ဦးပဇင်းတစ်ဦးမှ မကျေနပ်၍ အမျိုးသမီးတစ်ဦးအား ဓါးဖြင့်ထိုး

ပို့စ်တင်ချိန် - 2/05/2014 06:39:00 PM


တောင်ငူ ဖေဖေါ်ဝါရီ ၅

တောင်ငူမြို့၊ (၁၃)ရပ်ကွက်၊ ဈေးလမ်း၊ နေရှင်နယ် ဘုန်းကြီးကျောင်းတွင် ဖေဖေါ်ဝါရီလ (၃) ရက်၊ (၂၃း၅)နာရီ အချိန်က မမြင့်မြင့်စိုးလွင်(၄၆)နှစ်၊ (ဘ)ဦးစိုးလွင်၊ ဈေးရောင်း၊ ၁၃ရပ်ကွက် တောင်ငူမြို့ နေသူသည် ဈေးဆိုင်သိမ်း၍ ဈေးပစ္စည်းများအား ကျောင်းဝန်းအတွင်းရှိ ဆွမ်းစားဆောင် အောက်ထပ်အခန်းထဲတွင် သိမ်းဆည်းနေစဉ် အဆိုပါကျောင်းတွင် သီတင်းသုံး နေထိုင်သည့် ဦးပဇင်း ဥူးကုသလ သက်တော်(၃၁)နှစ်၊ ဝါတော် (၂) ဝါ၊ လူအမည် ဖိုးချမ်း(၃၁)နှစ်၊ (ဘ)ဦိးစံထွန်းလင်း၊ ရွှေညာမြေလမ်း၊ (၄)ရပ်ကွက်နေသူသည် လက်ထဲ၌အသင့်ပါလာသော အရိုးအသွား (၉)လက်မခွဲရှိ စတီးဓါးမြှောင်တစ်ချောင်းကိုင်၍ အခန်းအတွင်းသို့ ဝင်လာပြီး မမြင့်မြင့်စိုးလွင်အား (၃/၄)ချက်ခန့်ဆင့်ထိုးရာ မမြင့်မြင့်စိုးလွင်တွင် ဦးခေါင်းနောက်စေ့ ပြတ်ရှ ဒဏ်ရာ(၁) ချက်၊ ကျောကုန်းထိုးသွင်းဒဏ်ရာ(၃)ချက်၊ ယာလက်မောင်းပြတ်ရှဒဏ်ရာ (၁)ချက် (အတွင်းလူနာ၊ မစိုးရိမ်ရ) ရရှိခဲ့သည်။

ဖြစ်စဉ်မှာ မမြင့်မြင့်စိုးလွင်၏ ဦးလေး တော်စပ်သူ ကျောင်းထိုင် ဆရာတော် ဥူးဇာဂရ သက်တော်(၆၂)နှစ်၊ ဝါတော်(၃၂)ဝါနှင့် ဦးပဇင်း ဥူးကုသလတို့ စကားများသည့်ကိစ္စအား မမြင့်မြင့်စိုးလွင်မှ ကျောင်းထိုင် ဆရာတော် အား မချေမငံပြန်မပြောရန် ဝင်ရောက်ပြောဆိုခဲ့သည်ကို မကျေမနပ်ဖြစ်ကာ ဓါးဖြင့်ထိုးခဲ့ကြောင်း သိရှိရသည်။

ဦးပဇင်း ဥူးကုသလအား အရေးယူပေးပါရန် မမြင့်မြင့်စိုးလွင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်ငူ အမှတ်(၂)ရဲစခန်းမှ ပြစ်မှုပုဒ်မ(၃၂၆)အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar