မိမိတို့သည် အစိုးရစပိုင်အေဂျင်စီများနှင့် အလုပ်တွဲမလုပ်ဟု Rovio ထုတ်ပြန်

ပို့စ်တင်ချိန် - 2/05/2014 07:47:00 PM


အမေရိကန်နှင့် ဗြိတိသျှ စပိုင် အေဂျင်စီများသည် Angry Birds ကဲ့သို့ app များမှတစ်ဆင့် အချက်အလက်များ ရယူခဲ့ကြောင်းအထောက်အထားများ ထွက်ပေါ်လာခဲ့ပြီးနောက် Rovio က မိမိတို့သည် အစိုးရအေဂျင်စီများဖြင့် ပူးပေါင်းလုပ်ကိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Angry Birds ဂိမ်းဖန်တီးသည့် Rovio ကုမ္ပဏီက စပိုင်အေဂျင်စီများက Angry Birds ကဲ့သို့ app များကို ပစ်မှတ်မထားပဲ third-party ကြော်ငြာကွန်ရက်များတွင် Angry Birds သုံးစွဲသူ အချက်အလက်များကို စောင့်ကြည့်နိုင်ကြောင်း၊ အင်တာနက်ဖြင့် ချိတ်ဆက်ထားသည့် app များကို စောင့်ကြည့်နိုင်ကြောင်း ပြောကြားခဲ့သည်။

NSA နှင့်ဗြိတိသျှဆက်သွယ်ရေးဌာနချုပ်တို့သည့် Angry Birds ဂိမ်းကို စောင့်ကြည့်ခဲ့ဖွယ်ရှိပြီး အဆိုပါဂိမ်းသည် အသုံးပြုသူများကြား ရေပန်းစားကာ တစ်လလျှင် ဆော့ကစားသူ သန်း ၂၀၀ ကျော်နှင့် download ပြုလုပ်သူ ၂ ဘီလီယံခန့်ရှိကြောင်း သိရသည်။
-စိုးထက်
Ref : Gamespot
Internet Journal