ဖယောင်းတိုင်းဖြင့် ဆံပင်ကိုမီးရှို့၍ ဆံပင်ညှပ်ခြင်း ခေတ်စားနေ

ပို့စ်တင်ချိန် - 6/25/2014 09:14:00 PM



ဖက်ရှင်မြို့တော်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ နယူးယော့ခ်မြို့က အလှပြင်ဆိုင်တွေမှာ အခုတလော ခေတ်စားနေတာကတော့ ဖယောင်းတိုင်မီး ကို အသုံးပြုပြီး ဆံပင်ညှပ်ခြင်း ဖြစ်ပါတယ်။ ဒီနည်းကို ဗီလာတာရာပီယားလို့လည်း ခေါ်ဆိုကြပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ဘရာဇီးလ် စူပါမော်ဒယ် ဘာဘာရာဖီယာဟိုက သာမန်ရိုးကျ ဆံပင်ညှပ်ခြင်းကို မပြုလုပ်ဘဲ ဖယောင်းတိုင် မီးနဲ့ ဆံပင်ညှပ်ခြင်းပြု လုပ်ခဲ့ပါတယ်။ ဗစ်တိုးရီးယားရဲ့ မော်ဒယ်တွေ ကလည်း ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်မှုကို ပြုလုပ်ခဲ့တာမို့ ဒီနည်းကို အမျိုးသမီးတွေ စမ်းသပ်ဖို့ စိတ်ကူးလာကြပါတယ်။ ဘရာဇီးလ်နိုင်ငံ မှာတော့ ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်နေတာ ကာလ အတော်ကြာနေပြီ ဖြစ်ပါတယ်။ ဆံပင်ကို ချည်နှောင်ပြီး ဖယောင်းတိုင်မီးရှို့ခြင်း ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းကြောင့် ဆံပင်တွေဟာ အလွယ်တကူပြန် ရှင်သန်လာပြီး မကြာခဏပြုလုပ်ပေးပါက ကောင်းမွန်တဲ့ ဆံပင်သားကို ရရှိစေမှာ ဖြစ်ပါတယ်။ ၁၉၆၀ ကာလတွေမှာ တောင်အမေရိက ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးတွေဟာ ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်လေ့ရှိကြ တယ်လို့ သိရပါ တယ်။ ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်ခြင်း စတင်ပြုလုပ်သူဟာ စိုးရိမ်မှုတွေ အနည်းငယ်ရှိတတ်ကြပြီး ဆံပင်ကထွက်လာတဲ့ ညှော်နံ့ တွေကြောင့် အနှောင့် အယှက်ဖြစ်တတ်ကြ ပါတယ်။ ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်ခြင်းကို (၁၂) ပတ် တစ်ကြိမ် ပြုလုပ်ပါက ဆံပင်သားတွေ ကောင်းမွန်လာလိမ့်မယ်လို့ ဆိုထား ပါတယ်။ ဒါပေမဲ့ ဒီနည်းနဲ့ ဆံပင်ညှပ်ရာမှာ ကုန်ကျစရိတ် အလွန်များမှာ ဖြစ်ပြီး၊ ဆံပင်အတို၊ အရှည်ကို မူတည်ပြီး ဒေါ်လာ(၁၅၀)ကနေ (၂၀၀)အထိပေး ရမှာ ဖြစ်ပါတယ်။ ဘရာဇီးလ်က မော်ဒယ်တွေကတော့ ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်ခြင်းကြောင့် ပိုမိုလှပလာတယ်လို့ ယုံကြည်နေကြပါတယ်။
The Messenger