လင်မယားစကားများစဉ် ဇနီးဖြစ်သူမှဓါးဖြင့်ခုတ်ခဲ့၍ ခင်ပွန်းဖြစ်သူဒဏ်ရာရ

ပို့စ်တင်ချိန် - 4/06/2014 05:40:00 PM


ရန်ကုန်၊ ဧပြီ ၆

၅.၄.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ မီးတိုင်ကုန်း
ကျေးရွာနေ ကိုအေးမင်းဦး၊ (၂၆)နှစ် သည် ဇနီးဖြစ်သူ စန်းယုတင်၊ (၂၄)နှစ် နှင့်အတူ နေအိမ်တွင်ထမင်းချက်နေစဉ် လင်မယား စကားများ
ရန်ဖြစ်ခဲ့ကြပါသည်။

ထိုသို့ စကားများပြီးနောက် ကိုအေးမင်းဦးမှ နေအိမ်ပေါ်သို့အတက်တွင် ဇနီးဖြစ်သူက ဓါးမဖြင့်ခုတ်ခဲ့၍ ဦးခေါင်းဝဲဘက်ရှေ့နှင့် နောက်တို့တွင်
ပြတ်ရှဒဏ်ရာ(၁)ချက်စီရရှိခဲ့သဖြင့် တိုက်ကြီးမြို့နယ်၊ ဥက္ကံတိုက်နယ်ဆေးရုံ
တွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓါးဖြင့်ခုတ်သူ ဇနီးဖြစ်သူ မစန်းယုတင်ကို အရေးယူ
ပေးရန် ကိုအေးမင်းဦးမှ တိုင်တန်းချက်အရ ဖိုးခေါင်နယ်မြေရဲစခန်း
(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police