ဟိုင်းလတ်ယာဉ် နှင့် မြေသယ်ယာဉ် တိုက်မိ၊ ဟိုင်းလတ် ခေါင်မိုးပေါ်မှ ခရီးသည် (၂) ဦး သေ

ပို့စ်တင်ချိန် - 4/06/2014 07:00:00 PM


မင်္ဂလာဒုံ မြို့နယ်၊ ဗိုလ်ရွေး မှတ်တိုင် အနီး တွင် ဧပြီလ (၄) ရက်နေ့ က မြေသယ်ယာဉ် တစ်စီး နှင့် ဟိုင်းလတ်ယာဉ် တစ်စီး တိုက်မိ ခဲ့ပြီး ဟိုင်းလတ်ယာဉ် ခေါင်မိုး ပေါ်တွင် လိုက်ပါ လာသူ ခရီး သည် (၂) ဦး အခင်း ဖြစ်နေရာ တွင်ပင် သေဆုံး ခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့  စု (၁၃) မင်္ဂလာဒုံမြို့နယ် မှ သိရသည်။

မြေသယ်ကားရဲ့ ဘက်မှန်နဲ့ ခေါင်မိုး ပေါ်ကလူ နှစ်ဦး ကို ရိုက်မိပြီး ဦးနှောက် ပွင့် သေသွားတာပါ ဟု မင်္ဂလာဒုံမြို့နယ် ယာဉ် ထိန်းရဲတပ်ဖွဲ့ စု(၁၃) မှ တာဝန် ရှိသူ တစ်ဦး က The Messenger သတင်းစာသို့ပြော သည်။ ရန်ကုန်စည်ပင်သာယာ နယ်နမိတ် အတွင်း ခရီးသည် တင်ဟိုင်းလတ်ယာဉ်များ ၀င်ရောက်ပြေးဆွဲခွင့်ကို မတ်လ (၃၁) ရက် နေ့တွင် ရပ်နားမည်ဟု ကြေညာထားသော် လည်း မတ်လ (၃၀) ရက်နှင့် (၃၁) နှစ်ရက် နေ့ များက ယာဉ်လုပ်သားများ ကန့်ကွက်ဆန္ဒ ပြခဲ့ကြသဖြင့် ဧပြီလ (၃၀) ရက်နေ့ထိထပ်မံ ပြေးဆွဲခွင့်ပြုခဲ့သည်။

ဧပြီလ (၄) ရက်နေ့၊ နံနက် (၄) နာရီ ၄၅ မိနစ် အချိန်ခန့် က ပြည်လမ်း အတိုင်း မင်္ဂလာဒုံမြို့နယ်မှ မြို့ တွင်း သို့ မောင်းနှင်လာ သော မြေသယ်ကား တစ်စီးမှာ ဗိုလ်ရွေးမှတ် တိုင်အနီးအရောက် အရှိန်လွန်ကာ တစ် ဖတ် ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာ ချင်းဆိုင် မှ မောင်းနှင် လာသော တိုက်ကြီး-ရန်ကုန် - သာယာဝတီ ယာဉ်လိုင်းမှ ဟိုင်းလတ် ယာဉ် တစ်စီးကို ၀င်တိုက်မိ၍ ယာဉ်ပေါ်ပါ လူနှစ်ဦး သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ် တမ်းအရ သိရသည်။ ယင်းဖြစ်စဉ် ကြောင့် မြေသယ်ကား မောင်းသူအပေါ် အရေးယူပေးရန် ယာဉ်ထိန်းရဲ တပ် ဖွဲ့  စု (၁၃) မှ ဒုရဲအုပ်ကျော်မိုးက တိုင် တန်းခဲ့ပြီး၊ မင်္ဂလာဒုံမြို့မရဲ့စခန်း မှ ယာဉ်(ပ) ၄၃/၁၄၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၂၇၉/၂၀၂ ဖြင့် ဧပြီလ (၄) ရက်နေ့က အမှုဖွင့်ခဲ့ကြောင်း နှင့် မြေသယ်ယာဉ် ယာဉ်မောင်းကို စစ်ဆေး နေ ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ သိရသည်။
Messenger News Journal