မဟာသန္တိသုခကျောင်းကိစ္စ တစ်စုံတစ်ရာဆောင်ရွက်ခြင်းမရှိသေး တွေ့ဆုံခွင့်ရပါက ပြေလည်နိုင်ဟု လန်ဒန်ဆရာတော်မိန့်ကြား

ပို့စ်တင်ချိန် - 4/06/2014 02:02:00 PM


နိုင်လင်း၊ ရန်ကုန်၊ ဧပြီ-၅

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော် ဦးပညာဝံသတို့ အကြား ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည့် တာမွေမြို့နယ် မဟာသန္တိသုခ
ကျောင်းတိုက်ကြီးအရေးတွင် နှစ်ဦးနှစ်ဖက်တွေ့ဆုံညှိနှိုင်းခွင့်ရမည်ဆိုပါက
ပြေလည်ရန် အဖြေတစ်ခု ရရှိနိုင်မည်ဖြစ်ပြီးယင်းကဲ့သို့တွေ့ဆုံညှိနှိုင်းခွင့် မရ၍သာ ယခုကဲ့သို့ ပြဿ နာကြီးထွား နေရခြင်းဖြစ်ကြောင်းနှင့် နောက် ဆုံးဖယ်ရှားပေးရန် အကြောင်းကြားထားသည့် မတ်၃၁ ရက်ကို ကျော်လွန်
၍ ဧပြီ ၅ ရက်ရောက်သည့်တိုင်တစ်စုံတစ်ရာဆောင်ရွက်ခြင်းမရှိ သေး
ကြောင်း ပီနန်ဆရာတော်ကြီး၏တပည့် လန်ဒန် သာသနာ့ရံသီကျောင်း
တိုက် ဆရာတော် ဦးဥတ္တရက စံတော်ချိန်သို့ ဧပြီ ၅ ရက်၌ မိန့်ကြားသည်။

" ပြဿ နာဖြစ်လာတယ်ဆိုရင် တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာမှသာ အမှန် တရား ပေါ်မှာလေ။ အမှန်တရားပေါ်ဖို့အတွက်က တွေ့ဆုံဖို့လည်းလိုအပ် တာပဲ။ တွေ့ဆုံမခံလို့ ဒီပြဿ နာကြီးထွားနေတာ။တွေ့ဆုံလိုက်ရင် တစ်ဆင့်တော့ လျော့ကျသွားမှာပဲ။ မလျော့ကျရင်လည်း ဥပဒေအတိုင်း သွားရမှာပဲ။" အခုက ဥပဒေအတိုင်းသွားဖို့ဆိုတာက တွေ့ဆုံ နိုင်တဲ့ အခွင့်အရေးကို မရှိလို့ ဒီလို အငြင်းပွားပြီးတော့ ဖြစ်နိုင်မလား၊မဖြစ်နိုင်ဘူး လားဆိုတာ ဒါကိုပြောနေရတာ။လူတစ်ဦးနဲ့တစ်ဦး တွေ့ဆုံ ညှိနှိုင်းလိုက်ရင်
သူ့ဘက်က သဘောထား ကိုယ့်ဘက်က သဘောထားသိရင်အဖြေတစ်ခု
တော့ ထွက်လာမှာပဲ။ အဲ့ဒီအဖြေကို မူတည်ပြီးတော့မှ ဥပဒေအတိုင်းလုပ် သင့်ရင်လည်း လုပ်ရ မှာပေါ့။ဥပဒေအရမဟုတ်လို့ မြန်မာ့ထုံးတမ်းစဉ်လာ အရ တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့ တစ်ယောက် ကျေကျေ နပ်နပ် ခွင့်လွှတ်တောင်းပန်ပြီးတော့ လုပ်မယ်ဆိုရင်လည်း လုပ်လို့ရတာပဲ " ဟု ဆရာတော်က စံတော်ချိန်သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

မတ် ၃၁ ရက် နောက်ဆုံးထား၍ မဟာသန္တိသုခကျောင်းတိုက်ကြီးမှ ထွက်ခွာပေးရန် ပီနန်ဆရာတော်ကြီး ဦးပညာဝံသအား နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့က အကြောင်းကြား စာပေးပို့ထားသော်လည်း ပီနန်ဆရာတော်ကြီးနှင့် တပည့်သံဃာတော်များကမူ မည်သည့်အခြေ
အနေတွင်မဆို ကျောင်းတိုက်အတွင်းမှ တစ်ဖ၀ါးမျှ ထွက်ခွာမည်မဟုတ်ဟု မိန့်ကြားထားကာ နိုင်ငံရေးအင်းအားစု အချို့၊ အရပ်ဘက်လူမှုအဖွဲ့အစည်း
များအပါအ၀င် မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ တို့က ဆရာတော်
အနေဖြင့် ထွက်ခွာရန်မလိုကြောင်း ထောက်ခံလျှောက် ထားပွဲတစ်ရပ်ကို မတ်၂၅ ရက်၌ ပြုလုပ်ခဲ့သည်။

ထို့ပြင် မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်က သမ္မတဦးသိန်းစိန်၏
နှုတ်ဖြင့်မှာကြားမှုအရ လာရောက် လျှောက်ထားသည်ဟုဆိုကာ ပြဿ နာပြေလည်စေရေးဆောင်ရွက်နေသည်ဖြစ်၍ ပီနန်ဆရာတော်ကြီး အား စိတ်အေးချမ်းသာစွာ သီတင်းသုံးရန် လာရောက်လျှောက်ထားခဲ့သော်လည်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကမူ သံဃမဟာ နာယက အဖွဲ့နှင့် ပီနန်ဆရာတော်ကြီး တို့၏ အငြင်းပွားမှုနှင့် ပတ်သက်၍ သမ္မတကြီးအနေဖြင့် ကြားဝင်ဆောင် ရွက်ပေးရန်မရှိဘဲ သွားရောက် လျှောက်ထားသူများက ၎င်းတို့၏ သဘော ထားကိုသာ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်ဟု ဧပြီ ၄ ရက်ထုတ် ဒီမိုကရေစီတူဒေးတွင် ဖော်ပြခဲ့သည်။

" သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက စေခိုင်းလို့ဆိုပြီးတော့ ငြိမ်းချမ်းရေး စင်တာက ဦးညိုအုန်းမြင့်တို့ လာတယ်လေ။ ဆရာတော်ကြီး အေးအေး ချမ်းချမ်း သီတင်းသုံးပါ၊ ပြဿ နာတွေ ပြေလည်ဖို့အတွက် တပည့်တော်တို့
နှစ်ဦးနှစ်ဖက် ဆောင်ရွက်နေတဲ့ကိစ္စတွေရှိနေပါသေးတယ်ဆိုပြီး ဒါကို စိတ်မပူပင်ဘဲနဲ့ အေးအေးဆေးဆေး သီတင်းသုံးပါလို့ လျှောက်တယ်။ ဆရာတော်ကြီးကတော့ သူ့ကျောင်းလေ။ သူတို့မသုံးခိုင်းလည်းသုံးမှာပဲ။
သုံးခိုင်းလည်းသုံးမှာပဲ။ တို့ကျောင်းဆိုတော့ သူများက လာလျှောက်လျှောက်၊ မလျှောက်လျှောက် တို့လုပ်စရာရှိတဲ့ သာသနာပြုလုပ်ငန်းတွေ ဆက်လုပ် မယ်လို့တို့အကြောင်းကြားပြီးသားပဲ။ လက်ခံခံ၊ မခံခံတို့လုပ်ရမယ့် ကိစ္စတွေ က တို့ကဏ္ဍပဲ။ အဲ့တော့ သာသနာပြု လုပ်ငန်းတွေ တို့ကဆက်လုပ်နေမှာပေါ့။
နှစ်ဦး နှစ်ဖက် ပြေလည်နိုင်အောင် နည်းလမ်းတွေ ရှာနေတယ်လို့တော့ ထင်တယ်။ နှစ်ဦးနှစ်ဖက် တွေ့ဆုံရှင်းလင်းလိုက်ပြီးတော့ ပိုင်ဆိုင်မှုအငြင်း ပွားတာနဲ့ သူ့ရဲ့အထောက်အထားနဲ့ ကိုယ့်ရဲ့အထောက်အထားနှစ်ခုကို
ပြေလည်အောင် ကျေကျေနပ်နပ်နဲ့ ဆွေးနွေးလိုက်ရင်တော့ အဖြေတစ်ခု ထွက်လာမယ်လို့ ထင်ပါတယ်။ အဲ့ဒီအတွက်ကိုလည်း လုပ်ဆောင်နေတယ် လို့ ဘုန်းဘုန်းမြင်ပါတယ် " ဟု ဆရာတော် ဦးဥတ္တရက ထပ်မံမိန့်ကြားသည်။

" သာသနာနဲ့ပတ်သက်လာရင် ဒီလိုကြီး အငြင်းပွားမှုဖြစ်နေတယ်ဆိုတာ သာသနာမှာ တော်တော် ရှက်စရာ ကောင်းပါတယ်။ သမိုင်းလည်း ကောင်း မှာ မဟုတ်ဘူး။ အမည်းစက်ကြီးလို ဖြစ်နေတယ်။ ဒါကြောင့်လည်း အစ်ကို တို့ကတော့ ပြေပြေလည်လည်နဲ့ သာသနာ့အကျိုး၊ ဘာသာအကျိုး၊ လူမျိုးဘာသာ သာသနာအကျိုးပေါ့လေ။ သေသေ ချာချာ သန့်သန့် ရှင်းရှင်းနဲ့ လုပ်စေချင်တယ်။ အားလုံးကို သံဃာလည်းသံဃာ အလျောက်၊ ဒါယကာ၊ ဒါယိကာမ လည်း ဒါယကာ၊ ဒါယိ ကာမအလျောက်ပေါ့ "ဟု ပီနန်ဆရာတော် ကြီး၏ ကပ္ပိယ ဖြစ်သူ ဦးသန့်က၎င်း၏ အမြင်ကိုဖွင့်ဟသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ