အာဖဂန်ရဲက အမေရိကန် ဆရာဝန် ၃ ဦးကို ပစ်သတ်

ပို့စ်တင်ချိန် - 4/25/2014 12:49:00 PM


အာဖဂန်နစ္စတန် နိုင်ငံမှာ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ယောက်က ကဘူးမြို့ ဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ အမေရိကန် ဆရာဝန် ၃ ယောက်ကို ပစ်သတ်လိုက်ပါတယ်။

အဲဒီဆေးရုံကို CURE လို့ ခေါ်တဲ့ အမေရိကန် ခရစ်ယာန် အသင်းတစ်သင်းက ထောက်ပံ့ ဖွင့်လှစ်ထားတာဖြစ်ပြီး ကလေးနဲ့ မိခင်တွေကို ကုသပေးတဲ့ ဆေးရုံ ဖြစ်ပါတယ်။

အဲဒီလို ပစ်ခတ်ခဲ့မှုကြောင့် နောက်ထပ် လူ ၂ ယောက်လည်း ဒဏ်ရာရသွားပါတယ်။

အာဖဂန်မှာ အခုလို ခရစ်ယာန်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ ဒီအကြိမ်ဟာ အခုနှစ်အတွင်း ဒုတိယအကြိမ် ဖြစ်ပါတယ်။။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ခရစ်ယာန် ပရဟိတ အသင်းတစ်ခုက ထောက်ပံ့ထားတဲ့ စိုက်ပျိုးရေးဆိုင်ရာ အဖွဲ့တစ်ခုက နိုင်ငံခြားသားတွေ တည်းခိုရာ အိမ်တခုကို တာလီဘန်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

BBC Burmese