောမမြို့တွင် ကျင်းပမည့် ကမ္ဘာ့အမျိုးသမီးရေးရာ ဆွေးနွေး ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်


ရန်ကုန်၊ ဒီဇင်ဘာ ၈

အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပမည့် ကမ္ဘာ့ အမျိုးသမီးရေးရာ ဆွေးနွေးပွဲသို့ အီတလီ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့က အီတလီနိုင်ငံ အခြေစိုက် AGI သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် ကမ္ဘာ့အမျိုးသမီး ဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိခဲ့သည့် အီတလီနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Marta Dassu က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အီတလီနိုင်ငံ အစိုးရကိုယ်စား ယင်းသို့ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

အီတလီ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ၂၀၁၅ ခုနှစ်တွင် အီတလီနိုင်ငံ၌ ကျင်းပခွင့် ရရှိသည့် ဒုတိယအကြိမ် နိုင်ငံတကာ အမျိုးသမီးရေးရာ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောကြားခဲ့သည်ဟု ယင်းသတင်း စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ နိုင်ငံတကာ အမျိုးသမီးရေးရာ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲကို ၅ နှစ်တစ်ကြိမ် ကျင်းပခြင်း ဖြစ်ပြီး ပထမဦးဆုံး အခမ်းအနားကို ၂၀၁၀ ခုနှစ် မေလက အီတလီနိုင်ငံ မီလန်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာ အမျိုးသမီးရေးရာ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲ ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာအနှံ့ရှိ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး ဆိုင်ရာ စီမံကိန်းများကို နိုင်ငံတကာမှ အမျိုးသမီးများက ပူးပေါင်း မြှင့်တင် ဆောင်ရွက်ရန် ဖြစ်ကြောင်း အခမ်းအနား ကျင်းပရေး ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အီတလီ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည့်အပြင် အီတလီနိုင်ငံ၏ ထောက်ပံ့ရေး အစီအစဉ် များကိုလည်း ပြောကြားခဲ့ကြောင်း အီတလီ သတင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ် အောက်တိုဘာ လကုန်ပိုင်းက အီတလီနိုင်ငံသို့ ပထမဦးဆုံး အကြိမ် ရောက်ရှိ ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်း အနစ်နာခံခဲ့မှုများကို ဂုဏ်ပြုသည့် အနေနှင့် အီတလီအစိုးရက ချီးမြှင့်သော ဂုဏ်ထူးဆောင် ရောမနိုင်ငံသားဆုကို လက်ခံရယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ အီတလီနိုင်ငံ ခရီးစဉ်အတွင်း အီတလီနိုင်ငံ ဗာတီကန်မြို့တော်၏ အချုပ်အခြာ အာဏာပိုင် ပုပ်ရဟန်းမင်းကြီး Francis၊ အီတလီ နိုင်ငံခြားရေးဝန်ကြီး Emma Bonino၊ အီတလီသမ္မတ Giorgio Napolitano တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
The Voice Weekly

မြန်မာနိုင်ငံတွင် ဆရာ၊ ဆရာမ အခွင့်အရေး အပြည့်အဝ မရှိဟုဆို


ရန်ကုန်၊ ဒီဇင်ဘာ ၈

ပညာရေးမူဝါဒ ပြောင်းလဲမှုများ ဆောင်ရွက် နေသော်လည်း မြန်မာနိုင်ငံရှိ အခြေခံနှင့် အဆင့်မြင့် ဆရာ၊ ဆရာမများသည် ၎င်းတို့ အခွင့်အရေးများကို အပြည့်အဝ မရရှိကြကြောင်း ကမ္ဘာတစ်ဝန်း ဆရာ၊ ဆရာမများ အသံကို စောင့်ကြည့် စစ်ဆေးနေသော Education International (EI) အဖွဲ့ကြီး၏ အာရှ-ပစိဖိတ် ဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Aloysius Mathews က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံမှဆရာ၊ ဆရာမများသည် အသင်းအဖွဲ့များ ဖွဲ့စည်းရာတွင် အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ငြိုငြင်မှုများ ခံနေရပြီး အချိန်ပို အလုပ်များနှင့် အားလပ်ချိန် နည်းပါးကြကြောင်း၊ ယင်းအပြင် ဆရာ၊ ဆရာမများ၏ လစာနှုန်းထားမှာလည်း အာဆီယံနိုင်ငံများထက် အလွန်နည်းပါးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ရာထူး အပြောင်းအရွှေ့ ပြဿနာ၊ အဆောင် အခက်အခဲနဲ့ လူမှုစီးပွား ပြဿနာတွေ ရင်ဆိုင်နေ ရတယ်” ဟု မြန်မာနိုင်ငံမှ ဆရာ၊ ဆရာမများ၏ အသံများ ဆွေးနွေးပွဲ ကျင်းပစဉ် ရရှိခဲ့သော အချက်အလက်များကို ကိုးကား၍ တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းဝင် ဦးအာကာမိုးသူက ပြောကြားသည်။

အဆိုပါ အခက်အခဲများကို ဖြေရှင်းရန် ဆရာ အသင်းအဖွဲ့များ ပေါ်ပေါက်ရန် လိုအပ်ပြီး ယင်းမှတစ်ဆင့် ဆရာ၊ ဆရာမများ၏ အခွင့်အရေးများ ရရှိလာမည် ဖြစ်ကြောင်း၊ အလားတူ အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များကို အသုံးစရိတ် ပံ့ပိုးရာ၌ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး ပွင့်လင်းမြင်သာမှု ရှိစွာ ပံ့ပိုးပေးရန် လိုအပ်ကြောင်း Mr.Aloysius Mathews ကဆိုသည်။

EI အနေနှင့် မြန်မာအစိုးရကို နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီထက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ပြီး ပညာရေး အသုံးစရိတ် ပိုတိုးရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံမှ ဆရာ၊ ဆရာမများ၏ စွမ်းရည် တိုးတက်စေရန် အတွက်လည်း ဟောပြောပွဲများ နှစ်စဉ် ပြုလုပ် သွားရန် ရှိကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

မြန်မာနိုင်ငံက ဆရာ၊ ဆရာမများအတွက် EI၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး (ILO) နှင့် တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းတို့ ပူးပေါင်းကာ ဒီဇင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ပညာရေး မူဝါဒ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ Asia Plaza ဟိုတယ်၌ ကျင်းပခဲ့သည်။

နိုင်ငံတကာ ပညာရေး အဖွဲ့အစည်း တစ်ခုဖြစ်သော EI သည် နိုင်ငံတကာမှ အဖွဲ့ဝင် သန်း ၃၀ ဦးနှင့် နိုင်ငံပေါင်း ၁၇၀ မှ ပညာရေးသမဂ္ဂများ ပါဝင် ဖွဲ့စည်းထားသော ပညာရေး ဝန်ဆောင်မှု အဖွဲ့ကြီးတစ်ခု ဖြစ်သည်။
The Voice Weekly

မိ​ကျောင်း​ကန် ​သ​ပိတ်​စ​ခန်း​ဖျက်​ဖို့ ​ရာ​ဇ​သံ​ပေး


သ​င်္ဃန်း​ကျွန်း​မြို့​နယ်​တွင်း​က  ​တပ်​က ​သိမ်း​ထား​တဲ့​မြေ​တွေ ​ပြန်​လည်​ရ​ရှိ​ရေး ​မိ​ကျောင်း​ကန် ​အ​ပိုင်း (၁ ​မှာ ​ဖွ​င့်​လှစ်​ဆန်​ဒ​ပြ​ထုတ်​ဖော်​နေ​တဲ့ ​သ​ပိတ်​စ​ခန်း​ကို ​မ​နက်​ဖန်​ည​နေ ​ခြောက်​နာ​ရီ ​မ​တိုင်​ခင် ​ရုပ်​သိမ်း​ဖယ်​ရှား​ပေး​ဖို့​နဲ့ ​မ​ဖယ်​ရှား​ရင် ​အ​တင်း​ဖယ်​ရှား​မယ်​လို့ ​သ​တိ​ပေး ​ကြေ​ညာ​လိုက်​ပါ​တယ်။

ဒီ​ဇင်​ဘာ ၇ ​ရက်​နေ့​က ​မိ​ကျောင်း​ကန် ​အ​ပိုင်း ၁ေ ဝေ​ဇ​ယ​န္တာ​လမ်း​က ​မြ​စာ​ရံ​အေး​စေ​တီ ​အ​နား​မှာ ​သ​ပိတ်​စ​ခန်း​ဖွ​င့်​လှစ်​ထား​တာ​ကို ​အုပ်​ချုပ်​ရေး​ပိုင်း​က ​တွန်း​ထိုး​ဖယ်​ရှား ​ရှင်း​လင်း​ခဲ့​ပြီး​တဲ့​နောက် ​နာ​ရီ​ပိုင်း​အ​ကြာ​မှာ ​သ​ပိတ်​စ​ခန်း​ကို ​လုံး​၀​ဖျက်​သိမ်း​ဖို့ ​မြို့​နယ် ​အ​ထွေ​ထွေ​အုပ်​ချုပ်​ရေး​ဦး​စီး​ဌာ​န ​အုပ်​ချုပ်​ရေး​မှူး​နဲ့ ​တပ်​မြို့​စည်​ပင်​သာ​ယာ​ရေး​အ​ဖွဲ့​ရုံး​တွေ​က ​ထပ်​မံ ​သ​တိ​ပေး​ကြေ​ညာ​လိုက်​တာ​ပါ။

မြ​စာ​ရံ​အေး​စေ​တီ​အ​နား​က ​ပ​လက်​ဖောင်း​ပေါ်​မှာ ​ယာ​ယီ​တဲ​ထိုး​ထား​တဲ့​  ​သ​ပိတ်​စ​ခန်း​ကို ​ကျ​နော် ​ဒီ​မ​နက်​ရောက်​သွား​တော့ ​ယာ​ယီ​တဲ​တန်း​ရှည်​အောက်​မှာ ​အ​နီ​ရောင်​တီ​ရှပ်​တွေ ​အ​နီ​ရောင် ​န​ဖူး​စီး​တွေ ​ဆင်​မြန်း​ထား​တဲ့ ​အ​ဖွား​အို​တွေ​အ​ပါ​အ၀င် ​အ​မျိုး​သ​မီး​အင်​အား ​နှစ်​ရာ​ကျော် ​တွေ့​ရ​ပြီး ​အ​မျိုး​သား​က​တော့​  ​အ​နည်း​ငယ်​သာ ​ပါဝင်​ပါ​တယ်။ ​သူ​တို့​ဟာ ​သူ​တို့​မြေ​တွေ​ကို ​ပြန်​လည်​ရ​ရှိ​ဖို့ ​အ​သက်​ကို ​စွန့်​လွတ်​ပေး​ဆပ်​ဖို့ ​သ​ရ​ဏ​ဂုံ​တင်​ထား​ပြီး​သား​ဆို​တာ​ကို ​အ​ခိုင်​အ​မာ ​ပြော​ပြ​ကြ ​ပါ​တယ်။

ဒါ့​အ​ပြင် ​ဒီ​ဇင်​ဘာ ၇ ​ရက်​နေ့​တုန်း​က ​လူ​အင်​အား ၃၀၀ ​လောက်​ဟာ ​သူ​တို့ ​အ​ခြေ​ချ​နေ​တဲ့ ၀င်း​အ​တွင်း​မှာ ​အ​တင်း​၀င်​ရောက်​ပုံ၊ ​ဒီ​နောက် ​အ​မျိုး​သား ​ငါး​ဆယ်​လောက်​ဟာ ​ကျား ​မ ​အိမ်​သာ​တွေ​ကို ​ရိုက်​ချိုး​ဖျက်​ဆီး​ခဲ့​ပုံ၊ ​ဆ​န္ဒ​ပြ​သ​မား​တွေ​ကို   ​သွပ်​ပြား​တွေ​ကို ​သစ်​ဘောင်​ခွေ ​ထား​တဲ့ ​အ​ကာ​အ​ရံ​နဲ့ ​အ​တင်း​တွန်း​ထိုး​ခဲ့​လို့ ​လူ ၈ ​ဦး​လောက်​ဒဏ်​ရာ​ရ​ခဲ့​ပုံ၊ ​အဲ​ဒီ​ထဲ​က ​အ​သက် (၆၀ ​ကျော်​အ​ရွယ် ​ဒေါ်​သောင်း​ခင် ​က ​သူ​သ​တိ​လစ်​သွား​ပြီး ​ဘယ်​ဘက်​လက်​ကျိုး​သွား​ပုံ​တွေ​ကို ​ပြော​ပြ​ပါ​တယ်။

အဲ​ဒီ​အ​ဖွား​အို​ဟာ ​ဆေး​ရုံ​က​ဆေး​လာ​ပြီး ​ဆ​န္ဒ​ပြ​စ​ခန်း​ကို​ပြန်​လာ​တာ​ကြော​င့် ​သူ့​ကို​မေး​တော့ ​သူ​က ​အ​ဖြစ်​အ​ပျက်​ကို   ​ခု​လို ​ပြော​ပါ​တယ်။

“​ကျ​မ​တို့ ​မိန်း​က​လေး​တွေ​ဆို​တော့ ​ရှိ​တဲ့​အား​လေး​နဲ့ ​တွန်း​ကြ​တယ်။ ​အဲ​ဒီ​မှ ​တ​ချို့​ဆို​ရင် ​ညှပ်​တဲ့​သူ​က ​ညှပ်​တယ်။ ​ကျ​မ​ဆို​လို့​ရှိ​ရင် ​သူ​တို့​အ​နောက်​က​နေ ​အ​တင်း​ဆောင့်​တွန်း​လိုက်​လို့ ​လဲ​ကျ​ပြီး ​သ​တိ​လစ်​သွား​တယ်။”

မ​နေ့​က ​ဆ​န္ဒ​ပြ​ပွဲ​မှာ ​လက်​ကျိုး​ခဲ့​တဲ့ ​အ​ဖွား ​ဘယ်​သူ ​ပြော​သွား​တာ​ပါ။ ​ဆေး​ရုံ​တက်​သူ​ထဲ​က ​သ​တိ​လစ်​သူ​သုံး​ယောက်​သာ ​ဆေး​ရုံ​မှာ ​အ​ကြော​ဆေး​သွင်း​လျက်​ကျန်​ရစ်​ပြီး ​ကျန်​သူ​တွေ ​ဆင်း​လာ​ကြ​ပြီ​ဖြစ်​တယ်​လို့ ​ဆို​ပါ​တယ်။

လက်​ကျိုး​ခဲ့​တဲ့​အ​ဖွား​အို​က ​သူ့​ကို ​ဆေး​ရုံ​က​ဂ​ရု​မ​စိုက်​ပုံ​ကို ​ရှင်း​ပြ​ပြီး​  ​ဆက်​လက် ​ဆ​န္ဒ​ထုတ်​ဖော်​သွား​မယ်​လို့ ​ပြော​ပါ​တယ်။

ဆ​န္ဒ​ပြ​သ​မား​တွေ​ကို ​တွန်း​ထိုး​ဖယ်​ရှား​ခဲ့​ပြီး​တဲ့​နောက် ​ဘု​ရား​၀င်း​ကို ​ပိတ်​ပင်​ခဲ့​သ​လို ​အိမ်​သာ​တွေ​ကို ​ရိုက်​ချိုး​ဖျက်​ဆီး​ခဲ့​တာ​ကြော​င့် ​အ​မျိုး​သ​မီး​ဆ​န္ဒ​ပြ​သ​မား​တွေ​အ​ဖို့ ​ဆက်​လက် ​ဆ​န္ဒ​ပြ​ဖို့​ရေ​ရှည်​မှာ ​အ​ခက်​အ​ခဲ​ဖြစ်​စေ ​ပေ​မ​ယ့် ​သူ​တို့​ရဲ့ ​မျက်​နှာ​တွေ​မှာ ​ယုံ​ကြည်​ချက်​တ​ခု ​အ​တွက် ​အ​ခိုင်​အ​မာ​ရပ်​တည်​နေ​ကြ​တာ ​မြင်​တွေ့​ရ​ပါ​တယ်။

ဒီ​ဖြစ်​ရပ်​ရဲ့ ​အ​ဓိ​က​တာဝန်​ရှိ​သူ​ဟာ ​ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး​အ​စိုး​ရ​ရဲ့ ​နယ်​စပ်​ရေး​ရာဝန်​ကြီး ​ဗိုလ်​မှူး​ကြီး​တင်ဝင်း ​ဖြစ်​တယ်​လို့ ​ဆ​န္ဒ​ပြ​သူ​တွေ​ထဲ​က ​ကိုယ်​စား​လှယ်​တ​ဦး​ဖြစ်​တဲ့ ​ကို​ဇော်​ထွန်း​က ​ခံ​ယူ​ပြော​ဆို​ပါ​တယ်။

ဒီ​ဆ​န္ဒ​ပြ​သ​ပိတ်​စ​ခန်း​ရဲ့ေ​ရှ့​မှာ  ​လာ​ရောက်​လှူ​ဒါန်း​ထား​တဲ့ ​သောက်​ရေ​သန့်​ဗူး​တွေ​ကို ​တွေ့​ရ​သ​လို ​နိုင်​ငံ​ရေး​ပါ​တီ​တွေ၊ ​လူ​ထု​အ​ခြေ​ပြု​အ​ဖွဲ့​တွေ ​မီ​ဒီ​ယာ​သ​မား​တွေ​ကို​လည်း ​မြင်​တွေ့​ရ​ပါ​တယ်။

ဒီ​မ​နက်​မှာ ​သ​ပိတ်​စ​ခန်း​က ​တာဝန်​ခံ​တွေ​ဟာ ​သ​င်္ဃန်​ကျွန်း​မြို့​နယ် ​ပြည်​သူ့ ​လွတ်​တော်​ကိုယ်​စား​လှယ် ​ဦး​သိန်း​ညွှန့်​နဲ့ ​အ​မျိုး​သား​လွတ်​တော်​ကိုယ်​စား​လှယ် ​ဦး​ကျော်​တို့​နဲ့ ​သွား​ရောက်​တွေ့​ဆုံ​ပြီး ​လို​လား​ချက်​တွေ​ကို ​တင်​ပြ​ပါ​တယ်။

သူ​တို့ ​တင်​ပြ​သွား​တာ​တွေ​က​တော့ ​တပ်​က ​သိမ်း​ထား​တဲ့ ​မြေ​နေ​ရာ​ပြန်​လည်​ရ​ရေး​၊ ​ဆ​န္ဒ​ပြ​သ​မား​တွေ​ရဲ့ ​တာဝန်​ခံ​တွေ​နဲ့ ​တပ်​နဲ့​ဆွေး​နွေး​ပြီး ​လူ​ထု​ကို ​ပြန်​ချ​ပြ​မယ်။ ​အ​ဖြူ​အ​မဲ ​မ​သဲ​ကွဲ​ခင်​မှာ ​နှစ်​ဘက်​စ​လုံး​က ​ဆောင်​ရွက်​ချက်​တွေ​ကို ​ထိန်း​ချုပ်​ထား​ဖို့​၊ ​တ​ရား​မ၀င်​ဆ​န္ဒ​ပြ​မှု ​ပုဒ်​မ ၁၈ ​နဲ့ ​အ​ရေး​မ​ယူ​ဖို့​၊ ​ဆ​န္ဒ​ပြ​သူ​တွေ​ကို ​တ​ရား​စွဲ​ထာ​တာ​ကို ​ရုပ်​သိမ်း​ပေး​ဖို့​၊ ​သ​တိ​ပေး​ကြေ​ညာ​ထား​တဲ့ ​ဒီ​ဇင်​ဘာ ၉ ​ရက်​နေ့ ​ည​နေ​ပိုင်း​မှာ ​သ​ပိတ်​စ​ခန်း​ကို ​မ​ဖယ်​သိမ်း​ပေး ​နိုင်​သ​လို ​အ​ရေး​ယူ​ရင် ​ဘယ်​သူ​တာဝန်​ယူ​မ​လဲ၊ ​သက်​ကြီး​ရွယ်​အို​တွေ ​အ​ပါ​အ၀င် ​သ​ပိတ်​စ​ခန်း​က ​ဆ​န္ဒ​ပြ​သူ​တွေ​အ​တွက် ​ကျန်း​မာ​ရေး​စော​င့်ေ​ရှာက်​မှု​ပေး​ဖို့​နဲ့ ​နောက်​ထပ် ​ထပ်​မံ​အ​ကြမ်း​မ​ဖက်​ရန် ​စ​တာ​တွေ​ကို ​တောင်း​ဆို​ပါ​တယ်။

ဒီ​တောင်း​ဆို​ချက်​တွေ​ကို ​နား​ထောင်​ပြီး​တဲ့​နောက် ​လွတ်​တော်​အ​မတ် ​ဦး​သိန်း​ညွှန့်​က ​သူ​ဟာ ​ဒီ​သ​ပိတ်​စ​ခန်း ​အ​ခြေ​အ​နေ​ကို ​လေ့​လာ​ထား​ပြီး​သား​ဖြစ်​ကြောင်း​အ​စ​ချီ​ပြီး ​ဆီး​ဂိမ်း​ကာ​လ​မှာ ​ဒီ​သ​ပိတ်​စ​ခန်း​ကို ​ယာ​ယီ​ရပ်​ဆိုင်း​ဖို့ ​မေ​တ္တာ​ရပ်​ခံ​လိုက်​ပါ​တယ်။

“​ကျ​နော့် ​အ​တွေ့​အ​ကြုံ​အ​ရ ​အ​ကြမ်း​ဖက်​ရင် ​အ​သေ​အ​ပျောက် ​ဖြစ်​လာ​တော့​မယ်။ ​ဘာ​လို့​လဲ​ဆို​တော့ ​အ​ခုေ​ရှ့​တန်း​မှာ  ​တိုက်​ပွဲဝင်​နေ​တဲ့​သူ​တွေ​က ​သက်​ကြီး​ရွယ်​အို​တွေ ​အဲ​ဒီ ​အ​တွက် ​အ​သက်​ဆုံး​ရှုံး​နိုင်​တယ်​လို့ ​ကျ​နော်​ထင်​တယ်။”

ဦး​သိန်း​ညွှန့်​က ​ဥ​ပ​ဒေ​အ​ကိုး​အ​ကား​နဲ့ ​ထောက်​ပြ​ပြီး ​ဒီ​မြေ​ပြန်​လည်​ရ​ရှိ​ရေး​ကို ​မ​လုပ်​ပေး​နိုင်​တာ​ကို ​ရှင်း​ရှင်း​လင်း​လင်း​ပြော​ဆို​ပြီး ​နစ်​နာ​ကြေး​ရ​အောင်​တော့ ​တောင်း​ဆို​ပေး​မယ်  ​လို့​ပြော​ပါ​တယ်။ ​ဆ​န္ဒ​ပြ​သူ​တွေ​ရဲ့ ​လို​လား​ချက်​တွေ​ကို​တော့ ​ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး​အ​စိုး​ရ​ထံ ​တင်​ပြ​ပေး​မယ်​လို့ ​ပြော​ပါ​တယ်။ ​သူ့​ဘက်​က ​ဆောင်​ရွက်​ပေး​နိုင်​တဲ့ ​ကိ​စ္စ​တွေ​က​တော့ ​ပုဒ်​မ ၁၈ ​နဲ့ ​ဖမ်း​ဆီး ​ထိန်း​သိမ်း​ထား​သူ​တွေ ​ပြန်​လွတ်​ရေး ​ဆောင်​ရွက်​မယ်၊ ​ဆ​န္ဒ​ပြ​သ​မား​တွေ​ကို ​တ​ရား​မ​စွဲ​ဖို့​နဲ့ ​သ​ပိတ်​စ​ခန်း​က ​ဆ​န္ဒ​ပြ​သူ​တွေ​အ​တွက် ​ကျန်း​မာ​ရေး ​စော​င့်ေ​ရှာက်​မှု​တွေ ​လုပ်​ဆောင်​ပေး​ဖို့ ​ဆောင်​ရွက်​မယ်​လို့ ​ပြော​ပါ​တယ်။

သူ့​ဘက်​က ​လိုက်​ပါ​ဆောင်​ရွက်​နိုင်​တဲ့ ​အ​ချက်​တွေ​ကို ​ဆ​န္ဒ​ပြ​ခေါင်း​ဆောင်​တွေ​က ​အ​ချင်း​ချင်း ​ပြန်​လည်​တိုင်​ပင်​ပြီး ​ဒီ​က​နေ့ ​ဒီ​ဇင်​ဘာ ၈ ​ရက်​နေ့ ​ည​နေ ၄ ​နာ​ရီ​မ​တိုင်​ခင် ​အ​ကြောင်း​ပြန်​ကြား​ဖို့ ​ဆ​န္ဒ​ပြ​သ​မား​တာဝန်​ခံ​တွေ​နဲ့ ​အ​မတ်​တွေ​အ​ကြား​နှစ်​ဘက် ​သ​ဘော​တူ​ညီ​ခဲ့​ပါ​တယ်။

ဦး​သိန်း​ညွှန့်​က ​ဒီ​ဆ​န္ဒ​ပြ​ပွဲ​တွေ​ရဲ့ ​နောက်​ကွယ်​မှာ ​ကိုင်​တွယ်​နေ​တာ​တွေ​ကို ​သူ​သိ​ရှိ​ကြောင်း​၊ ​အုပ်​ချုပ်​ရေး​ပိုင်း​က ​အ​လျော့​ပေး​မယ့် ​သ​ဘော​မ​ရှိ​ကြောင်း ​ပြော​ဆို​ပြီး ​သွေး​ထွက်​သံ​ယို ​သေ​ဆုံး​မှု​တွေ ​မ​ဖြစ်​ပွား​အောင်ေ​ရှာင်​ကြည်​နိုင်​ဖို့ ​သ​တိ​ပေး​ပြော​ဆို​ခဲ့​ပါ​တယ်။

ဆ​န္ဒ​ပြ​လူ​အုပ်​ထဲ​က ​အ​ဖွား​အို ​နောက်​တ​ယောက်​ဖြစ်​တဲ့ ​အ​သက် ၇၃ ​နှစ်​အ​ရွယ်​ကို ​မေး​မြန်း​ကြ​ည့်​တော့ ​သူ့​ရဲ့​လွယ်​အိတ်​တွင်း​က ​ငှက်​ပျော​သီး​တ​လုံး​နဲ့ ​ထ​မင်း​ထုတ်​ကို ​ထုတ်​ပြ​ပြီး ​ဒီ​မြေ​ပြန်​လည် ​မ​ရ​မ​ချင်း ​အ​ခက်​အ​ခဲ​တွေ ​ကျော်​လွှား​သွား​မယ်​လို့ ​ရှင်း​ပြ​ပါ​တယ်။

ဒီ​သ​ပိတ်​စ​ခန်း​ဟာ ​နိုဝင်​ဘာ ၂၆ ​ရက်​နေ့​က​တည်း​က ​ဖွ​င့်​လှစ်​ခဲ့​တာ​ဖြစ်​ပြီး ​ဒီ​က​နေ့​ပါ​နဲ့​ဆို ၁၃ ​ရက်​ရှိ​ပါ​ပြီ။ ​သူ​တို့​ထံ​ကို ​မြေ​ယာ​စုံ​စမ်း​စစ်​ဆေး​ရေး​ကော်​မ​တီ​က ​တာဝန်​ရှိ​သူ​တွေ​ဖြစ်​ကြ​တဲ့ ​ဦး​အောင်​သိန်း​လင်း​နဲ့ ​ဦး​ခိုင်​မောင်​ရည်​တို့​လည်း ​လာ​ရောက်​သ​လို ​ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး​အ​စိုး​ရ ​နယ်​စပ်​ရေး​ရာ​နဲ့ ​လုံ​ခြုံ​ရေး​ရာဝန်​ကြီး ​ဗိုလ်​မှူး​ကြီး​တင်ဝင်း​တို့​လည်း ​လာ​ရောက်​ကြ​ည့်​ရှု ​ခဲ့​ကြ​တယ်​လို့ ​ဆို​ပါ​တယ်။

By ​အေး​နိုင် (ဒီဗွီဘီ)