ဆေးရုံပေါ်က ကြေကွဲစရာ မင်္ဂလာဆောင်ပွဲလေး

ပို့စ်တင်ချိန် - 6/30/2014 02:17:00 PM



လောကကမ္ဘာကြီးက တကယ်ကိုမမျှတပါဘူးလို့ဆိုကြပါတယ်။ တခါတလေမှာ ပျော်ရွှင်စရာတွေ၊ အလှ တရားတွေအများကြီးပေးတတ်သလို တခါတလေမှာလည်း နာကျင်မှု ဒဏ်ရာ၊ ဝေဒနာတွေ၊ ငိုကြွေးရခြင်းတွေအများကြီးကို ပေးတတ်ပါတယ်။ အမြဲတမ်းမပျော်ရွှင်နိုင် ကြသလို အမြဲတမ်းလည်း မငိုကြွေးရပါဘူး။ အခု ဒီမှာ ဖိ လစ်ပိုင်က ယခုလအစော ပိုင်းမှာဖြစ်ခဲ့တဲ့ ကြေကွဲဝမ်းနည်းဖွယ်ကောင်းတဲ့ မင်္ဂလာ ဆောင်လေးတစ်ခုအကြောင်း ကိုပြောချင်ပါတယ်။

အသက်  ၂၉ နှစ်အရွယ်ရှိတဲ့ ဖိလစ်ပိုင်သတို့သားလောင်းက သူရဲ့ မင်္ဂလာဆောင်ကျင်း ပပြီး နာရီအနည်းငယ်မှာပဲ  သူချစ်မြတ်နိုးရတဲ့ မိသားစုကို ခွဲခွာသွားခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့မင်္ဂလာဆောင်ကို သတို့သား ရော်ဒန်ဂိုးရဲ့ အသက် ၃၀ နှစ်ပြည့်မွေးနေ့ရက် ဖြစ်တဲ့ ဇူလိုင်လ ၈ရက်နေ့မှာ ကျင်းပသွားဖို့ရည်ရွယ်ထားပေမဲ့လည်း  သူ့ရဲ့ ရောဂါအ ခြေအနေသည်းလွန်းတဲ့အတွက် အခုလို ကြိုတင်ပြင်ဆင်ကျင်းပခဲ့တာလည်းဖြစ်ပါ တယ်။


အသည်းကင်ဆာရောဂါ ကျွမ်းနေတဲ့အဆင့်ကိုခံစားနေရတဲ့ သတို့သားဖြစ်သူ ရော် ဒန်ဂိုးနဲ့ သတို့သမီးဖြစ်တဲ့  လီဇယ်မေတို့က သူတို့ရဲ့ အသက် ၂ နှစ်အရွယ်သမီး တစ် ယောက်ရပြီးထိ တိုင်အောင်ပင်အကြောင်းအမျိုးမျိုးကြောင့် မင်္ဂလာဆောင်ခဲ့ရခြင်း မရှိခဲ့ပေ။ သူတို့ မိသားစုလေးရဲ့ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ ဒီအခမ်းအနားကို သူတက်ရောက်ကုသနေတဲ့ ဆေးရုံမှာပဲ ပရိတ်သတ်တွေနဲ့ အကျင်းရုံးလေးဆောင် ခဲ့ရတာဖြစ်ပါတယ်။

လီဇယ်က သူမရဲ့ သတို့သားလောင်းအတွက် အလှပဆုံး သတို့သမီးဖြစ်အောင်လို့ အ ဖြူရောင် သတို့သမီး ၀တ်ဆုံလေးကို ၀တ်ကာ အဆင်သင့်ဖြစ်လို့နေပါတယ်။ သမီး က လေးက လည်း ပန်းကြဲသူအဖြစ်နဲ့ပါ။ မိသားစုဝင်တွေ၊ဖာသာကြီး နဲ့  ဆေးရုံဝန် ထမ်းတချို့ကလည်း သူတို့ ရဲ့ မင်္ဂလာပွဲလေးကို ချီးမြှောက်ပေးဖို့ အသင့်ပါ။ အဲ့ဒီ မင်္ဂလာပွဲလေးမှာ အရေးပါဆုံးဖြစ်တဲ့ သတို့သားလောင်းက ကောက်ရိုးတစ်မျှင်စာ ဆုတ်နိုင်လောက်တဲ့ အားအင်နဲ့ ခွဲခန်းထဲမှာသေမင်းတမန်နဲ့ရင်ဆိုင်တိုက်ခိုက်နေတဲ့ အချိန်တွေမှာပေါ့။ သိပ်ကိုကြေကွဲဖို့ကောင်းပါတယ်။

ခွဲစိတ်ခန်းထဲက ထွက်လာပြီးချိန်မှာ အသက်မျော့မျော့လေးသာပါလာတဲ့ သတို့သား ရော်ဒန်ဂိုးကို သတို့သားဝတ်စုံ အဖြူရောင် ၀တ်ဆင်ပေးထားပြီး သူ့ရဲ့ ဆေးရုံကု တင်ပေါ်ကနေပြီးတော့ပဲ သတို့သမီးနဲ့အတူ ကျမ်းသစ္စာခံယူတယ်။ လက်စွပ်လဲတယ်။ နှုတ်ဆက်အနမ်းချို ချိုတွေပေးတယ်။ အသားရောင်ဖျော့တော့တဲ့ မျက်နှာပေးကနေ ပန်းရောင်သမ်း လောက်ထိအောင်ချိုမြိန်တဲ့ အပြုံးပန်းတွေကို မင်္ဂလာဆောင်ပရိတ် သတ်ကြီးကို ချွေပေးသွားခဲ့ပါတယ်။

အစောပိုင်းကာလကတည်းက ရောဂါကျွမ်းနေတာကြောင့် ဆရာ ၀န်တွေကော မိသားစုဝင်တွေကပါ  သူ လူ့လောကထဲက ထွက်ခွာသွားမယ့်အချိန်ကို သာစောင့် ဆိုင်းရမယ်လို့ အသိရှိခဲ့ကြတာဖြစ်ကာ မင်္ဂလာဆောင်ပြီး သိပ်မကြာခင် အချိန် ကလေးမှာဘဲ သူ့ရဲ့ ၀ိဥာဏ်လိပ်ပြာလေးက အားလုံးကို နှုတ်ဆက် ထွက်ခွာသွား ခဲ့ပါပြီ။ အနားမှာရှိတဲ့ သူတွေအဖို့ကလည်း ရင်ထဲကို စို့နစ်ကြေကွဲတာ ကိုခံစားရမှာ သေချာပါတယ်။ မင်္ဂလာဆောင်အခမ်းအနားပြီးမြောက်သွားတဲ့အထိ အားတင်းထား နိုင်ခဲ့တဲ့ သူ့ကိုကောင်းရာ ဘုံဘ၀ကိုရောက်သွားဖို့အတွက် အားလုံး ဆုတောင်း ပေးကြမှာပါ။

ဒါ့ကြောင်မို့လို လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ ထုံမွှမ်းပြည့်လျှံနေတဲ့ ကျွန်မတို့ လောကကြီးထဲမှာ ကျင်လည်နေကြတဲ့ လူသားတွေက မွေးလာကတည်းက ကြုံလာ ဆုံလာခဲ့ရတဲ့ သူတွေအားလုံးအပေါ် အကောင်းဆုံးတွေကိုပဲ ကြိုးစားဖန်တီးပေး သွားကြဖို့လိုအပ်ပါတယ်။  ကိုယ့် အသက်ဝိဥာဏ် မလွင့်ပါးမီမှာ ကိုယ့် ဘ၀တလျှောက် လုံးကောင်းတာတွေကိုပဲလုပ်သွားပေးဖို့နဲ့ပတ်သက်ဆက်နွယ်ချစ်ခင်ရတဲ့ သူတွေ အ တွက်လည်း ကိုယ်ဆိုတဲ့ ရပ်တည်မှုတစ်ခုက သူတို့ရဲ့ စိတ်ထဲမှာထင်ကျန်အမှတ်ရ နေမယ်ဆိုရင်လေ………………………….။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။