ဘင်္ဂလီ လူမျိုးစု နဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု တို့ရဲ့ ပဋိပက္ခဖြစ်နေတဲ့ အခြေအနေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ၏ အဖြေ

ပို့စ်တင်ချိန် - 2/05/2014 06:30:00 AM


မေးခွန်း …
********
ရခိုင်ပြည်နယ်နဲ့ပတ်သတ်ပြီးတော့ ရခိုင်လူထုတွေ လက်ရှိဖြစ်ပေါ်နေတဲ့
ဘင်္ဂလီ လူမျိုးစု နဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု တို့ရဲ့ ပဋိပက္ခဖြစ်နေတဲ့ အခြေအနေပေါ်မှာ
ဒေါ်စု အနေနဲ့ ဘယ်လိုများသုံးသပ်ပြီးတော့ ထင်မြင်ယူဆတယ်ဆိုတဲ့မေးခွန်းကို ဖြေ
ကြားပေးနိုင်မလား

ဒေါ်အောင်ဆန်းစုကြည် ၏ အဖြေ
************************
ကျွန်မတို့နိုင်ငံကလေ အစတည်းက တိုင်းရင်းသားလူမျိုးများစွာရှိတယ်၊ နောက်တစ်ခြား
ဘာသာတွေလဲ အများကြီးရှိတယ်၊ အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေဆိုရင်
ဒါဟာ မနေ့တစ်နေ့က ဖြစ်တာ မဟုတ်ဘူး၊ မြစ်ဖျားခံတာကတော့ ကြာပြီ၊ ဒါပေမယ့်
အဓိက က ပြသနာကို ဘယ်လိုဖြေရှင်းမလဲ ၊ ဘယ်လိုပုံနဲ့ ဖြေရှင်းမလဲဆိုတာ အရေး
ကြီးတယ်၊ အဲ့ဒီတော့ ကျွန်မပြောချင်တာကတော့ ပြသနာတစ်ခု ဖြေရှင်းတဲ့ အခါမှာ အ
ကောင်းဆုံးနည်းကို ရှာရမယ်၊ အကောင်းဆုံးဆိုတာ အပေးအယူနည်းပဲ၊ ဒီခောတ်ကြီးမှာ
ကိုယ်သီးသန့်နေလို့ရတဲ့ ခောတ်မဟုတ်တော့ဘူး၊ နိုင်ငံတစ်ခုအနေနဲ့လဲ သီးသန့်နေလို့
မရဘူး၊ ကိုးကွယ်တဲ့ ဘာသာအနေနဲ့လဲ သီးသန့်နေလို့မရဘူး၊ အားလုံးကနေပြီးတော့ စု
ပေါင်းပြီးနေရတဲ့ ခောတ်ကြီးပဲ၊ ဒီလိုစုပေါင်းပြီးနေရတဲ့ ခောတ်ကြီးမှာဆိုရင် ကိုယ်ဘယ်
လို ကမ္ဘာကြီးမှာ နေချင်လဲဆိုတာ ပထမစဉ်းစားရမယ်၊ နောက်ပြီးတော့ အဲ့ဒီကမ္ဘာကြီး
ထဲမှာ ကိုယ့်နိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးမှာနေချင်လဲဆိုတာ စဉ်းစားရမယ်၊ အဲ့ဒီကနေမှ
ဆင်းလာပြီးတော့ ကိုယ်ဟာ ဘယ်လိုဒေသမျိုးမှာနေချင်လဲ၊ နောက်ဆုံးကျတော့ ဘယ်
လိုလမ်းမျိုးမှာနေချင်လဲ၊ ကိုယ့်လမ်းမှာ ဘယ်လို အခြေအနေဖြစ်စေချင်လဲ၊ အဲ့ဒီကနေစ
ပြီးတော့ စဉ်းစားရမယ်၊ ကျွန်မတို့က ပဋိပက္ခကနေစပြီးတော့ မစဉ်းစားနဲ့ ၊ လူတိုင်းလူ
တိုင်းဟာ ရည်ရွယ်ချက်ရှိရမယ်၊ လူတိုင်းလူတိုင်းမှာ မျှော်မှန်းချက်တစ်ခုရှိရမယ်၊ နောက်
ပြီးတော့ ဒါဟာ ကောင်းတဲ့ မျှော်မှန်းချက်ဖြစ်ရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူဖြစ်လာမှ
တော့ မျိုးဆက်တစ်ခု နဲ့ တစ်ခု ပိုတိုးတက်လာအောင် မြင်စေချင်ကြမှာပဲ၊ မြင်ချင်ရမယ်၊
ဒါမှလဲ လူငယ်တွေအတွက် မျှော်လင့်ချက်ရှိမှာပေါ့၊ မျိုးဆက်တွေက တစ်ဖြည်းဖြည်း
ဆုတ်ယုတ်သွားမယ်ဆိုရင် လူငယ်တွေက ဘာမျှော်လင့်ချက်ရှိမှာလဲ၊ အဲ့တော့ ဒီလိုမေး
ခွန်းတွေက တကယ်အဖြေရှာရမှာ လူငယ်တွေ အဖြေရှာရမှာပဲ၊ အန်တီတို့ကနေပြီးတော့
ခေါင်းရှောင်ချင်လို့ မဟုတ်ဘူး၊ ဒီကိစ္စတွေက အန်တီတို့ရဲ့ တာဝန်ဖြစ်လာရင် အန်တီတို့
ရင်ဆိုင်မယ်၊ ကျော်လွှားမယ်၊ ဖြေရှင်းမယ်၊ ဒါပေမယ့် အဓိက အခုအချိန်မှာတော့ အစိုးရ
ရဲ့ တာဝန်ဖြစ်တယ်၊ အဲ့တော့ အစိုးရကိုလဲ မေးရမယ်၊ အဲ့ဒီတော့ ဒါကျွန်မ ခဏခဏပြော
တယ်၊ မီဒီယာတွေကို၊ ကျွန်မတို့ကို လာလာပြီးမေးလို့ရှိရင် ၊ ကျွန်မတို့ကို မေးတာ ဟုတ်
ပြီ၊ ကျွန်မတို့ကလဲ နိုင်ငံရေးအဖွဲ့တစ်ခုကို ကိုယ်စားပြုတဲ့ သူဆိုတာ မေးတဲ့ မေးခွန်းကို
ဖြေရမှာပဲ၊ ဒါ ခေါင်းရှောင်ပိုင်ခွင့်မရှိဘူး၊ ခေါင်းရှောင်ချင်လို့ရှိရင် ဒီအလုပ်မလုပ်နဲ့ ဖြေ
မယ်၊ သို့သော်ငြားလဲ တကယ်တာဝန်ရှိတဲ့သူတွေလဲ မေးရမယ်၊ မေးမှလဲတကယ် အဓိ
ပ္ပါယ်ရှိတဲ့ အဖြေကိုရမယ်၊ ကျွန်မတို့မေးမယ့် အဖြေတွေက Theoretically ပေါ့နော်၊ ဒါ
အတွေးအခေါ်အားဖြင့် အဖြေတွေ အများကြီးပေးနိုင်တာပေါ့၊ တကယ်တော့ ကိုယ်လုပ်
ပိုင်ခွင့်မရှိဘဲနဲ့ အဖြေပေးတယ်ဆိုတာကလဲ အမှန်ပြောရင် ဒါလဲ သိပ် ပညာ မပါဘူး၊
အဲ့တော့ မီဒီယာတွေကိုတော့ အဲ့ဒါကို မျှမျှတတ မြင်စေချင်တယ်၊ တကယ် တာဝန်ရှိတဲ့
သူတွေကို အဓိကမေးရမယ်၊ ဒါဟာ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီအတိုင်းပဲ၊
ဥပမာဆိုရင် အမေရိကန် ပြည်ထောင်စုမှာ ဒီလို ပဋိပက္ခဖြစ်တယ်ဆိုရင် ဘယ်သူ့ကို
သွားမေးလဲ ၊ သမ္မတ အိုဘားမား ကို နံပါတ်တစ် မေးရမှာပဲ၊ ဒါအမှန်အတိုင်းပဲ၊ သမ္မတ
အိုဘားမားကို နံပါတ်တစ် မမေးဘဲနဲ့ အတိုက်အခံကို နံပါတ်တစ် ထားပြီးတော့ မေး
တယ်ဆိုတာဟာ ၊ မေးတော့ မေးပါတယ်။ မေးလဲ မေးနိုင်တယ်၊ ဒါပေမယ့် တကယ်ေ
ဖြေရှင်းရမှာက ဘယ်သူက ဖြေရှင်းရမှာလဲ၊ ဒါဟာ အစိုးရက ဖြေရှင်းရမှာ၊ ဖြေရှင်းရ
မယ့် သူကိုမေးပါ၊ ဘယ်လို ပုံစံနဲ့ ဖြေရှင်းဖို့ အစီအစဉ်တွေ ချထားလဲဆိုတာ ၊ အဲ့ဒီ
တော့ အမှန်ပြောရရင် အန်တီတို့လဲ သိချင်တယ်၊ မီဒီယာတွေက မေးပေးလို့ ရှိရင် ကျွှန်
မတို့ အားလုံးလဲ သိရမှာပေါ့၊ …

NLD Chairperson