ရီဟန်နာနှင့် ပူးပေါင်းဖန်တီးသည့် သီချင်းအကြောင်း ပြောဆိုခဲ့သည့် ရှာကီရာ (MTV ပါသည်)

ပို့စ်တင်ချိန် - 1/31/2014 04:07:00 PM



ရှာကီရာက သူမနှင့် ရီဟန်နာတို့၏ ပူးပေါင်းဖန်တီးမှု သီချင်းနှင့် ပတ်သက်သည့် အမြင်သုံးသပ်ချက်များကို ဖွင့်ဟ ပြောကြားခဲ့သည်။ အသက်(၃၆)နှစ်ရှိ ကိုလံဘီယာ Popဂီတ အဆိုတော်သည် ရီဟန်နာနှင့် တွဲဖက်သီဆိုထားသည့် Can't Remember To Forget You သီချင်း၏ ရိုက်ကွင်းနောက်ကွယ် မြင်ကွင်းများကို မှတ်တမ်းတင်ထားသည့် ဗီဒီယို ဖြတ်ပိုင်းလေး တစ်ခုကိုလည်း ထုတ်လွှင့် ပြသခဲ့သည်။ (၅၅)စက္ကန့်စာ ကြာမြင့်သော အဆိုပါ ဗီဒီယိုတွင် ရီဟန်နာနှင့် ရှာကီရာတို့၏ ဆွဲဆောင်မှု ပြည့်ဝသော သရုပ်သကန်ကို ပရိသတ်များ ပိုမိုထိတွေ့ ခံစားခွင့် ရနေစေခဲ့သည်။ ရှာကီရာက ယင်းသီချင်းအတွက် ရီဟန်နာကို ရွေးချယ်ခဲ့သည့် အကြောင်းရင်းကို ရှင်းပြခဲ့သည်။



"Can't Remember To Forget You" ဟာ Reggaeနဲ့ Rock ဝိညာဉ်ကို ပေါင်းစပ်ထားတဲ့ ဖန်တီးမှုမျိုးပါ။ ဒါကြောင့်လည်း Featuring အပိုင်းမှာ ရီဟန်နာကသာ လုံးဝဥဿုံ ပြီးပြည့်စုံတဲ့သူလို့ ကျွန်မယူဆခဲ့တယ်။ တကယ်ဆို ကျွန်မဟာ ဒီသီချင်းရဲ့ တစ်ဝက်သာ ဖြစ်ပါတယ်။ ကျန်တဲ့တစ်ဝက်က ရီဟန်နာပါပဲ"ဟု ရှာကီရာက မှတ်ချက်ပြုခဲ့သည်။ ရှာကီရာက ထုတ်ပြလိုက်သည့် ဗီဒီယိုသည် လော့စ်အန်ဂျလိစ်၏ မြင်ကွင်းကျယ် ပုံရိပ်များကို အခြေခံထားသလို ရီဟန်နာ၏ ပြင်ဆင်မှုများကိုလည်း အနီးကပ်

ရိုက်ကူးထားသည်ကို တွေ့ရှိရသည်။

Popular Journal