ဘူးသီးတောင် အမတ် ဦးရွှေမောင်ကို ပြည်ထဲရေးက စုံစမ်း စစ်ဆေးနေ

ပို့စ်တင်ချိန် - 2/05/2014 10:39:00 AM


အာဏာရ ကြံ့ခိုင်ရေးပါတီ အမတ်တဦးဖြစ်တဲ့ ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ဟာ မကြာသေးခင်က မောင်းတောမြို့ ဒုချီးရားတန်းကျေးရွာ မီးလောင်မှု ကိစ္စ ရဲတပ်ဖွဲ့က စတင် မီးရှို့ခဲ့တယ်လို့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရုပ်/သံမှာ မှတ်ချက်ပေးခဲ့လို့ စစ်ဆေးခံရပါပြီ။

ပဋိပက္ခဖြစ်ပြီးစ ဒုချီးရားတန်းရွာ မီးလောင်မှုဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ရဲ့ ထိမ်းသိမ်းကွပ်ကွဲမှု အောက်ရှိနေတာဖြစ်
ပြီး  အဲဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်လို့ ပြောခဲ့တာရယ်၊ သူ့ ကို သတင်းပေးသူ
တွေ က ရဲတပ်ဖွဲ့က စတင်မီးရှို့ခဲ့တယ်လို့ သူက သတင်းဌာနကို ပြောခဲ့ပြီးတာကြောင့် ပြည်ထဲရေး ဝန်ကြီး ဌာန က မနေ့က ခေါ်ယူစစ် ဆေးတာပါ။

သမ္မတ ဦးသိန်းစိန်က ကြံ့ခိုင်ရေး အမတ် ဦးရွှေမောင်ကို ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေး မေးမြန်းဖို့ ပါတီ အကြီးအကဲလည်းဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဆီကို ခွင့်ပြုပေးဖို့ စာပို့ခဲ့အပြီး ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် မမှန်သတင်းပြောဆိုမှုနဲ့ ပတ်သက်ပြီး စစ်ဆေး မေးမြန်းမှုကို မနေ့က ညနေ ၄ နာရီက နေပြည်တော်က ကြံ့ခိုင်ရေးပါတီ ဋ္ဌာနချုပ်မှာ စတင်ခဲ့တာပါ။

ဒီအကြောင်းသတင်းအပြည့်အစုံကိုလည်း ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာက ဧရာဝတီသတင်းထောက်
တွေ ဖြစ်ကြတဲ့ PAUL VRIEZE နဲ့ ထက်နိုင်ဇော်တို့ ရေးသား တင်ပြထားတဲ့ Ruling Party MP Investigated for Defaming Police ဆို တဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။

အိမ့်သံစဉ် ~
Irrawaddy