မြန်မာ့ဆက်သွယ်ရေးမှ ပျောက်ဆုံးလိုင်းနံပါတ်မှားထုတ်ပေး၍ မူရင်းဖုန်းနံပါတ်ပိုင်ရှင်များ လုပ်ငန်းထိခိုက်ခဲ့

ပို့စ်တင်ချိန် - 4/25/2014 08:37:00 AM


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ရွှေဂုံတိုင်) ရုံးချုပ်တွင် သင်္ကြန်ကာလစပြီး ဖုန်းဆင်းမ်ကတ်ပျောက်၍ လျှောက် ထားရာ ပြန်လည်ထုတ်ပေးသည့် လိုင်းနံပါတ် လွဲမှားမှုကြောင့် ဖုန်းဆင်းကတ်ပျောက်ဆုံးသူ နှင့် မှားယွင်း အပိတ်ခံရသည့် မူလလိုင်း နံပါတ်ပိုင်ရှင် နှစ်ဦးစလုံးနစ်နာမှုဖြစ်ပေါ်ခဲ့သည်ဟု ဧပြီ ၂၄ရက်တွင် ကတ်ပျောက် ဆုံးသူ ဦးမြင့်ဇော်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဆင်းကတ်ပျောက်ဆုံးသူ ဦးမြင့်ဇော်သည် ဧပြီလ ၂၂ရက်၊ မနက် ၉နာရီတွင် အဆိုပါ ရွှေဂုံတိုင်ဆက်သွယ် ရေးရုံးချုပ်သို့ သွားရောက်ကာ ဆင်းမ်ကတ်ပြန်လည် လျှောက်ထားခဲ့သည်။ ထိုသို့ လျှောက်ထားစဉ် ငွေသွင်း ပြေစာစာရွက်တွင်လည်း ၎င်းပျောက်ဆုံးခဲ့သည့် လိုင်းနံပါတ် (၀၉-၄၂၈၂၀၁၉၅၇) ဟုမှန်ကန်စွာ ဖြည့်စွက် ထားပြီး နေ့လယ်တစ်နာရီခွဲတွင် လိုင်းကတ် ပြန်လည်ထုတ်ပေးရာ ယင်း MPT တံဆိပ် ပါ လိုင်းဆင်းမ်ကတ် ပါဝင်သည့် ကတ်ပြားပေါ်တွင်လည်း လိုင်းနံပါတ်ကို မှန်ကန်စွာ ရေးသား ဖော်ပြထားခဲ့သည်။ …




ရန်ကုန်၊ ဧပြီ ၂၄



ထို့နောက် ဆင်းကတ်ကိုချိုး၍ ဖုန်းသို့ ထည့်သွင်းအသုံးပြုခဲ့ရာ ဦးမြင့်ဇော်ရရှိ သည့် လိုင်းနံပါတ်သည်၀၉-၄၂၈၀၂၁၉၅၇ ဖြစ်သည့်အတွက် အဆိုပါရရှိသည့် မူလ လိုင်းနံပါတ်ပိုင်ရှင်သည် ဧပြီ လ ၂၂ရက် ဦးမြင့်ဇော် ကတ်ပျောက် လျှောက်ထားသည့်နေ့တွင် လိုင်းပိတ်ခံခဲ့ရသည်။

ယင်းကဲ့သို့မှားယွင်းစွာလိုင်း နံပါတ်ရ ရှိခြင်းနှင့် စပ်လျဉ်း၍ ဦးမြင့်ဇော်က““ကျွန်တော့်ကို အစအဆုံးရေးတဲ့အထိ ကျွန်တော့် နံပါတ်ပဲဗျာ။ ငွေသွင်းပြေစာမှာရော၊ MPT ကတ်ပြားပေါ်မှာရော၊ နောက်ဆုံးကတ် ထုတ်ပေးတဲ့အခါ လက်မှတ်ထိုးရတယ်။ အဲဒီမှာရော အားလုံးကနံပါတ်က အမှန်ပဲ။ အဲဒါနဲ့ပြန်လာပြီးကတ်ချိုးဖုန်းထဲ ထည့်သုံး တော့ လိုင်းလည်းပွင့်ရော နံပါတ်က ဂဏန်းနှစ်လုံးလွဲနေတယ်။ သိသိချင်းပဲ ဖုန်းဝင်လာတာက အဲဒီမှားပေး လိုက်တဲ့ လိုင်းနံပါတ်ပိုင်ရှင်။ သူကပြောတာကတော့ ကျွန်တော်လျှောက်တဲ့နေ့မှာ သူ့လိုင်းက အလိုလိုပိတ် သွားတယ်လို့ ပြောတယ်။သူက သွားပြန်လျှောက်မလို့၊ သူလျှောက် ရင် ကျွန်တော်ကပျောက်သွားတဲ့ ကတ်ကို အစအဆုံးပြန်လျှောက်ရမှာ။ အဲဒါကြောင့် အတူတူသွားဖို့လုပ်ထားတယ်””ဟု ၎င်းင်းက ပြောသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဃသာစူငေည ဌာနမှ တာဝန်ရှိသူအား မြန်မာသံတော်ဆင့် ဂျာနယ်မှဆက်သွယ်မေးမြန်းရာ““အစ်မတို့ ဆီမှာက ဒီလိုမျိုးတွေဖြစ်တာ တစ်ခါမှ တော့ မကြားဖူးပါဘူး။ ဆင်းကတ်နံပါတ်ကို ကွန်ပျူတာနဲ့ ရိုက်ထည့်တဲ့အခါမှာ မှား သွားတာနေမှာ။ ရုံးကိုသွားပြီး အသစ်ပြန် လျှောက်လိုက်ပါ။ ဖြစ်စဉ်သေချာ ပြောပြလိုက်ပေါ့။ ဒါမျိုးကတော့ ဖြစ်ခဲပါ တယ်”” ဟုပြောသည်။

ထို့နောက်မြန်မာ့ဆက်သွယ် ရေးလုပ် ငန်း (ရွှေဂုံတိုင်)မိုဘိုင်းဌာနမှ လက်ထောက် မန်နေဂျာ ဦးအောင်ဝင်း လှိုင်ထံသို့ ဧပြီ ၂၄ ရက် နေ့လယ်၁၂နာရီ ၁၅မိနစ် အချိန် ခန့်တွင် မြန်မာသံတော်ဆင့်မှ ဆက်သွယ် မေးမြန်း ခဲ့ရာ ၎င်းအနေဖြင့် ဖြေကြားနိုင် မည်မဟုတ်သေးကြောင်း၊ ရုံးသို့လာရောက် မေးမြန်းမှသာ နားထောင် ဖြေကြား ပေးမည် ဖြစ်ကြောင်း စသည်ဖြင့် ဖြေကြားခဲ့သည့် အတွက် လိုင်းနံပါတ်မှားယွင်းမှုနှင့် စပ် လျဉ်း၍ တိကျသည့်ဖြေကြားမှုမရရှိခဲ့ပေ။

မြန်မာသံတောင်ဆင့်