မဟာသန္တိသုခကျောင်းကို ပီနန်ဆရာ တော်ကြီးအား ပြန်လည်အပ်နှင်းပါက ဆရာတော်အရှင်ဆန္ဒာဓိက ကျပ်သိန်း ၃ဝဝ လှူဒါန်းသွားမည်

ပို့စ်တင်ချိန် - 6/27/2014 07:38:00 AM



မဟာသန္တိသုခကျောင်းကို ပီနန်ဆရာတော်ကြီးအား ပြန်လည်အပ်နှင်းပါက ကျောင်းတော်ကြီးအား ပြန်လည်ပြုပြင်ရာတွင်အသုံးပြုရန် ဆရာ တော်အရှင်ဆန္ဒာဓိကမှ ကျပ် သိန်း ၃ဝဝ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

ပီနန်ဆရာတော်မှာ ကမ္ဘာအနှံ့လှည့်လည်သာသနာပြုနေသော ဆရာတော်တစ်ပါးဖြစ်ပြီး ၎င်းလက်အောက်တွင် မဟာသန္တိသုခကျောင်းတော်မှာများစွာ တိုးတက်လာ မြှာ ဖစ်ပြီး ပညာတတ်သံဃာတော်များလည်းများစွာ ပေါ်ထွန်းလာနိုင်ကြောင်း ထို့ကြောင့် ကျောင်းတော်ကြီးအား ပီနန်ဆရာတော်ဘုရားထံ ပြန်လည်အပ်နှံ မည်ဆိုပါ က ငွေကျပ်သိန်း ၃ဝဝ လှူဒါန်းမည်ဖြစ်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိကမှ ဇွန်လ ၂ဝ ရက်နေ့ NLD  ရုံးချုပ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပါဝင်လက် မှတ်ရေး ထိုး အပြီးတွင် မိန့်ကြားသည်။

”ပီနန်ဆရာတော်ကြီးကိုသာ အပ်နှင်းလိုက်ပါ။ သိန်း ၃ဝဝ လှူဒါန်းပါ့မယ်”ဟု ဆရာတော်က မိန့်ကြားသည်။  ထို့အပြင် သံဃာငါးသိန်းကို ကိုယ်စားပြုခြင်းကြောင့် သိမ်းယူ သည် ဟုဆိုသော် အဆိုပါ သံဃာငါးသိန်းအား မဲဆန္ဒလက်မှတ်ကောက်ခံခိုင်းပါက ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းမှာ ပီနန်ဆရာတော်ဘက်မှရှိနေမှာဖြစ်ပြီး လှူ ဒါန်းသူများမှာ ဘုရားရှင်လက်ထက် သံဃာတော်များ၊ လက်ရှိသံဃာတော်များ၊ နောင်ဖြစ်လာမည့်သံဃာတော်များအတွက်စသည့် သံဃာအားလုံးအတွက်ရည်းစူး၍ လှူဒါန်းခြင်း မည်ေ ကြာင်း၊ ကမ္ဘာတွင် ဗုဒ္ဓဘာသာပြန့်ပွားရေးဦးတည်ချက်သာ အဓိကကျကြောင်း ဆရာတော်အရှင်ဆန္ဒာဓိကမှ ဆက်လက် မိန့်ကြားသည်။

ပီနန်ဆရာတော်ကြီးနှင့် နိုင်ငံတော် သံဃာမဟာနာယက(မဟန)ကြားအငြင်းပွားနေသော အဆိုပါ ကျောင်းတိုက်အား ယခုလ ၁၁ ရက် နေ့တွင် အာဏာပိုင်အဖွဲ့အစည်းမှ ဝင်ရောက်ချိတ်ပိတ်ခြင်းခံခဲ့ရပြီး အင်္ဂလန်ဆရာတော်အပါအဝင် သံဃာငါးပါးကိုလည်း သာသနာညှိုးနွမ်းစေမှုဖြင့် လူဝတ်လဲစေကာ အမှုဖွင့်ခံခဲ့ရသည်။  အဆိုပါ သံဃာ ငါးပါးအား ဇွန် ၂ဝ ရက်နေ့က ပြုလုပ်သော ရုံးချိန်းတွင်အာမခံပေးခဲ့ပြီး ဇွန်၂၇ ရက်နေ့ချိန်းဆိုထားကာ ကျောင်းတိုက်ကြီးပြန်လည်ရရှိရေးအတွက် ဥပဒေဘောင် အတွင်းမှ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဆရာတော်များက မိန့်ကြားထားသည်။

ဖိုးလပြည့်

Popular News