ဓာတ်ပုံရိုက်ကွင်းမှာ ဒေါ်လာ ၂၅၀၀ တန် ဘရာစီယာ အခိုးခံခဲ့ရတဲ့ Madonna

ပို့စ်တင်ချိန် - 4/06/2014 07:03:00 PM


ပြီးခဲ့တဲ့အပါတ် New York မှာလုပ်တဲ့ ဓာတ်ပုံရိုက်ကူးမှုတစ်ခုမှာ Madonna ရဲ့တန်ဖိုးကြီးအတွင်းခံပစ္စည်းတစ်ခုပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ New York ရဲဌာနနဲ့ ဒီဇိုင်နာတစ်ရောက်ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ပေါ့ပ်ဂီတဘုရင်မဟာ သူမရဲ့ sexy အောက်ခံအ၀တ်အစားတွေနဲ့ L’uomo Vogue (Vogue မဂ္ဂဇင်းရဲ့ အီတလီ version) အတွက်ဓာတ်ပုံအရိုက်ခံခဲ့တာဖြစ်ပြီး ဒီဇိုင်နာ Deborah Marquit ရဲ့အဖွဲ့ဝင်တစ်ယောက်က အီတလီပိုးထည်နဲ့လုပ်တဲ့ ဒေါ်လာ ၂၅၄၅ တန် ဘရာဇီယာ၊ ၃၄၅ ဒေါ်လာ တန်အတွင်းခံဘောင်းဘီ နဲ့ ၅၁၅ ဒေါ်လာတန်အတွင်းခံအတိုအ၀တ်အစားတွေကို မတ်လ ၂၀ ရက်နေ့ညနေ ၄ နာရီကထိုင်ခုံတစ်ခုံရဲ့အောက်မှာသိမ်းဆည်းထားခဲ့တယ်လို့ ရဲကပြောပါတယ်။

ညသန်းခေါင်ကျော်ဓာတ်ပုံရိုက်ကူးမှုအပြီးမှာတော့ အဲဒီ့အဖွဲ့ကအလုပ်သမားတစ်ယာက်က အဲဒီ့အတွင်းခံတွေထည့်ထားတဲ့အိတ်ပျောက်ဆုံးသွားတာကို စတင်သတိထားမိကြောင်း ရဲကပြောပါတယ်။

“ဒါဟာ L’uomo မဂ္ဂဇင်းအတွက် Madonna ရဲ့ဓာတ်ပုံရိုက်ကူးမှုဖြစ်ပါလိမ့်မယ်။ တစ်ယောက်ယောက်က အဲဒီ့အတွင်းခံပစ္စည်းအိပ်ကိုရှာတွေ့ရင်ကောင်းပါလိမ့်မယ်။ Deborah ကသူမရဲ့ ပစ္စည်းတွေပြန်ရချင်မှာပါ” လို့ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူက email ထဲမှာရေးခဲ့ပါတယ်။

Madonna ဟာအဲဒီ့ရိုက်ကူးမှုက ဓာတ်ပုံတွေကိုသူမရဲ့ Instagram account မှာတင်ခဲ့ပါတယ်။

Ref:dnainfo.com
Trend Myanmar