အထည်ဆိုင်အတွင်းဝင်ခိုးသူကို အရေးယူ

ပို့စ်တင်ချိန် - 1/22/2014 12:00:00 AM


နေပြည်တော်၊ ဇန်န၀ါရီ ၂၁
၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ အထည်ဆိုင်ပိုင်ရှင် ဦးသက်တင်(၅၄)နှစ်သည် ဦးမောင်ကြည်နှင့် အတူ လက်ဘက်ရည်ဆိုင်တွင် လက်ဘက်ရည်သောက်နေစဉ် အထည်ဆိုင်အတွင်းသို့ လူတစ်ဦးဝင်ရောက်သွားပြီး ဆိုင်အတွင်းရောင်းရန် ချိတ်ထားသောအ၀တ်အစားများထဲမှ အမျိုးသမီးဝတ် ချိတ်လုံချည်(၂)ထည်၊ တန်ဘိုးငွေကျပ်(၂၃၀၀၀ိ/-)ကိုဖြုတ်ယူကာ ရင်ဘက်ကြားထည့်၍ စက်ဘီးစီးပြီး ထွက်ပြေးသွားသည်ကို တွေ့ရှိရသဖြင့်လိုက်လံဖမ်းဆီးခဲ့သည်။ ထို့နောက် ခိုးယူသူအားမေးမြန်းခဲ့ရာ မကွေးမြို့၊ အောင်မေတ္တာ(ဃ)ရပ်နေ မြင့်သိန်း(၅၂)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သောကြောင့် မကွေးနယ်မြေရဲစခန်း(ပ)၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်