အွန်လိုင်းမှ တစ်ဆင့် ငွေပို့၊ ငွေလွှဲခြင်း ဆောင်ရွက်နိုင်ပြီ

ပို့စ်တင်ချိန် - 6/27/2014 01:28:00 PM



ဧရာဝတီဘဏ်တွင် အွန်လိုင်းမှတစ်ဆင့် ငွေပို့၊ ငွေလွှဲခြင်း၊ Bank Statement (ဘဏ်တွင် အပ်ငွေထောက်ခံချက်) စသည်တို့ကို အင်တာနက် ကွန်နက်ရှင် ရှိပါက မည်သည့် အချိန်မဆို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

““ဒီစနစ်က အချိန်ကုန် သက်သာစေတဲ့ အပြင် ပြည်ပရောက် နေတဲ့ သူတွေအတွက်လည်း အများကြီး အကျိုးရှိတယ်။ ဒါပေမဲ့ အင်တာနက်လိုင်း ရှိဖို့တော့ လိုတယ်””ဟု ဧရာဝတီဘဏ်မှ MD ဦးဖြိုးအောင်က The Messenger Media သို့ ပြောသည်။

အင်တာနက်ဘဏ်စနစ်ကို ဘဏ်တွင် အကောင့်ဖွင့်ထားသူသာ အသုံးပြုနိုင်မည် ဖြစ်ပြီး အဆိုပါ စနစ် အသုံးပြုရန် www.ayaibankimg.com သို့ ၀င်ရောက်ကာ အကောင့် ပိုင်ရှင်၏ User name နှင့် လျှို့ဝှက်နံပါတ်ကို ရိုက်နှိပ်ကာ အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အင်တာနက်ဘဏ်လုပ်ငန်း စနစ်ကို အသုံးပြုနိုင်ရန် ဘဏ်တွင် လာရောက်ကာ စာရင်းပေးသွင်း ရမည်ဖြစ်သည်။

““နိုင်ငံတကာ မှာတော့ အဲဒီစနစ်က အရမ်း တွင်ကျယ်စွာ အသုံးပြု နေကြတယ်။ ဒီနိုင်ငံမှာလည်း အရမ်း လိုအပ်တယ်။ အခုဆို ငွေလွှဲ ငွေပို့တာဆို Amount များရင် ငွေတွေ အလေးကြီး သယ်နေရတယ်။ ဒီစနစ်က အွန်လိုင်းက နေပဲ လုပ်လို့ရမယ်ဆိုတော့ အဆင်ပြေတယ်””ဟု ဧရာဝတီဘဏ်တွင် အကောင့် ဖွင့်ထားသူ မသန္တာဦးက ဆိုသည်။

အင်တာနက် ဘဏ်လုပ်ငန်းသည် စီးပွားရေး လုပ်ငန်းရှင်များ၊ ကျေးလက်ဒေသ များနှင့် ဘဏ်မရှိသော ဒေသ များတွင် နေထိုင်သူများ အတွက် အထောက်အကူ ဖြစ်စေနိုင်သည့် စနစ်တစ်ခု ဖြစ်ကြောင်း ဧရာဝတီဘဏ်က ဆိုသည်။

The Messenger