အေးဆေး သစ္စာရှိပြီး ရိုးသားမှုနှင့် အနစ်နာ ခံနိုင်သည့် ယောင်္ကျားပီသသူကို လိုအပ်သည်ဟု ယုသန္တာတင်ဆို

ပို့စ်တင်ချိန် - 6/27/2014 07:57:00 AM



တက်သစ်စ အဆိုတော်လည်းဖြစ် မင်းသားလည်း လုပ်နေသည့်သူနှင့် ချစ်ကြိုက်နေသည့် အချစ်ရေး သည် အေးဆေးနေပြီး သစ္စာရှိမှု၊ ရိုးသားမှုနှင့် အနစ်နာခံနိုင်ပြီး ယောက်ျား ပီသမှု ရှိသူလိုအပ်သည်ဟု သရုပ်ဆောင် ယုသန္တာတင်က ၎င်း၏ ချစ်သူအကြောင်းကို ပွင့်လင်းစွာပြောပြသည်။

“အခုတော့ အရင်ကနဲ့ မတူတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် အများကြီး ပြောင်းလဲသွားတယ်လို့ ထင်တယ်။ အရင်ကလို ကလေး သိပ်မဆန်တော့ဘူး။”ဟု ၎င်း ကပြောသည်။

သရုပ်ဆောင် ယုသန္တာတင်နှင့် ချစ်ကြိုက်နေသည့် ချစ်သူသည် လက်ရှိ အနုပညာလောကတွင် အနုပညာ အလုပ်များကို လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ၎င်း၏ မိဘများသည် အနုပညာ အလုပ်တွင် အောင်မြင် ကျော်ကြားစေလိုသည့် သူများဖြစ်သည်။

ယုသန္တာတင်သည် ဇူလိုင်၁ရက်တွင် ဒါရိုက်တာဟိန်းစိုး ရိုက်ကူးမည့် အိမ်ထောင်ရှင်များ အားကိုးရာ ဇာတ်ကားတွင် အမျိုးသားက ပိုက်ဆံရှိခြင်းကြောင့် ၎င်း ကိုငွေဖြင့် သိမ်းပိုက်ခဲ့ပြီး ယုသန္တာတင် အနေဖြင့်လည်း အိမ်ထောင်ရေး ဖောက်ပြန်သည့် အမျိုးသမီးနေရာက ပါဝင် သရုပ်ဆောင်မည်ဖြစ်သည်။

သရုပ်ဆောင် ယုသန္တာတင်သည် ဗီဒီယို ဇာတ်ကား ၄ဝ ကျော်နှင့်ကြော်ငြာ၂ဝကျော်ကို ရိုက်ကူး ခဲ့သူဖြစ်ပြီး၂ဝ၁၁ ခုနှစ်တွင် အနုပညာပျိုးခင်းမှ တင်သည့် မင်းသမီး သုံးယောက်ထဲမှ တစ်ဦးဖြစ်ကာ၂ဝ၁၅ခုနှစ်တွင် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမည်ဖြစ်သည်.။

Mizzima Burmese