အ၀လွန်မှုကြောင့် အပေါက်ကျွံပြီး ဖမ်းဆီး ခံလိုက်ရတဲ့ သူခိုး

ပို့စ်တင်ချိန် - 6/27/2014 05:31:00 PM


တရုတ်နိုင်ငံက သူခိုးတစ်ဦးဟာ အိမ်တစ်အိမ်ကို ဖောက်ထွင်းဖို့ ကြိုးစားရာမှာ အပေါက်ကျွံပြီး ပြန်မထွက်နိုင် ခဲ့တာမို့ ဖမ်းဆီး ခံလိုက်ရ တယ်လို့ သိရပါတယ်။ ချန်ဒူးမြို့မှာ ရှိတဲ့ နေအိမ် တစ်အိမ်ကို အသက် (၃၅)နှစ် အရွယ် ရှိပြီဖြစ်တဲ့ ယီဖူက ဖောက်ထွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ယီဖူရဲ့ ကိုယ်အလေးချိန်က (၂၆၆) ပေါင်အထိ ရှိပါတယ်။ ယီဖူဟာ ဓား တစ်ချောင်းကို ကိုင်ပြီး ဖောက်ထွင်း ကိရိယာ တွေနဲ့ နေအိမ်ထဲကို ခိုးဝင်ခဲ့ပါတယ်။ ဒီလို သွားရာမှာ အသုံးမပြုတော့တဲ့ ဓာတ်လှေကား ပေါ်က အိမ်ခေါင်မိုးပေါ်ကို တက်ဖို့ ကြိုးစားခဲ့ ပါတယ်။ ဒါပေမဲ့ ယီဖူဟာ ကံမကောင်းခဲ့ဘဲ ဓာတ်လှေကား အပေါက်ဝမှာ ခြေကျွံကျသွား ခဲ့ပါတယ်။ ကိုယ်အလေးချိန်ဒဏ်က အရမ်း များတာမို့ ခြေကျွံကျသွားမှုကို ပြန်လည် ဆွဲထုတ်လို့ မရဘဲ တစ်ညလုံး ငိုကြွေး နေခဲ့ရပါ တယ်။ နံနက် မိုးလင်းတဲ့အခါ အိမ်ရှင်ဖြစ်သူက ငိုသံကြားပြီး တက်ကြည့်တော့ ယီဖူရဲ့ အဖြစ်ကိုတွေ့ပြီး တာဝန်ရှိသူတွေထံ အကြောင်း ကြားပြီး ကယ်တင်မှု ပြုလုပ်ပေး ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ယီဖူဟာ အပေါက်ကျွံမှု ကို (၈)နာရီကြာ ခံစားခဲ့ရပြီး ငိုကြွေးမှုကို ဘယ်သူမှ မကြားခဲ့ဘူးလို့ ပြောသွား ခဲ့ပါတယ်။ ကယ်ဆယ်ရေး လုပ်သားရဲ့ ကယ်ဆယ်ပေးမှုကြောင့် အ၀လွန်တဲ့ သူခိုးဟာ အပေါက်ကျွံမှု ကနေ လွတ်မြောက် သွားခဲ့ခြင်းဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ကိုယ်အလေးချိန်ကို လျှော့ချဖို့လိုကြောင်း ဟာသနှော ပြောဆိုသွား ပါတယ်။

Messenger News Journal