ဦးပိန်ကို ကြင်နာပါ

ပို့စ်တင်ချိန် - 2/11/2014 08:37:00 AM

သို့ MyanmarCNN ,
အောက်ပါပုံများကိုကြည့်ခြင်းအားဖြင့် မြန်မာတွင်မက ကမ္ဘာကပါသိသော "ဦးပိန်တံတား" ၏ဆိုးရွားနေသောအခြေအနေကိုသိမြင်နိုင်မှာဖြစ်ပါတယ်။ ထိုဦးပိန်တံတားသို့ နေ့စဉ် နိုင်ငံခြားသာများ နှင့် ပြည်တွင်းနိုင်ငံသားများ အများအပြားလာရောက်လည်ပတ်လျက်ရှိပါသည်။ ထို့အပြင်နယ်ခံများမှာလည်း နေ့စဉ်တံတားပေါ်မှဖြတ်၍ မန္တလေးနှင့်အမရပူရကို သွားလာလုပ်ကိုင်လျက်ရှိပါသည်။ ပုံပါတံတား၏အခြေအနေမှာ တော်တော်ကိုဆိုးရွားနေပြီး ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန များ၏လျစ်လျူရှုခြင်းခံနေရပါသည်။ ယခုအခြေအနေအား မပြင်ဆင်ပဲဒီအတိုင်းထားမည်ဆိုပါက လာရာက်လည်ပတ်သောဧည့်သည်များသာမက နယ်ခံလုပ်သားပြည်သူများအတွက်ပါ အန္တရာယ်ရှိနေပြီဖြစ်ပါသည်။ ထိုအကြောင်းကို ဘယ်ဂျာနယ်မှလည်း အရေးတယူဖော်ပြခြင်းမရှိသလို ဘယ်သူကိုပြောရမှန်းမသိဖြစ်နေပါသည်။ ကမ္ဘာပေါ်တွင် အရှည်လျားဆုံး သစ်သားတံတား(World longest wooden bridge - 1.2 kilometer) အဖြစ်ကျော်ကြားနေသော ဦးပိန်တံတားကို ၀ိုင်းဝန်ကူညီပြုပြငိပေးဖို့ MyanmarCNN မှတင်ပြပေးပါရန် ယုံကြည်အားကိုးစွာဖြင့် သည်စာကိုပေးပို့အပ်ပါသည်။












Soe Thu Aung
Myanmar CNN မှ တင်ဆက်သည်။
သတင်းများကို [email protected] သို့ ပေးပို့နိုင်သည်။