ခြင်ဆေးခွေနှင့် ပါတ်သက်၍ သတိပေးချက်

ပို့စ်တင်ချိန် - 6/30/2014 06:04:00 PM


ယခုအခါမြန်မာနိုင်ငံတွင်းသို့  ပြည်ပမှ နည်းလမ်းမျိုးစုံဖြင့်  မှတ်ပုံတင်
ခွင့် ပြုထားခြင်းမရှိသော အဆိပ်ရှိပစ္စည်းများနှင့်  ထုတ်လုပ်ထားသည့်
ကျင်းထုံခြင်ဆေးခွေများ ဝင်ရောက်လျက်ရှိပါသည်။

ယင်းခြင်ဆေးခွေများ ကို ပြည်သူများသုံးစွဲခြင်းမပြုကြရန် လယ်ယာစိုက်ပျိုးရေးနှင့်  ဆည်မြောင်း ဝန်ကြီးဌာနမှ နေ့စဉ်ထုတ်သတင်းစာများတွင် အသိပေး ထုတ်ပြန်ကြေညာ
ထားပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ကျင်းထုံခြင်ဆေးခွေအမည်ဖြင့်  မည်သည့် ခြင်ဆေး
ခွေကိုမျှ ပိုးသတ်ဆေးဥပဒေနှင့် အညီ မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးကွက်
တွင် တွေ့ ရှိရသော ကျင်းထုံတံဆိပ်ခြင်ဆေးခွေနမူနာများကို စစ်ဆေးခဲ့  ရာတွင် ကျင်းထုံတံဆိပ်ဖြင့်  ခြင်ဆေးခွေများပေါ်တွင် ဖော်ပြထားသော
အမျိုးအစား ဓာတုပစ္စည်း၏ ပါဝင်မှုရာခိုင်နှုန်း ဝ ဒသမ ဝ၈ ရာခိုင်နှုန်း သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးမှ ထုတ်ပြန်ထားသော အများဆုံးပါဝင်ရ မည့်  ပမာဏ ဝ ဒသမ ဝ၄ ရာခိုင်နှုန်းထက်ပိုမိုပါဝင်နေသဖြင့်  သုံးစွဲသူများ
၏ကျန်းမာရေးကို များစွာထိခိုက်စေပါသည်။

တရားမဝင် တင်သွင်းလာသော အခြားခြင်ဆေးခွေများကိုလည်း
လယ်ယာစိုက်ပျိုးရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းတွင် စစ်ဆေးလျက်
ရှိပါသည်။

ခြင်ဆေးခွေတင်သွင်းရောင်းချသူများအနေဖြင့် တင်သွင်း လာသော ခြင်ဆေးခွေတွင် အဆိပ်ရှိပစ္စည်းပါဝင်မှု စစ်ဆေးခြင်းနှင့်  မှတ်ပုံတင်ခြင်းကို သီးနှံကာကွယ်ရေးဌာနခွဲသို့ဆက်သွယ်ဆောင်ရွက်
နိုင်ပါသည်။ သို့ ဖြစ်ပါ၍ တရုတ်ပြည်မှ တင်သွင်းလာသော ကျန်းမာရေးကို
ထိခိုက်စေနိုင်သည့်  ယင်းကျင်းထုံခြင်ဆေးခွေများကို သုံးစွဲခြင်းမပြု
ကြရန်နှင့်  တင်သွင်း၊ ရောင်းချ၊ ဖြန့် ဖြူးမှုများကိုတွေ့ ရှိပါက ပြည်သူ့ ဘဏ္ဍာ
အဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး ပိုးသတ်ဆေးဥပဒေအရ အရေးယူ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။

ပိုးသတ် ဆေးမှ တ် ပုံ တင် အဖွဲ့  လယ် ယာစို က် ပျိုးရေးနှ င့်  ဆည် မြောင်းဝန် ကြီးဌာန