ခန္ဓာကိုယ်အချိုးအစားကို ၁၅ နှစ်ကြာ ထိန်းလာတယ်ဆိုတဲ့ နိုင်းနိုင်း

ပို့စ်တင်ချိန် - 6/30/2014 10:24:00 AM



 အနုပညာသက်တမ်း ကြာမြင့်သည်အထိ ခန္ဓာကိုယ် အချိုးအစားကို ထိန်းသိမ်းထားနိုင် သည်မှာ (၁၅)နှစ်တာ လေ့ကျင့် ခန်းလုပ်၍ ထိန်းသိမ်းလာခဲ့ခြင်း ဖြစ်ကြောင်း နိုင်းနိုင်းကပြော သည်။

‘‘ကျွန်တော် အသက် (၁၅၊ ၁၆)နှစ်ကတည်းကဆော့တာ။ အခုဆို နှစ်ပေါင်း ၁၅ နှစ်ကျော် သွားပြီပေါ့။ ဒီကြားထဲမှာဆော့ လိုက်ပျက်လိုက်တော့ရှိပေမယ့်  ပုံမှန်တော့ဆော့ဖြစ်ပါတယ်။ ပျက်သွားလည်း လပိုင်းလောက်ပါပဲ။ တစ်ပတ်မှာ အများဆုံးဆော့ရင်ငါးရက်တော့ ဖြစ်တယ်။ အနည်းဆုံးကတော့ သုံးရက်ပေါ့။ ညနေတိုင်းသွားဆော့ဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင်က ဒါကို ဝါသနာပါတဲ့အတွက် ဆော့ဖြစ် တယ်။ နောက်တစ်ခုက body Beauty အနေနဲ့စိတ်ဝင်စားတယ်။ ခန္ဓာကိုယ်မှာအဆီပိုမရှိအောင် ကြိုးစားနေဆဲပါပဲ’’ဟု နိုင်းနိုင်းက ပြောသည်။

အနုပညာသက်တမ်းကြာ မြင့်ပြီး ကလေးလေးဦး၏ဖခင်ဖြစ် သူသည် ခန္ဓာကိုယ်ကျစ်လျစ်မှု ထိန်းထားနိုင်ခြင်းကို ပရိသတ်များ က အသိအမှတ်ပြုကြသည်။

‘‘ကျွန်တော်တို့အရင်ခေတ် တုန်းကဆို ဘယ်သူမှဆော့ကြ တာမဟုတ်ဘူး။ ခန္ဓာကိုယ်ချွတ်ပြီးရိုက်ပြဖို့ဆိုတာကလည်း အဲဒီ ခေတ် တုန်းကတော့ ရိုင်းသလိုလိုနဲ့ အပြောခံရမှာစိုးတာရယ်၊ ဆင် ဆာမူဝါဒတွေရှိတဲ့အခါကျတော့ သေချာကြီး body ပိုင်းဆိုင်ရာကို ရိုက်မပြခဲ့ဘူး။ အခုနောက်ပိုင်းကျ တော့ နိုင်ငံတကာမှာရော ဖက်ရှင်တစ်ခုအနေနဲ့ဖြစ်လာပြီး ကျန်းမာ ရေးအနေနဲ့ရော လူတွေရဲ့ Body Beauty ပိုင်းကို စိတ်ဝင်စားလာ တဲ့ကာလပေါ့။ လူတိုင်းကလုပ် သင့်တယ်ဆိုတာကို သိလာတဲ့ ခေတ်ပေါ့’’ဟု နိုင်းနိုင်းကပြော သည်။

Fitness Xpress ကိုယ် ကာယလေ့ကျင့်ရေးသင်တန်း၏ သံတမန်အဖြစ် နိုင်းနိုင်းအား တစ် နှစ်ခန့်အပ်ထားပြီး ယင်းသင်တန်း ၏လှုပ်ရှားမှုများတွင် ပါဝင်ပေးရ ကြောင်းသိရသည်။ ထို့အပြင် Fitness Xpress ကြော်ငြာကို လည်း ၎င်းကိုယ်တိုင် ဒါရိုက်တာ၊ သရုပ်ဆောင်အဖြစ် ရိုက်ကူးသွား မည်ဟုဆိုသည်။

ဇွန်လ တတိယပတ်တွင် မော် လဒိုက်ကျွန်းသို့သွားရောက်၍ ဒဏ်ကြေလိမ်းဆေး၊ ရှပ်အင်္ကျီ ကြော်ငြာနှင့် aroma မှကိုစိန်လင်းအခွေအတွက် ဗီစီဒီတစ်ပုဒ်ရိုက် ကူးခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ဇာတ်ကားရိုက် ကူးမှုကို နားထားကာ ပရိသတ် မျက်စိအမြင်ဆန်းပြီး မိမိကိုယ် တိုင်စိတ်ကြိုက်ဖြစ်သောကြော်ငြာများကိုသာ    လက်ခံရိုက်ကူးနေကြောင်း နိုင်းနိုင်းကပြောသည်။

7day