မိုင်ခရိုဆော့ဖ် တည်ထောင်သူ Bill Gates အနားယူတော့မယ်

ပို့စ်တင်ချိန် - 2/05/2014 12:16:00 PM

မိုင်ခရိုဆော့ဖ် အကြီးအကဲ Bill Gates (Credit: Reuters)
နည်းပညာဆိုင်ရာ ​ကွန်ပြူတာ ​ကုမ္ပဏီကြီး ​Microsoft ​ကို ​တည်ထောင်ခဲ့သူ ​Bill ​Gates ​ဟာ ​ကုမ္ပဏီရဲ့ ​ဥက္ကဌ ​ရာထူးကနေ ​အနားယူတော့မယ်လို့ ​Microsoft ​ကုမ္ပဏီက ​ကြေညာလိုက်ပါတယ်။

ဘေးလ်ဂိတ်ဟာ ​နည်းပညာပိုင်းဆိုင်ရာ ​အကြံပေးပုဂ္ဂိုလ် ​အဖြစ် ​Microsoft ​ကုမ္ပဏီမှာ ​ဆက်လက် ​တာဝန်ယူသွားမှာ ​ဖြစ်ပြီး ​သူ့ရဲ့ ​နေရာကိုတော့ ​John ​Thompson ​က ​၀င်ရောက်မှာ ​ဖြစ်ပါတယ်။

Microsoft ​ကုမ္ပဏီအတွင်း ​တခြား ​အပြောင်းအလဲတွေကတော့ ​အရင် ​အလုပ်အမှုဆောင် ​အရာရှိချုပ် ​Steve ​Ballmer ​ရဲ့ ​နေရာကိုတော့ ​Satya ​Nadella ​က ​၀င်ရောက်မှာ ​ဖြစ်ပါတယ်။

တခြား ​နည်းပညာ ​ကုမ္ပဏီကြီးတွေနဲ့ ​ရင်ဘောင်တန်းနိုင်အောင် ​တီထွင်မှုအသစ်တွေ ​ဖန်တီးဖို့ ​နဲ့ ​အကျိုးအမြတ်တွေပိုမို ​ရရှိနိုင်ဖို့အတွက် ​ခေါင်းဆောင်မှု ​အသစ်တွေ ​ကို ​Microsoft ​ကုမ္ပဏီ ​ရင်းနှီးမြှပ်နှံသူတွေက ​လိုလားနေကြခဲ့ကြတဲ့ ​နောက်ပိုင်း ​အခုလို ​အပြောင်းအလဲ ​တွေ ​ဖြစ်ပေါ်လာခဲ့တာလည်း ​ဖြစ်ပါတယ်။

ABC Radio Australia