ယာဉ်မတော်တဆမှုတွင် ဒဏ်ရာရသူများကို ကယ်တင်ခဲ့သူ ကိုစိုးမင်းလွင်နှင့် တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 5/14/2014 09:41:00 AM



ကိုစိုးမင်းလွင်

‘အဆိုးထဲကအကောင်းကတော့ နေပြည်တော်နားမှာဖြစ်တာဆိုတော့ ကယ်ဆယ်ရေးကို အမြန်ဆုံးလုပ်နိုင်ခဲ့တာပါ’

နေပြည်တော်မှ ရန်ကုန်သို့ အမြန်လမ်းအတိုင်း ထွက်ခွာလာသော ရာဇာမင်းခရီးသည်တင်ယာဉ်သည်မေလ ၁၂ ရက်တွင် နေပြည်တော်အထွက် တိုးဂိတ်ကျော်၌ တံတားပေါ်မှ ပြုတ်ကျခဲ့ရာ ခရီးသည် ၁၄ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရရှိခဲ့သည်။ ကိုစိုးမင်းလွင်မှာ အဆိုပါအဖြစ်ဆိုးကို ဦးဆုံးတွေ့သူများတွင် ပါဝင်ပြီး တာဝန်ရှိသူများထံ အကြောင်းကြားပေးခဲ့ကာဒဏ်ရာရရှိနေသူများကိုဝိုင်းဝန်းကူညီပေးခဲ့သဖြင့် ရာဇာမင်းခရီးသည် တင်ယာဉ်ဖြစ်ရပ်ဆိုးဖြစ်စဉ်ကို မေလ ၁၃ ရက်တွင် ကိုစိုးမင်းလွင်နှင့်တွေ့ဆုံမေးမြန်းထားသည်များ
မှကောက်နုတ်ဖော်ပြလိုက်ပါသည်။

ယာဉ်တိုက်မှုကို အရင်ဆုံးတွေ့ လိုက်ရတော့ ဘယ်လိုပုံစံလဲ။

 ကျွန်တော်က ပထမဆုံး ရောက်တယ်လို့တော့ ပြောလို့မရ ဘူးဗျ။ သို့သော်လည်း စပယ်ယာ လို့ ယူဆရတဲ့ ကောင်လေးက တားတာကို ပထမဆုံးရပ်တာက ကျွန်တော်ပဲ။ အဲဒီကောင်လေး တော်ပါတယ်။ အဲဒီချောက်ထဲမှာ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေရှိ လား၊ မရှိလားဆိုတာကျွန်တော် မသိဘူး။ ဒါပေမဲ့ သေချာတာက အဲဒီအချိန်မှာ ဘယ်သူမှ တစ် ယောက်မှကို မဆွဲထုတ်နိုင်သေး ဘူး။ ချာတိတ်လေးက ရပ်ပေးပါ၊ ရပ်ပေးပါဆိုပြီး ထွက်တားတယ်။ ကျွန်တော့်ရှေ့မှာ ကားတစ်စီးက လိုက်ထရပ်လို့ထင်တာပဲ။ ရပ် မပေးဘူးဗျ။ အဲဒီအချိန်မှာ မိုးက တအားသည်းနေတယ်။ ကျွန် တော်ကားကို ကီလိုလေးဆယ်ပဲ မောင်းတယ်။ ၀ိုက်ဗာအဆုံးတင် တာတောင် မြင်ကွင်းကို သိပ်မရှင်းချင်ဘူး။ အမြန်လမ်းမှာ သတင်း တွေကလည်း မျိုးစုံထွက်နေတော့ ကျွန်တော်မရပ်ပေးရဲဘူး။ ကားကိုတော့ အရှိန်လျှော့လိုက်တဲ့ အချိန် မှာ ကားချောက်ထဲပြုတ် ကျနေပြီ။ကားချောက်ထဲ ပြုတ်ကျနေပြီဆို ပြီး အော်နေတယ်။ သူ့မျက်နှာကို ကြည့်လိုက်တဲ့ အချိန်မှာ ကိုယ့်ကို ခိုးမယ့်လူ၊ လုမယ့်သူ မဟုတ်တာသေချာပြီဆိုပြီး ရပ်လိုက်တာပါ။ အဲဒီ အချိန်မှာ ရဲတွေ ဘာတွေကို ဖုန်းဆက်အသိပေးလိုက်တာပါ။

သွေးသံရဲရဲနဲ့  လူတွေ အများကြီး တွေ့လိုက်ရတော့ သူတို့ကို ကယ် ဖို့ရာ ဆုံးဖြတ်ချက်ကို ချက်ချင်းချခဲ့တာလား။

 အဲဒီတော့ မရှိဘူးဗျ။ ဆုံး ဖြတ်ချက်ချပြီး လုပ်ခဲ့တာမျိုး မ ဟုတ်ခဲ့ဘူး။ ဆက်တိုက်ဖြစ်သွား တာပဲ။ ကိုယ့်ကားရပ်လိုက်ပြီဆို ကတည်းက ပြောစရာမလိုတော့ ဘူးလေ။ ကားတစ်စီးလုံး ပြုတ် ကျနေပြီဆိုကတည်းက လုပ်စရာ  ရှိတာ ဆက်လုပ်ရုံပေါ့။ ပထမဆုံး ရဲစခန်းတွေကို ဖုန်းဆက်တယ်။ပထမဖုန်းခေါ်တယ်။ ပိတ်ထား တယ်။ ဒုတိယဖုန်းခေါ်တယ် မကိုင်ဘူးဆိုတာက သူတို့ကို အပြစ်တင်တာမဟုတ်ဘူး။ အကြောင်းအမျိုးမျိုးရှိနိုင်တယ်။ ကျွန်တော်တို့ ဖုန်းတွေကလည်း ခေါ်ချင်သလို ခေါ်၊ ပြောချင်သလိုပြောနေတာပဲလေ။ ကျွန်တော့်မိတ်ဆွေရဲမှူးကြီး တစ်ယောက်ကိုလည်း  ဖုန်းဆက်အကြောင်း ကြားလိုက်တယ်။ သူကနေတစ်ဆင့် ချိတ်ဆက်ပေးတယ်။ မြန်ပါတယ်။ သိပ်မကြာဘူး ရောက်လာကြတယ်။ ဖြူးရဲစခန်းကို ဆက်တော့ရတယ်။ ၁၉၉ ကိုဆက်တာလည်းရတယ်။ ကျွန်တော်ဆက်တဲ့ အချိန်နဲ့ ရောက်လာတဲ့ အချိန်ကွက်တိပါပဲ။ ဒီဟာကို ကူညီဖို့ စဉ်းစားတာလည်းမရှိဘူး။ ဆုံးဖြတ်တာလည်းမရှိဘူး။ ကျွန်တော်ကားရပ်လိုက်တာ ဆုံးဖြတ်ချက်ပဲ။ ရဲစခန်းကို ဖုန်းဆက်ပြီးအောက်ဆင်းကြည့်တော့ တွေဝေစရာမလိုတော့ဘူးပေါ့ဗျာ။ တော်တော်ကို ဆိုးတဲ့မြင်ကွင်းတွေမြင်ပြီး သူဘာသာသူဖြစ် သွားတာတာပါ။ လုပ်စရာရှိတာကို စဉ်းစားမနေဘဲ ဆက်တိုက်လုပ်သွားတာပါ။

ဖြစ်စဉ်ကို အသေးစိတ် ပြောပြပေးပါဦး။

 ချောက်ထဲပြုတ်ကျနေတဲ့ ကားဘေးနားရော၊ ကားအောက် မှာပါ လူတွေ အများကြီးပဲ။ တော် တော်များက မလှုပ်နိုင်ကြတော့ ဘူး။ ကျုပ်နိုင်တဲ့သူတွေက ခပ် လှမ်းလှမ်းမှာ အတုံးအရုံးနဲ့ စုပုံ   နေကြပြီ။ သေလား၊ မသေလား ဆိုတာ စဉ်းစားမနေတော့ဘူး။ တတ်နိုင်သမျှ ဦးစားပေးပြီး ဆွဲ ထုတ်ရတာ။ အဲဒီအချိန်အထိ ကားက လှုပ်နေတုန်း အချိန်မရွေး လဲပြီး အောက်ကလူတွေ ထပ်ပိ နိုင်တယ်။ ကားစပယ်ယာလေးနဲ့ ကျွန်တော်နဲ့စပြီး အသံပြောနိုင် သေးတဲ့ လူကို အရင်ဆွဲထုတ် တာ။ ဒဏ်ရာရတာ၊ မရတာ ကျွန်တော်တို့ မစဉ်းစားတော့ဘူး။

ဘယ်နှယောက်ကို အစ်ကိုတို့ ဆွဲထုတ်နိုင်ခဲ့လဲ။သေတဲ့သူတွေရော၊ဘာလုပ်ပေးခဲ့သေးလဲ။

 ဘယ်လောက်ဆွဲထုတ် လိုက်မိမှန်းကို သိကိုမသိတော့ တာ။ ပြောရခက်တယ်ဗျ။ ရေလည်းမရေမိဘူးပေါ့နော်။ သေပြီလို့ ယူဆရတဲ့ သူတွေရော၊ မသေသေး တဲ့  သူတွေပါ  ဆွဲထုတ်ခဲ့တာ။ ဆရာတော်တစ်ပါးလည်း ပါတယ်။ သူက ဒဏ်ရာမပြင်းထန်းဘူး ထင်တယ်။ သူရင်ဘတ်ကို ဖိပြီး နာနေတဲ့ ပုံပေါက်တော့ ကျွန်တော်သွားတွဲတယ်။ သူကရတယ်တဲ့။ သူများတွေကို အရင်ကယ်ပါတဲ့။ ဒါပေမဲ့ အဲဒီလိုပြောတာက ဆရာတော်ကို ကြည့်ရတာပုံမှန် မဟုတ်ဘူး။ ရှော့ခ်ဖြစ်နေပုံရတယ်။ သူကားလမ်းပေါ်ကို တက်ချင်တယ်ဆိုလို့ လိုက်ပို့တော့ ဆယ်လှမ်းလောက်သွားအပြီးမှာ တစ်ကိုယ်ကောင်းမဆန်ချင်လို့ဆိုပြီး ရှေ့ဆက်မသွားတော့ဘူး။ ဒါလေးက ထူးခြားပါတယ်။ နောက်ထူးခြားတာတစ်ခုက ဒဏ်ရာမရတဲ့သူရယ်လို့မရှိဘူး။ ဒါပေမဲ့ လေးနှစ်အရွယ်လောက် ကလေးလေးတစ်ယောက် ဒဏ်ရာမရဘူးလို့ ကျွန်တော်ယူဆတယ်။ ဘာမှ ထိခိုက်တာ မတွေ့ရဘူး။

အစ်ကိုကိုယ်တိုင်လည်း  လိုင်းကားနဲ့ ဒါမှမဟုတ် ကိုယ်ပိုင်ကားကို အသုံးပြုပြီး ဒီလမ်းကနေ သွားလာနေသူတစ်ယောက်အနေနဲ့ အိမ် စီးကားတွေ၊ ခရီးသည်တင်ကားတွေကို ဘယ်လိုအကြံပြုဖို့ရှိပါလဲ။

 သတ်မှတ်နှုန်းအတိုင်း မောင်းပေါ့ဗျာ။ ကီလိုတစ်ရာ အောက်လေးမှာ ထိန်းမောင်းရင် တော့ ပြဿနာမရှိလောက်ပါဘူး။ တချို့နေရာလေးတွေ ရေတင် တာတို့၊ ဘာတို့တော့ ဂရုစိုက်ပေါ့ ဗျာ။ တစ်ရာအောက် ဆိုတာ ပုံမှန်အချိန်မှာပေါ့။ မိုးထဲ၊ လေထဲမှာ တော့ မဖြစ်မနေလျှော့ရမယ်။ လမ်းပြဿနာလည်း အနည်းအ ကျင်းရှိပေမဲ့ ယာဉ်မောင်းတွေရဲ့ ပေါ့ဆမှုတွေလည်း  အများကြီးပါ တယ်။

တာဝန်ရှိတဲ့သူတွေ ကယ်ဆယ် ရေးလုပ်တဲ့ အနေအထားပြောပါဦးဗျ။

ကယ်ဆယ်ရေးလုပ်တာ မြန် ကြပါတယ်။ ဖုန်းဆက်ပြီး မကြာ ဘူးရောက်လာကြတယ်။ ကျွန် တော်အိမ်ကနေ နေပြည်တော် အထွက်ကို အရှိန်နဲ့ မောင်းလာ သလောက်ပဲကြာတယ်။ ရဲတွေ အရင်ရောက်လာတယ်။ သိပ်မ ကြာဘူး။ လိမ္မော်ရောင်ဝတ်စုံတွေ ၀တ်ထားတဲ့ ကယ်ဆယ်ရေးအဖွဲ့ တွေ ရောက်လာတယ်။ သူတို့ ရောက်တော့မှ ကျွန်တော်တို့ မ၀င်ရဲတဲ့ ကားအတွင်းပိုင်းအထိ ၀င်ပြီး ဆွဲထုတ်ကြတာ။ သိပ်မ ကြာဘူး။ စစ်သားတွေ တန်းစီပြီး ရောက်လာတယ်။ မြိုင်သွားတာ ပေါ့။ နောက်ပိုင်းဒဏ်ရာနည်း နည်းရတဲ့ သူတွေပါဝင်ပြီး ကူကြပါတယ်။ သိပ်မကြာပါဘူး။ ရွာသားတွေ သုံးလေးယောက်ရောက်လာ ပါတယ်။ အားတက်လာကြတယ်။အဆိုးထဲက အကောင်းကတော့ နေပြည်တော်နားမှာဖြစ်တာဆို တော့ ကယ်ဆယ်ရေးကို အမြန်   ဆုံးလုပ်နိုင်ခဲ့တာပါ။

လမ်းအသုံးပြုနေတဲ့သူတစ် ယောက်အနေနဲ့ အမြန်လမ်း အပေါ်လည်း သုံးသပ်ပေးပါဦး အစ်ကို။

 အများစုကတော့ အမြန် လမ်းမကောင်းဘူးလို့ ပြောနေတာပဲလေ။ အမြန်လမ်းက ရာနှုန်းပြည့်ကောင်းတယ်လို့ ကျွန်တော် မပြောလိုပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အကောင်းဆုံးလမ်းပဲလေ။ အ ကောင်းဆုံးလမ်းဆိုပေမယ့် လေ ယာဉ်ပြေးလမ်းမှ မဟုတ်တာဗျာ။ နိုင်လွန်ကတ္တရာလည်း မဟုတ် ဘူး။ သတ်မှတ်ထားတဲ့ ကီလို တစ်ရာဆိုရင် တစ်ရာအောက်လေးကိုမောင်းပေးရင်တော့ အဆင်ပြေမယ်ထင်ပါတယ်။ အခုဖြစ်ကြတာ တော်တော်များ များကလည်း over speed တွေ များတာရယ်၊ ယာဉ်မောင်းအိပ်ငိုက်တာရယ်ကြောင့် အများဆုံး ဖြစ်နေတာပါ။ ကျွန်တော်လည်း ၁၄၀-၁၅၀ လောက်နဲ့ မောင်းဖူးပါတယ်။ ရောက်ချိန်က မထူးပါဘူး။  ဒါရိုင်ဘာတွေ အနေနဲ့လည်း အိပ်ချင်လာပြီဆိုရင်  လမ်းဘေးလွတ်လွတ် ကျွတ်ကျွတ် ချအိပ်ဗျာ။ နောက်တစ်ခုက အမြန်လမ်းပေါ်မှာ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေ တွေ့နေရတယ်ဗျ။ သူတို့ရဲ့ နောက်မီးက ကားကြီးတွေရဲ့ မီးနဲ့ အမြင်ရဘူး။ ဒါလေးတွေကို ဂရုစိုက်ဖို့ ကောင်းပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

7day daily