ကမ္ဘာမှာ အလှဆုံး နှာခေါင်း ပိုင်ရှင်တွေ

ပို့စ်တင်ချိန် - 6/27/2014 05:30:00 PM



အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် နှာခေါင်း အလှဟာ မျက်နှာ အလှ အတွက် အဓိက အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ပလက်စတစ် ဆာဂျရီ ပြုလုပ်တဲ့ အမေရိကန်က ဆရာဝန်နဲ့ တက္ကသိုလ် မှ ပါမောက္ခ များရဲ့ လေ့လာ စမ်းစစ်ချက် အရ ကမ္ဘာပေါ်မှ အလှဆုံး နှာခေါင်း ပိုင်ရှင်များ ကတော့ ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးများ ဖြစ်ပါတယ်။


ဘယ်ဘက်ကနေ စကြည့်မယ် ဆိုရင် - Jessica Biel, (ဗြိတိန် အိမ်ရှေ့မင်းသား ရဲ့ ကြင်ရာတော်) the Duchess of Cambridge , Kate Bekinsale and ကမ္ဘာ့ စွဲဆောင်မှု အရှိဆုံး မင်းသမီး Scarlett Johansson တို့ ဖြစ်ပါတယ်။ သူတို့ရဲ့ နှာခေါင်းကို ဒီဂရီ တိုင်းတာကြည့်တဲ့ အခါမှာ တူညီမှု ရှိပါတယ်။ ၁၀၆ ဒီဂရီ ဖြစ်ပြီး မျက်နှာ အလှကို သိသိသာသာ ထင်ရှား နေစေ မှာ ဖြစ်ပါတယ်။ မျက်နှာ အလှ၊ နှုတ်ခမ်း နဲ့ မျက်လုံးအလှကို ပိုမို ပေါ်လွင် စေပါတယ်။

ပလက်စတစ် ဆာဂျရီ ပြုလုပ်ဖို့ ကမ်းလှမ်းတဲ့ အမျိုးသမီး တိုင်း ရွေးချယ် တဲ့ နှာခေါင်း အနေအထားကလည်း ၁၀၆ ဒီဂရီ နှာခေါင်းကို ပြုပြင်ကြတာ များ ပါတယ်။ ဒါကြောင့်မို့ သဘာဝ အတိုင်း မပြုပြင်ပဲ ရှိနေတဲ့ နှာခေါင်း အလှပိုင်ရှင် များ အဖြစ် ပုံပါ အမျိုးသမီး ၄ ဦးကို ရွေးချယ် ခဲ့ကြခြင်း ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (www.innewsmyanmar.com)