လျှပ်စစ်မီးအား မမျှတသဖြင့် ၀ါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်

ပို့စ်တင်ချိန် - 4/06/2014 02:01:00 PM


ရန်ကုန်၊ ဧပြီ ၆

၅.၄.၂၀၁၄ ရက်နေ့ ၁၉၂၀ အချိန် လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ အောင်စင်္ကြာလမ်း၊ မ/၉၆၄(က)
တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရသွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးရာ အိမ်ရှင် ဒေါ်ရီစန်း၊(၅၇)နှစ်၊ (ဘ)ဦးကျော်ခင်
၏နေအိမ်အပေါ်ထပ် နောက်ဘက် အိမ်ငှားထားရှိသော အခန်းအတွင်းရှိ လျှပ်စစ်မီးပလပ်ပေါက်နှင့် ဆက်သွယ်ထားသည့် မီးပလပ်ခေါင်းတွင်
နှစ်ပင်လိမ်ဝါယာကြိုးနှင့် မီးကြိုးကြီးတို့ကို ဆက်သွယ်အသုံးပြုထားရာမှ လျှပ်စစ် မီးအားမမျှတဘဲ ၀ါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်
ထရံသို့ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မီးလောင်ရာသို့ မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၁၉၄၅ အချိန် မီးငြိမ်းသွားခဲ့ကြောင်း နှင့် မီးလောင်မှုကြောင့် ပတ်ဝန်းကျင်ရှိနေအိမ်(၈)လုံး မီးလောင်ပျက်စီးကာ တန်ဖိုး(၁၈၁)သိန်းခန့် ဆုံးရှုံးခဲ့ကြောင်းသိရှိရပါသည်။

ယင်းကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဒေါ်စန်းရီကို လှိုင်သာယာ
မြို့မရဲစခန်း (ပ)၄၅၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့်အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police