မိန်းမ အစစ်များ မဟုတ်သဖြင့် အီရန် အမျိုးသမီး လက်ရွေးစင် အသင်းမှ ဘောလုံးသမား လေးဦး အမျိုးသမီး အသင်း၌ ကစားခွင့် ပိတ်ပင်ခံရ

ပို့စ်တင်ချိန် - 2/11/2014 09:17:00 PM


Tuesday, February 11, 2014

အီရန် အမျိုးသမီး လက်ရွေးစင် ဘောလုံး အသင်းမှ ဘောလုံးသမား လေးဦး သည် မိန်းမ အစစ်များ မဟုတ်သဖြင့် အမျိုးသမီး လက်ေ၇ွးစင် အသင်း၌ ကစားရန် ပိတ်ပင်ခြင်း ခံလိုက်ရကြောင်း သိရသည် ။ ပြည်သူ့ အစ္စလမ်မစ် အဖွဲ့ မှ စစ်ဆေးစဉ် အမျိုးသမီး လက်ရွေးစင် အသင်း၌ ထိုကဲ့သို့  မူလ မိန်းမ အစစ် မဟုတ်သူများ ကို စစ်ဆေးတွေ့ ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်း ၄ ဦး အဖွဲ့ တွင် ယောင်္ကျား လိင် ( မိန်းမလျာ ) အဖြစ်မှ ခွဲစစ်ပြုပြင်ထားသူ များနင့် မိန်းမလျာ ( မခွဲစစ်ရသေးသူများ ) လည်း ပါဝင် နေကြောင်း သိရသည် ။

အီရန် ပြည်သူ့ အစ္စလန်မစ် သမ္မတ နိုင်ငံသည် လိင်တူချင်း ထိန်းမြားလက်ထပ် ခြင်း ကို တရာဝင်ခွင့်ပြူ ထားသော်လည်း ယခုကဲ့သို့  အမျိုးသမီး လက်ေ၇ွးစင်အသင်း ၌် မခွဲစစ်ရသေးသည့် မိန်းမ အစစ် မဟုတ်သူများ ပါဝင် နေခြင်းကြောင့် မလိုလားအပ်သည့် ပြဿနာ များ ဖြစ်ပေါ်မလာစေရန် ယခုကဲ့သို့  ပိတ်ပင်တားဆီးလိုက် ခြင်း ဖြစ်ကြောင်း သိရသည် ။ သို့ သော်လည်း အီရန် ဘောလုံး အဖွဲ့ ချုပ်က ၄င်းတို့ အား မိန်းမ အဖြစ်သို့  ခွဲစစ် မှု ပြီးစီး သွားပါက အမျိုးသမီး လက်ရွေးစင် ဘောလုံး အသင်းသို့  ပြန်လာရန် ခွင့်ပြုလိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အီရန် ဘောလုံး အဖွဲ့ ချုပ်သည် နိုင်ငံ အတွင်းရှိ အမျိုးသမီး ဘောလုံး သမား များ အားလုံးအား ၄င်း တို့ ကလပ်များဖြင့် လွတ်လပ်စွာ စာချုပ် ချုပ်ဆိုနိုင်ရန် လိင် (အမျိုးအစား ) မှန်ကန်မှု ရှိမရှိ စစ်ဆေးခဲ့သည်။ အကျိုးဆက် ရလဒ် အဖြစ် အမျိုးသမီး အစစ်ဟု မသတ်မှတ်နိုင်သေးတဲ့ သူ ( သို့ မဟုတ် ) မိန်းမ ဟော်မုန်း အမှန်တကယ် ရှိနေသော်လည်း ယောင်္ကျား အင်္ဂါများ အား ခွဲစိပ် မှု မပြုပြင်ရသေးသည့် သူ ၇ ဦးအား အမျိုးသမီး အသင်း၌် ကစားရန် ပိတ်ပင်ခြင်း ခံလိုက်ရသည် ။ အကြောင်းမှာ မ စိတ် မဟော်မုန်း အမှန်တကယ် ရှိနေသော်လည်း မူလ ယောင်္ကျား အင်္ဂါ များအား မခွဲစိပ် မပြုပြင်ရသေးသည့် သူများ ယောင်္ကျား မိန်းမ အင်္ဂါ ဓါတ် နစ်ခု ရောယှက် နေသးသည့် သူများအား ယောင်္ကျား အဖြစ် အီရန်ဘောလုံး အဖွဲ့ ချုပ်မှ သတ်မှတ် သဖြင့် ယခုကဲ့သို့  ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြ သွားသည်။

အီရန် ဘောလုံးအဖွဲ့ ချုပ် ဆေးဘက်ဆိုင်ရာ အကြီးအကဲ အာမဒ် ဟက်စီမိန်း က ၄င်းပြဿနာ များအား The Sun သတင်းစာ သို့  ပြောကြားခဲ့ရာတွင် ...

" သူတို့  ( ပိတ်ပင်ခံလိုက်ရသည့် ဘောလုံးသမား များ ) အနေနင့် ခုလက်ရှိ ကြုံတွေ့ နေရတဲ့ အခက်ခဲတွေကို လွယ်ကူစွာ ဖြေရှင်းနိုင်ပါတယ် ။ သူတို့ ရဲ့  အပြီးပြတ်သေးတဲ့ အင်္ဂါပိုင်းဆိုင်ရာ ခွဲစိပ် ကုသမှု ကို ပြီးပြတ်အောင် ဆောင်ရွက် ဖို့ နင့် လိင် အမျိုးစား ပြောင်းလဲမှု ကို ဆေးအဖွဲ့ ဆီမှာ သေချာတိကျတဲ့ စစ်ဆေးမှု ကို အပြည့်ဝ ခံယူပြီး ရင် သူတို့ ကို အမျိုးသမီး ဘောလုံး အသင်းဆီ ကို ပြန်လာဖို့  ခွင့်ပြုပေးမှာ ဖြစ်ပါတယ် " ဟု ပြောကြားသွားခဲ့ကြောင်း သိရသည်။

Written by ၀ိုင်း ( ကျိန်းရိပ် )
FOOTBALL CAFE