ကြက်သားပဲငပိ ချိုချဉ်ကြော်

ပို့စ်တင်ချိန် - 6/25/2014 12:38:00 PM


ဒီနေ့တော့ မာမာချက်တဲ့ ကြက်သားပဲငပိ ချိုချဉ်ကြော်ဟင်းလေးတင်ပါမယ် ဟင်းတွေကို အများကြီးချက်ရတာ ထက် နဲနဲနဲ့အရသာကောင်းကောင်း ချက်တတ်ရင် မိသားစုထမင်းဝိုင်းလေးက စားမိန်ထမင်းဝိုင်းလေးဖြစ် တတ်ပါတယ် အခုချက်တဲ့ ကြက်သားပဲငပိ ချိုချဉ်ဟင်းလေးက မိသားစုအကြိုက်လေးမို့ မကြာမကြာချက်တတ် တဲ့ဟင်းအမယ်လေးတစ်ခုပါ မာမာတို့တွေရဲ့ မိသားစုထမင်းဝိုင်းလေးအတွက် ဒီဟင်းလေးကို ပြင်ဆင်ကြရအောင် အတူတူပါဝင်လှဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပါဝင်ရမှာလေးတွေကတော့
လက်တစ်ဆစ်အရွယ်လှီးထားသော ကြက်သား -  150 g
ဓါးပြားရိုက်ပြီး ခပ်သေးသေးလှီးထားသောကြက်သွန်ဖြူ -  အမွှာကြီးကြီး ၃မွှာ
အနေတော်လှီးဖြတ်ထားသော နံနံပင် - အနည်းငယ်
တရုတ်ပဲငပိအချို ထမင်းစားဇွန်း - ၁ဇွန်း
ဆီ ထမင်းစားဇွန်း - ၃ဇွန်း
ပါးပါးရှည်ရှည်လှီးထားသော ချင်း - လက်တစ်ဆစ်ရဲ့တစ်ဝက်
လေးစိပ် စိပ်ထားသောခရမ်းချဉ်သီးအနေတော်  - တစ်လုံး
ဘေဘီပြောင်းဖူး - လေးဖူး
ပန်းဂေါ်ဖီ - အနည်းငယ်
ခပ်သေးသေးလှီးထားသော မုံလာဥနီ - လက်ဖက်ရည်ပန်းကန် တစ်လုံး
ဆား လက်ဖက်ရည်ဇွန်း - တစ်ဝက်
ကော်ရည်ဖျော်ရန်
ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
သကြား - ထမင်းစားဇွန်း  တစ်ဇွန်း
ခရမ်းချဉ်သီးအချဉ်ရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ရေ - လက်ဖက်ရည်ပန်းကန် တစ်လုံး ( အားလုံးကိုရောပြီးဖျော်ထားပါ)
ပြင်ဆင်ပုံ

မီးအနေတော်နဲ့အပူပေးထားတဲ့ ဆီပူပူမှာ ကြက်သားလွှာလေးတွေကို ဆားထဲ့ပြီး  ၃မိနစ်လောက် ထဲ့ကြော်ပြီး ဆယ်ထားပါ
ကြက်သားကြော်ထားတဲ့ဆီထဲမှာ ကြက်သွန်ဖြူကိုမွှေးလာအောင်ကြော်လိုက်ပါ
ကြက်သွန်ဖြူမွှေးလာတာနဲ့မုံလာဥနီကိုအရင်ဆုံးထဲ့ကြော်ပေးပါ
ပန်းဂေါ်ဖီနဲ့ဘေဘီပြောင်းဖူးလေးများထဲ့ကြော်ပေးပါ
ပြီးတာနဲ့ကြက်သားကြော် ချင်းနှင့်ခရမ်းချဉ်သီးကိုထဲ့ပြီး ၂မိနစ်လောက်ထဲ့ကြော်ပေးပါ
စပ်ထားသော ချိုချဉ်ရည်ကိုအကြော်အိုးထဲသို့လောင်းထဲ့ပြီး တစ်မိနစ်ခွဲလောက်ထဲ့မွှေပေးပါ
အားလုံးပြီးသွားပါက ပဲငပိနဲ့နံနံပင်လေးအုပ်ပြီး ကြက်သားပဲငပိချိုချဉ်ကြော်လေး စားသုံးနိုင်ပါပြီ။

စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ