အာဏာ လက်လွှတ်ရမှာ၊ ဥစ္စာဓန လက်လွှတ်ရမှာ၊ အခွင့်ထူးခံဘ၀တွေကို လက်လွှတ်ရမှာ ကြောက်နေကြသူတွေရဲ့စကားတွေကို နားမယောင်ပါနဲ့ (video သတင်း)


(အပြောင်းအလဲကို ကြောက်နေသူတွေရဲ့စကားတွေကို နားမထောင်ပါနဲ့ ... အာဏာ လက်လွှတ်ရမှာ၊ ဥစ္စာဓန လက်လွှတ်ရမှာ၊ အခွင့်ထူးခံဘ၀တွေကို လက်လွှတ်ရမှာ ကြောက်နေကြသူတွေရဲ့စကားတွေကို နားမယောင်ပါနဲ့) လို့ ဂျာမန်သမ္မတ ပြော (ရုပ်သံ)


အချို့လူတွေမှာ ဘာကြောင့် ခြင်ပိုကိုက်ခံရတာလဲ


အချို့လူများသည် အိမ်အပြင်ထွက်သည်နှင့်ခြင်ကိုက်ခံရလေ့ရှိပြီး အချို့တွင် ခြင်တောထဲသွားနေသော်လည်း ခြင်တစ်ကောင်မျှအကိုက်မခံ ရပေ။ ခြင်များသည် သွေးနံ့ကိုမိုင်ပေါင်းများစွာကပင် အနံ့ရသော်လည်း သွေးနံ့ကိုမူတည်၍ ကိုက်ရမည့်အရာကို ရွေးချယ်လေ့မရှိ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်လျက်ရှိသည့်ပစ်မှတ်ကိုသာ ရွေးကိုက်လေ့ရှိသည်။
လူတို့သည် အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်သည်။ ထို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု ပိုများသူ များကို ခြင်များက အဓိကပစ်မှတ်ထားတတ်သည်။ဝဖြိုးသူများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုထုတ်လွှတ်သောကြောင့်ခြင်ပိုကိုက်ခံရလေ့ရှိသည်။
အရေပြားပေါ်တွင်ခြင်လာ ရောက်နားခိုသော်လည်း အရေပြား အထူအပါးကိုလိုက်၍ ခြင်များက ကိုက်သင့်/မကိုက်သင့် ဆုံးဖြတ်ကြသည်။ အမျိုးသမီးများသည် အရေပြားပိုပါးသောကြောင့် ခြင်ကိုက်ခံရ ရန်ပိုမိုလွယ်ကူသည်။ အရေပြားပိုပါးသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ သည်လည်းခြင်ပိုကိုက်ခံရတတ်သည်။
သွေးအုပ်စုများစွာရှိသည့်အနက် ‘O’  သွေးအုပ်စုရှင်များကို ခြင်ပိုကိုက်လေ့ရှိသည်။ခြင်၏နှာမောင်းကိုဖြတ်တောက်ပြီး သွေးအုပ်စုများစွာ ပါဝင်သည့်လူများထံ ပျံသန်းစေရာ ခြင်များသည် ‘O’် သွေးအုပ်စုရှင်များ ထံ၌သာ နားသည်ကိုတွေ့ရသည်။
ခြင်များသည် အချိုကိုလည်း ကြိုက်တတ်သည်။ အချို့လူများ၏အရေပြားတွင် အချိုဓါတ်ဆောင် သည့် saccharide  ဓါတ်များရှိသောကြောင့် ခြင်ပိုကိုက်ခံရတတ်သည်။
သီဟ
Ref: WebMD
Health Updates Journal

ခင်ပွန်းသည် AIDS ကူးမှာစိုးလို့ဟုဆိုကာ ဇနီးသည်က ခင်ပွန်းကို ဓားနဲ့ထိုးသတ်ခဲ့


ရ၀မ်ဒါ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မှုခင်း တစ်ခုဟာ AIDS ရောဂါ ဝေဒနာနဲ့ ဆက်စပ်ပတ်သက်နေခဲ့လို့ စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ အသက် အလယ်အလတ် အရွယ်ရှိ ကမ်ပိုရိုရို အမည်ရှိ အမျိုးသမီး တစ်ဦးဟာ သူ့ရဲ့ ခင်ပွန်း ဖြစ်သူ AIDS ရောဂါပိုး ကူးစက် မှာဆိုးလို့ သူကိုယ်တိုင် သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ခင်ပွန်းဖြစ်သူဟာ အသက် (၄၈ နှစ်) အရွယ်ရှိ မီယန်ဘီလီ ဖြစ်ပါတယ်။ မီယန်ဘီလီရဲ့ အစ်ကိုဖြစ်သူဟာ AIDS ရောဂါ ဝေဒနာကြောင့် သေဆုံး သွားခဲ့ပါတယ်။

ရ၀မ်ဒါ နိုင်ငံမှာ ရိုးရာ ထုံးထမ်းအစဉ်အလာတွေအရ သေဆုံးသွားတဲ့ ယောက်ျားဖြစ်သူရဲ့ဇနီးကို ဆွေမျိုးသားချင်းတွေက ကူညီထောက်ပံ့မှုတွေ ပြုလုပ်ရ ပါတယ်။ ဒါကြောင့် မီယန်ဘီလီဟာ အစ်ကိုဖြစ်သူရဲ့ မိန်းမကို လက်ထပ်ပေါင်း သင်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မီယန်ဘီလီရဲ့ ဇနီးဖြစ်သူဟာ သူ့ရဲ့ခင်ပွန်း AIDS ရောဂါပိုး ကူးစက်မှာကို မလိုလားခဲ့ပါဘူး။ ဒါကြောင့် ကမ်ပိုရိုရိုဟာ သားဖြစ်သူ၊ အစ်မဖြစ်သူတို့ နဲ့အတူ ယောက်ျားဖြစ်သူကို ဓားနဲ့ထိုးသတ်မှု ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ သတင်းဟာ ရ၀မ်ဒါ နိုင်ငံမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ မီယန်ဘီလီဟာ အစ်ကိုဖြစ်သူရဲ့ဇနီးကို မယူမီ အတောအတွင်းမှာ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ရ၀မ်ဒါနိုင်ငံမှာ လူဦးရေ (၃) ရာခိုင်နှုန်းဟာ HIV ရောဂါ ကူးစက်ခြင်းခံနေ ရတယ်လို့ သိရပါတယ်။

By The Messenger

ချစ်သူများနေ့ လက်ဆောင်


"အဲဒီနေ့မှာ အဆင့်မြင့် ဟိုတယ်ကြီးတွေမှာထက် မိုတယ်တွေ၊ တည်းခိုခန်းတွေမှာ အခန်းရဖို့ မသေချာဘူး..."


၂ဝ၁၁ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဧရာဝတီအွန်လိုင်းမှာ တင်ခဲ့တဲ့ ဆောင်းပါးကို ပြန်လည် ဖော်ပြပါတယ်။ နရီလင်းလက် ရေးသားတဲ့ဆောင်းပါး ဖြစ်ပါတယ်။

 လပြည့်ဝန်း ပလာဇာရှေ့မှာ ကားငှားဖို့ စောင့်နေတဲ့၊ အဖြူရောင် တီရှပ်ပေါ်မှာ အသည်းပုံ Love၊ Life စာတန်း ထိုးထားတဲ့ ဆင်တူ အင်္ကျီဝတ် စုံတွဲကို ကြည့်ပြီး ဒီနေ့တရက်တော့ ချစ်သူကို သတိရမိတယ်လို့ သူ့ချစ်သူနဲ့ လမ်းခွဲခဲ့ပြီးသူ မကေခိုင်က ဆိုပါတယ်။

  ဒီနေ့အတွက် သူ့မှာ ဘာအစီအစဉ်မှ မရှိပေမယ့် ကော်ဖီဆိုင်မှာ အတူတူထိုင်ပြီး စကားဖောင်ဖွဲ့နေတဲ့ စုံတွဲတွေ၊ ရှော့ပင်း စင်တာထဲမှာ လှည့်ပတ်သွားလာပြီး ဈေးဝယ်နေတဲ့ စုံတွဲတွေ၊ ဂိမ်းပြိုင်ပွဲ ၀င်နေတဲ့ စုံတွဲတွေ၊ လက်ဆောင် အပြန်အလှန် လဲလှယ်နေတဲ့ စုံတွဲတွေကို မနက် အလုပ်လာကတည်းက တောက်လျှောက် တွေ့ရတာကတော့ ကြည်နူးစရာ ကောင်းတယ် လို့ လပြည့်ဝန်းပလာဇာမှာ အရောင်းဝန်ထမ်း လုပ်ကိုင်နေတဲ့ သူက ဆက်ပြောပါတယ်။

“အလုပ် တရက်ပျက်ရင် တရက်စာဖြတ်တော့ ချစ်သူရှိသေးရင်လည်း ဒီနေ့ လည်ဖြစ်မယ်မထင်ဘူး” လို့ မကေခိုင်က ဆိုပါတယ်။

မြန်မာနိုင်ငံဟာ စီးပွားရေး၊ နိုင်ငံရေး ပြဿနာတွေကြောင့် ပြင်ပကမ္ဘာနဲ့ တော်တော်လေး အဆက်ပြတ်၊ အထီးကျန် နေပေမယ့်လည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က စတင်ပြီး လူငယ်ထုကြားမှာ ခေတ်စားလာတဲ့ ချစ်သူများနေ့မှာတော့  ပန်းစည်းတွေ ပေးတာ၊ ချောကလက်ကျွေးတာ၊ ပို့စ်ကတ် လဲလှယ်ကြတာ စတဲ့ အလေ့အထတွေကတော့ ပိုများလာတာ တွေ့ရပါတယ်။

အဲဒီလက်ဆောင်တွေရဲ့ အောက်မှာ ဖုံးကွယ်နေတဲ့ အမှတ်တရ လက်ဆောင်တခု ရှိနေပါတယ်။ ဒါကတော့ အပျို၊ လူပျို ဘ၀ကို စွန့်လွှတ်ပြီး အဲဒီနေ့မှာ ချစ်သူနဲ့ အတူတူ စနေမယ်ဆိုတဲ့ အလေ့အထ မြန်မာပြည်မှာ ရှိနေပြီ ဆိုတာပါပဲ။

“ကျနော် သတိထားမိသလောက် သိပ်မကြာသေးဘူး။ ၃ နှစ်လောက်ပဲ ရှိဦးမယ်။ အဲဒီနေ့ဆို တည်းခိုခန်းက အချိန်ပိုင်းနဲ့တင် ၀င်ငွေ တော်တော် ဖြောင့်တာ။ တချို့ဆို အခန်း ပတ်ရှာတာ မရလို့ ဒီမှာပဲ ထိုင်စောင့်နေရတဲ့ အထိပါ ရှိတယ်” လို့ ကန် တော်ကြီးအနီးမှာ ရှိတဲ့ နယူးကန်တော်ရိပ် ဟိုတယ် ၀န်ထမ်းတဦးက ပြောပါတယ်။

အဲဒီနေ့မှာ အဆင့်မြင့် ဟိုတယ်ကြီးတွေမှာထက် မိုတယ်တွေ၊ တည်းခိုခန်းတွေမှာ အခန်းရဖို့ မသေချာဘူးလို့ သူက ဆိုပါတယ်။

ဒီလို ထွန်းကားလာတာကြောင့်လည်း ပန်းခြံ၊ စားသောက်ဆိုင်နဲ့ ရှော့ပင်းမောလ်က ပရိုမိုးရှင်းပွဲတွေ၊ ချစ်သူများနေ့ စင်တင် တေးဂီတ ဖျော်ဖြေပွဲတွေအပြင် တည်းခိုခန်းနဲ့ မိုတယ်တွေမှာ အဲဒီနေ့ဆို အခန်းအပြည့် ငှားရတဲ့အထိ ရှိနေတယ်လို့  ရန်ကုန်မြို့ခံတွေ ဆီက သိရပါတယ်။

“သန်လျင်လို တည်းခိုခန်းနဲ့ ဟိုတယ်ပေါတဲ့ နေရာမှာတောင် အဲဒီနေ့ဆို အခန်းရဖို့ မလွယ်ဘူး” လို့ သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်း MITT က အရာရှိ တဦးဖြစ်တဲ့ ကိုကျော်မင်းဆွေက ပြောပါတယ်။

ချောကလက်နဲ့ ပန်းစည်းပေးတာတွေက ၁၄ နှစ်အောက် လူငယ်တွေကြားမှာပဲ ရှိတော့တဲ့ အလေ့အထ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ယုဇနပလာဇာ အနောက်ဘက်က တောင်ပေါ်သား တည်းခိုခန်း၊ မြေနီကုန်းနားက Motherland ၊ Summer place၊ ဖိုးစိန် လမ်းပေါ်က ဟိုတယ်တွေ၊ အင်းတွေမှာဆိုလည်း စုံတွဲတွေ အပြည့်လို့ သိရပါတယ်။

ရန်ကုန်က အထက်တန်းကျောင်းသား တဦးဖြစ်တဲ့  ဇေယျာကတော့ သာမန်နေ့တွေမှာထက် ချစ်သူများနေ့မှာ စုံတွဲတွေ အတူ အိပ်ကြတာ အဓိပ္ပာယ် ပိုရှိတယ်၊ ပိုပြီး လေးနက်မှုကို ပြတယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဆိုရင်တော့ မယူဖြစ်ရင် အတူတူနေတယ် ဆိုတာ မိန်းကလေးရော၊ ယောက်ျားလေး အတွက်ပါ နစ်နာတယ် ဆိုတဲ့ စကားက မှန်ပါသေးတယ်။ အခုခေတ်မှာတော့ ရန်ကုန် အသိုင်းအ၀န်းမှာ ဆို ဒီလိုကိစ္စကို လက်မခံတော့ ပါဘူးလို့” သူက ပြောပါတယ်။

အခုခေတ်မှာ လူငယ်တွေက အတူတူနေတဲ့ကိစ္စကို ပွင့်လင်းတယ်လို့ မြင်လာ လက်ခံလာပြီး သူတို့ ဆယ်ကျော်သက်တွေ အ လယ် မှာတော့ ဖြစ်သင့်တဲ့ သဘာဝ တခုလို့ မြင်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် ချစ်သူများနေ့ ဆိုတာ စောင့်ဆိုင်းရတဲ့ ရက်တရက်လို့ ပြောကြပါတယ်။ ထိုင်း မှာရှိတဲ့ အထူး နေ့ထူးနေ့မြတ်တွေ အမျိုးစုံရှိတဲ့ ကြားထဲက ထိုင်းတွေဟာလည်း ချစ်သူများနေ့ကို နေ့ထူးနေ့မြတ် တရက်လို သတ်မှတ်ထား ကျင်းပကြတာ ၁၀ စုနှစ်တခုလောက် ရှိပါပြီ။

စေ့စပ်ပွဲတွေ၊ လက်ထပ်ပွဲတွေက အဲဒီနေ့မှာ အများဆုံး ကျင်းပတတ်ကြသလို၊ ချစ်သူတွေလည်း အဲဒီနေ့ကနေ စပြီး အတူတူ နေကြပါတယ်။ အဲဒီနေ့ဟာ ထိုင်း တနိုင်ငံလုံးမှာ ကွန်ဒုံး အရောင်းရဆုံး နေ့လို့လည်း သိရပါတယ်။ ထိုင်း လူမျိုးတွေက ချစ်သူများနေ့အတွက် အကုန်အကျခံကြတဲ့ ပိုက်ဆံတွေက မနည်းပါဘူး။

ချစ်သူများနေ့ဟာ အနောက်နိုင်ငံက အစပြုခဲ့တဲ့၊ မြန်မာ့ယဉ်ကျေးမှု မဟုတ်ပေမယ့် ချစ်သူတွေ အချင်းချင်း လက်ဆောင်တွေ ဖလှယ်ကြတာ၊ ပန်းကလေးတွေ၊ ကဗျာကလေးတွေ ပို့ပေးကြတာ ကြည်နူးစရာ ကောင်းပါတယ်လို့ စာရေးဆရာမ နုနုရည် (အင်းဝ) က ဆိုပါတယ်။ ဒါပေမယ့် စီးဆင်းလာတဲ့ ယဉ်ကျေးမှုမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို သတိမူ သင့်တယ်လို့ ပြောပါတယ်။

“အဲဒီ ရေစီးကြောင်းကြီးထဲကို တိုက်စားပွတ်တိုက်ပြီး ပါမသွားစေချင်တာကတော့ Virgin ဆိုတဲ့ အပျိုစင် ဂုဏ်လေးပါပဲ။ စောင့်ထိန်းနိုင်ခြင်းတန်ဖိုး၊ မိမိကိုယ်ကိုယ် ယုံကြည်မှု တန်ဖိုး၊ သိက္ခာ တန်ဖိုး၊ ယဉ်ကျေးမှု တန်ဖိုးတွေနဲ့ ပြည့်စုံနေတဲ့ အပျိုစင် ဆိုတဲ့ ဂုဏ်လေးကို မြန်မာ မိန်းကလေးငယ်တွေ ဂုဏ်ယူစွာနဲ့ စောင့်ရှောက်ထိန်းသိမ်းစေချင်ပါတယ်” လို့ မြန်မာစာ ဆရာမ တဦးလည်း ဖြစ်တဲ့ စာရေးဆရာမ နုနုရည် (အင်းဝ) က ဆိုပါတယ်။

ဆရာမ နုနုရည်က သူ့ကို ရှေးဆန်လိုက်တာလို့ ပြောချင်ပြောပါစေ၊ ရယ်စရာလို့လည်း ထင်ကောင်း ထင်မယ်၊ ဒါပေမယ့် ကိုယ့် ယဉ်ကျေးမှုဆိုတာကို ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့၊ ကိုယ့်ယုံကြည်မှု သိက္ခာကို တန်ဖိုးထားချင်တဲ့ မြန်မာမိန်းကလေးတွေ အနေနဲ့ ကတော့ နားလည်လောက်မယ် ထင်ပါတယ်လို့ ဆက်ပြောပါတယ်။

တနင်္လာနေ့လို ပျားပန်းခတ်မျှ ရှုပ်ထွေးလှတဲ့ ရန်ကုန်လမ်းတွေပေါ်မှာ ဆင်တူ အင်္ကျီဝတ်ဆင်ထားတဲ့ စုံတွဲတွေ၊ ချစ်သူများနေ့ စင်တင် ဂီတ ဖျော်ဖြေပွဲ ကြော်ငြာ ဘေလ်ဘုတ်ကြီးတွေ၊ လမ်းမ ကြီးပေါ်အထိ လျှံကျလာတော့မယ် ထင်ရတဲ့ အင်းလျား ကန်ပေါင်က စုံတွဲတွေဟာ ရန်ကုန်မြို့ရဲ့ ချစ်သူများနေ့ ပွဲတော်ကို ထင်ရှားပေါ်လွင်စေတဲ့ ပြယုဂ်တွေပါပဲ။

ဒီလိုနေ့မှာ စုံတွဲတွေ အတူနေတာကြောင့် တည်းခိုခန်းတွေမှာ အခန်းတွေ မအားလပ်တဲ့အထိ ဖြစ်နေပေမယ့် ကွန်ဒုံးတွေရဲ့ ရောင်းအားကတော့ သိသိသာသာ တက်မလာပါဘူးလို့ ဆေးဝါး ကုမ္ပဏီ တခုမှာ လုပ်ကိုင်နေတဲ့ လူငယ်ဆရာဝန် တဦးက ပြောပါတယ်။

“ကွန်ဒုံးသုံးတာကို  ကြေးစားဆန်တယ်လို့ သဘောထားလို့ လိင်ဆက်ဆံချိန်မှာ ကွန်ဒုံး မသုံးဖြစ်တာ များတယ်။ သုံးတဲ့ အချိန်ကလည်း ကြေးစား လိင်အလုပ်သမ မိန်းကလေးတွေနဲ့ နေတဲ့အချိန်ပဲ။ လေ့လာရသလောက် ချစ်သူတွေ၊ သမီး ရည်းစားတွေ ကြားထဲမှာ ကွန်ဒုံးမသုံးကြဘူး။ အဲဒါနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အမြင်တွေ ရှိတာကို ဘယ်လိုမှ မတားဆီး နိုင်သေးဘူး” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ တခြား အိမ်နီးချင်းနိုင်ငံတွေ ကွာခြားတာကတော့ မူလတန်းကျောင်းသား ကျောင်းသူ အရွယ်ကတည်းက လိင် ပညာပေး သင်ခန်းစာတွေကို အစိုးရကျောင်းတွေမှာ သေသေချာချာ သင်ကြားပေးတာပါ။ မြန်မာပြည်က အစိုးရကျောင်း တွေကတော့ ယဉ်ကျေးမှုဆိုတဲ့ တံတိုင်းနဲ့ ဘောင်ခတ်ထားပြီး ဒီလို သင်ခန်းစာတွေကို ရှက်စရာလို့ မြင်နေသေးတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ဒီနေ့လို ချစ်သူများနေ့မှာ ဟိုတယ်တွေ၊ ကလပ်တွေမှာ ကွန်ဒုံး အခမဲ့ဝေတဲ့ ဓလေ့မျိုး ရှိပါတယ်။

အမျိုးသမီး သတင်းထောက်တဦးက “အိမ်ထောင်ကွဲတွေကို တွေ့ရတာ များလို့လားတော့ မသိဘူး။ ယူလိုက်ပြီးမှ အဆင် မပြေတာထက် အတူနေရင်း လေ့လာ စေချင်တယ်။ တကယ်ချစ်တဲ့သူ ဆိုရင်တော့ အစဉ်အလာတွေ မထိန်းသိမ်းချင်ဘူး။ ကိုယ့်မှာလည်း လွတ်လပ်ခွင့် ရှိတယ်လေ။ အပျိုစင် မဟုတ်တော့ပေမယ့်လည်း ကိုယ့်ကို ချစ်တဲ့၊ ကြိုက်တဲ့ ယောက်ျားက ယူလိမ့်မယ်” လို့ ပြောပါတယ်။

ဒီလို ချစ်သူစုံတွဲတွေ လက်မထပ်ခင် အတူတူနေတာနဲ့ ပတ်သက်ပြီး ဘာသာစကား သင်တန်းကျောင်း တကျောင်းမှာ အင်္ဂလိပ်စာ သင်ကြားနေတဲ့ မကေဇင်သွယ်က “တရားဝင် လက်ထပ်ထားတာ မဟုတ်သေးတဲ့ အတွက် အဲဒီလို နေလိုက်ပြီးလို့ မယူဖြစ်ကြတော့ရင် ယောက်ျားလေးက ဘာမှမဖြစ်ဘူး။ မိန်းကလေးပဲ နစ်နာမှာလေ။ မယူခင် အဲဒီ အခွင့်အရေးကို ယောက်ျားလေးတွေကို မပေးသင့်ဘူး။ မြန်မာ့ ယဉ်ကျေးမှုနဲ့ ကြည့်ပြီး ပြောရရင်လည်း မကိုက်ညီဘူး” လို့ ပြောပါတယ်။

မြန်မာပြည်မှာ HIV/ AIDS ရောဂါနဲ့ ပတ်သက်လို့ ပညာပေးနေတဲ့ NGO အဖွဲ့အစည်း PSI ရဲ့ ဆက်သွယ်ရေး အရာရှိ တဦးဖြစ်သလို၊ ကျန်းမာရေး အသိပညာပေး စာပေတွေ ရေးသားနေတဲ့ စာရေးဆရာမ မြနှောင်းညိုက အချိန်မတိုင်ခင် သိပ်နုနယ်တဲ့ အရွယ်မှာ လိင်ဆက်ဆံတာကို မလုပ်စေချင်ပါဘူးလို့ ဆိုပါတယ်။

“လက်မထပ်ခင် အတူနေတဲ့ အလေ့အထကို ခေတ်နဲ့လျော်ညီတဲ့ အကြံပေးရရင် မယူနိုင်သေးဘဲ တအိမ်တည်းမှာ အတူတူနေ ကြတဲ့ အခိုက်အတန့် တယောက်နဲ့တယောက် သစ္စာ ရှိစေချင်တယ်။ ကွဲသွားကြလို့ မယူဖြစ်ရင် HIV စစ်ပေါ့” လို့ ဆရာမ မြနှောင်းညိုက ဆက်ပြောပါတယ်။

ဒီအချိန်မှာတော့ မော်လမြိုင်မြို့ပေါ်က အင်တာနက်ဆိုင် တဆိုင်မှာ လွန်ခဲ့တဲ့ ၅ ရက်လောက် ကတည်းက ချစ်သူနဲ့ တွေ့ဆုံ စကားပြောနိုင်ဖို့ အတွက် စက်တလုံး ချန်ထားပေးဖို့ တောင်းဆိုထားတဲ့ အသက် ၂၀ အရွယ် မနှင်းအိကတော့ သူ ချိန်းဆို ထားတဲ့ နာရီအတိုင်း အရောက်သွားနိုင်ဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။

“လက်ဆောင် ကိုယ်တိုင်ကိုယ်ကျ မပေးရပေမယ့် အင်တာနက်ကနေ ဒီမတိုင်ခင်ကတည်းက ကြိုရှာထားတဲ့ Valentine ကတ် ကို ဒီနေ့ ပို့ပေးလိုက်တယ်။ ဖုန်းပြောချင်ပေမယ့် အိမ်ကို တိုက်ရိုက်ခေါ်ဖို့ ဖုန်းက အဆင်မပြောတော့ ဂျီတော့ခ် ကနေပဲ ပြောရ တာပေါ့။ ဒီနေ့ အတွက် အမှတ်တရက သူများတွေလို အကောင်အထည်ပြလို့ မရတဲ့ ချစ်စကားတွေပဲ ရှိတယ်လို့” သူက ဆိုပါတယ်။

ချစ်သူသာ အနားမှာ ရှိမယ်ဆိုရင် အတူတူလျှောက်လည်ပြီး တနေရာရာ သွားဖို့ စီစဉ်မယ်၊ သူကြိုက်တဲ့ ပန်းကို အဲဒီနေ့မှာ ပေးဖို့ တောင်းဆိုမယ်လို့ မနှင်းအိက ဆက်ပြောပါတယ်။

နိုင်ငံ တ၀န်းလုံး ကျင်းပနေတဲ့ ချစ်သူများနေ့ဟာ အနောက် နိုင်ငံတွေမှာ ဓလေ့တခုလို ဖြစ်နေပေမယ့် ကူးစက်ခံ အရှေ့တိုင်း နိုင်ငံတွေ မှာကတော့ ချစ်သူများနေ့ကို ပိုပြီး အမှတ်တရ ဖြစ်အောင် ဖန်တီး ကြတာ တွေ့လာရပါတယ်။

ရောမ ခေတ်က ချစ်သူ ၂ ဦးကို တိတ်တဆိတ် ထိမ်းမြားပေးခဲ့တာကြောင့် သေဒဏ်ပေးခံရတဲ့ ဘုန်းတော်ကြီး St. Valentine ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကို ချစ်သူများနေ့လို့ သတ်မှတ်ခဲ့ကြပါတယ်။

ဒီ အနောက်တိုင်း ယဉ်ကျေးမှုက မြန်မာ လူငယ်တွေရဲ့ ယဉ်ကျေးမှုကို စတင် ဖျက်ဆီးနေပြီလား ဆိုတာကတော့ စဉ်းစား စရာပါ။     ။

Irrawaddy

မိန်းမ အစစ်များ မဟုတ်သဖြင့် အီရန် အမျိုးသမီး လက်ရွေးစင် အသင်းမှ ဘောလုံးသမား လေးဦး အမျိုးသမီး အသင်း၌ ကစားခွင့် ပိတ်ပင်ခံရ


Tuesday, February 11, 2014

အီရန် အမျိုးသမီး လက်ရွေးစင် ဘောလုံး အသင်းမှ ဘောလုံးသမား လေးဦး သည် မိန်းမ အစစ်များ မဟုတ်သဖြင့် အမျိုးသမီး လက်ေ၇ွးစင် အသင်း၌ ကစားရန် ပိတ်ပင်ခြင်း ခံလိုက်ရကြောင်း သိရသည် ။ ပြည်သူ့ အစ္စလမ်မစ် အဖွဲ့ မှ စစ်ဆေးစဉ် အမျိုးသမီး လက်ရွေးစင် အသင်း၌ ထိုကဲ့သို့  မူလ မိန်းမ အစစ် မဟုတ်သူများ ကို စစ်ဆေးတွေ့ ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်း ၄ ဦး အဖွဲ့ တွင် ယောင်္ကျား လိင် ( မိန်းမလျာ ) အဖြစ်မှ ခွဲစစ်ပြုပြင်ထားသူ များနင့် မိန်းမလျာ ( မခွဲစစ်ရသေးသူများ ) လည်း ပါဝင် နေကြောင်း သိရသည် ။

အီရန် ပြည်သူ့ အစ္စလန်မစ် သမ္မတ နိုင်ငံသည် လိင်တူချင်း ထိန်းမြားလက်ထပ် ခြင်း ကို တရာဝင်ခွင့်ပြူ ထားသော်လည်း ယခုကဲ့သို့  အမျိုးသမီး လက်ေ၇ွးစင်အသင်း ၌် မခွဲစစ်ရသေးသည့် မိန်းမ အစစ် မဟုတ်သူများ ပါဝင် နေခြင်းကြောင့် မလိုလားအပ်သည့် ပြဿနာ များ ဖြစ်ပေါ်မလာစေရန် ယခုကဲ့သို့  ပိတ်ပင်တားဆီးလိုက် ခြင်း ဖြစ်ကြောင်း သိရသည် ။ သို့ သော်လည်း အီရန် ဘောလုံး အဖွဲ့ ချုပ်က ၄င်းတို့ အား မိန်းမ အဖြစ်သို့  ခွဲစစ် မှု ပြီးစီး သွားပါက အမျိုးသမီး လက်ရွေးစင် ဘောလုံး အသင်းသို့  ပြန်လာရန် ခွင့်ပြုလိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အီရန် ဘောလုံး အဖွဲ့ ချုပ်သည် နိုင်ငံ အတွင်းရှိ အမျိုးသမီး ဘောလုံး သမား များ အားလုံးအား ၄င်း တို့ ကလပ်များဖြင့် လွတ်လပ်စွာ စာချုပ် ချုပ်ဆိုနိုင်ရန် လိင် (အမျိုးအစား ) မှန်ကန်မှု ရှိမရှိ စစ်ဆေးခဲ့သည်။ အကျိုးဆက် ရလဒ် အဖြစ် အမျိုးသမီး အစစ်ဟု မသတ်မှတ်နိုင်သေးတဲ့ သူ ( သို့ မဟုတ် ) မိန်းမ ဟော်မုန်း အမှန်တကယ် ရှိနေသော်လည်း ယောင်္ကျား အင်္ဂါများ အား ခွဲစိပ် မှု မပြုပြင်ရသေးသည့် သူ ၇ ဦးအား အမျိုးသမီး အသင်း၌် ကစားရန် ပိတ်ပင်ခြင်း ခံလိုက်ရသည် ။ အကြောင်းမှာ မ စိတ် မဟော်မုန်း အမှန်တကယ် ရှိနေသော်လည်း မူလ ယောင်္ကျား အင်္ဂါ များအား မခွဲစိပ် မပြုပြင်ရသေးသည့် သူများ ယောင်္ကျား မိန်းမ အင်္ဂါ ဓါတ် နစ်ခု ရောယှက် နေသးသည့် သူများအား ယောင်္ကျား အဖြစ် အီရန်ဘောလုံး အဖွဲ့ ချုပ်မှ သတ်မှတ် သဖြင့် ယခုကဲ့သို့  ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြ သွားသည်။

အီရန် ဘောလုံးအဖွဲ့ ချုပ် ဆေးဘက်ဆိုင်ရာ အကြီးအကဲ အာမဒ် ဟက်စီမိန်း က ၄င်းပြဿနာ များအား The Sun သတင်းစာ သို့  ပြောကြားခဲ့ရာတွင် ...

" သူတို့  ( ပိတ်ပင်ခံလိုက်ရသည့် ဘောလုံးသမား များ ) အနေနင့် ခုလက်ရှိ ကြုံတွေ့ နေရတဲ့ အခက်ခဲတွေကို လွယ်ကူစွာ ဖြေရှင်းနိုင်ပါတယ် ။ သူတို့ ရဲ့  အပြီးပြတ်သေးတဲ့ အင်္ဂါပိုင်းဆိုင်ရာ ခွဲစိပ် ကုသမှု ကို ပြီးပြတ်အောင် ဆောင်ရွက် ဖို့ နင့် လိင် အမျိုးစား ပြောင်းလဲမှု ကို ဆေးအဖွဲ့ ဆီမှာ သေချာတိကျတဲ့ စစ်ဆေးမှု ကို အပြည့်ဝ ခံယူပြီး ရင် သူတို့ ကို အမျိုးသမီး ဘောလုံး အသင်းဆီ ကို ပြန်လာဖို့  ခွင့်ပြုပေးမှာ ဖြစ်ပါတယ် " ဟု ပြောကြားသွားခဲ့ကြောင်း သိရသည်။

Written by ၀ိုင်း ( ကျိန်းရိပ် )
FOOTBALL CAFE

၁၅ ကြိမ်ခန့် ရုံးထုတ်ခံရပြီး RNDP မြို့နယ်ဥက္ကဋ္ဌ အပါဝင် ၁၁ဦး ပြန်လည်လွတ်မြောက်

သံတွဲပဋိပက္ခအတွင် နေအိမ်မီးရှို့မှုများ 

ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် စပ်လျဉ်း၍ တရားစွဲဆို စစ်ဆေးခံရသူ သံတွဲမြို့နယ် RNDP ဥက္ကဋ္ဌ ဦးမောင်ပုနှင့် အမျိုးဘာသာ စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များကို အမှုစီရင်ချက်ချရာတွင် စစ်ဆေးပေါ်ပေါက်ခြင်း မရှိသဖြင့် တရားရုံးက တရားသေ ပြန်လွှတ်လိုက်သည်ဟု ကာယကံရှင်များက ဖေဖော်ဝါရီ ၁၁ရက်တွင် မဇ္ဈိမကိုပြောသည်။

သံတွဲမြို့တွင် ရခိုင်အမျိုးသားတစ်ဦးနှင့် အစ္စလာမ် ဘာသာဝင်တစ်ဦး အချင်းများရာက နေအိမ်မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ ဥက္ကဋ္ဌ ဦးမောင်ပုအပါအဝင်၊ အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့ဝင်အချို့ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ထိုသို့ဖမ်းဆီးခဲ့ပြီး သံတွဲထောင်နှင့် ကျောက်ဖြူထောင်တို့တွင် ပြောင်းလဲစစ်ဆေးခဲ့သည်။

"၁၅ကြိမ်လောက် ရုံးထုတ်စစ်ဆေးပြီး အပြစ်တစ်စုံတစ်ရာ မရှိပါဘူးလို့ တရားသူကြီးက ဆုံးဖြတ်ပြီး ပြန်လွှတ်လိုက်တာဖြစ်ပါတယ်”ဟု သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးမောင်ပုက မဇ္ဈိမကိုပြောသည်။

အောက်တိုဘာ ၁၇ရက်တွင် ကျောက်ဖြူထောင်မှ သံတွဲထောင်သို့ပြန်လည် လွဲပြောင်းခဲ့ပြီး သံတွဲထောင်တွင် ၂ လကျော်ကြာ စစ်ဆေးခဲ့ခံရသည်။ ဒီဇင်ဘာ ၃ ရက်တွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီး အမှုကို ဆက်လက်ရင်ဆိုင်နေရခြင်း ဖြစ်ကာ ဖေဖော်ဝါရီ ၁၁ရက်တွင် တရားရုံး တရားသေဖြင့် ပြန်လည်လွှတ်ပေးခြင်း ဖြစ်သည်။

“မှားယွင်းဖမ်းဆီးတဲ့အပေါ်ကိုတော့ တုံ့ပြန်ဖို့မရှိပါဘူး၊ မကြာခင်မှာ ၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ ဝှိုက်ကဒ်(White Card) ကိုင်ဆောင်တဲ့ကိစ္စကို ဆန္ဒထုတ်ဖော်သွားဖို့ရှိပါတယ်”ဟု ပြန်လည်လွတ်မြောက်လာသူ အမျိုးဘာသာ သနာစောင့်ရှောက်ရေး အတွင်းရေးမှူး ဦးထွန်းသန့်ကျော်က ဆိုသည်။

အဆိုပါ လွတ်မြောက်လာသူများသည် ပုဒ်မ ၅၀၅ (ဂ) နှင့် ပုဒ်မဖြစ်သည့် ၃၃၂/ ၂၀၁၃ ပြစ်မပုဒ်မ ၁၈၆ တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး ပုဒ်မ ၅၀၅ (ဂ)မှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ကင်းလွတ်ခဲ့ပြီး ကျန်ရှိနေသေးသည့် အမှုတွဲကို စစ်ဆေးပြီးနောက် လွတ်မြောက်လာခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ခဲ့သည့်သံတွဲပဋိပက္ခတွင် နှစ်ဖက်အဖွဲ့အစည်းမှ လူခုနစ်ဦး သေဆုံးခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၁၂ စု မီးလောင်ခဲ့ကာ လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။
လက်ရှိတွင် သံတွဲမြို့ ပဋိပက္ခဖြစ်စဉ် နှင့်စပ်လျဉ်း၍ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပြီး ဒီဇင်ဘာ ၃၀ ရက်တွက် သုံးနာရီလျှော့ချခဲ့သည်။

ကေဇူး
Mizzima - News in Burmese

ဒုချီးရားတန်းတွင် ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးမှုမှလွဲ၍ အခြားသေဆုံးမှုမတွေ့ရဟု လူ့အခွင့်အရေးကော်မရှင်ပြော


ဒုချီးရားတန်းကျေးရွာသို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများ ဇန်န၀ါရီ နောက်ဆုံးပတ်အတွင်းက သွားရောက်ခဲ့စဉ် ဓာတ်ပုံ - Hmuu Zaw Facebook

  ဒုချီးရားတန်းကျေးရွာအုပ်စုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါ်ထွက်ခဲ့သော သတင်းများကို မြေပြင်တွင် သွားရောက်စုံစမ်းစစ်ဆေးရာ၌ တပ်ကြပ်ကြီးသေဆုံးမှုမှလွဲ၍ အခြားသော လူသေမှုများနှင့် ဒဏ်ရာရသည်ဆိုသော သတင်းများမှာ သက်သေပြနိုင်သည့် အချက်အလက်များ မတွေ့ ခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သတင်းရရှိသည်။

““လူဘယ်နှယောက်  အသတ်ခံရတယ်။ ဘယ်နှစ်ဦး ဒဏ်ရာရတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့အတွက် ကျွန်တော်တို့ မြေပြင်မှာ သွားရောက်စုံစမ်းတဲ့အခါမှာ ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးမှုကလွဲရင် ကျန်တာတွေက သက်သေပြနိုင်တဲ့အချက်အလက်တွေ မတွေ့ရဘူး။ အသတ်ခံရတဲ့သူတွေကို သင်္ချိုင်းမှာ မြှုပ်ထားတယ်လို့ ပြောပေမယ့် သွားကြည့်တော့လည်း မတွေ့ရဘူး””ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်ကပြောသည်။

ယခုလ ၁၃ ရက်တွင် ဒုချီးရာတန်း ကျေးရွာရှိ ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အခြားသောပြဿနာအချို့ ပေါ်ပေါက်လာခဲ့ပြီး လူရှစ်ဦး အသတ်ခံရခြင်း၊ လူ ၄၀ အသတ်ခံရခြင်းနှင့် ထိခိုက်ဒဏ်ရာရသူဦးရေ ၂၂ ဦး ရှိနေခြင်း စသည့် သတင်းအမျိုးမျိုးထွက်ပေါ်နေသည့်အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဖြစ်စဉ်ကို အမှန်အတိုင်းသိရှိနိုင်ရန် အဆိုပါဒေသတွင် သုံးရက်ကြာ သွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီး မြေပြင်တွင် ကြုံတွေ့နေသည့် အခြေအနေများကို မှတ်တမ်းများရယူခဲ့သည်။

““နယ်စည်းမခြားဆရာဝန်များအသင်းက သူတို့ဆီမှာ ဒဏ်ရာရထားတဲ့ လူနာ ၂၂  ဦး ရှိတယ်လို့ ပြောတယ်။ လူနာက ဘယ်မှာလဲလို့မေးတော့ မပြောတဲ့အတွက် မတွေ့ခဲ့ရဘူး။ သူတို့ပြောတာ ဟုတ်၊ မဟုတ် မသိသေးဘူး။ ပြဿနာဖြစ်ခဲ့တဲ့ ကျေးရွာတွေမှာလည်း အမျိုးသမီးတွေပဲရှိတယ်။ အမျိုးသားတွေကို မတွေ့ခဲ့ရဘူး””ဟု ဒေါက်တာဉာဏ်ဇော်က ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဒုချီးရားတန်းကျေးရွာသို့  သွားရောက်၍ စုံစမ်းစစ်ဆေးခဲ့သည့်ကိစ္စများနှင့် စပ်လျဉ်း၍ မြေပြင်တွင်  ၎င်းတို့တွေ့ရှိခဲ့ပြီး မှတ်တမ်းတင်ခဲ့သည်တို့ကို မကြာမီရက်ပိုင်းအတွင်း သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် အဆိုပါကိစ္စများနှင့် စပ်လျဉ်း၍ ဖြစ်စဉ်ကို စုံစမ်းနိုင်ရန် နိုင်ငံတော်အစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းထားပြီး အဆိုပါကော်မတီအနေဖြင့် ဒူချီးရားတန်းကျေးရွာတွင် ကြုံတွေ့ခဲ့သည့်ကိစ္စများကို စုံစမ်းစစ်ဆေးပြီး ယခုလ ၂၈ ရက်တွင် နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားမည်ဖြစ်သည်။

7day Daily

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရန် မေခ၊ မလိခ အထိ ရက်ရှည်လမ်းလျှောက်မည်


ဧရာဝတီမြစ်ကြီး မပျက်စီးအောင် ထိန်းသိမ်းတဲ့အနေနဲ့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအင်အားစုကော်မတီက ဦးစီးပြီး မေခ မလိခအထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်မယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်အစိုးရလက်ထက်တုန်းက သဘောတူညီချက်နဲ့ အကောင်အထည်ဖော်နေတဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို အများပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် လက်ရှိသမ္မတ ဦးသိန်းစိန်က သူ့အစိုးရသက်တမ်းကာလမှာ ရပ်ဆိုင်းထားတာပါ။

အခုဆန္ဒပြလမ်းလျှောက်ကြမယ့်သူတွေက အစိုးရသက်တမ်းတခုအတွင်းမှာ ရပ်ဆိုင်းထားတာမျိုး မဟုတ်ဘဲ အပြီးအပိုင်ရပ်ဆိုင်းဖို့ မိုင်ပေါင်း ၂၃၀၀ ကျော်ထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ကြမှာပါ။

ဦးစီးဆောင်ရွက်မယ့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုကော်မတီက ရန်ကုန်ကနေ မေခ မလိခ မြစ်ဆုံအထိ သွားကြမယ့် ဒီခရီးရှည်ချီတက်ပွဲဟာ ဧရာဝတီမြစ်ကြီး အဓွန့်ရှည် တည်ရှိရေးအတွက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုတာလို့ ပြောပါတယ်။

စတင်လမ်းလျှောက်မယ့်နေ့ကို မတ်လ ၁ ရက်နေ့ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ ရန်ကုန်-မန္တလေး-မြစ်ဆုံအထိ ဧရာဝတီမြစ်ရိုးတလျှောက် ခြေလျင်လမ်းလျှောက်ကြမှာပါ။

ဖြတ်သန်းတဲ့လမ်းတလျှောက်မှာလည်း မြို့ရွာတွေမှာ မြစ်ဆုံနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေကို ဟောပြောသွားမှာ ဖြစ်ပြီး မြစ်ဆုံကျောက်တိုင်ကိုလည်း စိုက်ထူသွားကြမယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအင်းအားစုကော်မတီဝင် ကိုရဲထွဋ်ခေါင်က ပြောပါတယ်။

Myint Sone 4 copyလမ်းလျှောက်ဆန္ဒထုတ်ဖော်ဖို့အတွက် ခွင့်ပြုချက် တောင်းခံသွားမှာ မဟုတ်ပေမယ့် သူတို့လျှောက်မယ့် လမ်းတလျှောက်ကိုတော့ ရဲချုပ်ကိုတင်ပြသွားမယ်လို့ ပါတယ်။

ဒီလိုလမ်းလျှောက်ခြင်းအားဖြင့် မြစ်ဆုံစီမံကိန်းကို မြန်မာတွေ က ဘယ်လောက်ထိ ဖျက်သိမ်းစေချင်သလဲဆိုတာ ကမ္ဘာကရော၊ တရုတ်ကုမ္ပဏီတွေဘက်ကပါ ပိုမိုအာရုံစိုက်လာနိုင်မယ်လို့ ဆိုပါတယ်။

ဒီလိုဆန္ဒထုတ်ဖော်လို့ စီမံကိန်းမရပ်ဆိုင်းသေးဘူးဆိုရင်လည်း ရက်ဆိုင်းတဲ့အထိ နည်းမျိုးစုံနဲ့ အားထုတ်သွားမယ်လို့ ဆိုပါတယ်။ သူတို့ခရီးစဉ်အတွက် လိုအပ်မယ့် ဆေးဝါးအပါအ၀င် အကူအညီအထောက်ပံ့ပေးကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံထားပါတယ်။

မြစ်ဆုံစီမံကိန်းကို ဆောက်လုပ်တဲ့ တရုတ်ကုမ္ပဏီဘက်ကတော့ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်လိုတဲ့အကြောင်းကို မြန်မာနိုင်ငံကနေ သွားရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကို အခါအခွင့်သင့်တိုင်း ပြောဆိုနေပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ မြစ်ဆုံစီမံကိန်းကို သူ့အစိုးရ လက်ထက်မှာ ရပ်ဆိုင်းထားမယ်ဆိုပြီးတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာမှာ ကြေညာခဲ့တာပါ။

အသံဖိုင်နားဆင်ရန်




DVB Burmese

ရံပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ရာတွင် ပြည်သူထံမှမထည့်မနေရငွေထပ်မံကောက်ပါက လွှတ်တော်သိက္ခာကျနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


စိုးထွဋ်မြတ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

ဒေသဖွံ့ ဖြိုးရေးရန်ပုံငွေဖြင့် ဖွံ့ ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်သူလူထုထံမှ မထည့်မနေရ ငွေကြေးထပ်မံကောက်ခံမူများ ရှိလာပါကလွတ်တော်အတွက် သိက္ခာကျလာနိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“လုပ်ငန်းတစ်ခုကို သိန်း(၅၀)ထပ်ပိုပြီးတော့ မသုံးရဘူး။သိန်း(၅၀)ထပ်ပိုပြီး လိုလို့ ရှိရင် လုပ်ချင်တယ်ဆိုလို့ ရှိရင် ထည့်ကြလို့ ဆိုတဲ့ ပုံစံကတော့ ကိုယ့်သဘောပေါ့။ဒါပေမယ့် မထည့်မနေရ ဆိုတာကတော့ မဟုတ်သေးဘူး။ ရပ်ကွက်က ပြည်သူတွေက လူသွားလမ်းကို ကားသွားလမ်းလဲ ဖြစ်စေချင်လို့ လိုလိုလားလားနဲ့ အလူငွေထည့်တယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်။ဒါပေမယ့် မထည့်မနေရပုံစံမျိုးဆိုတာတော့ မဖြစ်သင့်ဘူး။" ပြည်သူ့ လွတ်တော် တရားဥပဒေစိုးမိုးရေးနင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဖေဖော်ဝါရီ(၁၁)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင်အဖွဲ့ ချုပ်အဖွဲ့ ဝင်များနင့် တွေ့ ဆုံရာတွင် ပြောသည်။

ထို့အပြင် ဖွံ့ ဖြိုးရေးရန်ပုံငွေသည် လွတ်တော်က ချပေးသည့် ရန်ပုံငွေဖြစ်ပြီး ပြည်သူများ နစ်နာမှုရှိလျှင် လွတ်တော်အတွက် သိက္ခာကျစရာ ဖြစ်လာနိုင်၍ သေသေချာချာ တင်ပြ၊ အစီရင်ခံစာတင်ပြီး ဆောင်ရွက်သင့်ကြောင်း၎င်းက ဆက်ပြောသည်။

"အထူးသဖြင့် မထည့်မနေရ လုပ်တာတွေ လုံးဝမဖြစ်သင့်ဘူး။” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဒေသဖွံ့ဖြိုးရေးရံပုံငွေအဖြစ် လွှတ်တော်မှ မြို့နယ် ၃၃၀ အတွက် ကျပ်သိန်းတစ်ထောင်စီ စုစုပေါင်း ကျပ် ၃၃ ဘီလီယံကို ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ပေးအပ်ခဲ့သည်။

Popular Myanmar News Journal

မလေးရှားတွင် ရခိုင်ခေါင်းဆောင်များကိုလုပ်ကြံသူသည် မြန်မာစကားပြောပြီး မြန်မာပြည်မှဝင်ရောက်လာသော အကြမ်းဖက်အုပ်စုသာဖြစ်


[ မင်းအောင်ခိုင် ၊ ရန်ကုန် ]

ရခိုင်တိုင်းရင်း သားခေါင်းဆောင်များကို သေနတ်နှင့် ပစ် ခတ်လုပ်ကြံမှုကြီးတစ်ခု မလေးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့ခြင်းတွင် လုပ်ကြံသူများသည် မြန်မာ စကားပြောပြီး မြန်မာနိုင်ငံမှ ၀င်ရောက်လာ သော အကြမ်းဖက်သမားများဖြစ်ကြောင်း လုပ်ကြံခံရသူများက ပြောသည်။

မလေးရှားနိုင်ငံမှ လုပ်ကြံခံရကာ အသက်မသေဘဲ မိမိတို့နိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော အဆိုပါ ရခိုင်တိုင်းရင်း သားခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၁ နာရီအချိန်တွင် ရန်ကုန် မြို့ ရခိုင်ဓမ္မာရုံ၌ အဆိုပါဖြစ်စဉ်နှင့်ပတ် သက်ပြီး အထက်ပါအတိုင်း သတင်းစာရှင်း လင်းပွဲပြုလုပ်ကာ ပြောကြားခဲ့ခြင်းဖြစ်သည်။

““ပစ်တာကတော့ သုံးချက်တိတိ လိုက်ပစ်တယ်။ ဆိုင်ကယ်နဲ့ ရှေ့ကလူက မောင်းပြီး နောက်ကလူက သေနတ်ပစ်တာ။ “ပစ်” “ပစ်”ဆိုပြီး အော်ပြောသံကို ကြားလိုက် တယ်။ ဗမာစကားမပီဘူး၊၊ မုတ်ဆိတ်မွှေး ရှည်ရှည်နဲ့”ဟု လုပ်ကြံမှုကိုခံခဲ့ရသူ ဦးလှ မြင့်က ဆိုသည်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင် များဖြစ်ကြသော ဦးအေးသာအောင်နှင့်ဒေါက်တာအေးမောင်တို့ ဦးဆောင်သော အဖွဲ့ဝင် ခြောက်ဦးသည် မလေးရှားနိုင်ငံ လုံးဆိုင်ရာ ရခိုင်လူမှုအဖွဲ့အစည်း၏ ဖိတ် ကြားချက်ဖြင့် ဇန်န၀ါရီ ၃၁ ရက်တွင် မလေး ရှားနိုင်ငံသို့ သွားရောက်ခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည် မိမိတို့ နိုင်ငံသားများအနေဖြင့် မည်သည့်နိုင်ငံ၊မည်သည့်နယ်နိမိတ်တွင် နေထိုင်စေကာမူ ထိုနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပ ဒေများကို
လေးစားလိုက်နာကြရန်နှင့် ၂၀၁၅ ခုနှစ်တွင်ဖြစ်လာမည့် ရခိုင်ပြည်နယ် အစိုး ရအဖွဲ့၏ ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် တတ် နိုင်သည့်ဘက်က ပူးပေါင်းပါဝင်လုပ်ဆောင် ကြရန်အတွက် သွားရောက်တွေ့ဆုံခြင်းဖြစ်
ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်က ဆိုသည်။

ယင်းသို့ မိမိတို့လူမျိုးများနှင့်တွေ့ ဆုံခဲ့ပြီး ခရီးစဉ် ၆ ရက်မြောက်နေ့ ဖေဖော် ၀ါရီ ၅ ရက် မလေးရှားနိုင်ငံ၏ ဒေသစံ တော်ချိန် ည၁၀နာရီအချိန်ခန့်တွင် ယင်းနိုင်ငံ ကွာလာလမ်ပူမြို့ လောယတ်လ် ဈေးဝယ် စင်တာမှဈေးဝယ်ပြီး၊ ကားနှစ်စီးဖြင့် ထွက် ခွာလာခဲ့ကြရာ လမ်းချိုးအကွေ့ တစ်ခုအ ရောက်တွင် ကားကိုချိုးလိုက်သည်နှင့် တစ် ပြိုက်နက် ဆိုင်ကယ်ပေါ်မှနေပြီး
ဒေါက်တာ အေးမောင်နှင့် ဦးအေးသာအောင်အပါအ၀င် ၅ ဦး စီးလာသောကားကို လုပ်ကြံကာ သေ နတ်နှင့်ပစ်ခတ်ခဲ့ကြောင်း၊

သေနတ်ကျည် သည် ကားမှန်ကို ထိုးဖောက်ရန်ရည်ရွယ် ၍ ပစ်ခတ်ခဲ့သော်လည်း ကား၏အကွေ့နှင့် ဆိုင်ကယ်ပေါ်မှနေပြီး ပစ်ခတ်ရသည့်အ တွက် ယင်းကျည်မှာ ကားမှန်အောက် ဘေး လိုင်နာကိုသာ ထိမှန်သွားခဲ့ကြောင်း၊ နောက် နှစ်ချက် ပစ်ခတ်ခဲ့သော်လည်း BMW ကား အမျိုးအစားဖြစ်သောကြောင့် ယင်း ကျည်နှစ်ချက်မှာလည်း ကားမှန်ကိုမဖောက် ဘဲ အောက်စိုက်ကာ ကားဘော်ဒီကို ထိုး ဖောက် ၀င်ရောက်သွားကြောင်း၊

ကျည်ဖူးစ တစ်ခုကို ကားပေါ်တွင် တွေ့ရှိရကြောင်း၊ ယင်းကျည်အမျိုးအစားကို ကြည့်ခြင်းအား ဖြင့် ၉ မမ ကျည်အမျိုးအစားတစ်ခုဟု မလေးရဲအဖွဲ့ကပြောကြောင်း လုပ်ကြံခံခဲ့ ရသူများက ပြောသည်။

““သေချာမပြောနိုင်တာကလွဲရင် အချက်အလက်အားလုံးကို ခြုံငုံသုံးသပ် လိုက်ရင် အစ္စလာမ္မစ် အကြမ်းဖက်ဝါဒီအဖွဲ့ ဆိုတာလောက်တော့ ပြောလို့ရတယ်””ဟု ဦးအေးသာအောင်က ပြောသည်။

Yangon Media Group

လဂွန်းအိမ်တံတားတွင် ယာဉ်တစ်စီး အရှိန်လွန်ကာ နေအိမ်အမိုးပေါ်သို့ကျ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

၁၁.၂.၂၀၁၄ ရက်နေ့၁၂၁၅ အချိန် တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းအတိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်ဘက်သို့ ယာဉ်မောင်း ကိုအဏ္ဏ၀ါစိုး (ဘ)ဦးသက်စိုး၊ တာမွေမြို့နယ်နေသူ မောင်းနှင်လာသော 2E/----ဟွန်ဒါဖစ် အနက်ရောင်ကိုယ်ပိုင်ယာဉ်သည် လဂွန်းအိမ်တံတား အရောက် အရှိန်လွန်ကာလမ်း၏ ယာဘက်သို့ရောက်ရှိပြီး တံတားအောက်သို့ ကျသွားခဲ့ပါသည်။

ယင်းသို့ ကျသွားခဲ့ရာတွင် တံတားအောက်ဖက် မီးရထားဝင်းလိုင်းရှိ ဦးခင်ဇော်၏ နေအိမ်ခေါင်မိုးပေါ်သို့ ရောက်ရှိသွားသဖြင့် သွပ်များပိန်ချိုင့် သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပွါးခဲ့သည့်အတွက် ယာဉ်မောင်း ကိုအဏ္ဏ၀ါစိုးအား တာမွေမြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပုဒ်မ၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မြစ်ကြီးနား – မန္တလေး ကုန်တင်မီးရထား လမ်းချော်တိမ်းမှောက်



မြစ်ကြီးနားမီးရထားဘူတာက ထွက်ခွာလာတဲ့ အမှတ် ၉၃၈ ကုန်တင်မီးရထားဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမီးရထားဘူတာနဲ့ နန့်စီးအောင် မီးရထားဘူတာကြားမှာ ဒီနေ့မနက် ၇ နာရီ ၅ မိနစ်အချိန်က ရထားတွဲချော် တိမ်းမှောက်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ မြစ်ကြီးနားကနေ မန္တလေးကို မောင်းနှင်လာတဲ့ စက်ခေါင်းအမှတ် DD 1118၊ စက်ခေါင်းမောင်း ဦးရဲသန်း၊ ရထားထိန်း ဦးလှမြင့်တို့ ဦးဆောင်မောင်းနှင်လာတဲ့ ကုန်တင်ရထားဟာ နန့်စီးအောင်ဘူတာကနေ ဒီနေ့မနက် ၆ နာရီ မိနစ် ၄၀ မှာ ထွက်ခွာလာရာ မိုင်တိုင်အမှတ် ၆၀၆/၂၃၊ ၆၀၆/၂၄ ကြားအရောက်မှာ သံလမ်းအဆက်နေရာအနီး မီးရထားသံလမ်း နှစ်ပေလောက် ပြတ်ထွက်ပြီး ရထားတွဲတွေ လမ်းချော် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ရထားတိမ်းမှောက်မှုကြောင့် ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ သိရပါတယ်။ မီးရထားလမ်းပိုင်း အမြန်ဆုံး ပြန်လည်ကောင်းမွန်ပြီး ပုံမှန်သွားလာနိုင်စေရေးအတွက် တာဝန်ရှိသူတွေ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

By ဒီဗွီဘီ
ဓာတ်ပုံ – ကိုခင်မောင်ဆွေ(မော်လူး)

တိုယိုတာ ကားထုတ်လုပ်မှု ၂၀၁၇ အတွင်း ရပ်ဆိုင်းမည်


မဲလ်ဘုန်း၊ ဖေဖော်ဝါရီ ၁၀

သြစတေးလျတွင် ကားထုတ်လုပ်မှု လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘော့က တောင်းဆိုခဲ့သော်လည်း တိုယိုတာကား ကုမ္ပဏီက သြစတြေးလျရှိ ကားထုတ်လုပ်မှု ကို ၂၀၁၇ တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

ဖို့ဒ်ကဲ့သို့သော နာမည်ကျော်ကား ကုမ္ပဏီများက သြစတြေးလျနိုင်ငံတွင် ကားထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် နောက်ဆုံး ကျန်ရှိသည့် တိုယိုတာ ကားကုမ္ပဏီကလည်း သြစတြေးလျတွင် ကားထုတ်လုပ်သည့် လုပ်ငန်းကို ၂၀၁၇ ခုနှစ် မတိုင်မီ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်သော တိုယိုတာ ကုမ္ပဏီသည် သြစတြေးလျတွင် ကားနှင့် အင်ဂျင် ထုတ်လုပ်နေမှုကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် မဲလ်ဘုန်းမြို့ ဆင်ခြေဖုန်း နေရာတွင်ရှိသော အယ်လ်တိုနာ ကားစက်ရုံတွင် အလုပ် လုပ်ကိုင်နေသူ လူပေါင်း ၃၉၀၀ ခန့်နှင့် တိုယိုတာ ကားဒီဇိုင်းနှင့် ပတ်သက်သော အလုပ်အကိုင် ၁၅၀ ခန့်မှာ အလုပ်အကိုင် ဆုံးရှုံးမှုနှင့် ကြုံတွေ့ရမည် ဖြစ်သည်။

သြစတြေးလျနိုင်ငံတွင် လုပ်ကိုင်နေသော အခြားသော ကမ္ဘာကျော် ကားကုမ္ပဏီကြီးများမှာ သြစတြေးလျမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် သြစတြေးလျတွင် ကားထုတ်လုပ်ရေးလုပ်ငန်း လုံးဝ ပြိုကျသွားမည်ကို ကာကွယ်ရန်အတွက် တစ်ခုတည်းသာ ကျန်တော့သည့် တိုယိုတာ ကားကုမ္ပဏီကို လုပ်ငန်း ဆက်လက် လည်ပတ်ရန် သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘော့က စည်းရုံးခဲ့ခြင်းလည်း ဖြစ်သည်။

“သြစတြေးလျ လုပ်ငန်း ဆက်လက် လုပ်သင့်တယ်လို့ ကျွန်တော်တို့ ယူဆခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတာ၊ သြစတြေးလျ ဒေါ်လာငွေ တန်ဖိုးကလည်း မာနေတာ စတဲ့ အနုတ် လက္ခဏာ ဆောင်တဲ့ အကြောင်း အချက်တွေကြောင့် အခုလို နာကျင် ခံစားရတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတာပါ” ဟု တိုယိုတာ ကားကုမ္ပဏီ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြစတြေးလျတွင် ကားထုတ်လုပ်ရေး လုပ်ငန်း လုပ်ဆောင်နေသော အမေရိကန် ကားကုမ္ပဏီများ ဖြစ်သည့် General Motors က ၎င်း၏ ကားထုတ်လုပ်မှုကို ၂၀၁၇ ခုနှစ်အတွင်း ရပ်ဆိုင်းမည်ဖြစ်ရာ အလုပ်အကိုင်၂၉၀၀ ဆုံးရှုံးမည် ဖြစ်သည်။

ထို့ပြင် နောက်ထပ် အမေရိကန်ကား ကုမ္ပဏီဖြစ်သော Ford ကားကုမ္ပဏီကလည်း သြစတြေးလျတွင် လုပ်ကိုင်နေသော ကားထုတ်လုပ်ရေး လုပ်ငန်းကို ၂၀၁၆ ခုနှစ်တွင် ရပ်ဆိုင်းမည်ဖြစ်ရာ အလုပ်အကိုင် ၁၂၀၀ ဆုံးရှုံးမည် ဖြစ်သည်။

နောက်ဆုံးအနေနှင့် တစ်ခုတည်းသာ ကျန်ရှိသည့် တိုယိုတာ ကားကုမ္ပဏီကလည်း သြစတြေးလျတွင် လုပ်ကိုင်နေသော ကားထုတ်လုပ်ရေး လုပ်ငန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ပြီးနောက် သြစတြေးလျတွင် ကားထုတ်လုပ်ရေးလုပ်ငန်း လုံးဝ ပြိုကျသွားမည် ဖြစ်သည်။

တိုယိုတာ ကားကုမ္ပဏီသည် သြစတြေးလျတွင် ၁၉၆၀ ပြည့်နှစ် အစောပိုင်းက စတင်၍ ကားထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့ပြီး ရောင်းအားကောင်းသော Camry ကားများနှင့် အခြားမော်ဒယ်လ် ကားများကို ထုတ်လုပ်နေဆဲပင် ဖြစ်သည်။
The Voice Weekly

ဒဏ်ခတ်ပိတ်ဆို့မှု ဆူးကြားက ဗူးခါး ခရိုနီများ


ခရိုနီ, ဒဏ်ခတ်ပိတ်ဆို့မှု, အမေရိကန်, ဦးတေဇ, စတီဗင်လော
ဦးတေဇ၊ ဦးထွန်းမြင့်နိုင်၊ ဦးဇော်ဇော် (သရုပ်ဖော်ပုံများ – စိုင်းစိုးကြည် / ဧရာဝတီ)

မြန်မာနိုင်ငံ ပွင့်လင်းလာမှုနဲ့အတူ အသွင်ကူးပြောင်းရေးကာလ စစ်အစိုးရလက်ထက်က ကြီးပွားချမ်းသာခဲ့တဲ့ ခရိုနီတွေလည်း အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းထဲကနေလွတ်မြောက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေ ကြပါတယ်။

ခရိုနီတွေ ကြီးပွားချမ်းသာခဲ့တဲ့ နည်းလမ်းတွေပေါ်မူတည်ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အထူးသတိထား စောင့်ကြည့်ရမည့်သူများ (SDN) စာရင်း ကနေ လွတ်မြောက်နိုင်ဖွယ်ရှိသူတွေ ရှိပေမယ့် တချို့ကတော့ လွတ်မြောက်ဖို့ လမ်းမမြင်ပါဘူး။

အမေရိကန်အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေပယ်ဖျက်ရေးမှာ ထည့်သွင်း စဉ်းစားတဲ့အချက်တွေ ရှိပါတယ်။ အဓိကကတော့ အဓမ္မ သိမ်းဆည်းထားတဲ့ မြေ တွေပြန်ပေးရေး၊ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များမှာ တတပ်တအား  ပါဝင်ခြင်းနဲ့ လူမှုရေးလုပ်ငန်းတွေမှာ စိတ်ရောကိုယ်ပါ လုပ်ဆောင်ရေးတို့ ဖြစ်ပါတယ်။

ဒါပေမယ့် ခရိုနီတွေ အနေနဲ့ပိတ်ဆို့   အရေးယူမှု စာရင်းကနေလွတ် မြောက်နိုင်ဖွယ်မရှိတဲ့ အနေအထားမျိုးလည်း ကြုံရဖို့ရှိပါတယ်။ စစ် အစိုးရလက်ထက်မှာ လက်နက်မှောင်ခိုလုပ်မှု၊ မူးယစ်ဆေးဝါးရောင်း ဝယ်မှုနဲ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့ အစီအစဉ် မရှိသူတွေကတော့ လွတ်မြောက်စရာ လမ်းမမြင်ပါဘူး။ စစ်အစိုးရ လက်ထက်မှာ လက်နက်ရောင်းဝယ်မှုတွေထဲ ပါဝင်ပတ်သက်တယ် လို့ စွပ်စွဲခံထားရတဲ့ ဦးတေဇ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့ ပတ်သက်ပြီး ငွေမည်းတွေကို ငွေဖြူလုပ်ခဲ့တဲ့ Asia World ကုမ္ပဏီ ပိုင်ရှင် ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင်လောတို့ဟာ အဲဒီသတ်မှတ် ချက်တွေထဲ ငြိနေနိုင်ပါတယ်။

ဘိန်းဘုရင် လော်စစ်ဟန်ရဲ့သား ဦးထွန်းမြင့်နိုင်က စစ်အစိုးရ လက်ထက်မှာ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးရဲ့ အရှိန်အဝါနဲ့ စစ်ဘက်၊ အရပ်ဘက် စီးပွားရေးလုပ်ငန်းများမှာ အခွင့်အရေးရယူခဲ့သူဖြစ် ပါတယ်။ တရုတ်နဲ့ စစ်အစိုးရ ဆက်ဆံရေးမှာကြားခံဖြစ်ခဲ့ပြီး သစ်လုပ်ငန်း၊ ဆောက် လုပ်ရေး လုပ်ငန်းတွေကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ မန္တလေးလေဆိပ်တွေ ရဲ့ Ground Handling လို့ခေါ်တဲ့ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းတွေအထိ လက်ဝါးကြီး အုပ်နိုင်ခဲ့ ပါတယ်။ ပိတ်ဆို့အရေးယူမှုစာရင်းက လွတ်မြောက်ရေးမှာ ပတ္တမြားနဲ့ ကျောက်စိမ်း ကုန်သွယ်မှုတွေမှာ ဆက်နွှယ်နေသူတွေလည်း ကင်းလွတ်ခွင့်ရဖို့ မမြင်ပါ။ အမေရိကန် အစိုးရက မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာတွေ တင်သွင်းမှု တားမြစ်ချက်ကို ယမန်နှစ် ဇူလိုင်လ အတွင်းကထပ်ပြီး သက်တမ်းတိုးခဲ့ပါ တယ်။

အမေရိကန် အစိုးရ အနေနဲ့ လည်း မြန်မာနိုင်ငံ ပြန်လည်ထူ ထောင်ချိန်မှာအကူအညီပေးနိုင် ဖွယ်ရှိတဲ့အလားအလာရှိတဲ့ခရိုနီ တချို့ကို စောင့်ကြည့်နေပါတယ်။ ဒါကြောင့်လည်း တချို့ခရိုနီတွေဟာ သူတို့ လုပ်ငန်းတွေကို ထင်သာမြင် သာ လုပ်ဆောင်ဖို့၊ အခွန်များပေး ဆောင်ဖို့၊ သိမ်းယူထားတဲ့မြေတွေ နဲ့ တခြား မသမာတဲ့နည်းနဲ့ ပိုင် ဆိုင်ခဲ့တာတွေကို ပြန်ပေးဖို့ ကြိုး ပမ်းလာကြတာကို တွေ့ရပါတယ်။

ဦးတေဇနဲ့ သူရဦးရွှေမန်းရဲ့သား ဦးအောင်သက်မန်းတို့ ပိုင်ဆိုင်တဲ့ ဧရာ ရွှေဝါကုမ္ပဏီကလည်း သိမ်းဆည်းမြေ တချို့ကို ပြန်ပေးခဲ့ပြီး Max Myanmar Group ဥက္ကဋ္ဌ ဦးဇော်ဇော်ကတော့ သိမ်းယူခဲ့တဲ့မြေတွေကို ပြန်ပေးတာ၊ လျော်ကြေးပေးတာ တွေလုပ်ခဲ့ပါတယ်။ ဦးဇော်ဇော်အနေနဲ့ကတော့ ရန်ကင်းကလေးဆေးရုံကို တည်ဆောက်ပေးခဲ့တာ ကြောင့်အာရုံစိုက်မှုရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆေးရုံကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။  ယမန်နှစ်အတွင်း ဦးဇော်ဇော်က အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ စစ်ဆေးမှုတွေကို ခံယူခဲ့ပြီး စာရင်း အင်းတွေကို ချပြခဲ့ပါတယ်။ အခုအချိန်အထိ အမေရိကန်ရဲ့ စင်တော်ကောက်ခံမယ့် သူတွေထဲ ရှေ့တန်းမှာတော့ ဦးဇော်ဇော်နဲ့ မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ ရှိနေပါတယ်။ သူတို့နှစ် ယောက်ကတော့ ပြုပြင်ပြောင်းလဲရေးမှာ အလိုက်အလျားသင့် ပါလာတဲ့ စံပြခရိုနီတွေ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

စစ်အစိုးရ လက်ထက်ကတည်းက တချို့သော ခရိုနီကြီးများဟာ အမေရိကန်က Public Relations Firm တွေကို ငွေပုံပေး ငှားရမ်းပြီး အရိပ်ဆိုးအောက်ကနေ လွတ်မြောက်ခွင့်ရဖို့ ကြိုးပမ်းခဲ့တာတွေ ရှိခဲ့ပါ တယ်။ ဒါပေမယ့် လက်ရှိအသွင်ကူးပြောင်းစ အခြေအနေမှာတော့ ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေနဲ့ ဆက်ဆံရေးထူထောင်ရန် ကြိုးပမ်းခြင်းအားဖြင့် ခရိုနီတချို့ဟာ သူတို့ပုံရိပ်ကို အဖတ်ဆယ်ဖို့၊ စောင့် ကြည့်နေသူရဲ့ အမြင်မှာ အမှတ်ကောင်းရဖို့ ကြိုးပမ်းလာကြပါ တယ်။ ဦးဇော်ဇော်၊ ထူးထရေးဒင်း ဥက္ကဋ္ဌဦးတေဇတို့အပါအဝင် ခရိုနီများဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အလှူငွေ ပေးဖို့ တန်းစီနေခဲ့ကြပါတယ်။

ဒီလိုဆက်စပ်မှုကြောင့် အလှူရှင်တွေရဲ့ ဂုဏ်သိက္ခာပိုတက်တာထက်  NLD  ပါတီအပေါ် ဝေဖန်မှုတွေက ပိုများနေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက NLD  ရဲ့ ပါတီရန်ပုံငွေရှာဖွေ ပွဲမှာ ဦးတေဇက ကျပ်သိန်း ၇၀ဝ လှူခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်နဲ့ နီးစပ်သူတဦးဖြစ်တဲ့ ဦးကျော်ဝင်း ပိုင်ဆိုင်တဲ့  Sky Net ရုပ်သံက လှူဒါန်းတဲ့ ကျပ်သိန်း ၁၃၅၀ ကိုလည်း NLD လက်ခံခဲ့ပါတယ်။ ဒီလို အလှူငွေလက်ခံခြင်းကြောင့် NLD ပါတီကို ဝေဖန်မှုပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

NLD ကို လှူဒါန်းတဲ့ ငွေပမာဏဟာ မြန်မာခရိုနီသူဌေး ကြီးများအတွက် တညစာအရက်ဖိုး၊ မုန့်ဖိုး၊ ပဲဖိုးလောက်ပဲရှိတယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။ တချို့က ခရိုနီတွေဆိုရင် နိုင်ငံရပ်ခြားက လောင်းကစားဝိုင်းတွေမှာ တညတည်းကို အမေရိကန်ဒေါ်လာ ၁ သိန်းကျော် (မြန်မာငွေ သိန်း ၁ ထောင်ကျော်) ဖြုန်းနိုင်တယ်လို့ ဆိုကြပါတယ်။

အမေရိကန်ရဲ့စောင့်ကြည့်မှုကနေ လွတ်မြောက်ဖို့ ဒီမိုကရေစီ အတိုက်အခံတွေနဲ့ ဟန်ပြဆက်ဆံရေး ထူထောင်နေရပေမယ့်လည်း တဖက်မှာ ခရိုနီတွေအနေနဲ့ တချိန်က သူတို့ချမ်းသာကြွယ်ဝရေး ဆည်းကပ်ခဲ့ရတဲ့ နောက်ကွယ်က ဩဇာရှိသူ တွေ မငြိုငြင်အောင်လည်း ကြိုးပမ်းနေရပါတယ်။

မော်ဒယ်လ် အမျိုးသမီးငယ်များနဲ့ ဈေးကြီးတဲ့ ပြိုင်ကားတွေကို သဘောကျတတ်သူ ခရိုနီသူဌေး တဦးဟာ  NLD  နဲ့ ပတ်သက်ခဲ့တဲ့အတွက် အငြိမ်းစား ဒုဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးရဲ့ အမျက် ဒေါသနဲ့ ၂၀၁၂ ခုနှစ်တုန်းက ရင်ဆိုင်ခဲ့ရဖူးတယ် လို့ ဆိုပါတယ်။ ထို့အတူ ငယ်ရွယ်တဲ့သူဌေး တဦး ဟာလည်း ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုသွားရောက်လည်ပတ်ကာ NLD ကို ငွေလှူခဲ့တဲ့အတွက် အပြင်းအထန် ဆူပူပြစ်တင်ခံရတယ်လို့ သိရပါတယ်။ အဲဒီအတွက် နောက်ကွယ်က ဩဇာရှိနေ သူကြီးကိုငွေကြေး အမြောက်အများ အကုန်ခံ တောင်းပန်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဩစတြေးလျနိုင်ငံဆစ်ဒနီမြို့က Macquarie တက္ကသိုလ်က မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဒေါက်တာ ရှောင်တာနဲလ် (Dr.Sean Turnell) ကတော့ “သူတို့က စီးပွားရေးမှာလိုပဲ နိုင်ငံရေးမှာ လည်းစားကျက်မြင်မယ့် သူတွေပါ။ ဒါပေမယ့် သေချာ တာကတော့ ကွဲပြားသူတချို့ ပေါ်ထွက်လာနိုင်ပါတယ်။ တကယ်လို့ သူတို့မှာလုပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် အသွင်ကူး ပြောင်းရေးကိစ္စတွေကို လုပ်နိုင်မယ့် အရင်းအနှီးရှိသူအနည်း ငယ်ထဲကဆိုတော့ ကျနော်တို့ စောင့်ကြည့်ရမယ်လို့ ထင်ပါ တယ်” လို့ မှတ်ချက် ပေးထားပါတယ်။

ဧရာဝတီ

ဦးပိန်တံတားပြုပြင်ရေး


မြန်မာနိုင်ငံ၏ သမိုင်းအမွေအနှစ်ဖြစ်သောဦးပိန်တံတားကိုပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရန်ပြည်သူတစ်ဦးက အကူအညီတောင်းခံထားသည်ကိုဖတ်ရှုရပါသည်။အင်မတန်ကောင်းမွန်သော အကြံညာဏ်ဖြစ်ပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူများက ပြုပြင်ပေးသည့်အခါ ရှေးမူမပျက် မူလအသွင်အပြင်များ မပျောက်ပျက်စေရန် တတ်ကျွမ်းနားလည်သော ပညာရှင်များနှင့်ညှိနှိုင်းတိုင်ပင်ပြီးဆောင်ရွက်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။
ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝပ် ကျောင်းတော်ကြီးသည်လည်း သန်းနှင့်ချီသော ကျောက်တုံးများ ကို Computer Software အသုံးပြု၍ တစ်တုံးနှင့်တစ်တုံးပြန်လည်ချိတ်ဆက် တည်ဆောက်ထားခြင်းဖြစ်ကြောင်း ယင်းဌာနမှ ထုတ်ဝေရောင်းချသော VCD တွင်လေ့လာသိရှိရပါသည်။ ပြိုကျ ပျက်စီးရန်အလားအလာရှိသည့် အပိုင်းများကို ပြန်လည်ပြုပြင်ရာတွင်လည်း အတွင်းပိုင်းကိုမူလီစွဲ၍ ခိုင်ခန့်အောင်လုပ်ပြီးအပြင်ပန်းကို အင်္ဂံတေ အနည်းဆုံးဖြင့် မူလ လက်ရာမပျက်အောင် မွမ်းမံတည်ဆောက်ထားကြောင်းလည်းသိရပါသည်။ ထို့ကြောင့် ယင်းကျောင်းတော်ကြီးသို့ လာရောက်ကြသော ဧည့်သည်များ၏စိတ်တွင် တောအတွင်းမှ ပြိုပျက်နေသော ကျောင်းတော်ဟောင်းကြီးဟူသည့် ခံစားချက်ကို ရရှိစေပါသည်။ သစ်ပင်များကိုခုတ်ရာတွင် အန္တရယ်ဖြစ်နိုင်ခြေရှိသော သစ်ပင်များ
ကိုသာ မဖြစ်မနေခုတ်လှဲပစ်ပြီး ကျန်အပင်များကို သဘာဝအတိုင်းချန်ထားခဲ့ကြောင်းယင်းVCD တွင်ဖေါ်ပြထားပါသည်။
သို့ဖြစ်ပါ၍ ကျွန်တော်တို့၏ ဦးပိန်တံတားကိုပြင်ဆင်ရာတွင်လည်း ရှေးဟောင်းအမွေအနှစ်လက်ရာများ မပျက်စီးစေရန် ခေတ်မီနည်းပညာများသုံး၍ ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်နိုင်ရေး
တာဝန်ရှိသူများမှ သတိပြုဆောင်ရွက်ကြပါရန် စေတနာရှေ့ထား တိုက်တွန်းအပ်ပါသည်။
အန်ကောဝပ်ကျောင်းတော်ကြီး၏ သမိုင်းပတ်ဝန်းကျင် များပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန်အတွက် ယင်းနေရာသို့လာရောက်သော ကမ္ဘလှည့်ခရီးသည်အရေအတွက်ကို ကန့်သတ်သွားမည်ဖြစ်ကြောင်း မကြာမီက သတင်းတစ်ပုဒ်တွင်ဖတ်ရှုလိုက်ရပါသည်။ ဦးပိန်တံတားအပါအ၀င် မြန်မာနိုင်ငံ၏ တန်ဘိုးကြီး ပြီး ထိရှလွယ်သော သမိုင်းအမွေအနှစ် နေရာများကိုလည်း ယင်းကဲ့သို့ထိမ်းသိမ်းစောင့်ရှောက်နိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။

Myanmar CNN မှတင်ဆက်သည်
သတင်းများကို [email protected] သို့ပေးပို့နိုင်သည်။
မောင်မျိုးချစ်


ရင်သားကင်ဆာ မဖြစ်အောင် နေထိုင်နည်းများ



အမျိုးသမီးများ အတွက် ရင်သား ကင်ဆာကို ကာကွယ်နိုင်မည့် နည်းလမ်းကောင်း တစ်ချို့ကို ရေးသား ဖော်ပြလိုက်ရပါတယ်။

(၁) အိမ်အလုပ်များကို လုပ်ပါ။

(၂) ကလေးရှိလျှင် ကလေးကို နို့ချိုတိုက်ကျွေးပါ။

(၃) အရက်မသောက်ပါနှင့်။

(၄) ညဘက်အိမ်နေစဉ် တစ်ဘက်တည်း စောင်းပြီး မအိပ်ပါနှင့်။ ခန္ဓာကိုယ်ကို လှည့်ပေးပါ။

(၅) ကိုလက်စရောဓာတ်ကို လျှော့ပစ်ပါ။

(၆) ဓာတုပစ္စည်း အများအပြား ပါဝင်သော အစားအစာများကို တတ်နိုင်သလောက် ရှောင်ပါ။

(၇) လမ်းများများ လျောက်ပါ။
---

ပျိုမေတို့သိစေဖို့

ကျွန်တော့်သားတွေ အရွယ်ရောက်လာရင် မြာပွေကြလိမ့်မယ်-ဘက်ခမ်း




သူ့သားသုံးယောက် အရွယ်ရောက်လာရင် မြာပွေကြလိမ့်မယ်လို့ ဘက်ခမ်းက သုံးသပ်ခဲ့ပါတယ်။ ၁၄နှစ်အရွယ် ဘရွတ်ကလင်း၊ ၁၁နှစ်အရွယ် ရိုမီယို၊ ၈နှစ်အရွယ် ခရုဇ်ဆိုတဲ့ သားသုံးယောက်နဲ့ အသက်(၂)နှစ်အရွယ် သမီးငယ် ဟာပါတို့ရဲ့ဖခင် ဘက်ခမ်းက သူ့သားတွေဟာ ရုပ်ရည်ချောပြီး ယဉ်ကျေးပျူငှာသလို ပျော်ပျော်နေတတ်တဲ့ အတွက် မိန်းမကိစ္စ ရှုပ်သူတွေ ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

On Air မီဒီယာနဲ့ တွေ့ဆုံရာမှာ ဘက်ခမ်းက “ကျွန်တော့်သားတွေက ရုပ်ချောတယ်၊ ယဉ်ကျေးတယ် ပြီးတော့ ပျော်ပျော်နေတတ်ကြတယ်လေ။ သူတို့ အရွယ်ရောက်လာရင် မြာပွေကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့အမေ(ဗစ်တိုးရီးယားဘက်ခမ်း)ကို ဒီလိုမေးခွန်းမေးရင်တော့ ဒီလိုဖြေမှာ မဟုတ်ပါဘူး”လို့ ဖြေခဲ့တာဖြစ်ပါတယ်။

@z (ရိုးရာလေး)

သန်လျင်ရှိ ကွမ်းခြံကုန်း ကျေးရွာကို နှစ်ပတ်အတွင်း ဖျက်သိမ်းရန် အမိန့်ထုတ်




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ အုပ်စုရှိ ကွမ်းခြံကုန်း ကျေးရွာကို ဖျက်သိမ်းပေးရန်နှင့် ယင်းကျေးရွာရှိ နေအိမ် ၁၄၀၀ ကျော်ကို နှစ်ပတ်အတွင်း ပြောင်းရွှေ့ပေးရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အမိန့် ကြော်ငြာစာ ထုတ်ပြန်ထားကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ အမိန့်ကြော်ငြာစာတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထိ နှစ်ပတ်အတွင်း ကျေးရွာတစ်ရွာလုံး ပြောင်းရွှေ့ပေးရန် ညွှန်ကြားထားကြောင်း ကွမ်းခြံကုန်း ကျေးရွာတွင် နေထိုင်သူ အချို့က ဆိုသည်။

အဆိုပါ ကျေးရွာတွင် ၁၉၉၄ ခုနှစ်က ဇာမနီဆည် စီမံကိန်း ဆောင်ရွက်မည်ဟု ဆိုကာ မြေကွက်များ အစားထိုး ပြန်ပေးကာ ယင်းကျေးရွာကို ဖယ်ရှားခဲ့ပြီး ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့ရန် အမိန့် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

အဆိုပါ ကျေးရွာတွင် လူဦးရေ လေးထောင်နီးပါး နေထိုင်ကြောင်း ၎င်းတို့က ဆိုသည်။

“ဒီရွာမှာ နေလာတာ ၁၉၆၄ ခုနှစ်ကတည်းကပဲ။ အခုထိတော့ ဘယ်သူမှ မဖျက်ကြဘူး။ တခြား သွားနေစရာလည်း ဘယ်မှ မရှိဘူး။ နေအိမ်တွေကို ဖျက်ဖို့ သူတို့ လူအင်အား စုနေတယ်လို့တော့ ကြားတယ်” ဟု ကွမ်းခြံကုန်း ကျေးရွာတွင် နေထိုင်သူ ဒေါ်သန်းစိန်က ပြောကြားသည်။

နေအိမ်များ ဖျက်သိမ်းပေးရန် အကြောင်းကြားစာတွင် အဆိုပါ ကျေးရွာ မြေများသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနပိုင် မြေဖြစ်ကြောင်း ဖော်ပြထားပြီး မဖယ်ရှားပါက တည်ဆဲ တာတမံ အက်ဥပဒေ ပုဒ်မ ၉ နှင့် ၉ (က) များဖြင့် အရေးယူမည်ဟု ကြေညာထားကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးသို့ ဆက်သွယ် မေးမြန်းရာ အုပ်ချုပ်ရေးမှူးမှာ အစည်းအဝေး တက်ရောက်နေကြောင်း၊ ၎င်းတို့အနေနှင့် ယင်းကိစ္စကို မသိရှိရကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း ဖြေကြားမည့်သူ မရှိပေ။

၁၉၉၄ ခုနှစ် တပ်မတော်အစိုးရ လက်ထက်က အဆိုပါ ကျေးရွာ မြေနေရာတွင် ဇာမနီဆည် စီမံကိန်း ဆောင်ရွက်မည်ဟုဆိုကာ ယင်းကျေးရွာကို ဖယ်ရှားခိုင်းခဲ့ပြီး တစ်အိမ်ထောင်လျှင် ပေ ၄၀၊ ပေ ၆၀ မြေကွက်များ ပြန်လည် အစားချပေးခဲ့သော်လည်း မြေကွက် အစားထိုး ပြန်လည် မရရှိခဲ့သည့် မိသားစု ၄၀ ဝန်းကျင်မှာ အဆိုပါ မြေနေရာများတွင် ဆက်လက် နေထိုင်ခဲ့ကြကြောင်း၊ ဆည်စီမံကိန်းမှာလည်း မအောင်မြင် ဖြစ်ခဲ့သဖြင့် နေအိမ်များ ပြန်လည် တိုးပွားလာခဲ့ရာမှ ယခု လက်ရှိ ၁၄၀၀ ကျော် ရှိကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

အသည်းရောင် အသားဝါ စီရောဂါကို ထိရောက်စွာ ကုသနိုင်မယ့် ဆေးဝါးသစ်




အသည်းကို ထိခိုက်ပျက်စီးစေတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အသည်းရောင်အသားဝါစီရောဂါအတွက် ထိရောက်ပြီး စိတ်ချရတဲ့ သောက်ဆေးနှစ်မျိုးကို သုတေသနတစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တွဲဖက်သောက်သုံးရမယ့် ဆေးဝါးနှစ်မျိုးဖြစ်တဲ့ daclatasvir နဲ့sofosbuvir့ တွေဟာ အပြင်းထန်ဆုံး အသည်းရောင်အသားဝါစီရောဂါကို ကုသနိုင်တယ်လို့ ဓာတ်ခွဲစမ်းသပ်မှုများအရ သိရှိရပါတယ်။
အသုံးပြုနေဆဲ ဆေးသုံးမျိုး ကုသမှု(tel previr,boceprevir,ribavirin)ှုတွေဟာထိရောက်မှု နည်းပါးလာတာကြောင့် ဆေးဝါးတွေကို အပူတပြင်းရှာဖွေနေရပါတယ်။ လေ့လာမှုခေါင်းဆောင် ဂျွန်ဟော့ကင်း ဆေးရုံမှသုတေသီMark Sulkow ski နဲ့ အဖွဲ့ဟာ အမေရိကန်နဲ့ပေါ် တိုရီကို နိုင်ငံကကျန်းမာရေးစင်တာ ၁၈ခုမှာကုသနေတဲ့ အသည်းရောင် အသားဝါစီလူနာ ၂၁၁ဦးကို လေ့လာခဲ့တာဖြစ်ပါတယ်။ ပါဝင်သူတွေကို daclatasvir ဆေး၆၀မီလီဂရမ်နဲ့ sofosbuvir ဆေး၄၀၀မီလီဂရမ် နေ့စဉ်တိုက်ကျွေးခဲ့ပါတယ်။အဲဒီလို ကုသခဲ့ရာမှာ အသည်းရောင်အသား ၀ါစီရောဂါကိုဆေးသုံးမျိုး ကုသမှုထက်ပိုပြီးရောဂါ လက္ခဏာတွေကို လျော့ပါးသက်သာစေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် FDA ကတော့ dacla tasvir ကို ထောက်ခံချက် မပေးထားသေးပါဘူး။ဒီလေ့လာမှုကြောင့် သွေးအားနည်းရောဂါကို ဖြစ်ပေါ်စေတဲ့ ribavirin ဆေးဝါးကို ရှောင်လွှဲနိုင်တော့မှာဖြစ်ကြောင်း Mark Sulkowskiက ရှင်းပြထားပါတယ်။
ဒီတွေ့ရှိမှုကို New England Journal of Medicine မှာ ဖော်ပြထားတာဖြစ်ပါတယ်။
ငြိမ်းအေး
ref;ANI

Health Updates Journal
No. 103

ကိုဇေသီဟနှင့်နန္ဒာလှိုင်တို့၏ တတိယမြောက်မွေးဖွားမယ့်ရင်သွေး ကို ဇေရတုလှိုင်ဟု ကြိုတင်အမည်ပေးထား




ဇန်နဝါရီလ ၈ ရက်နေ့က Sedona Hotel မှာပြုလုပ်တဲ့ ကိုသာကောင်း နဲ့မယ်လိုဒီတို့ မင်္ဂလာဧည့်ခံပွဲကို ကိုဇေသီဟ နဲ့နန္ဒာလှိုင်တို့တက်ရောက် ခဲ့ကြပါတယ်။ ဒီပွဲကို နန္ဒာ လှိုင် က ကိုယ်ဝန် ၂လလွယ်ထားရတယ်လို့လည်း သိရပါတယ်။နာမည်ပေးဖို့စဉ်းစားထားတယ်လို့ ပြောပြတဲ့ နန္ဒာလှိုင် ရဲ့မောင်ဖြစ်သူ မောင်ကလည်း..

”မနန္ဒာကတတိယကိုယ်ဝန်ရနေပြီ။ ဇေရတုလှိုင် လို့ နာမည်ပေးမယ်လို့ စဉ်းစားထားကြတာ။လိုချင်တာက တော့ ယောက်ျားလေးပေါ့။ ပြောလို့တော့မရသေးပါဘူး။ ကျွန်တော်လည်း တအားပျော်ပါတယ်” လို့ပြောပြပါတယ်။ ကိုဇေသီဟနဲ့ နန္ဒာလှိုင်တို့ရဲ့သမီးများဖြစ်တဲ့ ဇေဝတီလှိုင် နဲ့ဇေရတီလှိုင်တို့ သမီး ၂ ယောက်နဲ့ အေးချမ်းပျော်ရွှင် စွာ နေထိုင်လျက်ရှိ ပြီးအခု ကိုယ်ဝန်ကတော့ တတိယမြောက် ရင်သွေးလေးဖြစ်ပါတယ်။

မေမွန်မောင်
Popular Journal

ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့တဲ့ အခွံတွေပါတဲ့ အစားအစာတွေကို သတိပြုပြီး စားသုံးသင့်




ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ သူငယ်ချင်း အပေါင်းအသင်း မိဘ ဆွေမျိုးတွေနဲ့ အတူ အနောက်တိုင်း စားသောက်ဆိုင်တွေ ရောက်ဖြစ်တဲ့ အခါ ပုဇွန်၊ ဂဏန်း၊ ငါး အဲဒါတွေ

အကုန် ပါဝင်တဲ့ ပင်လယ်စာ ခပ်ကြီးကြီး တစ်ပွဲနဲ့ အတူ ၀ိုင်သောက်တတ်တဲ့ သူက၀ိုင်၊ ၀ိုင်မသောက် တတ်တဲ့ သူတွေ အတွက် Vitamin C ပါဝင်တဲ့ Orange Juiceလို ဖျော်ရည်မျိုးကို တွဲဖက်ပြီး စားသုံး ခဲ့ကြဖူး ပါတယ်။ အဲ့ဒီလိုပဲ တစ်ချို့ တရုတ် မင်္ဂလာဆောင်တွေ ညစာစားပွဲ တွေမှာ ဘူဖေး ကျွေးတဲ့ အခါ ပုဇွန် တစ်ပန်းကန်နဲ့ အတူ Orange Juice တစ်မျိုးကတော့ ပါဝင်မှာ သေချာ ပါတယ်။ ဒီလိုတွဲဘက် စားသုံးမှု မျိုးဟာ ဘာမှ မထူးဆန်းတဲ့ အလွန်ကို ဘေးကင်းတဲ့ ရိုးရှင်းမှု့လေးလို့ ကျွန်တော်တို့ ထင်ခဲ့ကြပါတယ်။ တကယ်တော့ ပုဇွန်လို ပါးလွှာတဲ့ အခွံပါး လေးတွေ ပါတဲ့ ပင်လယ်စာ မျိုးနဲ့ Vitamin C ပါဝင်တဲ့ Orange Juice ကို တစ်ချိန်ထဲမှာ တွဲဘက် စားသုံးတဲ့ အခါ အခန့် မသင့်ရင် အသက် အန္တရာယ်ကိုပါ စိုးရိမ်ရကြောင်း ကျွန်တော်တို့  အခုသိခဲ့ ရပါပြီ ။

ထိုင်ဝမ် နိုင်ငံမှာ အမျိုးသမီး တစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံး တွေကနေ သွေးတွေ ထွက်ပြီး ရုတ်တရက် သေဆုံး သွားခဲ့ပါတယ်။

သူမရဲ့ ရုပ်ကလာပ်ကို ခွဲစိတ်ပြီး စစ်ဆေးတဲ့ အခါ Arsenic အဆိပ်သင့်လို့  သေဆုံးရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ Arsenic အဆိပ် ဟာ ဘယ်က လာပါသလဲ ။ ရဲတွေဟာ သေမှု့ သေခင်း ဖွင့်ပြီး အပြင်းအထန် စစ်ဆေးမှူ့တွေ လုပ်ပါတော့တယ်။

ဆေးတက္ကသိုလ် တစ်ခုရဲ့ ပါမောက္ခတစ်ဦး ကိုလည်း ဒီပြဿနာကို ဖြေရှင်းဖို့ ဖိတ်ခေါ်ခဲ့ ပါတယ်။

ပါမောက္ခကြီးဟာ နာရီဝက်ခန့် သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အားလုံးကို သေသေချာချာ စစ်ဆေးပြီး နောက်မှာတော့ ဒီလျှို့ဝှက်ချက်ကို ဖြေ ရှင်း နိုင်ခဲ့ ပါတယ်။

သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေ ခဲ့တာလည်း မဟုတ်ပါဘူး၊ သတိ လတ်လွတ် ဖြစ်မှူ့ကြောင့် မတော်တဆ သေဆုံး ခဲ့ရတာပါလို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။

“ဘာကြောင့် မတော်တဆ သေဆုံးရတာလဲ” ဆိုပြီး လူတွေဟာ အံ့ သြကုန် ကြပါတယ် ။ “Arsenic အဆိပ်ဟာ သေသူရဲ့ အစာ အိမ်ထဲကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင် စီကို နေ့တိုင်း မှီဝဲခဲ့ပါတယ် ၊ ဗီတာမင်စီ ဟာလည်း သူ့အလိုလိုဆို ပြဿနာ မရှိပါဘူး၊ သူမဟာ ညစာစားချိန်မှာ ပုဇွန်တွေ တော်တော်များများ စားသုံးခဲ့ ပါတယ်၊ ပုဇွန်စား တာကလည်း ပြဿနာ မဟုတ် သေးပါဘူး။ သူမနဲ့ အတူတူ ညစာမှာ ပုဇွန်စားတဲ့ သူတွေလည်း ဘာမှ မဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီ ပါဝင်တဲ့ ဖျော်ရည် တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ” လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့ ပါးလွှာနူးညံ့တဲ့ အခွံတွေ ပါတဲ့ အစားအစာတွေမှာ သိပ်သည်းဆ မြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး ပါဝင်တာကို လေ့လာတွေ့ ရှိခဲ့ ကြပါတယ်။

အဲဒီလတ်ဆတ်တဲ့ အစားအစာ တွေဟာ လူရဲ့ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေ ပါဘူး ဒါပေမယ့် သူဟာ ဗီတာမင်စီနဲ့ ပေါင်းစပ် မိသွားရင်တော့ ဓါတ်ပြုမှုတွေ ဖြစ်လာပြီး မူလက အဆိပ်အတောက် မရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး (As anhydride, also known as arsenic oxide, the chemical formula for As205)ဟာ အဆိပ်ရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း သုံးမျိုး (also known as arsenic trioxide, a chemical formula (As203), which is commonly known as arsenic to the public! ) အဖြစ် ပြောင်းလဲ သွားပါတယ်။

အာဆင်းနစ် အဆိပ်ရဲ့ အဓိပ္ပာယ်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာ အရေး အပါဆုံး အစိတ်အပိုင်းတွေ ဖြစ်တဲ့ နှုလုံး ၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ်နဲ့ အာရုံကြော တွေ ရဲ့ သွေးကြော တွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် အာဆင်းနစ် အဆိပ်ကြောင့် သေတဲ့ လူတွေဟာ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးထွက်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။

ဒါကြောင့် ပုဇွန်ကို ဗီတာမင်စီနဲ့ ပူးတွဲ မစားကြဖို့ သတိပေး ထားပါတယ်။

ပုဂံအွန်လိုင်းမီဒီယာ

တိကျသောရလဒ်မထွက်မီ အန္တရာယ်ရှိစားသောက်ကုန်များ အဖြစ် ကြေညာမှုများရှိလာ၍ စားသုံးသူများ ထိတ်လန့်နေ


တိကျသော ရလဒ်မထွက်ရှိမီ အန္တရာယ်ရှိ စေသော စားသောက်ကုန်များ အဖြစ် ကြေညာမှုများ ရှိလာ၍ စားသုံးသူများ အတွက် ထိတ်လန့်ဖွယ် ဖြစ်လာသကဲ့သို့ ရောင်းချသူများ အတွက်လည်း ဈေးကွက်ထိခိုက် သည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရ ကြောင်း သိရသည်။

လက်ရှိ၌ စားသုံးသူများအတွက် ကာကွယ်ပေးသည့် အသင်းအဖွဲ့များ များစွာ ရှိလာပြီး ယင်းအဖွဲ့များက စားသုံးသူများ အတွက် ကွင်းဆင်းစစ်ဆေးမှုများ၊ အသိ ပညာပေးမှုများနှင့် ဓာတ်ခွဲစစ်ဆေးမှုများကို ပြုလုပ်နေသော်လည်း ရလဒ်များကို စစ်ဆေး ရာတွင် မြန်မာနိုင်ငံ အစားအသောက်နှင့်
ဆေးဝါးများ စီမံခန့်ခွဲရေးဌာန(FDA)၏ နောက်ဆုံးအဖြေသည် တိကျသောရလဒ် သာဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များ ထံမှ သိရသည်။

အစားအသောက်နှင့် ဆေးဝါးများ စီမံခန့်ခွဲရေးဌာနမှ အတည်ပြု ထုတ်ပြန်မှု မပြုလုပ်မီ် အသင်းအဖွဲ့အချို့မှ စားသုံးသူ များကို မီဒီယာများမှတစ်ဆင့် ရလဒ်များကို ထုတ်ပြန်ပြောကြားမှုများကြောင့် မလိုလားအပ်သည့် ဆိုးကျိုး များ ကြုံတွေ့နိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များက သုံး သပ်သည်။

“အသင်းအဖွဲ့တွေ အများကြီးပေါ် ထွက်လာပါတယ်။ စားသုံးသူကို ကာကွယ် ပေးတဲ့အသင်းတွေအနေနဲ့ ဘယ်လိုပဲ စစ်စစ် FDA က နောက်ဆုံးပဲ။ ဖြစ်သင့်တာက အသင်းအဖွဲ့တွေအနေနဲ့ ဟိုကတစ်မျိုး ဒီကတစ်မျိုး ကွဲနေမယ့်အစား အားလုံးစုပေါင်းပြီး FDA ကို ပိုမိုအားကောင်းအောင် ၀ိုင်းဝန်းကူညီပေး သင့်တယ်”ဟု မြန်မာစားသုံးသူများအဖွဲ့မှ အတွင်းရေးမှူး ဦးမောင်မောင်က ဆိုသည်။

FDA မှ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ဥပဒေနှင့် နည်းဥပဒေများပြဋ္ဌာန်းခြင်း၊နိုင်ငံတကာစားသုံးသူ ရေးရာအသင်းတို့နှင့် ပူးပေါင်း၍ ဆောင်
ရွက်လျက်ရှိကြောင်း FDA မှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်က မြန်မာတောင်သူကြီးများ ဂျာနယ်ကို ပြောသည်။

ထို့ပြင် ဈေးကွက်အတွင်း ပုံမှန် စစ်ဆေးခြင်း၊ ဈေးကွက်စောင့်ကြည့်ခြင်း များနှင့် ပြည်သူများကို အသိပညာပေးခြင်း၊ နိုင်ငံတကာ စားသုံးသူရေးရာအသင်းမှ ထုတ်ပြန်သည့် စားသောက်ကုန်ဆိုင်ရာ သတင်းအချက်အလက်များကို အခြေခံ၍ စစ်ဆေးခြင်း၊ ထွက်ပေါ်လာသည့် သတင်း အချက်အလက်များကိုလည်း FDA မှ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်တွင်ရှိသော နို့ မှုန့်၊ အချိုရည်၊ ငါးပိရည်၊ ငရုတ်သီးမှုန့်နှင့် အရောင်တင်မှုန့်များမှာ ကျန်းမာရေးနှင့် မသင့်လျော်ကြောင်း သတင်းများထွက်ပေါ် မှုကိုလည်း ယင်းအဖွဲ့မှစစ်ဆေး၍ အရေးယူ ခဲ့ကြောင်း သိရသည်။

တချို့သော အသင်းအဖွဲ့များတွင် အစားအသောက်စစ်ဆေးရေးဆိုင်ရာ ဓာတ်ခွဲခန်းများလိုအပ်ချက်ရှိနေ၍ တိကျသောရလဒ်များရရှိမှုမရှိခြင်းများ ရှိသကဲ့သို့ တချို့ဓာတ်ခွဲခန်းများမှာ လိုအပ်သော ပစ္စည်းထက်ကျော်လွန်နေ၍ တိကျသော ရလဒ် မထွက်ပေါ်နိုင်ကြောင်း မြန်မာစားသုံးသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်သည်။

ပြီးခဲ့သည့်နှစ်လယ်ပိုင်းက ဂယက် ရိုက်ခဲ့သော အန်ဂျီအိုတစ်ခု၏ ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာ ပါဝင်ကြောင်း FDA ၏အတည်ပြုချက် မထွက်သေးဘဲ ထုတ်ပြန်ခဲ့ခြင်းကြောင့် ငါးပိလုပ်ငန်းရှင် များ၏ ဈေးကွက်ကို ထိခိုက်ခဲ့ကြောင်း ငါးပိ လုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ဆိုသည်။

“စားသုံးသူအန္တရာယ်ဖြစ်စေတဲ့ စား သောက်ကုန်တွေကို အချိန်နဲ့တစ်ပြေးညီ စစ်ဆေးမှုတွေ လုပ်ပေးပါတယ်။ အများ ပြည်သူသိအောင် နိုင်ငံပိုင် သတင်းစာကနေပြီးတော့လည်း ကြေညာပေးတယ်”ဟု FDA ၏ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

လက်ရှိတွင် အစိုးရမှ စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင် ရွက်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးသူကာကွယ်ပေး ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီးပါက စားသုံးသူ အငြင်းပွားမှုဆိုင်ရာ ခုံရုံးများဖွဲ့စည်းနိုင်ရန် ပြင်ဆင်ထားသည်ဟု သိရသည်။

ထို့အပြင် ယခုနှစ်အတွင်း အာဆီယံ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်း ရေး ကျွမ်းကျင်သူများအဖွဲ့ ညီလာခံကို မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ရန် ပြင်ဆင် ထားပြီး FDA၏ ၀န်ထမ်းအင်အားနှင့် ခေတ်မီဓာတ်ခွဲခန်းများ မလုံလောက်မှုကြောင့် စစ်ဆေးရေးလုပ်ငန်းများတွင် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်။

- ပွင့်ဖြူဖြူလွင်၊ နိုင်လင်းအောင်
အတွဲ(၆) အမှတ်(၈၄) မြန်မာတောင်သူကြီးများ

The Farmer Media

မလေးသွားဘင်္ဂလီ ၁၈၁ ဦး ပင်လယ်ပြင်တွင် အဖမ်းခံရ


မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းမှ တဆင့် တရားဝင်သွားသူ ဘင်္ဂလီ ၁၈၁ ဦးကို စက်လှေကြီး တစ်စီးနှင့် အတူ ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်နှင့် ရေတပ်က ပင်လယ်ပြင် တစ်နေရာတွင် ဖမ်းဆီးလိုက်သည်။

၎င်းတို့အား နတ်မြစ်ဝရှိ စိန်မာတင်ကျွန်း ( မြန်မာအခေါ် အုန်းကျွန်း) ၏ အရှေ့ဘက် ပင်လယ်ကမ်းခြေတွင် စက်လှေကြီး တစ်စီးပေါ်မှ ယနေ့ အင်္ဂါနေ့နံနက် (၅) က သတင်းအရ ဖမ်းဆီမိခဲ့သည်ဟု ဆိုသည်။

သူတို့သည် မောင်တောမြို့နှင့် မျက်နာချင်းဆိုင် တက်ကနက် ပင်လယ်ကမ်းခြေမှ ထွက်ခွာလာကြသူများ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့ တပ်မှူး ဒီဝန် ရာဖိကုလ် အဏ္ဍ၀ါကပြောသည်။

(နိရဉ္စရာ- ၁၁ ဖေဖေါ်ဝါရီလ ၂၀၁၃)

ထားဝယ် စီမံကိန်း အလုပ်သမား တစ်ဦးကို ရဲများ လက်ထိတ်ခတ်ပြီး ထိုးကြိတ်


ထားဝယ်၊ ဖေဖော်ဝါရီ ၁၀

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်းရှိ အီတာလျံ - ထိုင်း ကုမ္ပဏီမှ အလုပ်သမား တစ်ဦးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ညက ရေနက်ဆိပ်ကမ်း ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များက လက်ထိတ်ခတ်ပြီး ထိုးကြိတ် ကန်ကျောက်ခဲ့ကြောင်း ယင်းသို့ ထိုးကြိတ်ခံရသည့် အလုပ်သမား၏ ဇနီးဖြစ်သူနှင့် မျက်မြင်တွေ့ရသူ အလုပ်သမား တစ်ဦးထံမှ သိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၈ နာရီခန့်တွင် အလုပ်သမားတန်းလျား အဆောင်မှူးက ရဲများကို ဖုန်းဆက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် သုံးဦး အရပ်ဝတ်ဖြင့် လာရောက်ပြီး အလုပ်သမား ဦးမျိုးဆွေအား လာရောက် မေးမြန်းခဲ့ရာ ဦးမျိုးဆွေက ဘာကြောင့် လာရောက် မေးမြန်းသည်ကို ပြန်လည် မေးမြန်းခဲ့ရာ ရဲများက လက်ထိတ်ခတ်ပြီး ရဲကင်းသို့ ဆွဲခေါ်သွားကာ ရဲစခန်းတွင် ဝိုင်းဝန်း ထိုးကြိတ် ကန်ကျောက်ခဲ့ကြကြောင်း၊ ထိုးကြိတ်ခံရသူ၏ အစ်ကိုဖြစ်သူများ လိုက်လာသည့် အချိန်တွင် ပြန်လွှတ်ပေးခဲ့ပြီး မျက်နှာတွင် သွေးများထွက်၊ ရင်ဘတ်နှင့် ဗိုက်အောင့်၊ ပခုံး မလှုပ်နိုင် စသည့် ဒဏ်ရာများကြောင့် ထားဝယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဇနီးဖြစ်သူက ရှင်းပြသည်။

“အဆောင်မှူးက ပြဿနာ တစ်ခုခုရှိတိုင်း ရဲကိုပဲ လာခေါ်ခိုင်းလေ့ ရှိတယ်။ သူ့ကို ပြဿနာ လာရှာတယ် ထင်ပြီး ရဲခေါ်လိုက်တာလား မသိဘူး” ဟု အထက်ပါ မျက်မြင် အလုပ်သမားက ဖွင့်ဟသည်။

စီမံကိန်းတွင် ဆီဖြည့် လုပ်သားအဖြစ် လုပ်ကိုင်သည့် ဦးမျိုးဆွေသည် ဖေဖော်ဝါရီလ ၈ ရက်နေ့က ၎င်း၏ ဆိုင်ကယ်တွင် အသုံးပြုရန် ထားဝယ်မြို့သို့ လူကြုံမှာထားသည့် ခွေတစ်စုံ သွားယူပြီး အခန်းသို့ အပြန်တွင် ဆိုင်ကယ် ပျက်သွားသည့်အတွက် ယင်းခွေတစ်စုံကို မိမိအခန်းသို့ ပို့ပေးရန် အခြားအလုပ်သမား တစ်ဦးဖြင့် လမ်းကြုံ ထည့်ပေးလိုက်ရာ လမ်းတွင် ကုမ္ပဏီမှ မြန်မာအရာရှိ တစ်ဦးက “ဘာပစ္စည်းတွေလဲ” ဟု မေးမြန်းခဲ့ကြောင်း၊ အဆိုပါ အလုပ်သမားက “ကိုမျိုးဆွေ၏ ပစ္စည်းပါ” ဟုသာ ပြန်လည် အဖြေပေးခဲ့ကြောင်း ဦးမျိုးဆွေ၏ ဇနီးဖြစ်သူနှင့် အလုပ်သမား တစ်ဦးထံမှ သိရသည်။

ကုမ္ပဏီတွင် ပစ္စည်းများ ပျောက်ရှမှု မကြာခဏ ဖြစ်ပွားလျက် ရှိခြင်းကြောင့် ဦးမျိုးဆွေက မိမိကို သူခိုးထင်မည် စိုးသဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့ညတွင် အထက်ပါ မြန်မာအရာရှိအား သွားရောက် ရှင်းပြခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းသို့ သွားရောက် ရှင်းပြချိန်တွင် ဦးမျိုးဆွေက အရက်အနည်းငယ် သောက်ထားခဲ့ကြောင်း၊ အထက်ပါ မြန်မာလူကြီးက ဦးမျိုးဆွေ ရှင်းပြသည်ကို လက်ခံခဲ့ပြီး ပြန်လာရာ မြန်မာအဆောင်မှူးနှင့် တွေ့ဆုံ စကားပြောခဲ့ရာမှ ယင်းအဆောင်မှူးက ရဲကို အကြောင်းကြားခဲ့ကြောင်း မျက်မြင်တွေ့ရသည့် အလုပ်သမား တစ်ဦးနှင့် ဇနီးဖြစ်သူတို့က ရှင်းသည်။

“ထိုးနေ ကန်နေကြတာကိုတော့ တန်းလျားမှာနေတဲ့သူတွေ တော်တော်များများ မြင်ကြတယ်။ ဘယ်သူမှလည်း ဝင်မပြောရဲကြဘူး” ဟု ယင်းယာဉ်မောင်း အလုပ်သမားက ပြောကြားသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ရေနက်ဆိပ်ကမ်း ရဲကင်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ ထိုသို့သော ဖြစ်ရပ်မျိုး မရှိခဲ့ဖူးကြောင်း၊ အခြေအနေမှာ အေးအေးဆေးဆေးသာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

“အဲဒီသတင်းက သတင်း အမှားကြီးပါ” ဟု အထက်ပါ ရဲတပ်ဖွဲ့ဝင်က တုံ့ပြန် ပြောသည်။

လက်ရှိတွင် ရဲများ ထိုးကြိတ်သဖြင့် ဒဏ်ရာရရှိသူ ဦးမျိုးဆွေသည် ထားဝယ် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ဒဏ်ရာများကို ဓာတ်မှန် ရိုက်ထားသည်ဟု ဇနီးဖြစ်သူထံမှ သိရသည်။

The Voice Weekly

မန္တလေးမှာ ပထမဆုံးCelebrity လက်ရာရိုက်နှိပ်ခဲ့တဲ့ ဖြူဖြူကျော်သိန်း.




တေးသံရှင် ဖြူဖြူကျော်သိန်းဟာဖေဖော်ဝါရီလ ၆ ရက်နေ့က မန္တလေးမှာ ရှိုးဆိုခဲ့ပြီး မန္တလေးမှာ အသစ်ပြန်လည်ဖွင့်လှစ်တော့မယ့်Skywall Shopping မှာထားရှိမယ့် မြန် မာပြည်ရဲ့ ပထမဆုံး လို့ပြောရမယ့် Celebrity’s Hand Prints ပုံစံမှာလည်း လက်ရာရိုက်နှိပ်ခဲ့ပါတယ်။

အဲဒီအကြောင်းနဲ့ပတ်သက်လို့ ဖြူဖြူကျော်သိန်းက “နိုင်ငံခြား မှာဆိုလည်းရှိကြတယ်။ နာမည်ကျော်တွေရဲ့ Hand Prints လက်ရာကိုယူထားတာမျိုးတွေ ရှိကြတယ်။ အဲဒါလေးတွေကို အင်္ဂတေနဲ့ လက်ရာယူထားပြီးတော့ အမှတ်တရ အလှထား တယ်။ အဲဒါမျိုးကို မြန်မာပြည်မှာ ဒါပထမဆုံး စလုပ်တာပေါ့။ ဖြူဖြူကလည်း မန္တလေး ကိုရောက်နေတဲ့အချိန်ဆိုတော့ဒါလေး ကိုပထမဆုံး လုပ်ဖြစ်ခဲ့တယ်။ နာမည်ကျော် အယောက် ၄ဝလောက်ရဲ့လက်ရာ ကိုအမှတ်တရ ထားမယ်လို့သိရတယ်။ဒါလေးက ထူးလည်းထူးခြား တယ်။ပထမဆုံးလည်းဖြစ်တော့ ဝမ်းသာအားရပဲပါ ဝင်ဖြစ်တာ” လို့ ပြောပါတယ်။ ဖြူဖြူ ကျော်သိန်းက ဖေဖော်ဝါရီလထဲမှာတော့ ရှိုးပွဲတွေပဲ တောက်လျှောက်ဆက်နေပြီး တစ်လ လုံးလိုလို မြန်မာပြည်အနှံ့မှာ လှည့်လည်ေ ဖျာ်ဖြေဖို့ရှိတယ်လို့လည်း သိရပါတယ်။ ချစ်သူများနေ့မှာတော့ ရန်ကုန်မှာရှိနေမယ့် ဖြူဖြူကျော်သိန်း က ရွှေထွဋ်တင်ကွင်းမှာ ချစ်သူများ နေ့ဖျော်ဖြေပွဲဆိုဖို့ရှိတယ်လို့လည်း သိရပါတယ်။ “ချစ်သူများနေ့ မှာတော့ ချစ်သူများနေ့နဲ့လည်းလိုက်ဖက်အောင် အချစ်သီချင်း၊ ကြည်နူးဖွယ်သီချင်းလေးတွေဆိုဖို့ စဉ်းစားထားတယ်။နောက်ပြီးPiano Only ၊ Guitar Onlyနဲ့လည်းအချစ်သီချင်းလေးတွေဆိုဖို့ စဉ်းစား ထားတယ်။ ပြီးတော့ အင်္ဂလိပ် အော်ပရာသီချင်းလေးတစ်ပုဒ်ကိုလည်း Cover ပြန်ဆိုဖို့ စဉ်းစားထားတယ်။ တခြားပွဲတွေ နဲ့မတူတဲ့ ပါဖောမန့်မျိုးလေးတွေ စဉ်းစားထားပါတယ်” လို့ ဖြူဖြူကျော်သိန်းကပြောပါတယ်။ ဖြူဖြူကျော်သိန်းက လက်ရှိမှာ ဖေ့စ်ဘုတ် အကောင့် သစ်တစ်ခု လည်း ပြုလုပ် အသုံးပြုဖို့ရှိပြီး သူ့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.phyuphyukyawthein online.com ကိုလည်း စတင် ဖွင့်လှစ်အသုံးပြုနေ ပြီဆိုတာကို ဖြူဖြူကျော်သိန်းဆီ က သိခဲ့ရပါတယ်။

ရဲရဲ

Popular Journal


မိန်းကလေးများအတွက် ဘဝဒဿန



(၁) သင့်မှာ အဝတ်အစားတွေအများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့၊ ခေတ်လွန်အင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ။

(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။

(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူမဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။

(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု..... ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။

(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။

from NNSN blog

နိုင်းနိုင်းစနေ

တီဗွီဂိမ်းထဲက အပြာခန်းတွေကြည့်ပြီး ၈ နှစ်အရွယ်ညီမဖြစ်သူကို မုဒိန်းကျင့်ခဲ့တဲ့ အစ်ကို



သူငယ်ချင်းတစ်ယောက်ရဲ့ Xbox ဂိမ်းစက်ထဲက အပြာတွေ ကြည့်ခဲ့တဲ့ ၁၃နှစ်သားကောင်လေးဟာ ၈နှစ်အရွယ် ညီမဖြစ်သူကို မုဒိန်းကျင့်ခဲတာဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။ ဒီအမှုဟာ အင်္ဂလန် အနောက်မြောက်ပိုင်း Blackburn မြို့မှာ ဖြစ်ပွားခဲ့တာပါ။

ဥပဒေကြောင်းအရ ဒီဆယ်ကျော်သက်ကောင်လေးရဲ့ နာမည်ကို ဖော်ပြခွင့်မရှိပါဘူး။ သူကြည့်မြင်ခဲ့တာတွေကို စမ်းသပ်လိုပြီးတဲ့နောက် ၈နှစ်အရွယ် ကလေးမကို မတော်တရော် အကြမ်းဖက်မိတဲ့ အပြစ်ဒဏ်နဲ့ ကလေးမကို ကာမပိုင်းဆိုင်ရာ နည်းပေးလမ်းပြလုပ်ခဲ့မှုတွေကို ကောင်လေးဟာ အသနားခံခဲ့ပါတယ်။

သူ့ညီမကိုရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ သူမဟာ အကောင်သေးပြီး ကိစ္စကို အမှတ်မိနိုင်လောက်တာ မို့လို့ ဆိုပြီး ကောင်လေးက ရဲတွေကိုပြောခဲ့ပါတယ်။

ဒီအမှုဟာ “ကြေကွဲဝမ်းနည်းဖွယ် အကောင်းဆုံး ကာမပိုင်းဆိုင်ရာ လေ့လာစမ်းသပ်မှု” တွေထဲကတစ်ခုလို့ ရဲတွေက သတ်မှတ်ပါတယ်။

ကောင်လေးကို ဒဏ်ငွေရိုက်ထားပြီး လူငယ်ပြစ်မှုပပျောက်ရေး အသင်းက အကြိုအမိန့်မချမချင်း မိသားစုဝင် တစ်ယောက်ယောက်နဲ့ အတူနေထိုင်ရဖို့ ရှိပါတယ်။ သူ့ရဲ့ညီမဖြစ်သူကိုတော့ ကျွမ်းကျင်တာဝန်ရှိသူတွေက အထောက်အပံ့ပေးထားပါတယ်။

အွန်လိုင်း အပြာတွေကို ကလေးတွေမမြင်မိအောင် အင်တာနက် ၀န်ဆောင်မှု ထောက်ပံ့ပေးသူတွေအနေနဲ့ သေချာအောင် လုပ်ထားဖို့ တာဝန်ရှိတယ်လို့ Blackburn မြို့ ဥပဒေပြုအမတ် ကပြောခဲ့ပါတယ်။ အဲ့ဒီ့ပုဂ္ဂိုလ်ကပဲ “ဒီအမှုဟာ အသက်ရှုမှားလောက်အောင်ကို ကြောက်လန့်စရာကောင်းပါတယ်။ ဒီကြောက်စရာအမှုဟာ ငယ်ရွယ်သူတွေအတွက် အပြာ ဟာ လိုလားသမျှရနေပုံ ဆက်စပ်နေပါတယ်။ အပြာနဲ့ပတ်သက်ပြီး ၀င်ရောက်ကြည့်ရှုခွင့်တွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အင်တာနက် ၀န်ဆောင်မှု ထောက်ပံ့သူတွေ နားလည်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။” လို့ ဆက်ပြီးပြောပါတယ်။

Ref:ibtimes.co.uk
mwd

Paypal ရဲ့ President သူရဲ့ ခရစ်ဒစ်ကတ် ဟတ်ခံရ




အင်တာနက်ကိုအသုံးပြုကာ နိင်ငံတကာ e-commerce စီးပွားရေးလုပ်ငန်းတွေကို ငွေပေးချေမူပြုနိင်ပြီး ငွေကြေးလွှဲပြောင်းမူတွေ ပြုလုပ်နိင်တဲ့ Paypal
ရဲ့ ဥက္ကဌ သူရဲ့ ခရစ်ဒစ်ကတ် ဟတ်ခံရတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။

PayPal ရဲ့President ဖြစ်သူ David Marcus၏ သတင်းအရ သူ UK မှာရှိစဉ်အတွင်း တစ်စုံတစ်ယောက်ဟာ ခရစ်ဒစ်ကဒ်ကို Clone လုပ်ဖို့ ကရိယာတစ်မျိုးကို
လိမ်လည်တဲ့ ငွေပေးချေမူတွေကိုပြုလုပ်ဖို့ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ တကယ်လို့ ထို့ငွေအကောင့်နဲ့ငွေပေးချေခြင်းကို ကုန်သည်တစ်ယောက်ယောက်က
လက်ခံရရှိခဲ့မယ်ဆိုရင်တော့ အဆိုပါ ပြစ်မူက ဖြစ်ပွားတော့မှာ မဟုတ်ပါဘူး။ အဲဒီလက်ခံရရှိတဲ့ ကုမ္ပဏီဟာ ကတ်ရဲ့ နံပါတ်နဲ့ အသုံးမပြုနိင်အောင် တားဆီးမှာ ဖြစ်ပါတယ်။

ထို့ ဖြစ်ရပ်ဟာ အခြား ခရစ်ဒစ်ကတ်သုံးစွဲသူတွေအတွက် သုံးစွဲသူတွေရဲ့ ပြသနာတွေကို စီးပွားရေးလုပ်ငန်းရှင်အကြီးအကဲတွေဟာ စာနာနိင်အောင်
ပြသလိုက်တဲ့ ပြယုဂ်နမူနာယူစရာ တစ်ခုဆိုလည်းမမှားပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့လို့ အကြီးအကဲတွေတောင် ယခုလို အဖြစ်မျိုးတွေကို ခံစားနေရတာကို ကြည့်ခြင်းအားဖြင့်
သာမန်ပြည်သူတွေဆို ဘယ်လိုစိတ်ချလုံခြုံနိင်ရပါမလဲဆိုတဲ့ အတွေးမျိုးကို ၀င်စေလို့ပါပဲ။

Aung Heine ( www.smart.com.mm )
Smart Pro Journal

ဗုဒ္ဓဘာသာဝင် ကပ္ပိယ တစ်ဦး ဝေယျာဝစ္စ လိုက်ပါဆောင်ရွက်



ကော့သောင်းမြို့တွင် နံနက်တိုင်း ရဟန်း တပါးဆွမ်းခံကြွစဉ် နိုင်ငံခြားသား တစ်ဦး လိုက်ပါ၍ ကြေးစဉ်ထုကာ ရှေ့ မှ ဝေယျာဝစ္စ ဆောင်ရွက်နေသည်ကို ဖေဖေါ်ဝါရီ ၁၀ ရက် ၊ နံနက်ပိုင်းက တွေ့မြင်ရသည်။

စုံစမ်းသိရှိချက် အရ အဆိုပါ ရဟန်းမှာ ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်၊ နဂါးရုံကျောင်းတိုက်မှ ဖြစ်ပြီး နိုင်ငံခြားသားမှာ ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာအား ကိုးကွယ်သက်ဝင် ယုံကြည်သူတစ်ဦး ဖြစ်ကြောင်း အဆိုပါ ကျောင်းတိုက်သို့ နေ့စဉ် ဝေယျာဝစ္စ ကိစ္စများ လာရောက်ဆောင်ရွက်ပေးလေ့ရှိကြောင်း၊ နေ့စဉ် တရား ဘာဝနာများ ပွားများအားထုတ်လေ့ရှိကြောင်း ၊ ဆရာတော်မှ နံနက်တိုင်း ဆွမ်းခံကြွချိန်တွင် ဆရာတော် ရှေ့မှကြေးစည်ထုကာ မြို့အနှံ့ ဖိနပ်စီးထားခြင်းမရှိပဲ အတူတကွ နေ့တဓူဝ လိုက်ပါ ကူညီဆောင်ရွက်ပေး လေ့ရှိရာ တွေ့မြင်သူ မြို့နေ့ ပြည်သူများမှ ကြည်နူးဖွယ် ထိုမြင်ကွင်းကို ဓါတ်ပုံများ လိုက်လံရိုက်ကူးခြင်း၊ ဆိုရှယ်မီဒီယာ လူမှုကွန်ယက်များသို့ တင်ကာ အမျိုးဘာသာ သာသနာ အတွက် ချီးကျူးထောမနာပြုကြခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

Credit To : မြ၀တီ


လန်ဒန်က ရှဥ့်တစ်ကောင် ဒိုင်နိုဆောနဲ့ တိုက်ခိုက်ခဲ့

 (For Funny)


လန်ဒန်၊ Teddington မြို့နယ်က ဓာတ်ပုံဆရာ Max Ellis ရဲ့ ခြံဝိုင်းထဲ မှာ ဖြစ်ပါတယ်။ T-Rex ( ဒိုင်နိုဆော) အရုပ်သေးလေး တစ်ရုပ်ကို ပန်းခြံတစ်နေရာမှာ ထောင်ထားပြိး သူ့ပတ်ဝန်းကျင်မှာ အစာ အနည်းငယ် ချထား ပါတယ်။

ချဥ့်ငယ်လေး အနေနဲ့ သူ့ရဲ့အစာလုဖက် အကောင်တစ်ကောင်လို့ ထင်သွား ပြီး အရင်ဆုံး တိတ်တဆိတ်ချဉ်းကပ် ပါတယ်။ ဘေးပတ်လည် ကြည့်ပြီး ယခုလို ဝင်ရောက် တိုက်ခိုက် ပါတယ်။ ယခုလို ချစ်စဖွယ် ဓာတ်ပုံ များကို ဓာတ်ပုံ ဆရာ Max Ellis ဟာ သေချာ ရိုက်ကူး နိုင်ခဲ့ပြီး လက်တလော အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစား နေပါတယ်။

ဒိုင်နိုဆော အရုပ်ငယ်ကို ဝင်ရောက် တိုက်ခိုက်နေတဲ့ ရှဥ့်ရဲ့ ဓာတ်ပုံ များကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.dailymail.co.uk/news/article-2556013/That-never-happened-Jurassic-Park-Feisty-squirrel-runs-rings-ferocious-tiny-T-Rex-garden-showdown.html

အောင်ခမ်း (ရိုးရာလေး)

စမတ် အနှီး


ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်ပေါ့ဗျာ။ စမတ် ဒိုင်ဘာလို့ခေါ်တဲ့ အနာဂတ်ဆီက ၀တ်ဆင်စရာတီထွင်မူတစ်ခုကို တိုကျိုတက္ကသိုလ်မှာ တီထွင်အောင်မြင်ခဲ့ကြပါတယ်။ အနှီးထဲမှာ သတိပေးစနစ်ပါဝင်တဲ့ ဆားကစ် တစ်ခုကိုထည့်ပြီးတော့ ဖြစ်ပါတယ်။ ထို့ ဆားကစ်လေးဟာ အနံခံချင်ကို မပြုလုပ်နိင်တာကလွဲရင် စိုစွတ်မူတွေ၊ အပူချိန်ဖိအားတွေကို တိုင်းတာနိင်ပါတယ်။ အားသွင်းခြင်းနဲ့ အချက်အလက်တွေကူးပြောင်းခြင်းတို့ကို ၀ိုင်ယာလစ်နဲ့ပဲ ပြုလုပ်နိင်ပါတယ်။ ဒါကြောင့် ကလေးတွေနဲ့ သက်ကြီးရွယ်ရွယ်အိုတွေကို စောင့်ကြည့်သူများအနနဲ့ receiver တစ်ခုကိုကိုင်ထားရုံနဲ့တင် အ၀တ်အစားလဲပေးခြင်းတို့ကို ပြုလုပ်နိင်ပါလိမ့်မယ်။ ပိုပြီးကောင်းမွန်တဲ့ စွမ်းအားပြည့်ဝမူတွေနဲ့ ဈေးကွက်ထဲကို မကြာမီရောက်ရှိလာမယ်လို့ မျှော်မှန်းထားကြပါတယ်။

Aung Heine ( www.smart.com.mm )

ဟာသ - Funny


ကျောင်းခန်းထဲသို့ ဆရာမ၀င်လာသည်။ကျောင်းသူကျောင်းသား အားလုံးကိုကြည့်ပြီး

"ဆရာမ မေးခွန်းတစ်ခုမေးမယ်....အရင်ဆုံးနဲ့မှန်အောင်ဖြေနိုင်တဲ့သူကို ကျောင်းစောစောဆင်းရမယ် အိမ်ပြန်ခွင့်ပေးမယ်...."

မောင်ဂွပု ကိုယ့်ဘာသာရေရွတ်လိုက်သည်။

"ဟဟ...မိုက်တယ်...ငါတော့ စောစောပြန်လို့ရပြီ....ငါ့လောက် ဘယ်သူမှ မတော်ကြတာ....ဟွင်းဟွင်း"

ဆရာမက စမေးသည်။

"Four score and seven years ago ဆိုတဲ့စကားကို ဘယ်သူပြောခဲ့သလဲ..."

"အေဗရာဟမ်လင်ကွန်းပါ"

"မှန်တယ် မောင်လှ....အိမ်ပြန်လို့ရပြီ"

မောင်ဂွပု နည်းနည်းတင်းသွားတယ်.....မောင်လှက သူ့အရင် ဖြေသွားတာကိုး....

ဆရာမက ထပ်မေးတယ်....

"I' have a dream ဆိုတဲ့စကားကို ဘယ်သူပြောခဲ့သလဲ...."

"မာတင် လူသာကင်းပါ"

"မှန်တယ်....မောင်မြ...မင်းအိမ်ပြန်နိုင်ပြီ"

မောင်ဂွပု ပိုပြီးဖုလာတယ်။သူသိတယ်...ဒါပေမယ့် မောင်မြက ဦးသွားတယ်။

"What your country can do for you....ဆိုတဲ့စကားကို ဘယ်သူပြောခဲ့သလဲ..."

"ဂျွန် အက်ဖ် ကနေဒီ ပါ..."

မောင်ဂွပုပါးစပ်မဟသေးခင် မောင်ဘက ဖြေလိုက်တယ်....

"မှန်တယ်.....မောင်ဘ.....မင်းပြန်နိုင်ပြီ"

မောင်ဂွပု အရမ်းစိတ်တိုသွားတယ်.....အဖြေတွေကို သိရဲ့သားနဲ့ သူတခုမှမဖြေလိုက်ရလို့ မျက်နှာကြီးနီလာတယ်။

ဆရာမ မေးခွန်းအားလုံးမေးပြီးအတန်းကို ကျောခိုင်း လိုက်ချိန်.....

မောင်ဂွပု ပါးစပ်က ရေရွတ်လိုက်တယ်....

"ကတောက်စ်...အဲ့ကောင်တွေ ပါးတွေ လှည့်ပတ် ရိုက်ပစ်လိုက်ချင်တယ်..."

ဆရာမကြားသွားပြီး ဆတ်ခနဲလှည့်လာပြီး မေးသည်။

"အဲဒါ ဘယ်သူပြောတာလဲ..."

မောင်ဂွပု အားရ၀မ်းသာထဖြေသည်။

"ဦးအုန်းမြင့်ပါ....ကျနော်ပြန်လို့ရပြီလားဟွင်..."

ရွာသား ((ခေတ္တ-တော))

အိုဘားမားနဲ့ ဘီယွန်ဆေး ချစ်ကြိုက်ကြောင်း ပြင်သစ် မီဒီယာတို့ဖွ


Tuesday, February 11, 2014

ပြင်သစ် အခြေဆိုက် မီဒီယာ အချို့က အမေရိကန် သမ္မတ အိုဘားမားနဲ့ အမေရိကန်က လူမည်း အဆိုတော် ဘီယွန်ဆေးတို့ ချစ်ကြိုက်လျက် ရှိကြောင်း သတင်းဖွခဲ့ကြ ပါတယ်။

သို့ပေမယ့် ဒါဟာ ရယ်စရာ ဟာသ တစ်ခုဖြစ်ကြောင်း ဘီယွန်ဆေး မှ ပြန် လည် ပြောဆိုခဲ့ ပါတယ်။ အမေရိကန် သမ္မတ အဖြစ် စတင် အခန့်အပ်ခံ ရချိန် သမ္မတ အိုဘားမားဟာ ဘီယွန်ဆေးကို သီချင်း ဆိုဖို့ ဖိတ်ခေါ် ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အိုဘားမားရဲ့ ဇနီး မွေးနေ့ ပါတီမှာလည်း ဘီယွန်ဆေးကို သီချင်းဆိုဖို့အတွက် ဖိတ်ကြားခဲ့ ပါတယ်။ အိုဘားမား ကိုယ် တိုင် ကလည်း ဘီယွန်ဆေးက သူ ခရေဇီ ဖြစ်တဲ့ အဆိုတော် တစ်ဦး ဖြစ်ကြောင်း အင်တာဗျူး တစ်ခုမှာ ပြောဆိုခဲ့ဖူးကြောင်း ဆိုပါတယ်။

ပြင်သစ် သမ္မတ Francois Hollande ကတော့ အရွယ်ငယ် မော်ဒယ် မလေး တစ်ဦးနဲ့ ချစ်ကြိုက်နေကြောင်း သတင်းထွက် ပြီးတော့ သူ့ First Lady နဲ့ အိမ်ထောင်ကွဲခဲ့ပြီ ဖြစ်ကြောင်း ဆိုပါတယ်။ သို့ပေမယ့် ယခု အဖွခံရတဲ အိုဘားမားနဲ့ ဘီယွန်ဆေး သတင်းကတော့ ရယ်စရာ တစ်ခု အဖြစ်သာ ကျန်ရှိစေခဲ့ ပါတယ်။
.
Ref: dailymail
Credit: အောင်ခမ်း (ရိုးရာလေး)

စတိဗ်ဂျော့နှင့် ပက်သက်၍ လူသိနည်းသော အချက် ၁၀ချက်


Innovation မှာ တူမတူအောင် စွမ်းဆောင်နိုင်ခဲ့မှုကြောင့် စတိဗ်ဂျော့ဆို မသိသူ မရှိလောက်အောင် အောင်မြင်ကျော်ကြားခဲ့ပါတယ်။ Apple Inc ကို တည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့ရဲ့  လူသိနည်းတဲ့အချက်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ စတိဗ်ဂျော့ဟာ သက်သက်လွတ်စားသုံးသူ ဖြစ်ပါတယ်။ ပြီးတော့ သစ်သီး သစ်ဥ ကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ သူအကြိုက်ဆုံး အသီးကတော့ ပန်းသီး ဖြစ်ပြီး၊ ကုမ္မဏီကိုလည်း Apple လို့ပဲ အမည်ပေးခဲ့ပါတယ်။

၂။ စတိဗ်ဂျော့ဟာ ၂၀၁၀ ခုနှစ်က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ အဆင့် ၁၃၆ ရှိခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံကြွယ်ဝပါတယ်။ အဓိကဝင်ငွေကို ဒစ်စနေးမှ ရရှိခြင်း ဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၈ သန်း ဝင်ငွေ ရှိပါတယ်။ ကွယ်လွန်ခါနီး အချိန်က စတိဗ်ဂျော့ရဲ့ ပိုင်ဆိုင်မှုဟာ ၈ ဘီလျံ ရှိတယ်လို့ သိရပါတယ်။

၃။ စတိဗ်ဂျော့ ရဲ့ လစာကို သိရင် အင်မတန် အံ့သြဖို့ ကောင်းသွားပါလိမ့်မယ်။ Apple ကပေးတဲ့ သူ့ရဲ့  Annual Salary ဟာ ၁ ဒေါ်လာပဲ ရှိပါတယ်။ သူ့ ရဲ့ အဓိက ဝင်ငွေက သူပိုင်သော Disney မှ ဖြစ်ပြီး ဒစ်စနေးမှ ရှယ်ယာများနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။

၎။ စတိဗ်ဂျော့ဟာ ကျောင်းထွက်ခဲ့သူ ဖြစ်ပါတယ်။ Reed ကောလိပ်မှာ semester တစ်ခုသာ ဖြေဆိုခဲ့ပြီး ကျောင်းထွက်ခဲ့ပါတယ်။

၅။ စတိဗ်ဂျော့ရဲ့ တကယ့် ဝါသနာအစစ်က နည်းပညာဘက်မှာ မဟုတ်ခဲ့ပါဘူး။ သူတကယ် ဝါသနာပါတဲ့ အရာက စာလုံးပန်းချီ ဖြစ်ပါတယ်။ စာလုံးကို ပုံစံလှလှရေးပြီးယင်းစာရွက်များကို စုတတ်တဲ့အကျင့် သူ့မှာ ရှိပါတယ်။

၆။ HP ကွန်ပျူတာ ကုမ္မဏီနဲ့ ပထမဆုံး နည်းပညာအစည်းအဝေးတတ်တုန်း က စတိဗ်ဂျော့ဟာ အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ အသက်ငယ်ငယ်နဲ့ နည်းပညာလောက ထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။

၇။ ဂျော့ဟာ မွေးစားသား ဖြစ်ပါတယ်။ သူ့ကို အမှန်တကယ် မွေးဖွားခဲ့တဲ့ မိဘတို့က စွန့်ပစ်ခဲ့လို့ အခြား မိဘများက ပြန်လည် မွေးစားခဲ့ခြင်း ဖြစ်ပါတယ်။

၈။ ဂျော့ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ မူလက ခရစ်ယာန်ဘာသာကို ကိုးကွယ်ပေးမယ့် ကောလိပ်ကျောင်းက ထွက်ပြီးနောက် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဇင် မဟာယနဘာသာ ဖြစ်ပြီး ထေရ၀ါဒ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံကို လည်ပတ်ပြီး ဖြစ်ပေါ်လာတဲ့ သူရဲ့ ဆန္ဒဖြစ်ပါတယ်။ တစ်သက်လုံး ဘုန်းကြီးဝတ်သွားဖို့တောင် စိတ်ကူးထားသူလို့ ဆိုကြပါတယ်။

၉။ ဂျော့ဟာDyslexia ရောဂါသည် တစ်ဦးဖြစ်ပါတယ်။ ယင်းရောဂါဟာ အာရုံစူးစိုက်မှု အားနည်းသော ရောဂါ ဖြစ်ပါတယ်။ Dyslexia မှာ အကြား အားနည်းခြင်း၊ စကားပြော အားနည်းခြင်း၊ အမြင်အားနည်းခြင်း တို့ ဖြစ်ပြီး ဂျော့ ကတော့ စာဖတ်ရာမှာ အားနည်းသူ ဖြစ်ပါတယ်။ ဒီလိုရောဂါရှိတဲ့ သူများက အတွေးအမြင်ဆန်းသစ်မှုမှာ အားသာချက် ရှိတယ်လို့ ဆိုကြပြီး အိုင်းစတိုင်းဟာလည်း Dyslexia ရောဂါသည် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

၁၀။ ဂျော့မှာ အဆီးရီးယား သွေးတစ်ဝက် ပါပါတယ်။ သူ့ရဲ့ ဖခင်ဟာ အဆီး၇ီးယား လူမျိုးဖြစ်ပြီး မူဆလင်ဘာသာကိုးကွယ်သူများ ဖြစ်တယ်လို့ သိရပါတယ်။ မိခင်ကတော့ အမေ၇ိကန် လူဖြူဖြစ်ပါတယ်။
—–

Ref: gizmocrazed.com
အောင်ခမ်း ( smart.com.mm )

Ref:Smart Pro Journal

၅၉ (စ) ပြင် ... ဆင် ... ရေး ...


၂၀၁၄ အတွင်းကို ချင်းနင်း ဝင်ရောက်လာလေလေ နိုင်ငံရေး မိုးသက်မုန်တိုင်း ပြင်းထန်မယ့် သဘောတွေကို တွေ့မြင်နေရလေလေ ဖြစ်သည်။ အစိုးရ ဝန်ကြီးများ၏ အပြောအဆို မတတ်မှုများမှစ၍ နိုင်ငံတော် လုံခြုံရေး အကြောင်းပြု ဖမ်းဆီးမှုများအထိ။ လွှတ်တော်နှင့် အစိုးရအကြား အခြေခံဥပဒေနှင့် ညီညွတ်၏ မညီညွတ်၏ အငြင်းပွားမှုများကလည်း ခုံရုံးတင်ရသည့် အခြေအနေသို့ ဆိုက်ရောက်နေရကာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်း အတတ်နိုင်ဆုံး ပြင်ဆင်ရန် ကြိုးပမ်းမည် ဖြစ်သော်လည်း ထိုတစ်နည်းတည်း ရှိသည်တော့ မဟုတ်ဟု ပြောကြားသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားနှင့် ယခုနှစ်တွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော်တွင်း ဆွေးနွေးရင်း သဘောထား ကွဲလွဲမှုများ ရှိလာနိုင်ပြီး အုပ်စုဖွဲ့ တောင်းဆို ဆူပူမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနများ ကြိုတင် ပြင်ဆင်ထားရန်ဟူသော သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်တို့သည်လည်း အစိုးရနှင့် အတိုက်အခံတို့အကြား တင်းမာလာမှုကို သက်သေပြလျက်။ ထို့အတူ လူထုအားပေးမှုကို တစ်ခဲနက် ရရှိသော ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေ ပြင်ဆင်ရေး နယ်လှည့် ဟောပြောပွဲများနှင့် ယင်းတို့ကို ခြေရာ တိုင်းချင်သော်လည်း အားမတန်ရှာသည့် လူမျိုးရေး ဆန်သော ၅၉ (စ) မပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများကလည်း လူထုကြား နှစ်ပိုင်း ကွဲလာမှုများကို သိသာ ထင်ရှားစေသည်။

မြန်မာ့နိုင်ငံရေး စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် နိုင်ငံ့ခေါင်းဆောင်များ၊ လူထု ခေါင်းဆောင်များအနေနှင့် အမြော်အမြင် ကြီးသော မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များကို ချမှတ်ရန် အချိန်ရောက်လာပြီ ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးတွင် ဘက်နှစ်ဖက် ကွဲလာသည့်အလျောက် ဘက်တစ်ဖက်မှ တစ်ဖက်အား အပြတ် ချေမှုန်းရေးကို ဦးတည်လာသည်ကို မြန်မာပြည်သူ တစ်ယောက်အနေနှင့် စိုးရိမ် ပူပန်လာမိပါသည်။ မြန်မာပြည်သူ တစ်ယောက်က စိုးရိမ် ပူပန်သကဲ့သို့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် များကိုလည်း စိုးရိမ်မှုများအား အလေးထား စေချင်ပါသည်။ အဓိက အလေးထားရန် လိုအပ်သော အင်အားစု သုံးခု ရှိပါသည်။

(၁) ဒေါ်အောင်ဆန်းစုကြည်

လူထုထောက်ခံမှု အပြည့်အဝ ရရှိထားသည်ဟု မိမိကိုယ်မိမိ ယုံကြည်ထားသော ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မိမိ၏ အတိုက်အခံ အင်အားစုကိုလည်း အလေးထား စဉ်းစားရမည် ဖြစ်သည်။ မိမိ တစ်ကိုယ်တည်းအတွက် မစဉ်းစားဘဲ မြန်မာနိုင်ငံတော်အတွက် စဉ်းစား ဆင်ခြင်ကာဖြင့် မြန်မာနိုင်ငံတော် အကျိုးသယ်ပိုးမည်ဟု စဉ်းစားပါက လူထုလမ်းပေါ် ထွက်သည့်နည်းကို မဖြစ်မနေ ရှောင်ရှားရပါမည်။ မိမိတွင် ရှိထားနှင့်ပြီးသော လူထုအင်အားကို မြန်မာနိုင်ငံအတွက် အကျိုးရှိအောင် အသုံးချရပါမည်။ NLD လူငယ် ခေါင်းဆောင်များနှင့် တွေ့ဆုံစကား ပြောကြည့်ရာတွင် ၎င်းတို့အားလုံးမှာ ဒေါ်စုအတွက် အသက်ပင် စတေးဝံ့သူများ ဖြစ်ကြသည်ကို တွေ့ရပါသည်။ မိမိအတွက် ထိုမျှ စတေးခံဝံ့သူများ၏ အသက်များသည် ဒေါ်စု၏ လက်ထဲတွင် ရှိနေပါသည်။ ဒေါ်စု လက်ဖျောက်တစ်ချက် တီးရုံမျှဖြင့် ၎င်းတို့ ဘာမဆို လုပ်ရဲ သည်ဟု ဆိုကြသည်များပင် ရှိသည်။
ထိုမျှ အားကြီးလှသော လူထုခေါင်းဆောင်မျိုး မြန်မာ့သမိုင်း တစ်လျှောက်တွင် ထွက်ပေါ်ခဲလှသည်ဖြစ်ရာ ယင်းလူထု အင်အားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတော် အကျိုးအတွက် အသုံးချနိုင်ရန် လိုအပ်ပါသည်။ မိမိ၏ နိုင်ငံရေး အကျိုးအမြတ်အတွက် သက်သက် အသုံးမချမိစေဖို့ သတိထားသင့်ပါသည်။ မြန်မာပြည်သူ လူထု၏ ချစ်လုံးလုံး မုန်းလျားလျား ဓလေ့စရိုက်ကို မိမိ မရည်ရွယ်သော်လည်း နိုင်ငံရေး အမြတ်ထုတ်သကဲ့သို့ ဖြစ်သွားမှာ အလွန်စိုးရိမ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လူထုကို လမ်းပေါ်သို့ ထွက်စေသော နည်းလမ်းကို မည်သည့် အခြေအနေတွင်မဆို ရှောင်ရှားသင့်ပေသည်။

(၂) ကြံ့ခိုင်ရေးပါတီနှင့် လွှတ်တော်ကဏ္ဍ

လက်ရှိ လွှတ်တော်ထဲတွင် နေရာအများဆုံး ရရှိထားသော နိုင်ငံရေးပါတီကြီး ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လက်ထဲတွင် လွှတ်တော်တွင်း အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး လမ်းကြောင်းကို ညင်ညင်သာသာ ဖြစ်ပေါ်စေနိုင်သည့် ဆန္ဒမဲပေးပိုင်ခွင့် ကြိမ်စကြာ ရှိနေပါသည်။ အာဏာရ ပါတီလည်း ဖြစ်ပြီး အစိုးရ အဖွဲ့အစည်းအတွင်း မကင်းရာ မကင်းကြောင်း အဆက်အစပ်များ ရှိနေသည့် ပါတီဖြစ်သည့် အားလျော်စွာ လက်ရှိ တိုင်းပြည်၏ အခြေအနေမှန်နှင့် နိုင်ငံတကာ၏ အသံများကို ကောင်းစွာ နားလည် သိရှိကာ နိုင်ငံရေး ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရမည် ဖြစ်သည်။ လတ်တလော အခြေအနေများအရ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ၅၉ (စ) ကို မပြင်ဆင်လိုသည့်ဘက်မှ ဦးအောင်သိန်းလင်း အပါအဝင် ကြံ့ခိုင်ရေးပါတီဝင် လွှတ်တော် အမတ်များ ထင်ထင်ပေါ်ပေါ် ပါဝင် ပတ်သက်လာသည်ကို တွေ့ရပြီး ၅၉ (စ) ကို ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ လူထု ဟောပြောပွဲများမှာလည်း အရှိန်မြင့်တက်လာသည်ကို တွေ့ရသည်။ ယခုအတိုင်း ဆက်လက် တင်းမာမှုများ တရိပ်ရိပ် တက်လာပါက ပြည်တွင်း လူထု မငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် အခြေအနေကို အချိန်မီ ထိန်းသိမ်းနိုင်ရန် လွှတ်တော်က ဆောင်ရွက်ရန် လိုအပ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကြံ့ခိုင်ရေး အမတ်များ၏ တိုင်းပြည်အကျိုး ရှေးရှုသော ကြိမ်စကြာ မဲဆန္ဒများကို အမြော်အမြင်ရှိစွာ ထုတ်သုံးရန် လိုအပ်သည်။

ဇန်နဝါရီ ၃၁ ရက်နေ့က တင်သွင်းခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာတွင် ပါဝင်သည့် အချက်များမှာ ၅၉ (စ) နှင့် တပ်မတော်၏ အခန်းကဏ္ဍ လျှော့ချရန်ဟူသော ကိစ္စကို မပြင်ဆင်ချင်သည့် လက်မှတ် တစ်သိန်းကျော် ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့် ဟောပြောပွဲ လူထုဆန္ဒများနှင့် ကွဲလွဲလျက် ရှိသောကြောင့် ဒေါ်အောင်ဆန်းစုကြည်က အလေးထားစရာမလိုဟု သဘောထားကြောင်း ထုတ်ဖော် ပြောဆိုထားသည်ကို မီဒီယာများက ရေးသား ဖော်ပြကြသည်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးပါ ကော်မတီတစ်ရပ် ထပ်မံ ဖွဲ့စည်းပေးခဲ့သည်။ ယင်းကော်မတီမှ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံးရလဒ် ထွက်ပေါ်အောင် အကောင်အထည်ဖော်ရန် အရေးကြီးပါသည်။

ထိုသို့ အကောင်အထည် ဖော်ရာတွင် နိုင်ငံတကာ မျက်နှာစာ၌ မြန်မာပြည်ပုံရိပ် လှပစေရန် ၅၉ (စ) ကို ပြင်ဆင်ဖို့ ကြိမ်စကြာ မဲဆန္ဒဖြင့် ထောက်ခံပေးရန် လိုအပ်သည်။ သို့မဟုတ်က လွှတ်တော်ပြင်ပ နိုင်ငံရေးက လက်ဦးသွားလျှင် တိုင်းပြည်နှင့် လူထုပင် အထိနာဦးမည် ဖြစ်သည်။ ကြံ့ခိုင်ရေးသည်လည်း ပြည်သူလူထုနှင့် နိုင်ငံတကာ မျက်နှာစာ၏ တံတွေးခွက်တွင် ပက်လက် မျောရပေလိမ့်မည်။ ထပ်မံ သတိပေးလိုပါသည်။ နိုင်ငံတကာ၏ အားပေး ထောက်ခံမှု အပြည့်အဝ ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်၏ သြဇာနှင့် လွှတ်တော်ပြင်ပ လှုပ်ရှားမှုများကို လျှော့ပေါ့ စဉ်းစားခြင်း မပြုဘဲ ၅၉ (စ) ပြင်ဆင်ရန် ထောက်ခံ ပေးသင့်ပါသည်။

(၃) တပ်မတော်

အခြေခံဥပဒေ ပြင်ဆင်ရေး၏ အခက်အခဲဆုံးအပိုင်းမှာ လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းနှင့်အထက် ကိုယ်စားလှယ်များ ထောက်ခံမှု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၂၅ ရာခိုင်နှုန်းမှာ တပ်မတော်၏ အမိန့်ကို အပြည့်အဝ နာခံရမည့် တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်နေသောကြောင့်ပင်။ လူထုအင်အား တစ်ခဲနက် ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ စိုးရိမ်ချက်မှာလည်း တပ်မတော်တွင် တည်သည်ဟု သူက တဖွဖွပြောဆိုသည်။ တပ်မတော်ကို ပရော်ဖက်ရှင်နယ်ဆန်သော အဖွဲ့အစည်း ဖြစ်စေချင်ပါဘိတောင်း။ သို့သော်လည်း လက်တွေ့ အခြေအနေမှာ ရုတ်တရက် ချက်ချင်း မည်သို့မျှ မဖြစ်နိုင်ဟူသော အဖြေကိုပေးသည်။ သို့သော်လည်း တပ်မတော်၏ အခန်းကဏ္ဍကို တဖြည်းဖြည်း လျှော့ချရန် ဆန္ဒရှိသည်ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော် ပြောကြားထားသည်။ မြန်မာ့သမိုင်း တစ်လျှောက်လုံး နိုင်ငံရေးတွင် အမျိုးမျိုးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သော မြန်မာ့တပ်မတော်အဖို့ နိုင်ငံရေး နယ်ပယ်မှ ချက်ချင်း နုတ်ထွက်ရန် မဖြစ်နိုင်။ သို့သော် အခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံရေးအရ ပြည်သူလူထုနှင့် တပ်မတော်အကြား အတိုင်းအတာတစ်ခုအထိ ယုံကြည်မှု တည်ဆောက်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာ အစိုးရများ (အထူးသဖြင့် အနောက်နိုင်ငံများ) ၏ အထူး အလေးထားသည့်အချက်မှာ ဒီမိုကရေစီစံ ဖြစ်သည်။ တပ်မတော်က နိုင်ငံရေးတွင် ပါဝင်နေသည့်အတွက် ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီ၊ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့်အတွက် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီဟု ဆိုကြသည်။ ယင်းနှင့် သက်ဆိုင်သော ပုဒ်မများကို ပြင်ဆင်ရာတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်တွင်း ဝင်ရောက် နေရာယူလျက် ရှိခြင်းက အဓိက အဟန့်အတား ဖြစ်သည်။ သို့သော် ၎င်းတို့ ယူဆသကဲ့သို့ ယင်း၂၅ ရာခိုင်နှုန်းမှာ အဟန့်အတား မဟုတ်ကြောင်း ၅၉ (စ) ပြင်ဆင်ရာတွင် ထောက်ခံပေးခြင်းအားဖြင့် သက်သေ ပြသင့်သည်။ မြန်မာ့တပ်မတော်၏ သဘောထားကြီးမှုကို ပြသခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်မှုနှင့် နိုင်ငံတကာ၏ သြဘာပေးမှုကို ရယူရမည် ဖြစ်သည်။

တပ်မတော်မှ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် လွှတ်တော်ပြင်ပ နိုင်ငံရေးကို ဦးတည်နေသူများ အရှိန်တန့်သွားမည် ဖြစ်သည်။ ထို့အတူ လမ်းပေါ်ထွက် လူထု လှုပ်ရှားမှုများကိုလည်း တားဆီးနိုင်မည် ဖြစ်သည်။ နိုင်ငံတကာတွင်လည်း မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုမှာ စံတင်လောက်စရာ ဖြစ်လာမည်။ လွှတ်တော် နိုင်ငံရေးလမ်းကြောင်း ရေရှည် တည်တံ့အောင် စွမ်းဆောင် ပေးနိုင်သူများတွင် မြန်မာ့တပ်မတော်သည် အဓိကကျသော နေရာတွင်ရှိသည့် Stakeholder တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတော်၏ တည်ငြိမ်သော် နိုင်ငံရေး အပြောင်းအလဲကို ဖော်ဆောင်နိုင်ရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှ ၅၉ (စ) ကို လွှတ်တော်တွင်း၌ ထောက်ခံ ဆန္ဒပြုသင့်ကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

အဆုံးသတ် ကောက်ချက်

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကာလတွင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီနှင့် အသားမကျမှု၊ ဒီမိုကရေစီ ယဉ်ကျေးမှုများနှင့် မယဉ်ပါးမှု၊ ရှေးမဆွကတည်းက ရှိနှင့်ထားသော နိုင်ငံရေးဓလေ့ စိတ်အခံများကြောင့် လူတစ်ဦးချင်းကြား၊ အဖွဲ့တစ်ဖွဲ့ချင်းကြားတွင် တင်းမာသော သဘောထား များကို မလျှော့သော မာနဖြင့် တုံ့ပြန်တတ်ကြသည်။ ထို့ပြင် စံသတ်မှတ်ချက်များကို ကိုးကွယ်တတ်ကြသည့် သဘောလည်း ရှိသည်ကို လွတ်လပ်ရေးရပြီးစ ဖဆပလ အကွဲအပြဲများတွင် လေ့လာသုံးသပ် သင်ခန်းစာ ယူနိုင်ပေသည်။ သို့သော်လည်း ထိုသို့သော လူမှုအဖွဲ့အစည်း တစ်ရပ်ကို တစ်ခဏချင်း ပြောင်းလဲရန် မလွယ်ကူသည့်အလျောက် ထိုလူ့အဖွဲ့အစည်းကို ဦးစီး ဦးဆောင်ပြုမည့် ခေါင်းဆောင်များ၏ အမြော်အမြင်သည် လွန်စွာ အရေးကြီးလှပေသည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မရှိတော့သည့် နောက်ပိုင်းတွင် မြန်မာနိုင်ငံတော်သည် ခေါင်းဆောင်ဆိုး၊ ခေါင်းဆောင်ညံ့များဖြင့်သာ ကြုံတွေ့ခဲ့ရသည်ဟု မြန်မာပြည်သူအများက ခံယူထားကြသည်။ ယခုတစ်ဖန် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာသောအခါ ခေါင်းဆောင်ကောင်းကို တောင့်တကြသည်။

စစ်အစိုးရ လက်ထက်မှ ပထမဦးဆုံး ဒီမိုကရေစီ အပြောင်းအလဲ၏ ခေါင်းဆောင် ဖြစ်လာသော လက်ရှိ သမ္မတ ဦးသိန်းစိန်သည် ဝေဖန်ခံရမှုများ ရှိနေသော်လည်း ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်သည်ကို နိုင်ငံရေး အပြောင်းအလဲများနှင့် သူ၏လုပ်ဆောင်ချက် များက သက်သေခံလျက် ရှိသည်။ ထို့အတူ ပြည်သူက ရွေးချယ်ခွင့် ရရှိလာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်ကောင်းအဖြစ် မြင်တွေ့ချင်ကြသည့် အင်အားစုမှာ ပြည်တွင်းရော ပြည်ပမှာပါ ကြီးမားလှသည်ဖြစ်ရာ ယင်းပြည်သူများ၏ မျှော်လင့်ချက်ကို လွှတ်တော်တွင်း ဆုံးဖြတ်ချက် တစ်ခုတည်းဖြင့် အလဲထိုးရန် မသင့်ပေ။ ထို့ကြောင့် ၅၉ (စ) ကို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ရနိုင်သည်အထိ ပြင်ဆင်ရန် အဆို တင်သွင်းမည် ဆိုပါက လွှတ်တော်တွင်း ကြံ့ခိုင်ရေးအမတ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များက ထောက်ခံပေးသင့်သည်။ တစ်ဖက် အမျိုးသားရေး ရှုထောင့်ဘက်မှ သဘောမတူနိုင်သူများမှာ အခြေခံဥပဒေပါ ၅၉ (စ) ပြင်ဆင်ရေး၊ ဒုတိယအဆင့်အဖြစ် လူထုဆန္ဒခံယူပွဲတွင် မိမိတို့၏ ဆန္ဒကို ထုတ်ဖော်ပြသနိုင်ရမည်ဟု သုံးသပ် ကောက်ချက် ဆွဲမိပါကြောင်း ...။


Written by  သခင်
thevoicemyanmar