ခမောက်ကြီးမြို့နယ်ခွဲ တွင် ဆိုင်ကယ်နှင့် ခြောက်ဘီးကား ခေါင်းခြင်း ဆိုင်တိုက် မှုဖြစ်ပွား

ပို့စ်တင်ချိန် - 1/22/2014 10:20:00 AM



ခမောက်ကြီး ၊ ဇန်န၀ါရီ ၂၁

တနင်္သာရီ တိုင်းဒေသကြီး ခမောက်ကြီးမြို့နယ်ခွဲ ကော့သောင်း-ဘုတ်ပြင်း ကားလမ်း ပေါ်တွင် ဇန်န၀ါရီ ၂၀ ရက်နေ့၊ ည(၇း၄၅)နာရီ က ခြောက်ဘီးတပ် ကုန်တင် မော်တော်ကား နှင့် မော်တော်ဆိုင်ကယ်ခေါင်းခြင်း ဆိုင်တိုက်မှု တစ်ခု ဖြစ်ပွားသည်။

ဖြစ်စဉ်မှာ ဘုတ်ပြင်းဖက်မှ ကော့သောင်းသို့ မောင်းနှင်လာသည့် ခြောက်ဘီးတပ် ကုန်တင်ကား ၊ယာဉ်အမှတ် (TNI -9747) (ယာဉ်မောင်းသူ တိမ်းရှောင်) နှင့် ၃၅မိုင်ရွာနေ ၊ ကော့သောင်း မှ ဘုတ်ပြင်းဖက် သို့ မောင်ဖြိုးဝေကျော် အသက်(၂၄)နှစ် နှင့် အတူလိုက်ပါလာ သူ မောင်ဇင်မင်းဦး ၊အသက်(၂၂ )နှစ် တို့နှစ်ဦး မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ် H0NDA WAVW -125 (အပြာရောင်) နှင့် မိုင်တိုင်အမှတ် ၃၃/၃၄ အကြား တွင် အဆိုပါနေ့ ည(၇း၄၅) နာရီ က ခေါင်းခြင်းဆိုင်တိုက်မိ ရာဆိုင်ကယ်မောင်းနှင် သူ မောင်ဖြိုးဝေကျော် အသက်(၂၄)နှစ် မှာ နေရာတွင်ပွဲခြင်းပြီးသေဆုံးပြီးအတူလိုက်ပါ လာသူ မောင်ဇင်မင်းဦး ၊အသက် (၂၂ )နှစ် မှာ ပြင်းထန်စွာဒါဏ် ရာ ရရှိသည်။

မော်တော်ယာဉ်မောင်းနှင်သူ မှာမော်တော်ကားအားထားခဲ့ ၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှစ်စပ်လျဉ်း၍ သတင်းရ ရခြင်း ခမောက်ကြီးမြို့နယ်ခွဲ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး နှင့်တာဝန်ရှိသူများ သွားရောက် စစ်ဆေး ပြီး သေမှုသေခင်း အရ လိုအပ်သည်များ ကို အရေးယူဆောင်ရွက်ခဲ့ကြပြီး မော်တော်ယာဉ်အား ရဲစခန်းတွင်သိမ်းဆည်းထား ကာ ထွက်ပြေးတိမ်းရှောင်နေသည့်(ယာဉ်မောင်း) နှင့်(ယာဉ်ပိုင်ရှင် )အား ဆက်လက်စုံစမ်း အရေးယူဖေါ်ထုတ်လျှက်ရှိကြောင်းသတင်းရရှိသည်။

MOI Webportal Myanma