06B MADI မုန်တိုင်း မြန်မာနိုင်ငံကို ၀င်မ၀င်ဆိုတာနဲ့ ပတ်သက်လို့- Cyclone News Update

ပို့စ်တင်ချိန် - 12/09/2013 12:10:00 PM


9-12-2013
10:49 am

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း 06B MADI ဟာ တဖြည်းဖြည်း ပိုမို အားကောင်းလာကာCategory I အဆင့်ရှိ မုန်တိုငးဖြစ်လာခဲ့ပေမယ့် MADI ရဲ့ ရှေ့ဆက်ရမယ့်ခရီးကတော့ မချောမွေ့နှိုင်ဘူး လို့ ခန့်မှန်းရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရှိရာဖက်ကိုလာဖို့ကိစ္စမှာ အာရှတိုက်အလယ်ပိုင်းမှာ ရာသီအလိုက် ဖြစ်ပေါ်နေတဲ့ လေဖိအားများရပ်ဝန်းကြီးက တားဆီးထားတဲ့ဖြစ်စဉ်(Blocking High)ဖြစ်နေတာကြောင့် မြန်မာပြည်ကို ၀င်ဖို့ကတော့ မဖြစ်နှိုင်လောက်အောင်ပါဘဲ။

အထူးသဖြင့် (၁၀-၁၂-၂၀၁၃)ရက်မနက်ပိုင်းမှာ အေးပြီးခြောက်သွေ့တဲ့လေတွေ တိုးဝင်လာမှု ကြောင့် မုန်တိုင်းဟာ အင်အားရော၊ သွားရာလမ်းကြောင်းရော စတင်ပြောင်းလဲသွားပါလိမ့်မယ်။

ပိုဆိုးတာကတော့ ကမ္ဘာကျော် မုန်တိုင်းခန့်မှန်းရေးဗဟိုဌာနတွေဖြစ်ကြတဲ့ JTWC(USA), IMD(India), Weather Underground(USA) အားလုံးတို့မှ ထုတ်ပြန်တဲ့ခန့်မှန်းချက်တွေမှာ MADI ဟာ အရှေ့မြောက်ဖက်ကို မလာနှိုင်တဲ့အပြင် ဆန့်ကျင်ဖက်အရပ်ဖြစ်တဲ့ အနောက်တောင်ဖက်ကို Back Gear ပြန် ထိုးပြီး နောက်ပြန်ရွေ့သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒေါက်တာထွန်းလွင်

Popular Myanmar News Journal