ဘရာဇီးလ်၊ အာဂျင်တီးနား၊ စပိန်၊ ပြင်သစ်တို့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားစာရင်း ထုတ်ပြန်

ပို့စ်တင်ချိန် - 5/14/2014 06:48:00 PM


ဇွန် ၁၂ ရက်နေ့ကနေ ဇူလိုင် ၁၃ ရက်အထိ ဘရာဇီးလ်နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာဖလား ဘောလုံး ပြိုင်ပွဲအတွက် ဘရာဇီလ်း၊ အာဂျင်တီးနား၊ စပိန် ပြင်သစ်တို့က ပါဝင်ကစားမယ့် ကစားသမား စာရင်းတွေကို ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်လိုက်တဲ့ လူစာရင်းတွေထဲမှာ နာမည်ကြီး ကစား သမားတွေ ချန်လှပ်ခဲ့တာကို တွေ့ရပါတယ်။

ဘရာဇီလ်းအသင်းနည်းပြ လူးဝစ် ဖိလစ်ပိ စကောလာရီ ရွေးချယ်ထားတဲ့ ၂၃ ဦးစာရင်းမှာတော့ ရော်နယ်ဒင်ဟို၊ ကာကာ၊ ရော်ဘင်ဟိုနဲ့ အရင်နှစ်က ပေါင် ၃၂ သန်းနဲ့ ပြင်သစ် ပီအက်စ်ဂျီက ၀ယ်ယူခဲ့တဲ့ ကွင်းလယ်သမား လူးကစ် မိုရာတို့ကို ချန်လှန်ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီး အသင်းက ဒေးဗစ်လူစစ်၊ ၀ီလီယံ၊ ရွန်းမဲ၊ အော်စကာတို့ကိုတော့ ရွေးချယ်ခဲ့ပါတယ်။

ဘရာဇီလ်းအသင်းဟာ ခရိုအေးရှား၊ မက္ကဆီကို၊ ကင်မရွန်နဲ့ အုပ်စု (က)မှာ ကျရောက်နေ တာလည်း ဖြစ်ပါတယ်။

နာမည်ကြီး အာဂျင်တီးနားအသင်းက နည်းပြ အလီဂျန်ဒို ဆီဘဲလ်လာ ထုတ်ပြန်လိုက်တဲ့ လူ ၃၀ စာရင်းမှာလည်း အီတလီမှာ ဂျူဗင်တပ်ကလပ် အသင်း အတွက် ၁၉ ဂိုးသွင်း ယူထားတဲ့ ကစားသမား ကာလိုစ်တီဗက်နဲ့ တော့တင်ဟမ်ကလပ် အသင်း က စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းနဲ့ ၀ယ်ယူခဲ့တဲ့ ကစားသမား အီရစ် လန်မီလာတို့ကို ချန်လှန်ခဲ့သလို ပဲရစ်စိန့်ဂျာမိုင်းက ကွင်းလယ်လူ ဂျာဗီယားပစ်ထရိုကိုလည်း ချန်လှပ်ခဲ့ပါတယ်။

အာဂျင်တီးနား အသင်းဟာ အုပ်စု(စ)မှာ အီရန်၊ ဘော့စနီးယားနဲ့ နိုင်ဂျီးရီးယား အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ပြင်သစ် ဘောလုံးအသင်းရဲ့ ကစားသမား ၂၃ ဦးစာရင်းမှာလည်း မန်ချက်စတာ စီးတီးဘောလုံး အသင်းက ဆမ်မီနာဆရီနှင့် နောက်ခံလူ ဂေးလ်ကလစ်ချီတို့ကို ရွေးချယ်ခဲ့ခြင်း မရှိပါဘူး။ အုပ်စု (င)မှာ ပြင်သစ်အသင်းဟာ ဟွန်ဒူးရပ်စ်၊ ဆွစ်ဇာလန်နဲ့ အီကွေဒေါတို့နဲ့ အတူ ကျရောက်နေပါတယ်။

စပိန် အသင်းမှာလည်း ရီးယဲမက်ဒရစ် ကစားသမား အယ်ဗာရို အာဘီယိုလာနှင့် အစ္စကိုတိုကို ရွေးချယ်ခဲ့ခြင်းမရှိပါဘူး။ စပိန်အသင်းက အုပ်စု (ခ) မှာ နယ်သာလန်၊ ချီလီ၊ သြစတြီးယားအသင်းတွေနဲ့  တအုပ်စုတည်းကျနေပါတယ်။

DVB Burmese