ပညာရှင်များ ခြံရံလျက်

ပို့စ်တင်ချိန် - 6/25/2014 09:16:00 AM


နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့များ တိုးချဲ့ ဖွဲ့စည်းထား ကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့က ဇွန်လ ၁၈ ရက်စွဲနဲ့ သ တင်းထုတ်ပြန်ခဲ့ပါတယ်။ သမ္မတ၏ အကြံပေးအဖွဲ့များ အဖြစ် အရင်က နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေအဖွဲ့သုံးဖွဲ့ထားရှိခဲ့ရာမှ ယခုအမိန့်စာအရ အကြံပေး အဖွဲ့သုံးဖွဲ့ ထပ်မံတိုးချဲ့ခန့်အပ် လိုက်ခြင်းဖြစ်ပါတယ်။ ထပ်မံတိုး ချဲ့ ဖွဲ့စည်းခန့်အပ်လိုက်သော အဖွဲ့များမှာ သာသနာရေးအကြံ ပေးအဖွဲ့၊ ကျန်းမာရေးအကြံပေး အဖွဲ့၊ ပညာရေးအကြံပေးအဖွဲ့ များဖြစ်ပါတယ်။

ဒါဟာ ပြည်သူတွေအတွက် ထည့်တွက်မိလို့ဆောင်ရွက်တာ လား။ နိုင်ငံရေးလှည့်ကွက်အနေနဲ့ ကစားကြည့်တာလား။ ဒါမှမဟုတ် တစ်ကျော့ပြန် ရွေးကောက်ပွဲ အ တွက် ပြင်ဆင်မှုတစ်ရပ်လား။ ပြည်သူတစ်ယောက်အနေနဲ့ ဒီလို တွေးမိတာ ကျုပ်အလွန်မဟုတ် ဘူးလို့ပဲ ဆိုချင်ပါတယ်။

နိုင်ငံတော်သမ္မတ အကြံပေး အဖွဲ့များကို ၂၀၁၁ ခုနှစ် ဧပြီလ ၁၉ ရက်မှာ အဖွဲ့ဝင်ကိုးဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဩဂုတ် ၇ ရက်မှာ သုံးဦး၊ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၉ ရက်မှာ နှစ် ဦး ထပ်မံခန့်အပ်ခဲ့ပါတယ်။ အခု နောက်ထပ်အကြံပေးအဖွဲ့သုံးဖွဲ့ ထပ်တိုးပြီး အဖွဲ့ဝင်ခြောက်ဦးကို ဇွန်လ ၁၈ ရက်က ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ လက်ရှိ အချိန်အထိ နိုင်ငံတော်သမ္မတ ကြီးအနားမှာ အကြံပေးပညာရှင် စုစုပေါင်း ၂၀ ဦးရှိသွားပြီဖြစ်ပါ တယ်။

ဒါ့အပြင် သမ္မတသက်တမ်း သုံးနှစ်နှင့် တစ်လကျော်တာဝန် ထမ်းဆောင်ခဲ့ပြီးဖြစ်သော သမ္မတ ဦးသိန်းစိန်တွင် အထက်ပါအကြံ ပေးအဖွဲ့များအပြင် သမ္မတ၏ အမျိုးသားစီးပွားရေး၊ လူမှုရေးအကြံပေးကောင်စီလည်း ရှိကြောင်း သိရပါတယ်။

လာမယ့် လက်ကျန်သက် တမ်း တစ်နှစ်ကျော်မှာ သမ္မတ အကြံပေးပညာရှင်တွေရဲ့ အခန်း ကဏ္ဍ ဘယ်လိုရှိမလဲ။ သူတို့ရဲ့ အကြံပေးချက်များမှတစ်ဆင့် ဘယ်လိုလုပ်ဆောင်ချက်များကို ပြည်သူတွေ မြင်တွေ့ရမလဲ။ ပြီးခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ပြန် ကြည့်မယ်ဆိုရင် သမ္မတရဲ့ နိုင်ငံ ရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်တစ်ယောက် ‘‘မီး တွေပိတ်ပြီး ဖယောင်းတိုင်ထွန်း ပါ’’ဆိုတဲ့စကားကြောင့် ပြည်သူ အားလုံးက သတိထားမိခဲ့ကြပါ တယ်။

နယ်ပယ်စုံအတွက် ခန့်အပ် ထားတဲ့ သမ္မတအကြံပေး ပညာ ရှင်တွေဟာ သမ္မတနဲ့တကွ အစိုး ရအဖွဲ့ရဲ့ ဆန္ဒသဘောထားကို မကျော်လွန်နိုင်ဘူးလားဆိုတာက လည်း စဉ်းစားစရာဖြစ်ပါတယ်။ အစိုးရသက်တမ်းသုံးနှစ်ဆိုတဲ့ အချိန်တိုအတွင်းမှာ ဘာမှမည် မည်ရရ မဖြစ်လာဘူးဆိုပြီး ကျုပ် တို့စိတ်စောပြီး ပြောချင်တာလည်း မဟုတ်ပါဘူး။ ရေရှည်အတွက်၊ အနာဂတ်အတွက် ခိုင်မာတည့် မတ်တဲ့ အစီအစဉ်တွေကို ကြား လို၊ မြင်လို၊ ယုံကြည်လိုတာပဲဖြစ် ပါတယ်။

သမ္မတကြီးရဲ့အပါးမှာ ပညာရှင်တွေ ဝန်းရံခနေတာ ပြည်သူတွေအတွက် စိတ်အားတက်ကြွဖွယ်ဖြစ်စေရပါမယ်။ လစာ၊ခံစားခွင့်နဲ့ ရာထူးအဆောင်အယောင်တွေအတွက်ဝန်ထုပ်ဝန်ပိုး မဖြစ်စေသင့်ပါဘူး။ ဘာလို့ ဒီလိုပြောရသလဲဆိုရင် အစိုးရ အဖွဲ့ရဲ့ ပြည်သူအများနဲ့ ပတ် သက်တဲ့ လုပ်ဆောင်ချက် တချို့ဟာ နားမလည်နိုင်စရာ၊ အထင်မှား သံသယဝင်စရာ၊ လက်တွေ့မဆန်တဲ့ လက်မခံနိုင်စရာတွေရှိနေဆဲဖြစ်လို့ပါပဲ။

နယ်မြေ မလုံခြုံမှုများနဲ့ ရပ် တည်နေထိုင်ရေးအတွက် များစွာ အခက်အခဲရှိနေသူတွေ၊ ကယ် ဆယ်ရေးစခန်းများမှာ ရေရာသေ ချာတဲ့ အနာဂတ်နဲ့ဝေးနေသေးသူ တွေ၊ လယ်သိမ်း၊ ယာသိမ်း၊ မြေ သိမ်းများမှအစ အခြေခံမရှိမဖြစ် ဝန်ဆောင်မှုကင်းမဲ့ခြင်းများနဲ့ မျိုးဆက်များကို လက်ဆင့်ကမ်း နေရသူတွေ အများအပြားရှိနေ သေးပါတယ်။

နောက်တစ်ခု ပြောစရာရှိ တာက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (Myanmar Peace Center)ရဲ့ လုပ်ဆောင်ချက် တချို့ပါ။ ဒီအဖွဲ့ကို သမ္မတရဲ့ အမျိုးသားစီးပွားရေး၊ လူမှုရေး အကြံပေးကောင်စီထဲမှာပါဝင်တဲ့ လူကြီးမင်းများဦးဆောင်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်မှု အပိုင်းမှာ ပါဝင်တယ်လို့သိရပါ တယ်။ အခုဆိုရင် အဲဒီအဖွဲ့ရဲ့စီစဉ် မှုများနဲ့ လူငယ်နှင့် ငြိမ်းချမ်းရေး ဖိုရမ်တွေကို နိုင်ငံအနှံ့စတင်ပြု လုပ်ပေးနေပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်မှ ၁၁ ရက်အထိ မန္တလေးနဲ့ ဇွန်လ ၁၁ ရက်ကနေ ၁၅ ရက်အထိ မုံရွာမြို့ မှာ ပြုလုပ်ခဲ့ပါတယ်။ လာမယ့် ဇူလိုင်လမှာ ပုသိမ်မြို့မှာ လုပ် မယ်လို့သိရပါတယ်။ ပွဲတစ်ပွဲရဲ့ ကုန်ကျစရိတ်က ကျပ်သိန်းရာ ဂဏန်းကြီးကြီး ဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။

‘‘ပွဲမှာ လေးရက်လုံး အစား အသောက်ကောင်းကောင်းကျွေး တယ်။ စာရွက်စာတမ်းနဲ့ လက် ဆောင်တွေပေးတယ်။ အဆင့် မြင့်ဟိုတယ်၊ ခန်းမတွေမှာလုပ် တယ်။

ရပ်ဝေးကလာသူတွေကို လမ်းစရိတ်လုံလုံလောက်လောက် ပေးတယ်။ Memory Stick တစ် ချောင်းနဲ့ T-shirt တစ်ထည်စီပေး တယ်။ မသိသေးတာတွေ အများ ကြီးသိရတယ်။ မကြားဖူးတာတွေ အများကြီးကြားခဲ့ရတယ်။ ကုန် ကျစရိတ်တွေလျှော့ပြီး နယ်တွေ အထိဆင်းပြီး ဒီလိုပွဲမျိုးတွေ များ များလုပ်ပေးနိုင်ရင် ပိုကောင်းမယ် ထင်ပါတယ်’’လို့မုံရွာမြို့နယ်မှ ဒေသခံတစ်ဦးက ပြောပြပါတယ်။

‘‘ပညာရှင်တွေ ကိုယ်တိုင် လာပြီး ပို့ချတာ ကောင်းပါတယ်။ သမ္မတရဲ့ ပညာရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဖြစ်သွားတဲ့ ဒေါက်တာဒေါ်ရင်ရင်နွယ်၊ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက် တာဆလိုင်းငွန်ကျုံးလျန်ပါတယ်။ နောက်ထပ် အများကြီးပါပါသေး တယ်။ ဒါပေမဲ့ တချို့ပညာရှင် တွေက ကောင်းကွက်တွေကိုပဲ ဦးစားပေးပြောသွားကြတယ်။ အခု ဒီဖိုရမ်ကို လာတက်တဲ့သူ အများစုက အဖြူထည်အရိုးခံ ပြည်သူတွေများပါတယ်။ သူတို့ လိုရာဆွဲပြီး ရိုက်သွင်းသွားမှာကို စိုးရိမ်မိပါတယ်’’လို့ နောက်တစ် ဦးက သုံးသပ်ပါတယ်။

ဒီအဖွဲ့၊ ဒီဖိုရမ်တွေနဲ့ပတ် သက်ပြီး ဝေဖန်ကြ၊ ချီးမွမ်းကြ တာ အများကြီးကျန်ပါသေးတယ်။ ပွဲနဲ့ ပတ်သက်ပြီး ငွေကြေးအများကြီး သုံးစွဲနိုင်တယ်။ ပညာရှင်တွေပါ တယ်။ ပြည်ထောင်စုဝန်ကြီးတွေ တက်တယ်။ အစိုးရရဲ့ အသိ အမှတ်ပြုအဖွဲ့က လုပ်တာမို့ လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရ တယ်။

နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး ရာထူးအမြင့်ဆုံးသမ္မတရဲ့ အကြံ ပေးတွေကိုယ်တိုင် ပြည်သူတွေနဲ့ ထိတွေ့တယ်။ ပညာရှင်တွေရိုး သားမယ်၊ အစိုးရကလည်း ရိုး သားမယ်ဆိုရင် တိုင်းပြည်အတွက် ရလဒ်ကောင်းတွေ ပေါ်ထွက်လာ နိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် တော့ သမိုင်းရဲ့ တရားခံတွေဖြစ် သွားကြမှာဖြစ်ပါတယ်။

သမ္မတရဲ့ အကြံပေးလို့ဆို ပေမယ့် ပြည်သူ၊ ပြည်သားတွေ အတွက် ရည်ရွယ်ရှေးရှုပြီး ကောင်းရာကောင်းကျိုးကိုမျှော် မှန်းကာ ပြည်သူတွေဘက်ကရပ် တည်ပြီး အကြံပေးကြရမှာလို့ ကျုပ်ယူဆပါတယ်။ သမ္မတနဲ့ အစိုးရအဖွဲ့ကို ကာကွယ်ဖို့ထက် ပြည်သူကို ကာကွယ်ဖို့ အကြံပေး ကြရမှာဖြစ်ပါတယ်။ ပညာရှင် တွေ ပညာရှင်ပီသမယ်။ အစိုးရ ကလည်း ကိုယ်ခန့်ထားတဲ့ ပညာ ရှင်တွေကို လေးစားမှုရှိမယ်ဆိုရင် ဒါက ကျုပ်တို့လိုဘေးက ပြည်သူ တွေဝင်ပြီး ပြောနေစရာမလိုတဲ့ အချက်လည်းဖြစ်ပါတယ်။

လိုရင်းချုပ်ရရင် သမ္မတကြီး နဲ့ အစိုးရအဖွဲ့ရဲ့ဘေးမှာ ပညာ ရှင်တွေ ဝန်းရံလို့ရှိနေပါပြီ။ နောက်ထပ်လည်း လိုရင်လိုသလို အကြံဉာဏ်များရယူဖို့ ပညာရှင် တွေကို ခန့်အပ်နိုင်ပါသေးတယ်။ တိုင်းပြည်ကောင်းဖို့၊ ပြည်သူတွေ စိတ်ချမ်းသာဖို့၊ အစိုးရတည့်မတ် ဖို့ ပညာရှင်တွေ ခန့်အပ်မယ်ဆိုရင် မကြည်ဖြူဘူးဆိုတာရှိမှာမဟုတ် ပါဘူး။အခုလိုသမ္မတကြီးရဲ့အပါး မှာ ပညာရှင်တွေခြံရံနေတာ ပြည် သူတွေအတွက် အစစအရာရာ ငြိမ်းချမ်းရေးရဖို့ ဖြစ်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

7day