ကျောင်းသားတဦး အမျိုးသမီးကိုယ်သဏ္ဍန်ကျောက်တုံးအတွင်း ညပ်ပိတ်မိ

ပို့စ်တင်ချိန် - 6/25/2014 09:44:00 AM


နိုင်ငံခြားကျောင်းသားတဦး ဂျာမနီနိုင်ငံ တူဘင်ဂန်တက္ကသိုလ် microbiology နှင့် virology ဌာနအပြင်ဘက်ရှိ မိန်းမကိုယ်ပုံသဏ္ဍာန်ကျောက်ပန်းပုရုပ်ကြီးအတွင်း ညပ်ပိပ်မိရာ မီးသတ်တပ်သား ၂၂ ဦးက ကူညီပေးခဲ့ရသည်။

ထိုသူသည် အဆိုပါ ပန်းပုရုပ်ပေါ်သို့ တွယ်တတ်ရာမှ ပြုတ်ကျပြီး ခြေထောက် ၂ ချောင်းလုံး မိန်းမကိုယ်ပုံသဏ္ဍာန်အ၀၏ ကျဉ်းမြောင်းသော နေရာတွင် ညပ်ပိပ်မိသွားခြင်းဖြစ်သည်ဟု ယူဆရသည်။

ယင်းကျောင်းသားသည် “အသစ်တဖန်မွေးဖွားခြင်း”ဟူသော စကားရပ်အား အဓိပ္ဗါယ်သစ်တခု ဆောင်ကျဉ်းပေးခဲ့လေပြီ။

Ref ; The Mirror
News Watch(စောင့်ကြည့်သတင်းဂျာနယ်)