ကနဦးရောင်းမည့် အူရီဒူး ဆင်းကတ်များ ပြည်ပသို့ ဖုန်းခေါ်နိုင်မည့်စနစ် ပါဝင်မည်

ပို့စ်တင်ချိန် - 6/30/2014 06:03:00 PM


မိုဘိုင်းဖုန်းဆင်းကတ်များ ရောင်းချချိန်တွင် ပြည်ပသို့ ဖုန်းခေါ်ဆို နိုင်သည့် စနစ်ပါဝင်မည်ဖြစ်ပြီး ယင်းအတွက် နိုင်ငံတကာနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု  Ooredoo မြန်မာဆက်သွယ်ရေး ကုမ္ပဏီမှ သိရသည်။
”ဘယ်နိုင်ငံတွေကို ခေါ်လို့ရမယ်။ ခေါ်ဆိုခဘယ်လောက်ကျမယ်ဆိုတာတွေကို ဆွေးနွေးနေပါတယ်။ အားလုံးပြီးစီးသွားတာနဲ့ ထုတ်ပြန်ကြေညာပေး သွားမှာပါ”ဟု  Ooredoo မြန်မာမှ သတင်းပြန်ကြားရေးမန်နေဂျာ မသီရိကြာညိုက ပြောသည်။ ဖုန်းများရောင်းချရာတွင် ဆင်းကတ်အရေအတွက်ကို အကန့်အသတ် မရှိရောင်း ချပေး သွားမည်ဖြစ်ကြောင်း Data  အချက်အလက်များသုံးစွဲနိုင်မည့် အင်တာနက်စနစ်ပါဝင်မည်ဖြစ်ကြောင်း  ကုန်ကျစရိတ်သက်သာသည့် အင်တာနက်ဝန်ဆောင်မှုများ ရရှိ မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
” Roaming ကိစ္စတွေအပြင် အခြားဆက်သွယ်ရေးအော်ပရေတာတွေနဲ့ ကွန်ရက်ချိတ်ဆက်မှုတွေပါ လုပ်နေပါတယ်။ ပြီးခဲ့တဲ့လထဲမှာတော့ အော်ပရေတာ တစ်ခုနဲ့ကွန် ရက်ချိတ်ဆက်မှု ပြီးစီးသွားပါပြီ”ဟု ၎င်းက ဆက်ပြောသည်။ ကုန်ကျစရိတ်သက်သာသော မိုဘိုင်းအင်တာနက်အသုံးပြုနိုင်ခွင့်တွင် 3G ကွန်ရက်၌ အကောင်း ဆုံးအ သုံးပြုနိုင်သည့် Samsung နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းအတွက် သက်ဆိုင်ရာကုမ္ပဏီနှင့် နားလည်မှုသဝဏ်လွှာ လက်မှတ်ရေးထိုး ထား ပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
Ooredoo  မြန်မာ့ဆက်သွယ်ရေး ကုမ္ပဏီသည် မိုဘိုင်းဖုန်းဆင်းကတ်များကို ကျပ် ၁၅ဝဝ နှုန်းဖြင့် ယခုနှစ် သြဂုတ်နှင့် စက်တင်ဘာလတွင် ရောင်း ချပေးမည်ဟု သတင်း ထုတ်ပြန်ထားပြီး တစ်မိနစ်ဖုန်းခေါ်ဆိုခ ၂၅ ကျပ်နှုန်း အနည်းဆုံးကောက်ခံမည်ဟု ယင်းကုမ္ပဏီမှ သိရသည်။လက်ရှိတွင် ဖုန်းများရောင်းချနိုင်ရေးအတွက် တာဝါ တိုင် စိုက်ထူခြင်းလုပ်ငန်းများ လုပ်ကိုင်နေသော်လည်း ၎င်းဖုန်းများအား မသုံးစွဲရေးအတွက် ဆန္ဒပြလှုံ့ဆော်မှုများ ဖြစ်ပေါ်နေပြီး ဝန်ထမ်းအချို့ပါ ခြိမ်းခြောက်ခံရမှု များရှိေ နကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ Ooredoo သည် မြန်မာနိုင်ငံတွင် ၁၅ နှစ်ကြာရင်းနှီးမြှုပ်နှံခွင့်ရရှိထားပြီး ၅ နှစ်အတွင်း မြန်မာလူမျိုး ၉၉ ရာခိုင် နှုန်းအ ထိခန့် အပ်မည်ဟု ပြောဆိုထားသည်။ လတ်တလော ဆန္ဒပြမှုများကို ဝန်ဆောင်မှုကောင်းကောင်းပေးခြင်းဖြင့်သာ ဖြေရှင်းမည်ဟု ယင်းကုမ္ပဏီမှ သိရသည်။
အောင်ဇော်
Popular