သမိုင်းကောင်းကြပါစေ

ပို့စ်တင်ချိန် - 1/31/2014 06:30:00 AM




ပင်လုံညီလာခံကိုတက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေထဲမှာ ဦးလဘန်ဂရောင် လဲပါခဲ့တယ်။ ၁၉၉ဝ ရွေးကောက်ပွဲ ကာလမှာတော့ ဒီနာမည်ဟာ လူတွေကို အော့နှလုံးနာစေခဲ့တယ်။ (တစည) ပါတီဟာ NLD ရဲ့ အဓိကပြိုင်ဘက်ဖြစ်လို့ (တစည) ကိုသာ အပြစ်မြင်ခဲ့ကြတယ်။

ရွှေကူမေနှင်းကနေ အင်တာဗျူးလုပ်တော့ ဒီလိုဖတ်ရပါတယ်။
“အန်ကယ် ဒေါ်စုကို ဘာလို့ ကန့်ကွက်တာလဲ ဟင်။ အန်ကယ့် ဘာသာ ကန့်ကွက်တာလား။ ပါတီက ခိုင်းတာလား”
“ဒီမယ် မိစံမေ၊ ငါ့ကို ဘယ်သူက ခိုင်းလို့ ရမှာလဲ။ ငါ့ဟာ ငါ ကန့်ကွက်တာ”
“ဘာဖြစ်လို့”
“ဟ ဘာဖြစ်ရမှာလဲ။ သူက ဗဟန်းမှာ လာဝင်တယ်၊ ငါကလည်း ဗဟန်းဆိုတော့ ငါ ကန့်ကွက်ရမှာပေါ့။ အဲဒီ ဥပဒေက သူ့ အဖေကိုယ်တိုင် လုပ်ခဲ့တာပါ။ နင်သိချင်ရင် ဥပဒေ စာအုပ်မှာ သွားကြည့်။ နင့်မှာစာအုပ်မရှိရင် စာကြည့်တိုက်မှာသွားရှာ။”

ကောက်ချက်
(၁) သမိုင်းကောင်းခဲ့သူတွေလဲ လူပေါင်းမှားတတ်တယ်။
(၂) ကိုယ်နဲ့ပြိုင်ဖက်ဟာ ဘယ်သူဖြစ်နေနေ ငါ့ရန်သူဘဲလို့ သတ်မှတ်သူလဲရှိတယ်။
(၃) မှန်တယ်ထင်ပြီးလုပ်ပေမဲ့ သမိုင်းမကောင်းဖြစ်သွားတတ်တယ်ဆိုတဲ့ သင်ခန်းစာတွေရစေပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၄