အိန္ဒိယတွင် ရင်ဘတ် အပြင်ဘက်၌ နှလုံးတစ်ခု ပါရှိသည့် ကလေးငယ် တစ်ဦးမွေးဖွား

ပို့စ်တင်ချိန် - 4/06/2014 06:06:00 PM


အိန္ဒိယနိုင်ငံ အွတ်တာပရာဒက်ရှ် ပြည်နယ်ရှိ အစိုးရဆေးရုံ တစ်ရုံတွင် ပရီရန်ကာပေါလ် အမည်ရှိ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် ရင်ဘတ် အပြင်ဘက်တွင် နှလုံးတစ်ခု တွယ်ကပ် ပါရှိနေသည့် သားယောက်ျားလေး တစ်ဦးကို မွေးဖွားခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ယင်းကဲ့သို့ မွေးဖွားခြင်းသည် ကြုံတောင့် ကြုံခဲဖြစ်ရပ် ဖြစ်ပြီး မွေးဖွားသည့် ကလေးဦးရေ တစ်သန်းတွင် ရှစ်ဦးမျှသာ ဖြစ်လေ့ဖြစ်ထ ရှိကြောင်း၊ ထိုကလေးငယ်များမှာ အသက်ရှင်နှုန်း ၁ဝ ရာခိုင်နှုန်းသာ ရှိကြောင်း သို့မဟုတ် သုံးရက်အတွင်း အသက်ဆုံးပါး သွားနိုင်ကြောင်း၊ ထို့ကြောင့် ဆေးဝါးပစ္စည်း ကိရိယာ စုံစုံလင်လင်ဖြင့် ခွဲစိတ်ကုသရန် လိုအပ်ကြောင်း ဆူလ်တန်ပူရ ဆေးရုံမှ ဆရာဝန်များ က ပေါလ်၏ ခင်ပွန်းဖြစ်သူ နီယာဘေးအား ပြောကြား ခဲ့သည်။

သို့သော် နီယာဘေးသည် တစ်နေ့လျှင် စတာလင်ပေါင် သုံးပေါင်သာ ရရှိသည့် ဒေသတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ ပန်းရန်ဆရာ တစ်ဦးဖြစ်သောကြောင့် ဆေးကုသမှု စရိတ် မတတ်နို င်ကြောင်း၊ ထို့ကြောင့် အစိုးရ အဖွဲ့အစည်းများ၏ အကူအညီများ ရရှိစေရန် မျှော်လင့်လျက် ရှိကြောင်း၊ ယခုအခါတွင် ၄င်း၏ ကလေးငယ်အား ဆူလ်တန်ပူရ ဆေးရုံမှ ဒေရာဒန်မြို့ ရှိ ဆေးရုံ သို့ ပြောင်းရွှေ့ထားပြီး ဖြစ်သော်လည်း ခွဲစိတ်မှုကုန်ကျ စရိတ်ကို အတိအကျ မသိရှိသေးကြောင်း နီယာဘေးက ပြောကြားခဲ့သည်ဟု သိရသည်။

Myawady News