လဂွန်းအိမ်တံတားတွင် ယာဉ်တစ်စီး အရှိန်လွန်ကာ နေအိမ်အမိုးပေါ်သို့ကျ

ပို့စ်တင်ချိန် - 2/11/2014 07:37:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

၁၁.၂.၂၀၁၄ ရက်နေ့၁၂၁၅ အချိန် တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းအတိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်ဘက်သို့ ယာဉ်မောင်း ကိုအဏ္ဏ၀ါစိုး (ဘ)ဦးသက်စိုး၊ တာမွေမြို့နယ်နေသူ မောင်းနှင်လာသော 2E/----ဟွန်ဒါဖစ် အနက်ရောင်ကိုယ်ပိုင်ယာဉ်သည် လဂွန်းအိမ်တံတား အရောက် အရှိန်လွန်ကာလမ်း၏ ယာဘက်သို့ရောက်ရှိပြီး တံတားအောက်သို့ ကျသွားခဲ့ပါသည်။

ယင်းသို့ ကျသွားခဲ့ရာတွင် တံတားအောက်ဖက် မီးရထားဝင်းလိုင်းရှိ ဦးခင်ဇော်၏ နေအိမ်ခေါင်မိုးပေါ်သို့ ရောက်ရှိသွားသဖြင့် သွပ်များပိန်ချိုင့် သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပွါးခဲ့သည့်အတွက် ယာဉ်မောင်း ကိုအဏ္ဏ၀ါစိုးအား တာမွေမြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပုဒ်မ၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police