ဆရာစံမွေးနေ့ တောင်သူ လယ်သမားနေ့ ဖြစ်စေလို




အင်္ဂလိပ် နယ်ချဲ့အစိုးရကို တော်လှန်ခဲ့တဲ့ တောင်သူ လယ်သမား အရေးတော်ပုံ ခေါင်းဆောင် ဂဠုန် ဆရာစံပုံ
photo: Internet
တောင်သူလယ်သမား အရေးတော်ပုံကို ဦးဆောင်ခဲ့တဲ့ ဆရာစံရဲ့ မွေးနေ့ သို့မဟုတ် တောင်သူလယ်သမား အရေးတော်ပုံ စတင်ခဲ့တဲ့နေ့ကို တောင်သူလယ် သမားနေ့အဖြစ် သတ်မှတ်ပေးစေချင်ကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့မှာ ကျင်းပတဲ့ တောင်သူလယ်သမားနေ့ အခမ်းအနား က ကြေညာချက် ထုတ်ပြန်ပါတယ်။

ရွာငံမှာကျင်းပတဲ့ တောင်သူလယ်သမားနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာက တောင်သူ ကိုမင်းထွန်းက သူတို့ထုတ်ပြန်တဲ့ ကြေညာချက် အကြောင်း အခုလို ပြောပါတယ်။

"တောင်သူလယ်သမားနေ့ကို ပြန်လည် သတ်မှတ်ပေးရန်၊ မတ်လ ၂ ရက်နေ့ ကို တောင်သူလယ်သမားနေ့လို့ လက်မခံဘူးဗျာ၊ စစ်တပ်အာဏာ သိမ်းတဲ့နေ့ဖြစ်နေလို့ တောင်သူ လယ်သမား အစစ်အမှန်တွေရဲ့နေ့ကို အားလုံးက သဘောတူညီချက်ကိုယူပြီးတော့မှ ပြန်လည် သတ်မှတ်ချင်တဲ့သဘောပါ၊ တောင်သူလယ်သမားနေ့ကို ဆရာစံရဲ့ မွေးနေ့ သို့မဟုတ် ဆရာစံ ရဲ့ တော်လှန်ရေးစတဲ့နေ့ပေါ့"

ဒီနေ့ရွာငံမှာကျင်းပတဲ့ အခမ်းအနားကို ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်က ရွာပေါင်း ၂၉ ရွာက တောင်သူတွေ တက်ရောက်ခဲ့ပါတယ်။ အလားတူ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နဲ့ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။

၁၉၃၀ ခုနှစ် တောင်သူလယ်သမား အရေးတော်ပုံခေါင်းဆောင် ဆရာစံကို ၁၈၇၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ရွှေဘိုခရိုင် သရက်ကန်အရှေ့ရွာမှာ မွေးဖွားခဲ့ပါတယ်။ ဆရာစံဟာ တိုင်းရင်းဆေးဆရာအဖြစ် မြန်မာနိုင်ငံ အောက်ပြည်ဖက်မှာ လှည့်လည်ဆေးကုရင်း အဲဒီအချိန်က အမျိုးသားရေးကိုယ်စားပြု ဂျီစီဘီအေအသင်းမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အင်္ဂလိပ်လက်အောက် တောင်သူတွေ ဆင်းရဲတွင်းနက်နေတဲ့ဘ၀ကို မခံမရပ်နိုင်တဲ့အတွက် ၁၉၃၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှာ သယာဝတီခရိုင် အင်းရွာ မကျည်းကုန်း ဘုန်းကြီးကျောင်းမှာ ဂဠုန်တပ်ဖွဲ့တွေကို စတင်ဖွဲ့စည်းပြီး အင်္ဂလိပ်ကို လက်နက်ကိုင် စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဆရာစံကို အင်္ဂလိပ်အစိုးရက ဖမ်းမိခဲ့ပြီး ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ သာယာဝတီထောင်မှာ ကြိုးပေးကွက်မျက်ခဲ့ပါတယ်။


RFA

ဒေါ်တင်ဝင်း သောင်းဂဏန်း ပမာဏ မကိုင်ရတာကြာပါပြီ



Author- စန်းယု
မန္တလေး ဖေဖော်ဝါရီ ၂၅

အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်တင်ဝင်းတစ်ယောက် သူ့ဘ၀မှာ ပိုက်ဆံကျပ်သောင်းဂဏန်းဆိုတဲ့ပမာဏကို လက်ထဲမှာကိုင်မသုံးဘူးတာ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်ရှိပါပြီ။ ဇရာရဲ့သင်္ကေတတွေ လက္ခဏာတွေ စတင်ပြည့်စုံစပြုနေတဲ့ ဒေါ်တင်ဝင်းဟာ ခ၀ါသည် လုပ်လိုက်၊ သဲတောင်းရွက်သူလုပ်လိုက်၊ အမှိုက်စွန့်ပစ်ပေးသူလုပ်လိုက်နဲ့ ဘ၀ကို ဖြတ်သန်းခဲ့ရင်း ရုန်းကန်နေရပါတယ်။ သမီးတစ်ယောက်ရှိပေမယ့် ဒေါ်တင်ဝင်းဟာ ကိုယ့်ဘာသာကို တစ်ယောက်တည်းနေထိုင်ပါတယ်။

ငွေတွင်းနက်နက်

“ ၈၈ အရေးခင်းနောက်ပိုင်း အဆင်မပြေဘူး။ သောင်းဂဏန်းပိုက်ဆံ မကိုင်ဖူးဘူး။ နှစ်ပေါင်းအစိတ်အတွင်းမှာ။ တစ်ထောင်တန်ဆိုတာအများဆုံးပဲ။ ဘ၀မှာငွေရှာရတာတော်တော်ခက်တယ်။ အသက်ကြီးလေ ခက်လေပဲ” ဒေါ်တင်ဝင်းက သူနဲ့ ပိုက်ဆံ အလှမ်းဝေးနေခဲ့တာကို ပြောပါတယ်။
အဲသည်လိုပြောပြီး အဝေးကိုငေးကြည့်နေတယ်။သူစဉ်းစားနေပုံရတယ်။ တအောင့်အကြာမှာတော့တစ်စုံတခုကို အမှတ်ရပြီး အခုလိုဆက်ပြောပါတယ်။

“ ဆံပင်ဖြတ်ရောင်းတုန်းကရယ်။မြေးငယ်လေး အဝေးလိုက်ပြီး အလုပ်လုပ်တုန်းက ကန့်တော့တုန်းကတော့(ကျပ်) တစ်သောင်းကျော်လောက်ကိုင်ဖူးတယ်။ ကြပ်တည်းတုန်းကယူထားတဲ့ အကြွေးတွေပြန်ဆပ်လိုက်လို့ ကြာကြာမကိုင်လိုက်ရဘူး”
လက်ရှိ အစိုးရဟာ ဆင်းရဲမွဲတေမှု လျော့ချရေးကိုဆောင်ရွက်နေတယ်လို့ နိုင်ငံပိုင် မီဒီယာတွေမှာ မကြာခဏဖော်ပြနေပါတယ်။ ဒါပေမယ့် အဲသည်ဆင်းရဲမွဲတေမှုလျော့ချရေးဟာ ဒေါ်တင်ဝင်း အပါအ၀င် သက်ကြီးရွယ်အိုတွေရဲ့ စားဝတ်နေရေး ကို ယခုအချိန်ထိ အကျိုးသက်ရောက်မရှိသေးပါဘူး။
၈၈ အရေးခင်းပြီး တပ်မတော်အစိုးရ၊ ၂၀၁၀ နောက်ပိုင်းတက်လာတဲ့ ဦးသိန်းစိန် အစိုးရ တွေရဲ့ ကူညီမှု ထောက်ပံ့မှု တွေကို အသက် ၇၀ ရှိပြီဖြစ်တဲ့ ဒေါ်တင်ဝင်းတစ်ယောက် မရရှိခဲ့သေးဘူးလို့ဆိုပါတယ်။

ဆံပင်စုဗူး

ဒေါ်တင်ဝင်းအတွက် သူ့ဦးခေါင်းကဆံပင်တွေက သူ့စားဝတ်နေရေးအတွက် စုဗူးတစ်ခုပါ။ဆံပင်ရှည်လာရင် ကတုံးတုန်းပြီးရောင်းစားရပါတယ်။အခုဆိုရင် သူ့ဦးခေါင်းမှာ ဆံပင်ဖြူ၊ ဆံပင်နက် ရောရာတွေဟာ လက်တစ်ထွာလောက်ရှိနေပါပြီ။တစ်ထွာလောက်ရှိနေတဲ့ဆံပင်တွေကို စုကာ လုံးကာ ပြီးလွယ် စီးလွယ်ထုံးထားပါတယ်။ ဒေါ်တင်ဝင်းရဲ့ဆံပင်တွေဟာ သူ့ဆည်းဆာဘ၀ဖြတ်သန်းချိန်အတွက် စုဗူးသဖွယ်ဖြစ်နေပါတော့တယ်။
တိမ်ကောစပြုနေတဲ့ ဧရာဝတီမြစ်ရဲ့မြစ်လက်တက်ကမ်းနားဘေး မန္တလေးမြို့ မန်းကျည်းပင်ဆိပ်ကမ်း အနီးမှာ တဲအိမ်ငယ်အချို့ ဟိုတစ ဒီတစရှိနေပါတယ်။ကျူးကျော်တဲတွေပါ။ အဲသည်ကျူးကျော်တဲတွေထဲမှာ ဒေါ်တင်ဝင်းရဲ့ ခြောက်ပေပတ်လည် လူတစ်ယောက်အိပ်စာ တဲငယ်လေးလည်းပါဝင်ပါတယ်။ ၈၈ အရေးခင်းမတိုင်ခင်က သူဟာ ဒီဆိပ်ကမ်းအနီးမှာကိုယ်ပိုင်အိမ်နေထိုင်ခဲ့ပေမယ့် မြို့ပတ်ကမ်းနားလမ်းစီမံကိန်းကြီးကြောင့် သူ့အိမ်အပါအ၀င် ရပ်ကွက်တခုလုံး ဖျက်ဆီးခံလိုက်ရပါတယ်။ အဲသည်အချိန်ကစပြီး မန်းကျည်းပင်ဆိပ်ကမ်းလို့ခေါ်တဲ့ အဲသည်ကမ်းနားဘေးတစ်ဝိုက်မှာ သူ့အိမ်လေးကို ဟိုနားရွှေ့လိုက် ဒီနားရွှေလိုက် ဆောက်လိုက် ဖျက်လိုက်လုပ်ရင်း နေထိုင်လာတာ ၂၅ နှစ်ကျော်ရှိလာပါပြီ။

“ အိမ်ကိုဝါးလုံးတိုလေး လေးတိုင်စိုက်၊ အပေါ်ကတန်းပစ်ပြီး မိုးကာအစုတ်လေး မိုးလိုက်တာပဲ။မိုးရာသီဆို မိုးမလုံဘူး။ ကိုယ်ဖာကိုဆောက်ရတာ။ ပိုက်ဆံမကုန်ဘူး” လို့ ဒေါ်တင်ဝင်းက သူ့တဲလေးရှေ့မှာ မတ်တပ်ရပ်ရင်းပြောပါတယ်။

သံမပါတဲ့အိမ်

ဒေါ်တင်ဝင်းက သူကွန်းခိုရာနေရာကို အိမ်လို့ညွှန်းဆိုပေမယ့် မြင်တွေ့ရသူအဖို့မှာတော့ တဲလို့တောင် အဓိပ္ပါယ်ဖွင့်ဆိုဖို့ခက်ပါတယ်။ သူ့အိမ်ဟာ ဆောက်ထားတာ သံတစ်ချောင်းမှ မပါဝင်ပါဘူး။ သံနဲ့တွဲရမယ့်နေရာ၊ သံရိုက်ရမယ့်နေရာတွေကို ပလပ်စတစ်(ပီနန်) ကြိုးဟောင်းတွေနဲ့ပဲ တွယ်ဆက် ချိတ်ထားတာပါ။ အခုလိုအိမ်ပုံစံမျိုးကိုပဲ ဟိုရွှေ့ ဒီရွှေ့ ဆောက်လိုက် ဖျက်လိုက် လုပ်လာတာအနည်းဆုံး အကြိမ် နှစ်ဆယ်အောက်ထစ်ရှိပြီလို့ သူကဆိုပါတယ်။

အသက်ရွယ်ရလာပြီ ဖြစ်တဲ့ ဒေါ်တင်ဝင်းဟာ အခုအခါ အရင်ကလို ခ၀ါသည် အလုပ်ကို မလုပ်နိုင်တော့ပါဘူး။ နေ့စဉ်ဝမ်းရေး ဖြေရှင်းဖို့အတွက် အနီးနားဝန်းကျင် အိမ်တွေက အမှိုက်တွေကို အမှိုက်ပုံဆီကို စွန့်ပစ်ပေးရတဲ့ အမှိုက်ပစ်အလုပ်ကိုပဲ လုပ်ကိုင်နိုင်ပါတော့တယ်။ ဇရာကြောင့် မျက်စိတွေေ၀၀ါးလာ၊ခန္ဓာကိုယ်ကလေးလံထိုင်မှိုင်းလာပြီဖြစ်ပါတယ်။
“ မျက်စိကမှုန်နေပြီ။ လမ်းကလည်းသိပ်မလျှောက်နိုင်တော့ဘူး။ အမှိုက်ပစ်ပေးပြီးစားရတာပေါ့။ နှစ်ရာလောက်ရှိရင်ဆိုင်မှာ ထမင်းဆီဆမ်းလေးနဲ့ ဆိုင်ကချပေးတဲ့ အချဉ်လေးနဲ့ စားလိုက်တာပဲ။ ည မနက်ဆို လေးရာရှိရင် အဆင်ပြေသွားတာပဲ” လို့ နေ့စဉ်ဝမ်းရေးဖြေရှင်းနေရပုံကို ဒေါ်တင်ဝင်းကပြောပါတယ်။နေ့စဉ် ဆိုင်မှာပဲဝယ်ယူစားသောက်နေရတာမို့ သူ့မှာ အိုးခွက် ပန်းကန်တွေမရှိဘူးလို့ ဆိုပါတယ်။

စပ်ဆေးပဲအားထားစရာ

နေ့စဉ်ပုံမှန်ဝင်ငွေမရှိတာ၊ ၀င်တဲ့ငွေဟာလည်း ကျပ်တစ်ထောင်အောက်ပဲရှိနေတာကြောင့် ဒေါ်တင်ဝင်းဟာ မမာမကျန်းဖြစ်ရင် ဆေးခန်းမသွားနိုင်ပါဘူး။ နီးစပ်ရာဆေးဆိုင်ကပဲ အစုံထုပ်ဆေး(စပ်ဆေး) ကိုဝယ်သောက်ပြီး ဖျားမှု နာမှုတွေကိုဖြေရှင်းနေရပါတယ်။
“ဆေးတိုက်မသွာနိုင်ဘူး။ သွားစရာပိုက်ဆံလည်းမရှိဘူး။ အစုံထုပ်နှစ်ရာပေးရတယ်။ အဲဒါဝယ်သောက်လိုက်တယ်။ အစုံထုပ်က သောက်ရင် ရင်တွေပူပြီးခံရတာ။ ဒါပေမယ့် နေတော့ ပြန်ကောင်သွားတယ်” လို့ ပြောရင်း ဒေါ်တင်ဝင်း မျက်လုံးတွေဟာ မလှမ်းမကမ်းကိုငေးကြည့်နေတယ်။
ဒေါ်တင်ဝင်းငေးကြည့်တဲ့နေရာကတော့ စည်ပင်သာယာပိုင် မြေကြိတ်ကားကြီးတစ်စီးဟာ မြေတွေကို ညက်နေအောင်ကြိတ်နေတဲ့နေရာပါ။ အနာဂတ်စီမံကိန်းတစ်ခုအတွက် မြေယာပြုပြင်မှုလုပ်နေတာဖြစ်ပါတယ်။ အရင်တုန်းက ဒေါ်တင်ဝင်းတို့လို ကျူးကျော်သူတွေ နေခဲ့တဲ့နေရာလေးဖြစ်ပါတယ်။

အ၀တ်အစားလေးစုံ

လက်ရှိပိုင်ဆိုင်မှု ဘာတွေရှိလဲလို့ မေးမြန်းကြည့်တဲ့အခါ ဒေါ်တင်ဝင်းက “ ဘာမှမရှိဘူး” လို့ အသံခပ်တိုးတိုးလေးနဲ့ ဖြေကြားပါတယ်။ ပြီးမှဆက်ပြီး “ အ၀တ်စားလေးစုံရှိတယ်။ အဟောင်းတွေချည်းပဲ။တစ်စုံကတော့ နည်းနည်းလတ်တယ်။ အဲဒါက သေရင်လွှမ်းဖို့ သိမ်းထားတာ” လို့ ပြောပါတယ်။ဒေါ်တင်ဝင်းရဲ့မျက်လုံးတွေဟာ ညှိုးငယ်နေတာကိုတွေ့ရပါတယ်။
ဒေါ်တင်ဝင်းရဲ့ သက်ကြီးဆည်းဆာဘ၀ဟာ ကြမ်းတမ်းတယ်။ နေမကောင်းရင်ဆေးခန်းမသွားနိုင်၊ ထမင်းနဲ့ ဟင်းတွဲဖက်မစားနိုင်၊ ကိုယ်ပိုင်ကျောတခင်းစာနေရာမရှိနိုင် စတာတွေကြောင့် ဒေါ်တင်ဝင်းတစ်ယောက် စိတ်ကျတာမျိုး မကြာခဏကြုံတွေ့နေရပါတယ်။

သေသော်မှတည့်သြော်ကောင်း၏

“ တစ်ခါတစ်ခါသေတာမှကောင်းသေးတယ်လို့တွေးနေမိတယ်။အမလေး သူများသေမယ့်အစား ကိုယ်ပဲရောသေလိုက်ရင်ကောင်းမယ်လို့ စိတ်ကူးမိတယ်။ နေရာဖယ်ဖို့ နှင်တဲ့အခါမျိုးမှာစိတ်ညစ်ရတာပေါ့” လို့ ပြောပါတယ်။
ဒေါ်တင်ဝင်းက သူစိတ်ဓာတ်ကျဆင်းခဲ့ရပုံတွေကိုပြောပြီး မလှမ်းမကမ်းကို လှမ်းကြည့်ပြန်ပါတယ်။ စည်ပင်က မြေညှိကား အလုပ်လုပ်နေတာကိုကြည့်တာပါ။ အဲသည့်နေရာကို စီမံကိန်းတစ်ခုခု လာရင် ဒေါ်တင်ဝင်းတို့ နေထိုင်ရာ ကျူးကျော်တဲတွေ ထပ်ပြီး အပြီးပြောင်းရွှေ့ပေးရမယ်လို့ သတင်းတွေထွက်နေပါတယ်။

“ ဘယ်နေလို့ ဘယ်ရွှေ့ရမှန်းမသိဘူး။ ဒီကနှင်မှာကို ကြောက်တယ်။နှင်ရင်စိတ်ဆင်းရဲရမှာ။ စိတ်ထပ်ပြီးစိတ်မဆင်းရဲချင်တော့ဘူး။ မနှင်ခင် နိဂုံးချုပ်ချင်တယ်” လို့ ဒေါ်တင်ဝင်းက ပြောပါတယ်။ အဲသည်လိုပြောလိုက်ချိန်မှာ သူဟာမျှော်လင့်ချက်ကင်းမဲ့နေတာကိုတွေ့ရပါတယ်။
မထင်တော့ပါဘူး

ဒေါ်တင်ဝင်းဟာ သူမသေခင်မှာ ဆန္ဒနှစ်ခုရှိပါတယ်။ ကိုယ်ပိုင်နေစရာလေးတစ်ခုရဖို့နဲ့ လက်ရှိသူမှာတင်ရှိနေတဲ့ အကြွေးတစ်ထောင်ကျော် ပြန်ဆပ်နိုင်ဖို့ပါ။
“ ကိုယ်မသေခင် ကိုယ်ပိုင်ကျောတခင်းစာနေရာလေးပိုင်ချင်တယ်။ အစိုးရကကူညီမယ်ဆိုရင်ကောင်းတာပေါ့” လို့ ပြောပြီး ဒေါ်တင်ဝင်းအသံဟာ တိမ်ဝင်သွားတယ်။

ပြီးမှ ယခုလိုဆက်ပြောပါတယ်။

“ မထင်တော့ပါဘူး”



 The Modern News Journal

Video call နှင့် အခြား တန်ဖိုးမြင့် ဝန်ဆောင်မှုများကိုပါ ထည့်သွင်းပေးမည်ဟု တယ်လီနောဆို




Written by စ ချိုကို

ရန်ကုန်၊ မဇ္ဈိမ။ ။ ပြည်တွင်း မိုဘိုင်း အော်ပရေတာ တယ်လီနောက ပေးမည့် မိုဘိုင်းဝန်ဆောာင်မှုများတွင် အခြေခံ အသံစနစ် ဝန်ဆောင်မှုများအပြင် အခြား Value Added (တန်ဖိုးမြင့် ဝန်ဆောင်မှု)များကို ထည့်သွင်းဝန်ဆောင်မှု ပေးမည်
ဖြစ်သည်ဟု အာရှဒေသဆိုင်ရာ တယ်လီနော အဖွဲ့၏ အကြီးအကဲဖြစ်သူ Mr.Sigve Brekke က မတ် ၃ရက်က တယ်လီနော မြန်မာ ၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးချုပ်ဖွင့်ပွဲတွင် ပြောသည်။

ထိုဝန်ဆောင်မှုများတွင် MMS ၊ Vocie Mail ၊ Call Forward ၊ Call Waiting ၊ Video Calling နှင့် အခြား ဝန်ဆောင်မှုများ ပါဝင်လာမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Mr.Sigve Brekke က “ Voice Mail လို ဆားဗစ်အပြင် အခြေခံ ဝန်ဆောင်မှု စနစ်တွေ အားလုံးသုံးနိုင်မှာပါ။ ကျေးလက် ဒေသ အနေအထားအထိ အင်တာနက် အသုံးပြုနိုင်ဖို့လည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီကျေးလက်က လူတွေ အင်တာနက် အသုံးပြုနိုင်တဲ့ ဈေးနှုန်းမျိုးလည်း ဖြစ်နိုင်အောင် ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေး ၊ ပညာရေးနဲ့ မိုဘိုင်း ငွေပေး
ချေမှု စနစ်တွေကိုလည်း ထပ်မံဝန်ဆောင်မှု ပေးသွားနိုင်မှာပါ” ဟုပြောသည်။

အဆိုပါ တိုးမြှင့်ဝန်ဆောင်မှုများတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသုံးပြုခွင့် မပေးသေးသော MMS ၊ Video Calling စသည့် ဝန်ဆောင်မှုများ ပါဝင်လာနိုင်မည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် video Calling စနစ်များနှင့် MMS စနစ်များကို ဝန်ဆောင်မှု မပေးနိုင်ခြင်းမှာ နည်းပညာ အခက်အခဲကြောင့် ဖြစ်နိုင်သည်ဟု ပြည်တွင်း မိုဘိုင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Amara Communication မှ အင်ဂျင်နီယာချုပ် ဦးကျော်နိုင်က သုံးသပ်ပြောကြားသည်။

ဦးကျော်နိုင်က “အဲဒီ တန်ဖိုးမြင့် ဝန်ဆောင်မှု ဆားဗစ်မှာ Server ထိုင်ပြီး အဲဒီ့ပေးမယ့် Applicationကို Run လိုက်တယ်။ မြန်မာ့ ဆက်သွယ်ရေးက Video call Service နဲ့ အခြား တန်ဖိုးမြင့် ဝန်ဆောင်မှုတွေကို မပေးနိုင်သေးတာက အဓိက နည်းပညာ အခက်အခဲတွေ ကြောင့်ပါ။ မကြာခင်တော့ အဲဒီ ဝန်ဆောင်မှု တွေကိုမြန်မာ့ ဆက်သွယ်ရေးဘက်ကလည်း တိုးမြှင့် ဝန်ဆောင်
ပေးနိုင်မှာပါ။ တယ်လီနောက အခုမှ စတင် အခြေချမှာဆိုတော့ ကွန်ယက် စတင်တည်ဆောက်အသုံးပြုပြီး ခြောက်လအတွင်းမှာ Video Call စနစ်ကို စတင် ဝန်ဆောင်မှု ပေးလာနိုင်မယ် ထင်ပါတယ်”ဟုဆိုသည်။

ဆက်လက်၍ ယင်းက “ GSM စခန်းတွေ ဆက်သွယ်ရာမှာ ဖိုက်ဘာဆက်သွယ်မှုက ၈ဝ ရာခိုင်နှုန်းလောက်အထိ ရှိလာရင်တော့ Video Call စနစ်ကို ကောင်းကောင်း ဝန်ဆောင်မှု ပေးလာနိုင်မှာပါ ” ဟု သုံးသပ်ပြောကြားသည်။

တယ်လီနောက မိုဘိုင်းဆင်းကတ်များ များကို စက်တင်ဘာ နောင်ပိုင်းတွင် စတင် ဖြန့်ချိရောင်းချကာ ဝန်ဆောင်မှု ပေးဖွယ်ရှိနေ ပြီး 2G နှင့် 3G ဝန်ဆောင်မှုကို စတင်ပေးသွားမည်ဖြစ်သည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Petter Furbergeက ပြောသည်။

Mr.Petter က “ မြန်မာနိုင်ငံမှာ ရှိတဲ့ သူတွေကို ဝန်ဆောင်မှု ပေးရာမှာလည်း တခြားနိုင်ငံတွေထက် ဈေးမြင့်တာမျိုးမဟုတ်ဘဲ တန်းတူ ဖြစ်နိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ အရည်အသွေးမြင့် ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ နဲ့ ဈေးနှုန်းသက်သာဖို့ကိုအဓိကထားပြီး လုပ်ဆောင် ပေးမှာပါ ” ဟု ပြောသည်။

တယ်လီနော၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးချုပ်ကို ရန်ကုန်မြို့ အမှတ် ၄ဝ ၊ စက်မှု (၁) လမ်းတွင် မတ် ၂ ရက်က တရားဝင်ဖွင့်လှစ်လိုက် ပြီ ဖြစ်သည်။

Mizzima - News in Burmese

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မီဒီယာများပထမဆုံးအကြိမ်တွေ့ဆုံမည်



BY HOTNEWS_EDITOR·THU, 01/01/1970 - 06:30·0 COMMENTS

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည်ပထမဆုံးအကြိမ်အဖြစ် မီဒီယာများနှင့် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

မတ် ၅ ရက်နေ့ မွန်းလွဲပိုင်း တွင် တွေ့ဆုံမည့်ယင်းတွေ့ဆုံပွဲ အတွက် ပြည်တွင်းမီဒီယာများသို့  မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနမှ တစ်ဆင့်ဖိတ်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲအတွက် မီဒီယာများမှတက်ရောက်မည့်သူ များသည်မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာန၌ အချက် (၁၀) ချက်ပါ ကိုယ်ရေးအချက်အလက်ပုံစံများ   ဖြည့်စွက်၍မတ် ၂ ရက် ညနေ ၆ နာရီနောက်ဆုံးတင်ပြရကြောင်း သိရသည်။

“အလွတ်သဘောတွေ့ဆုံပွဲ  လို့လည်းပြောတယ်။ မေးခွန်းမေး မြန်လိုပါက မတ် ၄ ရက်နောက် ဆုံးဖက်စ်နဲ့ ပို့ရမယ်လည်းပါတယ်ဆို တော့ စာနယ်ဇင်းရှင်းလင်းပွဲလို့  လည်းပြောလို့ရမယ်ထင်ပါတယ်”ဟု ပြည်တွင်းသတင်းအယ်ဒီတာတစ် ဦးကဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်အနေဖြင့် တပ်မတော်ကာကွယ်  ရေးဦးစီးချုပ်တာဝန်စတင်ထမ်း ဆောင်ချိန်မှ စတင်ကာယနေ့အထိ  ကာလအတွင်း ပြည်တွင်းမီဒီယာ များနှင့် တွေ့ဆုံမှုမှာယခုအကြိမ်  သည်ပထမဆုံးအကြိမ်ဖြစ်သည်။

လက်ရှိပြည်တွင်း၌ အရှိန် အဟုန်ပြင်းထန်လျက်ရှိသော ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးတို့တွင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏အခန်း ကဏ္ဍမှာ အထူးအရေးပါလျက်ရှိ နေချိန်တွင် ယခုကဲ့သို့ပြည်တွင်း  မီဒီယာများနှင့် ဗိုလ်ချုပ်မှူးကြီး၏ တွေ့ဆုံမှုမှထူးခြားသောရလဒ် ကောင်းများထွက်ပေါ်လာနိုင်မည် လားဆိုသည်ကို စိတ်ဝင်စားစွာ  စောင့်မျှော်မိကြောင်း စာနယ်ဇင်း  လောကသားတို့ကဆိုသည်။

ခြေမြန်တော်
hot news weekly


ဆုတောင်းမနေနှင့်ဆိုတဲ့စကားဟာ အစွန်းမလွတ်ဘူး



အမျိုးသမီးယောဂီတစ်ယောက်က အိမ်ပြန်တော့မလို့ ဘုန်းဘုန်းတွေကို ကန်တော့နှုတ်ဆက်ပါတယ်။ ဘုန်းဘုန်းတွေနှင့် ပြောမနာဆိုမနာ ရင်းနှီးနေကြတော့ ကန်တော့ရင်းကနေ “ဘုန်းဘုန်း၊ တပည့်တော် ကန်တော့တယ်နော်။ ဆုတော့ ပေးမနေပါနှင့်တော့၊ ဆုပေးတိုင်းလည်း ရတာမဟုတ်ဘူး၊ ကိုယ်လုပ်မှ ကိုယ်ရမှာ။ ဟုတ်တယ် မဟုတ်လားဘုရား” လို့ နောက်ပြီး လျှောက်လိုက်ပါတယ်။ ဒါနှင့် ဘေးမှာရှိတဲ့တစ်ယောက်က “ဘုန်းဘုန်း၊ ဒါဆိုလည်း ကိုယ့်ဖာသာကိုယ် လိုချင်တာကို ရအောင်လုပ်စေ” ဆိုပြီး ဆုပေးလိုက်ပါ ဘုရား လို့ ထပ်ပြီး ၀င်နောက်လိုက်ပါတယ်။

အဲဒါနှင့်ပဲ နာဂိုယာက ခဏကြွလာတဲ့ ဆရာတော်က...

“ခင်ဗျားတို့တွေ အဲဒီကိစ္စမှာ အယူအဆလေးတွေ နဲနဲလိုနေကြတယ်။ ဆုပေးတယ်၊ ဆုယူတယ်ဆိုတာ မလိုအပ်ဘူးဆိုပြီး အယူမလွဲရဘူး။ တချို့ ဆရာတော်တွေက ဆုတောင်းမနေနှင့်၊ ကိုယ်လုပ်မှကိုယ်ရမှာ၊ ဆုတောင်းနေရုံနှင့်ရမှာမဟုတ်ဘူးလို့ ပြောတတ်ကြတယ်။ ဆုတောင်းမနေနှင့်ဆိုတဲ့စကားဟာ အစွန်းမလွတ်ဘူး။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကစလို့ ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေ၊ အဂ္ဂသာဝကတွေ၊ မဟာသာဝကတွေ၊ ပကတိသာဝကတွေ အားလုံးဟာ အခုလိုမျိုး အခြေအနေကို ရဖို့အတွက် ဆုတွေတောင်းခဲ့ကြရတယ်။ ဆုမတောင်းခဲ့တဲ့သူ တစ်ပါးမှ မရှိဘူး။ ဆုလည်း တောင်းကြရတယ်၊ ပြီးတော့ တောင်းထားတဲ့ဆုအတိုင်း ပြည့်ဝအောင် ပါရမီတွေကိုလည်း ဖြည့်ကျင့်ရတယ်။ အစဉ်က အဲဒီအတိုင်းသွားတယ်။

ခင်ဗျားတို့ သြကာသကန်တော့ချိုးမှာ တချို့ က ပထမပိုဒ်ကိုပဲ ဆိုဖို့ ပြောကြတယ်။ နောက်က ကန်တော့ရသော အကျိုးအားကြောင့်ဆိုတာကို ထည့်မဆိုခိုင်းဘူး။ တကယ်တော့ ဒီကန်တော့ချိုးဟာ ရှေးပညာရှိဆရာတော်ကြီးတွေ စီမံရေးသားခဲ့ကြတာ။ အဓိပ္ပါယ် အနှစ်သာရ အပြည့်အ၀ပါတယ်။ အဲဒီကန်တော့ခန်းမှာပါတဲ့ စကားလုံးတိုင်းကို နားလည်ရင် တော်တော်ကို အကျိုးများတယ်။ ဒါကို အခုတချို့ ဆရာတော်တွေက ဖြုတ်ဖို့ လုပ်နေကြတာ တကယ်တော့မလုပ်သင့်ဘူး။ ဘာသာ၊ သာသနာကို တိုးတက်အောင်ပြုပြင်တယ်ဆိုရာမှာ လုပ်လို့ အကုသိုလ်ဖြစ်မယ့် ကိစ္စမျိုးတွေကို မလုပ်ဖြစ်အောင် တားမြစ်တာမျိုး၊ ပြုပြင်တာမျိုးပဲ ဖြစ်ရမယ်။ သူ့ဖာသာထားလို့ လည်း ဘာမှ မဖြစ်၊ ပြင်လိုက်လို့လည်း ဘာမှမဖြစ်တဲ့ကိစ္စ မျိုးတွေကို အတင်းလိုက်ပြုပြင်နေရင် နောင်ဘာဖြစ်လာမလဲဆိုတော့ ဒကာ၊ ဒကာမတွေ ကြား အုပ်စုတွေကွဲ၊ အငြင်းတွေပွားပြီး အကုသိုလ်တွေသာ တိုးပွားသွားစေနိုင်တယ်။

နောက်ထပ် ဥပမာ တစ်ခု အများကြားဖူးတာလေး ထပ်ပြောမယ်ဆိုရင် သီလပေးတဲ့အခါ၊ သရဏဂုံဆောက်တည်တဲ့အခါ ဒကာ၊ ဒကာမတွေက “အာမဘန္တေပါဘုရား” လို့ နောက်ကလိုက်ဆိုကြတယ်။ တချို့ ဆရာတော်တွေက အဲဒါကို “ပါဘုရား” မထည့်ရဘူး ဆိုပြီး အတင်းဖြုတ်ခိုင်းတယ်။ အဲလိုမျိုးပဲ။ “သာဓု၊ သာဓု၊ သာဓု ပါဘုရား” မှာလည်း “ပါဘုရား” ကို ဖြုတ်ခိုင်းကြတယ်။ စာအနေနှင့်ကြည့်ရင်တော့ ဒါကို ဖြုတ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် “ပါဘုရား” ထည့်လိုက်တော့ရော ဘာများ အဓိပ္ပါယ် မှားသွားလို့လဲ။ ဘာများ အကုသိုလ်ဖြစ်သွားလို့လဲ။ ဘာသာ၊ သာသနာမှာ တခြားတကယ်ပြင်ရမယ့် အရေးကြီးတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ ဒီလို သေးသေးမွှားမွှားလေးတွေကို လိုက်ပြင်နေတာ ဘာမှ အကျိုးမဖြစ်ပါဘူး။ ဒကာ၊ ဒကာမတွေကြား သူ့ဆရာတော်ပြောတာမှ အမှန်၊ ငါ့ဆရာတော်ပြောတာမှ အမှန်ဆိုပြီး အငြင်းပွားဖို့ပဲ ရှိပါတယ်။

နိုင်ငံခြားက ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှိခိုးတဲ့အခါ နမောတဿကနေ စပြီးရှိခိုးကြတယ်။ အဲဒါကို လိုက်အတုယူအားကျပြီး ဟိုးအရင်တုန်းက ဆရာတော်တစ်ပါးက သူတရားဟောရင် အဲဒီအတိုင်း နမောတဿကပဲ ဒကာ၊ ဒကာမတွေကို လိုက်ဆိုခိုင်းတယ်။ သြကာသကို ဖြုတ်ထားခဲ့တယ်။ ဒါနဲ့ သံဃာ့မဟာနာယကအဖွဲ့ က အဲဒီဆရာတော်ကို ခေါ်ပြီး ဒါမျိုးမလုပ်ဖို့ သတိပေးခဲ့ရဖူးတယ်။

ဒီတော့ ပြောချင်တာက သြကာသကန်တော့ချိုးကိုလည်း မဖြုတ်ပါနှင့်၊ ဆုတောင်းကိုလည်း မဖြုတ်ပါနှင့်။ ဆရာတော်တွေဘက်ကလည်း ငါသီလပေးတဲ့အခါကျရင် သြကာသကန်တော့ချိုးက ဒီပုံစံမျိုးမှ ဖြစ်ရမယ်ဆိုတာမျိုး မလုပ်ပါနှင့်။ ဒကာ၊ ဒကာမတွေ ဆိုတတ်သလိုဆိုကြပါစေ။ သူတို့အတွက် အကုသိုလ်မဖြစ်ဘူးဆိုရင် မလိုအပ်ပဲ လိုက်ပြင်မနေပါနှင့် လို့ ပြောချင်ပါတယ်။”

လို့ ကျွန်တော်တို့ အားလုံးကို အမိန့်ရှိတော်မူလိုက်ပါတယ်။

by Ma ShweChee
 ( အမှတ်မထင်ပဲ နာယူလိုက်ရတဲ့ အဆုံးအမ ) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

worldofwisdom

Water poisoning ရေအဆိပ်သင့်ခြင်း




ဒေါက်တာ ကျွန်တော် တနေ့တနေ့ရေသောက်တာ အရမ်းများတယ်ဆရာ။ ကောင်းလားမကောင်းလား။ အဲဒါကြောင့် ဝနေလား၊ ထမင်းတအားမစားပါဘူး။ ကိုယ့်ဖာသာကို လန့်နေတယ်ဗျာရှင်းပြပါဦးနော်။

ရေဆိပ်သင့်ခြင်းလို့ ခေါင်းစဉ်တပ်ပေမဲ့ သောက်တဲ့-သုံးတဲ့ရေထဲမှာ အဆိပ်ပါတာ မဟုတ်ပါ။ ရေသန့်ဗူးထဲကရေတွေ တအားကြီး သောက်ရင်လဲ အဆိပ်သင့်နိုင်တာကိုပြောတာ ဖြစ်ပါတယ်။ ဆေးစာနဲ့ဆို Water intoxication လို့ ခေါ်တယ်။ သေကောင်းသေနိုင်တယ်။ ဦးနှောက် လုပ်ငန်းတွေ ထိခိုက်စေမယ်။ Electrolytes ဓါတ်ဆားအချိုးအစား မမျှရာကနေ Hyponatremiaခေါ်တဲ့ (ဆိုဒီယမ်) နည်းတာဖြစ်စေတယ်။

အမှတ်တမဲ့တော့ ရေတွေ တအားသောက်တယ် ဆိုတာတော့ ရှားပါတယ်။ Water drinking contests ရေသောက် ပြိုင်ကြရင် ဖြစ်နိုင်တယ်။ ၁၂-၁-၂ဝဝ၇ တုံးက Hold Your Wee for a Wii ရေသောက်ပြီး သေးမပေါက်နဲ့ ဆိုတဲ့ ပြိုင်ပွဲဝင်သူ ၂၈ နှစ်အရွယ်၊ ကလေး ၂ ယောက်အမေ Jennifer Strange ဟာသေသွားလို့ ပြိုင်ပွဲစီစဉ်တဲ့ The End ရေဒီယိုကဒေါ်လာ ၁၆့၅ သန်းလျှော်လိုက်ရတယ်။

ဆေးရုံတွေမှာလူနာကို လိုတာထက် ရေပါတဲ့ Drips တွေ အများကြီးသွင်းရင်လဲ ဒုက္ခပေးမယ်။ ရေကောင်းရေသန့်ကနေ အဆိပ်လို့ ခေါ်တော့မယ်။ တန်ဆေး၊ လွန်ဘေးအစစ်ဖြစ်တယ်။

လူ့ကိုယ်ခန္ဓာမှာ ပါးစပ်နှုတ်ခမ်းကနေ စအိုအထိရှိတဲ့ အစာလမ်းကနေရေကို စုပ်ယူနိုင်စွမ်းရှိတယ်။ အစာအိမ်နဲ့ အူတွေကနေ အများဆုံး စုပ်ယူပေးတယ်။ ရေနဲ့ (ဆိုဒီယမ်) ဓါတ်ဆားကတွဲနေတယ်။ တသမတ်ထဲ မျှနေရတယ်။ (ဆဲလ်) တခုရဲ့ အပြင်ဝန်းကျင်နဲ့ (ဆဲလ်) အတွင်ကလဲ မျှနေရတယ်။ ရေကများသွားချိန်မှာ (ဆိုဒီယမ်) က နည်းသွားမယ်။ Hyponatremia ခေါ်တယ်။ တနေရာရာမှာဓါတ်ဆားအချိုးအဆကဲမယ်-နည်းမယ်ဆိုရင် (ဆဲလ်) နံရံကနေ Osmosis (အော့စ်မောဆစ်) အပြန်အလှန် စုပ်ယူ-စုပ်ထုတ်ခြင်း ဖြစ်စဉ်အရညီစေအာင် ကြိုးစားလိမ့်မယ်။ (ဆဲလ်) တွေ ဖေါင်းကားလာလိမ့်မယ်။ ဦးနှောက်ထဲမှာဖိအားတွေ တက်လာလိမ့်မယ်။

ရေအဆိပ်သင့်ခြင်းလက္ခဏာတွေစတော့မယ်။
• ခေါင်းကိုက်မယ်၊
• (ပါဇင်နယ်လ်တီ) ပြောင်းမယ်၊
• အမူအယာပြောင်းမယ်၊
• စိတ်ရှုတ်ထွေးလာမယ်၊
• ဂနာမငြိမ်ဖြစ်လာမယ်၊
• အိပ်ချင်လာမယ်။
• ကြိုးစားမှုရှိချိန်မှာအသက်ရှူလို့ခက်လာမယ်၊
• ကြွက်သားတွေ အားနည်းလာမယ်၊ အလိုလိုလှုတ်မယ်၊ နာမယ်၊
• ပျို့မယ်၊ အန်မယ်၊
• ရေသန်သလိုဖြစ်မယ်၊
• နာတာ-ထိတာ-ဖိတာကိုသိမှုတွေ အားယုတ်လာမယ်။
ဆက်ဆိုးလာမယ်ဆိုရင်
• သူငယ်အိမ်တုံ့ပြန်မှုလျှော့လာမယ်၊
• အရေးအကြီးဆုံးလက္ခဏာတွေ ထိခိုက်လာမယ်။ ဥပမာ နှလုံးခုန်နှေးမယ်၊ သွေးဖိအားပြောင်းလာမယ်။
• ဦးနှောက်ရောင်လာမယ်။ ဦးနှောက်အခြေနေရာကိုဖိအားသက်ရောက်လို့ ဆက်ဖြစ်စရာတွေ ဖြစ်လာမယ်။ ဗဟိုဦးနှောက်-အာရုံကြောစနစ် ထိခိုက်လာမယ်။
• တက်မယ်၊ သတိလစ်မယ်၊ သေမယ်။

ဘယ်လိုလူတွေမှာပိုဆိုးသလဲ။
• ကလေးငယ်လေဆိုးလေ။ ၉-၆-၂ဝဝ၂ မှာ ၄ နှစ်သမီးလေး Cassandra Killpack ကို မအေဖြစ်သူက ရေတဂါလံ ကုန်အောင် အသောက်ခိုင်းရာကနေသေသွားလို့ သူ့အမေ Jennette Killpack ထောင်ကျတယ်။
• မာရသွန်အပြေးသမားအဖြစ်များတယ်။ ရေသောက်များရာကနေ Sodium levels 135 mmol/L ထက်ကျလာချိန်မှာ ရောဂါလက္ခဏာတွေ ဖြစ်လာမယ်။
• ခွန်အားအသုံးများတာကနေလဲဖြစ်စေနိုင်တယ်။ မောလွန်းလို့ ရေတွေ တအားသောက်ရင် ဖြစ်မယ်။ ၁၂-၉-၁၉၉၉ မှာစစ်သင်တန်းဆရာ Michael J. Schindler သေဆုံးရတယ်။
• MDMA (Ecstasy) ဆေးမျိုးသောက်ပြီးလုပ်သင့်တာတဲ့ပိုပြီးခွန်အားစိုက်ရာကနေလဲဖြစ်မယ်။
• သိပ်ပူချိန်မျိုးမှာနားနေရင်နဲ့ ရေတွေ အသောက်များရင်လဲ ဖြစ်မယ်။
• Psychogenic polydipsia စိတ်ရောဂါရှိသူတွေကရေပိုသောက်တယ်။
• Oxcarbazepine ဆေးကြောင့်လဲ ဖြစ်နိုင်တယ်။
• ဆီးချိုကြောင့်လဲ ဖြစ်နိုင်တယ်။

ဘယ်လိုကုသမလဲ
• တော်တော်တန်တန်ကရောဂါလက္ခဏာမပြသေးပါ။ ဖြစ်လာပြီဆိုရင်
• Diuretics ဆီးသွားစေတဲ့ဆေးပေးရမယ်။
• Vasopressin receptor antagonists ဆေးကိုလဲသုံးတယ်။

Dr. တင့်ဆွေ
၁၆-၁၂-၂ဝ၁၁
၂-၃-၂ဝ၁၄

အာဏာပါးကွက်သား


Written by  သန့်ဇင်စိုး

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အကျဉ်းထောင်မှ သေဒဏ်ကျ အကျဉ်းသားများကို အပြစ်ပေးရာ နေရာဖြစ်သည်။ အေးစက် တိတ်ဆိတ်လျက်ရှိသော အခန်းအတွင်းမှ လျှပ်စစ် ကုလားထိုင်သည် သေဒဏ်ကျ အကျဉ်းသားကို စောင့်နေသယောင်ပင် ရှိသည်။ ဒေါက်တာအလန်အော့သည် အဆိုပါ သေဒဏ်ပေး အခန်းကို ကြီးကြပ်ရသည့် အကျဉ်းဌာနဝန်ထမ်း ဖြစ်သည်။ ထိုနေ့က ရက်စက်သော လူသတ်မုဒိမ်းမှုကို အုပ်စုဖွဲ့ ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ တစ်ဦးအား သေဒဏ်ပေးရမည့် နေ့ဖြစ်၏။

ခရစ္စတိုဖာဘာဂါ ဆိုသူသည် အသက် ၁၇ နှစ်အရွယ်က အဆိုပါ ရက်စက် ကြမ်းကြုတ်လွန်းသည့် လူသတ်မုဒိမ်းမှုတွင် ပါဝင်ခဲ့သည်မှာ အမှန်ဖြစ်ပြီး ထိုစဉ်က သူ့စိတ်ကျန်းမာရေး ဦးနှောက် အဆင့်အတန်းက အလွန်နိမ့်ကျခဲ့သည်။ သို့သော်သူသည် အမှုရင်ဆိုင်ရင်း ထောင်ထဲမှာ ၁၇ နှစ်ကျော် နေခဲ့ရသည်။ သူ့ကို သေဒဏ်ပေးသည့်နေ့က ထောင်ဝန်ထမ်း ဒေါက်တာအော့ မျက်မြင် ကြည့်နေခဲ့ရသည်။

ငယ်စဉ်က အလွန်းကြီးကျယ် ရက်စက်သော ရာဇဝတ်မှု ကျူးလွန်ခဲ့သူသည် ယခုအခါ ထောင်ထဲတွင် ပညာသင်ရင်း ဦးနှောက်လည်း ဖွံ့ဖြိုးလာခဲ့ကာ ရင့်ကျက်မှုလည်း ရှိလာပြီ ဖြစ်ကြောင်း စိတ်ပညာရှင် တစ်ဦးအနေနှင့် ဒေါက်တာအလန်အော့က သိသည်။ မှန်ပါသည်။ သူသည် အလွန်ဆိုးဝါးသော ပြစ်မှုကို ကျူးလွန်ခဲ့သည်။ ထို့အတူ သူသည် အလွန်ဆိုးဝါးသော နောင်တရမှုကိုလည်း တစ်ပြိုင်နက် ခံစားနေရသည်။

“ထိုင်ခုံကို လျှပ်စစ်လွှတ်ခါနီး နောက်ဆုံး ပြောသွားတာက-ကျွန်တော့်ကို ခွင့်လွှတ်ကြပါဗျာ-တဲ့” ဒေါက်တာ အော့က ပြန်ပြောင်း ပြောပြသည်။ ထိုအကြောင်းအရာများကို ပြန်ပြောပြတိုင်း သေဒဏ်တိုက် ဝန်ထမ်းဟောင်း ဒေါက်တာ အလန်အော့အတွက် အလွန်ပင်ပန်းရသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အဖြစ်အပျက်များ ဖြစ်သော်လည်း လူများကို လျှပ်စစ် ကုလားထိုင်ပေါ် ထိုင်စေပြီး ခလုတ်ဖြုတ်ရသော အလုပ်သည် သူ့စိတ်နှလုံးကို ယခုအချိန်အထိ ပင်ပန်းစေတုန်း ဖြစ်သည်။
“သူ့ကိုယ်ခန္ဓာပေါ်ကို လျှပ်စစ်ဓာတ်တွေ စီးနေတာကိုတောင် မြင်ရတယ်ဗျာ။ ခေါင်းနောက်ကို လန်ထွက်သွားပြီး နောက်တော့ ငြိမ်သွားတယ်။ အဲဒီအချိန်မှာ ကျွန်တော် တွေးမိတာကတော့ ငါနောက်ထပ် လူတစ်ယောက်တော့ ထပ်သတ်မိပြန်ပြီ ဆိုတာပါပဲ” ဟု သေဒဏ်ခန်း တာဝန်ခံဟောင်းက ခက်ခဲစွာ ပြန်လည် ပြောဆိုနေသည်။

တရားစီရင်ရေး စနစ်၏ ချမှတ်လိုက်သော အမိန့်များကို ဦးလည်မသုန် ထမ်းရွက်ခဲ့သော ဝန်ထမ်းဟောင်း ဒေါက်တာ အလန်အော့သည် ယခုအခါ အမေရိကန် ပြည်ထောင်စုမှ သေဒဏ် ပယ်ဖျက်ပေးရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးအဖြစ် ရှေ့ဆုံးတွင် အရေးဆိုနေသည်။ ဂျော်ဂျီယာထောင်တွင် ထောင်ကျန်းမာရေး ဌာန၌ ရောဂါရှာဖွေရေး ကဏ္ဍတွင် စိတ်ပညာရှင် တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ရာမှ ရာထူးတက်ပြီး သေဒဏ်တိုက်ကို ရောက်သွားခြင်း ဖြစ်သည်။

ဘာကြောင့် ထိုအလုပ်ကို ထွက်မပစ်သနည်းဟု မေးကြသည့်အခါ “နောက်ဆုံးတော့လည်း ကျွန်တော် ထွက်ခဲ့ပါတယ်ဗျာ” ဟု သက်ပြင်းချရင်း ပြန်ပြောပြသည်။ သူထွက်ခဲ့သည့် အချိန်က အလွန်နောက်ကျ နေခဲ့ပြီ ဖြစ်သည်။ သေဒဏ်တိုက်တွင် တာဝန်ယူခဲ့ရသော အချိန်တိုင်း၊ လျှပ်စစ်ကုလားထိုင် ခလုတ်မောင်း တင်ခဲ့ရသော အကြိမ်တိုင်းအတွက် နောင်တများနှင့် နေထိုင်ခဲ့ရသည်။

ဒေါက်တာအော့သည် ၁၉၉၅ ခုနှစ်တွင် ဂျော်ဂျီယာ၏ သေဒဏ်ဆိုင်ရာ အကျဉ်းထောင် တာဝန်ခံအဖြစ်မှ အလုပ်ထွက်ခဲ့သည်။ ထိုနောက်ပိုင်း သူကိုယ်တိုင် နှစ်သိမ့် အကြံပေးခြင်းကို အကြိမ်ကြိမ် ခံယူခဲ့ရသည်။ နောက်တော့ သူ့ဘဝကို ပြောင်းလဲစေမည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

အမေရိကန်ပြည်ထောင်စု တရားစီရင်ရေး စနစ်ထဲမှ သေဒဏ်ကို ပယ်ဖျက်ပေးရေးအတွက် စတင်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ နောက်ထပ် ထောင်ဝန်ထမ်း များကိုလည်း သူ့လို မခံစားစေချင်တော့ သကဲ့သို့ သေဒဏ် ပေးခြင်းဖြင့်လည်း သက်ရောက်မှု မရှိဟု သူယုံကြည် လာခဲ့သောကြောင့် ဖြစ်သည်။

သို့ဖြင့် ဒေါက်တာ အလန်အော့သည် အမေရိကန် ပြည်ထောင်စုအနှံ့ ခရီးလှည့်လည်ခဲ့ကာ သေဒဏ် ပယ်ဖျက်ရေးအတွက် တောင်းဆို နေခဲ့ကြသော တက်ကြွ လှုပ်ရှားသူများနှင့်တွဲပြီး သေဒဏ် ပယ်ဖျက်ရေး ဟောပြောပွဲများ၊ လှုပ်ရှားမှုများတွင် လိုက်လံ ဆောင်ရွက် ပေးခဲ့သည်။ ကိုယ်ပိုင် အတွေ့အကြုံမျာ၊ ခံစားမှုများပါ ပါဝင်သဖြင့် ၎င်း၏ ဟောပြောချက်များ၊ သေဒဏ် ဖျက်သိမ်းသင့်ကြောင်း တောင်းဆိုချက်များက ခွန်အား ရှိသည်။

“ကျန်းမာတဲ့ လူငယ်တစ်ယောက်ကို သေဒဏ်ပေးတဲ့ အခန်းထဲခေါ်လာပြီး လျှပ်စစ် ကုလားထိုင်မှာ ချည်နှောင်ပြီး အေးအေးဆေးဆေးနဲ့ နည်းပညာသုံးပြီး သတ်ရတဲ့အလုပ်မျိုး ဘယ်လို အလုပ်မှာမှ ရှိမှာမဟုတ်ဘူး” ဟု မစ္စစ္စပီပြည်နယ် အကျဉ်းထောင်မှ ထောင်မှူးဟောင်း ဒိုနယ်ကာဗာနာကလည်း ခါးသီးသော ၎င်း၏ အတွေ့အကြုံများကို ပြောပြသည်။

မစ္စတာ အလန်အော့နှင့် အဖွဲ့သည် သေဒဏ် ပယ်ဖျက်ပေးရေး လှုပ်ရှားမှုများအတွင်း သေဒဏ်သည် လူသတ်မှုများ လျော့ပါးအောင် လုပ်ဆောင်ရာတွင် မထိရောက်ကြောင်း၊ အကုန်အကျ ပိုများနေကြောင်း၊ သေဒဏ် ပေးရာတွင်လည်း ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း စသည့် သုတေသန ပြုထားသော အချက်များကို ဟောပြောကြကာ နိုင်ငံရေးသမား များကိုလည်း ချဉ်းကပ်ပြီး သေဒဏ် ပယ်ဖျက်ပေးရေး တောင်းဆိုမှုများ ပြုလုပ်ကြသည်။

ဒေါက်တာ အလန်အော့ကို BBC ၏ ခဲရာခဲဆစ် မေးမြန်းခန်း Hardtalk အစီအစဉ်က တစ်ကြိမ်တွင် ဖိတ်ပြီး အင်တာဗျူးသည်။ အင်တာဗျူး ပြုလုပ်သူက မှတ်ချက်ပြုရာတွင် ယင်းအစီအစဉ်သို့ လာရောက် အဖြေခံကြသော နယ်ပယ်စုံမှ လူများသည် ကျဉ်းထဲကျပ်ထဲ မေးခွန်းများကို ဖြေနိုင်ရန်အတွက် ကြိုတင် ကာကွယ်ပြင်ဆင် လာခဲ့သော်လည်း ဒေါက်တာအလန်သည် အေးအေး သက်သာဖြင့် နူးနူးညံ့ညံ့သာ ဖြေသွားသည်ဟု ဆိုထားသည်။ ဒေါက်တာ အလန်အော့အဖို့ လျှပ်စစ် ကုလားထိုင်ကို ခလုတ်နှိပ်ရခြင်း သို့မဟုတ် ခလုတ်နှိပ်ရန် အမိန့်ပေးရခြင်းလောက် သူ့ဘဝတွင် ကျဉ်းထဲကျပ်ထဲ ရောက်သည့် ကာလမရှိတော့၍လောဟု ထင်စရာ ရှိသည်။ လူများစွာကို သတ်ခဲ့သဖြင့် အပြစ်မကင်းသလို ခံစားနေရသော ဒေါက်တာအော့သည် သေဒဏ် ပယ်ဖျက်ပေးရေးအတွက် သူ့ဘဝကျန်သည့် အချိန်များကို နှစ်မြှုပ်ကာ လှုပ်ရှားရင်း ရင်ထဲမှ အပြစ်မကင်းသည့် ခံစားချက်ကို ဆက်လက် သယ်ဆောင်သွားနေသည်။


The Voice

အိပ်ပျော်နေစဉ် အသက်ရှူ ရပ်သည့် ရောဂါနှင့် နှလုံးပြဿနာ



အိပ်ပျော် နေစဉ် သွားတဲ့ ရောဂါ Obstructive Sleep Apnoea(OSA) ဟာ ကမ္ဘာ့ဒေသ အနှံ့ရှိ လူသန်းပေါင်း များစွာကို ထိခိုက်နေ စေပါတယ်။

အဖြစ်များ တတ်တဲ့ ဤရောဂါဟာ အိပ်ပျော်နေစဉ် ကြားကာလမှာ အသက်ရှူတာ ရပ်ရပ်သွားတာ ဖြစ်တယ်။ အသက်ပြင်းပြင်း ရှူသွင်းခြင်းကြောင့် ဟောက်သံထွက် လာပြီး ဟောက်သံမှန်မှန် ထွက်ပေါ် လာစဉ် ကြားထဲမှာ အသံပျောက် သွားကာ မကြား ရတော့ပါ။ အသက် ရှူခြင်းကြောင့် ဟောက်သံ ဖြစ်ပေါ်စေ ပေမယ့် အသက်ရှူ ရပ်သွားတဲ့အခါ ဟောက်သံ မကြားဘဲ ရပ်သွားပါ တော့တယ်။ ဒီအခါ တခေါခေါ ဟောက်သံ ဆက်တိုက် ထွက်လာပြီး ကြားမှာ ဟောက်သံ ရပ်လိုက်၊ ပြန် ထွက်လိုက် အသံကို ကြားရခြင်း ဖြစ်တယ်။ OSA ကြောင့် ထိုသူမှာ သွေးတိုး ရောဂါနှင့် နှလုံး ရောဂါဖြစ်ပွား နိုင်ပါတယ်။ သွေးရောဂါဆိုင်ရာ ဂျာနယ်ထဲမှာ ပုံနှိပ်ဖော်ပြချက်အရ ဤအခြေအနေက OSA ရောဂါ ခံစား နေရသူများမှာ သွေးကြောများ ပုံမမှန်ဖြစ်ပွား လာခြင်းကြောင့် နှလုံး ထဲသို့ စီးဝင်တဲ့ သွေးကြောတွေ ပိတ် ဆို့စေ နိုင်တယ်လို့ ရေးသား ထားပါတယ်။ ဤသို့ ဖြစ်ပွား ခံစားနေပါက အဆက်မပြတ် လေဝင်လေထွက် ကောင်းစေတဲ့ လေဖိအား ကုထုံးဖြင့် ကုသ သင့်ကြောင်း သုတေသီ များက တိုက်တွန်း လိုက်ပါတယ်။

မေ

BY HEALTH DIGEST

ကျူးလို့ကျော်လို့ လွယ်မယ် ထင်သလား


[ Satire ]
ဒီမယ် ကိုယ့်လူတို့ ...
ခင်ဗျားတို့လည်း ကြားမှာပဲ။ အခုတလော ကျူးကျော်တွေ အကြောင်းပေါ့။
နေရာလွတ်တွေမှာ ကျူးကြတဲ့ အကြောင်းတွေ၊ ကျူးကျော်တွေကို အင်အားသုံး ဖယ်ရှားတဲ့ အကြောင်းတွေ။ သတင်းစာတွေ ဂျာနယ်တွေ ထဲလည်း ပါနေတာပဲ။

အချို့ကတော့ ထင်မယ်။
ကျူးကျော်ဖြစ်ရင် အစိုးရက မြေနေရာ ပြန်ပေးမယ်၊ အခွင့်အရေး ဘာညာ ရမယ်ပေါ့။

ဒီမယ် ...
ကိုယ့်လူတို့ ကျူးကျော် ဖြစ်ချင်တိုင်း ဖြစ်မယ်လို့များ ထင်နေလား။
မဖြစ်ဘူး ကိုယ့်လူ။

ခင်ဗျားတို့ကတော့ ထင်မယ်။
မြေကွက် အလွတ်မှာ ဝါးတဲထိုးပြီး ဓနိမိုးလိုက်ရင် ကျူးကျော် ဖြစ်သွားမယ်ပေါ့။
မထင်နဲ့ ကိုယ့်လူ။
ဒီလောက် လွယ်မယ်လို့ ထင်သလား။

ပထမဆုံး ခင်ဗျား ကျူးကျော် ဖြစ်ဖို့အတွက် ခင်ဗျားမှာ နေစရာ လုံးဝ မရှိမှ ဖြစ်လိမ့်မယ်။ ရန်ကုန်မြို့မှာ တစ်လ တစ်သိန်း ဝန်းကျင်နဲ့ အိမ်ငှားနေဖို့ မတတ်နိုင်တဲ့လူ ဖြစ်ရမယ်။ အိမ်ငှားခ ရှိနေသေးရင်တော့ ကျူးမနေဘူး။ ဒီလို အိမ်ငှားခ မတတ်နိုင်ရုံနဲ့ ကျူးကျော် ဖြစ်သွားမယ်များ ထင်သလား။
မဖြစ်ဘူး ကိုယ့်လူရေ။

ခင်ဗျားက ဆွေမရှိ မျိုးမရှိ ဖြစ်ရင်ဖြစ်။ မဟုတ်ရင် ခင်ဗျား ဆွေမျိုးတွေကလည်း ခင်ဗျားလို နေစရာ မရှိတဲ့လူ ဖြစ်နေမှ ကျူးလို့ရမှာ ကိုယ့်လူ။ မဟုတ်ရင် ခင်ဗျား ဆွေမျိုးတွေက နေစရာ အလကား ပေးပြီး ခင်ဗျား အတင်း ပြောနေဦးမှာ။ နောက်ပြီး ခင်ဗျားမှာ ချမ်းသာတဲ့ အပေါင်းအသင်း ကောင်းကောင်း ရှိရင်လည်း ခင်ဗျားကို ကူညီစောင်မပြီး ပိုက်ဆံတွေ ဘာတွေချေးရင် ကျူးကျော်ဖြစ်မှာ မဟုတ်ဘူး။ ဒီတော့ ခင်ဗျားမှာ နေစရာမရှိ၊ ပိုက်ဆံမရှိ၊ ဆွေမရှိ၊ မျိုးမရှိ၊ အပေါင်းအသင်း မရှိမှ ကျူးကျော် ဖြစ်လို့ရမှာ။

ကျူးကျော်ဖြစ်ဖို့ ပထမ အဆင့်ကိုတော့ ပြောပြီးပြီ။ ဘယ်မှာ ကျူးမလဲဆိုတာ ရွေးဖို့လိုတယ်။
ခင်ဗျား ဘာအလုပ်လုပ်လဲ။ ခင်ဗျားကျူးတဲ့ နေရာမှာ ခင်ဗျား အလုပ်နဲ့ နီးဖို့လည်း လိုတယ်။ မနီးတောင်မှ ကားခ သက်သက်သာသာနဲ့ သွားလို့ ရမှဖြစ်မယ်။ ကလေး ကျောင်းထားဖို့တို့ ဘာတို့ကတော့ သိပ်အရေးမကြီးပါဘူး။ နေစရာမှ မရှိတာ။ စာတတ်လည်း ကျူးရမှာပဲ၊ မတတ်လည်း ကျူးရမှာပဲ မဟုတ်လား။

လောလောဆယ် ခင်ဗျားမှာ အထက်ပါ အချက်အလက်တွေ ပြည့်စုံနေပြီ ဆိုပါစို့။ ခင်ဗျား ကျူးတော့မယ် ကျော်တော့မယ်။ ကျူးစရာ ကျော်စရာ နေရာလည်း တွေ့ပြီ။ ခင်ဗျားလို ကျူးကျော်နေတဲ့ လူတွေလည်း အဲ့မှာ ရှိနေပြီ။ ဒါဆိုရင် ခင်ဗျားလည်း ဝင်ပြီး တဲထိုးနေဖို့ပဲ ရှိတော့တာပေါ့။

ဒါပေမဲ့ ဒီလောက် လွယ်မယ် ထင်သလား။

ခင်ဗျား တဲဝင်ထိုး နေလိုက်တော့ ခင်ဗျားရဲ့တဲ အဖျက်ခံရမှာပဲ။ ဘယ်သူဖျက်မယ်လို့ ထင်လဲ။ အာဏာပိုင်တွေ ဖျက်မယ်လို့ ထင်သလား။ မှားသွားမယ် ကိုယ့်လူ။

ခင်ဗျား ကျူးချင်တိုင်း ကျူးလို့ရမယ် ထင်သလား။ မှားသွားမယ်။
အဲ့ဒီ မြေလွတ်ကို ပွဲစားလုပ်တဲ့ လူရှိတယ်။

ခင်ဗျားကို အဲ့နေရာမှာ ကျူးချင်ရင် ပိုက်ဆံ ပေးရမယ်။ မပေးရင် မရဘူး။ ခင်ဗျားတဲကို ဖျက်လိမ့်မယ်။ ခင်ဗျားတဲကို ဖျက်မယ့်အုပ်စု ရှိတယ်။ ပိုက်ဆံမပေးရင် ဖျက်မယ်ဆိုတဲ့ အုပ်စုပေါ့လေ။ ဘာပါတီက ညာပါတီကလို့ ပြောလိမ့်မယ်။

ခင်ဗျားကိုတော့ “ပိုက်ဆံပေး” လို့တောင်းမှာ မဟုတ်ဘူး။
ဒီနေရာမှာ နေဖို့ လျှောက်လွှာ တင်ရမယ်။ လျှောက်လွှာကြေး တစ်သောင်း ပေးရမယ်။ ဒါဆို နေလို့ရပြီ။ “နည်းနည်းကြာရင် ခင်ဗျားပိုင်တဲ့မြေတောင် ဖြစ်ဦးမှာ” လို့ ပြောလိမ့်မယ်။ သူ့ကိုတော့ လက်ဖက်ရည်ဖိုးလေး ဘာလေး ပေးပေါ့။ ခင်ဗျားကလည်း နေစရာမရှိတော့ သူတို့တောင်းတဲ့ ငွေလေး ပေးလိုက်တယ်။

တဲထိုးပြီ။
နေလို့ရပြီ။
ခင်ဗျားတို့မိသားစု နေကြပြီ။

ခင်ဗျားတို့ ရောက်ပြီး တစ်ရက်မကြာခင်မှာပဲ လျှောက်လွှာကြေး တစ်သောင်းပေးပြီး တဲလာထိုးကြတဲ့ လူတွေကို ခင်ဗျား တွေ့ရလိမ့်မယ်။ နည်းနောနော မဟုတ်ဘူး။ အများကြီးရယ်။

ဒါပေမဲ့ ဒီတဲတွေမှာတော့ လူမနေကြဘူး။ ဒါကြောင့် ခင်ဗျား စုံစမ်းကြည့်လိုက်တဲ့ အခါမှာ မြို့ကလူတွေ နေရာလာဦးတာလို့ ခင်ဗျား ကြားရလိမ့်မယ်။ ကျူးကျော်တဲ့ လူတွေကို အစိုးရ မြေနေရာ ပြန်ပေးရင် သူတို့လည်း အိမ်လည်း ပါတဲ့အတွက် နေရာရအောင်လို့ ဆိုပဲ။
ဒီတော့ ခင်ဗျား တအံ့တသြ ဖြစ်မယ်။
ဒီလို လူမျိုးတွေလည်း ရှိမယ်လို့ပေါ့။

ခင်ဗျားကျူးတဲ့ နေရာမှာ တကယ်နေတဲ့လူက တစ်ရာ။ လူမနေဘဲ တဲလာထိုး ထားတဲ့လူက တစ်ထောင်လောက် ရှိနေတာကို ခင်ဗျား တွေ့လိမ့်မယ်။

သူတို့က ခင်ဗျားထက် လည်တယ်။ သူတို့ တဲတွေမှာ အခြေခံဥပဒေမှာ ပါတဲ့ စာပုဒ်တချို့ကို ဗီနိုင်းထုတ်ပြီး ကပ်ထားတယ်။ “နိုင်ငံသားတိုင်း မည်သည့်နေရာတွင် မဆို ဥပဒေနှင့်အညီ နေခွင့်ရှိသည်” တို့ ဘာတို့ပေါ့။

မကြာခင်မှာပဲ ခင်ဗျားတဲ အဖျက် ခံရတော့တာပါပဲ။
ဒီတစ်ခါ ဖျက်တာကတော့ ခင်ဗျား တစ်သောင်း ပေးထားတဲ့ လူတွေက ဖျက်တာ မဟုတ်တော့ဘူး။ အာဏာပိုင်တွေ လာဖျက်တာပဲ။ စစ်တပ်ပိုင်မြေမှာ ကျူးနေရင်လည်း စစ်တပ်က လာဖျက်မှာပဲ။ အစိုးရပိုင်မြေမှာ ကျူးရင် စည်ပင်တွေ လာဖျက်မယ်။

ခင်ဗျား အေးအေးဆေးဆေး အဖျက်ခံလိုက်ပါ။
ခင်ဗျား ကလန်ကဆန် လုပ်မယ်ဆိုရင် ခင်ဗျား အဖမ်းခံရလိမ့်မယ်။ ပိုင်နက်ကျူးလွန်မှုတွေ ဘာတွေပေါ့။

အာဏာပိုင်တွေက ခင်ဗျားအိမ်ကို ဖျက်လိုက်ပြီ ဆိုပါစို့။
ခင်ဗျား ဘယ်နား သွားနေမလဲ။ ဘယ်နား သွားသေမလဲ။
ရန်ကုန်မှာ သေဖို့အတွက် ကျော်သူက ကူညီပေမယ့် နေဖို့အတွက် ကူညီသူ မရှိသေးဘူး။

ဒီတော့ ခင်ဗျား ထပ်ပြီး စုံစမ်းတယ်။
ဘယ်နားမှာ ကျူးကျော်လို့ ရဦးမလဲပေါ့။

ရွှေပြည်သာတို့၊ လှိုင်သာယာတို့မှာ လယ်ကွက်တွေကို စက်မှုဇုန် လုပ်ဖို့ဆိုပြီး အိုးအိမ်က သိမ်းထားတာတွေ ရှိတယ်။ အိုးအိမ်က သိမ်းပြီး ကုမ္ပဏီကို ပြန်ရောင်းတယ်။ ကုမ္ပဏီက အကွက်ရိုက်ပြီး စက်ရုံဆောက်မယ့် လူကို ပြန်ရောင်းတယ်။ သိန်းထောင်သောင်းချီတဲ့ မြေကွက်တွေပေါ့။

အဲ့မြေကွက်တွေက အခု လွတ်နေတယ်။ အဲ့မှာ ကျူးလို့ ရတယ်။ ဒါပေမဲ့ အဲ့မှာကျူးမယ် ဆိုရင်တော့ သိန်းနဲ့ချီပြီး ပိုက်ဆံပေးရမယ်။ ဘယ်သူကို ပေးရတာလဲဆိုတော့ အထက်က ပြောခဲ့တဲ့အတိုင်း ကျောင်းသား ပါတီလိုလို၊ ဒေါင်းပါတီလိုလိုက လူတွေလို။ တကယ်တော့ အဲ့ပါတီက လူတွေလည်း မဟုတ်ပါဘူး။ လူမိုက်တွေရယ်ပါ။

သိန်းထောင်ချီတန်တဲ့ မြေမှာ တစ်သိန်း ပတ်ဝန်းကျင်လောက် ပေးပြီး ခင်ဗျားကျူးပြီ။
ခင်ဗျား စိတ်ချမ်းသာစွာ နေရမယ်လို့ ထင်သလား။

မြို့နယ် အုပ်ချုပ်ရေးမှူးက ကျူးထားတဲ့ အိမ်တွေ ဖျက်ဖို့ အမိန့်ထုတ်မယ်။
တစ်ခါ ...
နှစ်ခါ ...
ကိုယ်တိုင် မဖျက်ရင်တော့ စည်ပင်ကလူတွေ၊ အာဏာပိုင်တွေ ကိုယ်တိုင်လာပြီး ဖျက်တော့တာပဲ။
ဘူဒိုဇာတွေတောင် ပါချင် ပါမှာ။

အခုတော့ ခင်ဗျား သိန်းချီပေးပြီး ကျူးထားတဲ့ အိမ်လေး အဖျက်ခံလိုက်ရပြန်ပြီ။ ခင်ဗျားကို ဘယ်ပါတီက၊ ညာပါတီက ဆိုပြီး မြေကွက် ရောင်းခဲ့တဲ့ လူတွေကတော့ ခင်ဗျားအိမ် အဖျက်ခံရတာ ဂရုတောင်စိုက်မှာ မဟုတ်ဘူး။

သူတို့မြေကွက် ရောင်းတာကို တိုင်မလား။
သူတို့ကို ဘယ်သူမှ မဖမ်းရဲဘူး။ သူတို့က အကောင်ကြီးတွေနဲ့ ပိုင်တယ်လေ။

ဒီတော့ ခင်ဗျားမှာ နေစရာ မရှိပြန်ဘူး။
ဘယ်လိုလုပ်မလဲ။ ထပ်ပြီး ကျူးကျော်ဖို့ နေရာ ရှာနေရဦးမှာပဲ။
ဘယ်နားကျူးမလဲ။

ဒီတစ်ခါ ခင်ဗျား ကျူးကျော်ချင်တယ် ဆိုရင်တော့ သစ်ပင်တွေမရှိတော့တဲ့ ရိုးမတောထဲမှာ ကျူးကျော်ဗျာ။ သစ်တောဥပဒေ နဲ့တော့ အဖမ်းခံနိုင်တာပေါ့။ သစ်ပင်မှ မရှိတော့တာ။ သစ်တောက လူတွေကလည်း ခင်ဗျား လာနေတာကို ဂရုစိုက်မယ် မထင်ပါဘူး။ အလုပ်ကတော့ ဘယ်ရှိမလဲ။ သစ်ပင်တွေ မရှိတော့တဲ့ တောထဲမှာ ခုတ်ထွင်ရှင်းလင်းပြီး တစ်ခုခု စိုက်စားပေါ့ဗျာ။

ခင်ဗျားအိမ်ကို လာမဖျက်လောက်ဘူး လို့တော့ ထင်မနေနဲ့ဦး။
ခင်ဗျား အိမ်အောက်မှာ သတ္တုသိုက် ရှိနေရင်ဖြစ်ဖြစ်၊ စစ်တပ် တိုးချဲ့ရင်ဖြစ်ဖြစ် ခင်ဗျားအိမ် အဖျက်ခံနေရဦးမှာပဲ။

စိုပြေ (သံချောင်းပါတီ)
The Voice

Gems of English Conversations ( 46 )



Don't pull my leg.
မနောက်ပါနဲ့ဗျာ။

Can I have you order.
မှာဖို့အဆင်သင့်ဖြစ်ပြီလား။

It totally depends on you.
မင်းအပေါ်မှာ လုံးဝမူတည်တယ်။

You've earned to be successful.
မင်းအောင်မြင်ထိုက်ပါပြီ။

I wouldn't miss you a minute.
မင်းကိုတစ်မိနစ်တောင်မခွဲနိုင်ဘူးကွာ။

You're always critical.
မင်းကအမြဲတမ်းဝေဖန်တာပဲ။

Get a hurry on.
မြန်မြန်သွားတော့လေ။

Don't be jealous.
မနာလိုသဝန်တိုမဖြစ်နဲ့။

I'll join you.
မင်းနဲ့အတူတူစားမယ်လေ။

I want to make local call.
မြို့တွင်းဖုန်းဆက်ချင်တယ်။

Don't use a bad language.
မဆဲပါနဲ့။

Accidently happened.
မတော်တဆဖြစ်ခဲ့ရတာပါ။

Including you.
မင်းအပါအဝင်။

Except of you.
မင်းမပါ။

I rightly understand.
မှန်မှန်ကန်ကန်နားလည်ပါတယ်။

I look forward to see you.
မင်းကိုတွေ့ဖို့မျှော်နေမယ်နော်။

Nothing is returnable.
မည်သည့်အရာမှပြန်လဲမရပါ။

Test it.
မြည်းကြည့်လေ။

That is true.
မှန်တာပေါ့။

I'm flattered.
မြှောက်ပြောပြန်ပြီ။

Hot air.
မဟုတ်တရုတ်တွေနော်။

အားလုံးကိုစေတနာထားလျှက်
မင်းမြတ်အာကာ
3.3.2014
မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ

တူရကီတွင် ဗလီဆရာနှစ်ဦးမှ ၎င်းတို့၏ နှမအရင်းခေါက်ခေါက်အား မုဒိမ်းကျင့်




Sunday, March 2, 2014

တူရကီအရှေ့ပိုင်း၊ ကားစ်စီးတီး အနီးရှိ ရွာတစ်ရွာမှ ဗလီဆရာညီအစ်ကိုနှစ်ယောက်သည် ၎င်းတို့၏ နှမအရင်းခေါက်ခေါက်ဖြစ်သူကို အကွက်ချ၍ အစီအစဉ်တကျ မုဒိမ်းကျင့်ခဲ့ကြပြီး နှမလေးဖြစ်သူ ကိုယ်ဝန်ရှိလာစဉ်တွင်လည်း အစ်ကိုကြီးဖြစ်သူမှ ၎င်းကိုယ်ဝန်ကို အတင်းအဓမ္မ ဖျက်ချခိုင်းခဲ့မှုများကြောင့် တူရကီရဲမှ ၎င်းဗလီဆရာနှစ်ယောက်ကို ဖမ်းဆီးလိုက်သည်။

ယာကူတီယေရွာလေးမှ အသက် ၂၁ နှစ်အရွယ် HB က သူမအား အစ်ကိုဖြစ်သူ MB မှ ပြီးခဲ့သည့် သောကြာနေ့က မုဒိမ်းကျင့်ခဲ့ကြောင်း၊ ထို့ပြင် သူမ၏ အစ်ကိုတစ်ဦးဖြစ်သူ AB မှလည်း ၎င်းနှင့်အတူ နေထိုင်စဉ်အတွင်း အကွက်ကျကျစီစဉ်ကာ သူမကို မုဒိမ်းကျင့်ခဲ့ကြောင်း ရဲအား တိုင်ကြားခဲ့သည်။ လွန်ခဲ့သော ခုနစ်နှစ်က အမေဖြစ်သူ နှင့် ပြီးခဲ့သည့်နှစ်က အဖေဖြစ်သူ ဆုံးပါးသွားခဲ့၍ အစ်ကိုများနှင့် ကျန်ရစ်ခဲ့သော မိန်းမပျိုက ထိုသို့ညိစွန်းခဲ့မှုများကြောင့် သူမသည် သူမ၏ အစ်ကိုနှစ်ဦးအနက်မှ တစ်ဦးဦးနှင့် ကိုယ်ဝန်ရရှိခဲ့ကြောင်း၊ သို့သော် သူမ၏ အစ်ကိုနှစ်ဦးမှာ ဗလီဆရာများ ဖြစ်ကြပြီး ရပ်ရွာဘာသာရေးကိစ္စများတွင် ဦးဆောင်ဦးရွက်ပြုသူများ ဖြစ်သဖြင့် ၎င်းတို့၏ စကားကို မပယ်ရှားဝံ့ပဲ ကိုယ်ဝန်အား ဖျက်ချခဲ့ရကြောင်းတို့ကိုလည်း အခိုင်အမာ ပြောကြားခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံရပြီးသည့်နောက် အစ်ကိုတစ်ဦးဖြစ်သူ AB က ၎င်းအမှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ထိုသို့ကျူးလွန်ရခြင်းမှာ ၎င်းရပ်တည်နေသော အနေအထား၏ ဖိအားကို မတွန်းလှန်နိုင် ၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခြားအစ်ကိုတစ်ဦးဖြစ်သူ MB မှ ၎င်းမှ ယင်းပြစ်မှုကျူးလွန်ခဲ့သည့်အတွက် နှမဖြစ်သူကို ငွေကြေးတစ်စုံတစ်ရာ ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဗလီဆရာ နှစ်ယောက်ကို လက်ရှိအချိန်၌ ထိန်းသိမ်းထားသည်။

Forward
Myawady News

အကိုက်အခဲ ပျောက်ဆေး သောက်သည့် အမျိုးသားများ ပန်းသေပန်းညှိုး ဖြစ်နိုင်



Sunday, March 2, 2014

အကိုက်အခဲ ပျောက်ဆေးကို ပုံမှန် သောက်တဲ့ အမျိုးသား တွေဟာ ပန်းသေ ပန်းညှိုးဖြစ်နိုင်ခြေ မြင့်မား တယ်လို့ လေ့ လာမှု အသစ်အရ သိရှိထား ပါတယ်။

ကိုဒင်း အပါအဝင် Opioid အမျိုးအစား အကိုက်အခဲ ပျောက်ဆေးကို ပုံမှန် သုံးစွဲတဲ့ အမျိုးသား တွေမှာ အဲဒီ ပြဿနာတွေ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။ Opioid ကို အသုံးပြုတဲ့ အမျိုးသား တွေဟာ အဲဒီဆေးဝါး မမှီဝဲသူ တွေထက် ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမြင့်မားတယ်လို့ ဆိုပါတယ်။ မော်ဖင်း၊ အိုက်ဒရို ကော်ဒေါနဲ့ အောက်ဆီ ကော်ဒုန်းတွေဟာ အသုံးများတဲ့ အိုပီဝိုက် အကိုက်အခဲ ပျောက်ဆေး အမျိုးအစားတွေ ဖြစ်ပါတယ်။ ခါးကိုက် ခါးနာ ဝေဒနာရှိတဲ့ အမျိုးသားပေါင်း ၁၁၀ဝ၀ ယောက်ကို လေ့လာမှုပြုလုပ် ရာမှာ အသက် ၆၀ကျော် အမျိုးသား တွေဟာ ငယ်ရွယ်တဲ့ အမျိုးသားတွေထက် ပန်းသေပန်းညှိုး ဖြစ်တာ ပိုများ တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။

အိုပီဝိုက် အမျိုးအစား အကိုက်အခဲ ပျောက်ဆေးကို အချိန်ကြာကြာ သောက်သုံး သူတွေမှာ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမြင့်မားတာကို တွေ့ရှိ ခဲ့ပါတယ်။ အိုပီဝိုက် အမျိုးအစား ဆေးဝါးတွေကို ရေရှည် အသုံးပြုရင် ဆေးစွဲတာ၊ ဆေးလွန်ပြီး အသက် ဆုံးရှုံးတာ၊ မကြာခဏ အိပ်ရာမှ နိုးတာ၊ အသက်ကြီး သူတွေမှာ လိမ့်ကျတာ၊ ဟော်မုန်းထုတ် လုပ်မှု လျော့နည်း တာတွေ အပြင် အခု အခါမှာ ပန်းသေ ပန်းညှိုးပါ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၆၀ နဲ့ ၆၉ နှစ်ကြား အမျိုးသား တွေဟာ အသက် ၁၈ နှစ်နဲ့ ၂၉ နှစ်ကြား အမျိုးသားတွေထက် ပန်းသေ ပန်းညှိုး ဆေးဝါး အသုံးပြုမှု ၁၄ဆ ပိုများပါတယ်။ စိတ်ကျ ဝေဒနာနဲ့ အိပ်ဆေး အသုံးပြုတဲ့ အမျိုးသား တွေမှာလည်း ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။

Good Health

ဒေါ်လာ(၇၀၀၀၀)ကျော်ပါသည့် မီးခံသေတ္တာကို ပုံစံတူမီးခံသေတ္တာနှင့် လဲလှယ်ခိုးယူခံရမှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ ဖော်ထုတ်




ရန်ကုန်၊ မတ် ၂

၂၄.၂.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်ကမာရွတ်မြို့နယ်နေ ဦးကောင်းညွန့်
သည် ကုမ္ပဏီဖွင့်ရန်ငှားရမ်းထားသည့် ဘုရင့်နောင်တာဝါနေအိမ်ခန်းရှိ မီးခံသေတ္တာမှာဖွင့်မရတော့ကြောင်းကို စာရင်းကိုင်ဖြစ်သူ မလူးလူးမှ ဖုန်းဆက်အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာ မီးခံသေတ္တာမှာ ၎င်း၏ မီးခံသေတ္တာမဟုတ်တော့ဘဲ ပုံစံတူအခြားတစ်ခုဖြစ်နေကြောင်း
တွေ့ရှိရကာ

အမေရိကန်ဒေါ်လာ(၇၁၉၅၆) ထည့်ထားသည့် ၎င်းပိုင် မီးခံသေတ္တာမှာပျောက်ဆုံးနေကြောင်းတွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၉၄/၂၀၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက စုံစမ်းထောက်လှမ်း
စစ်ဆေးချက်အထောက်အထားများအရ မလူးလူးနှင့်ခင်မင်ပြီး ၀င်ထွက် သွားလာဖူးသည့် ဇော်ကြီး(ခ)ဇော်ဝင်းမွန်(ဘ)ဦးမျိုးသိမ်း၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူအား ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။

စစ်ဆေးချက်အရ ဇော်ကြီး(ခ)ဇော်ဝင်းမွန်သည် ယခင်ကအတူအလုပ်
လုပ်ကိုင်ခဲ့ဖူးပြီး ခင်မင်ရင်းနှီးသည့် အဆိုပါအခန်းတွင် အလုပ်လုပ်ကိုင်
သော မလူးလူးထံ ၀င်ထွက်သွားလာစဉ်တွင် အခန်းသော့များမှာ
သော့ခလောက်တွင် တန်းလန်းတွေ့ရှိရသဖြင့် တစ်စုံကိုဖြုတ်ယူခိုးထားပြီး မီးခံသေတ္တာကို ခိုးယူရန်ကြံစည်ခဲ့ကြောင်း၊

၎င်း၏ တပြည့်ဖြစ်သူ သန့်ဇင်ဦးနှင့်တိုင်ပင်ပူးပေါင်းပြီးနောက်
၂၂.၂.၂၀၁၄ရက်နေ့၁၃၀၅အချိန် ခန့်က မည်သူမျှမရှိခိုက်တွင် ဇော်ကြီး(ခ)ဇော်ဝင်းမွန်က ခိုးယူထားသည့်
သော့များဖြင့် အခင်းဖြစ်အခန်းသို့ ၀င်ရောက်ကာ စောင့်နှင့်နေခဲ့ပြီး သန့်ဇင်ဦးမှ ပုံစံတူ မီးခံသေတ္တာအားဝယ်ယူလာခဲ့ကာ လဲလှယ်ခိုးယူ
ခဲ့ကြကြောင်းပေါ်ပေါက်ခဲ့ပါသည်။

ခိုးယူရရှိခဲ့သည့် မီးခံသေတ္တာအား ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့ရှိ
ဇော်ကြီး(ခ)ဇော်ဝင်းမွန်၏ နေအိမ်သို့သယ်ဆောင်သွားကြပြီးဖျက်ခဲ့ရာ အတွင်းမှအမေရိကန်ဒေါ်လာ(၇၀၀၀၀)ကျော်ရရှိခဲ့ကြောင်း၊ ဖျက်ထား
သည့် မီးခံသေတ္တာကိုယ်ထည်အား ရေတွင်းထဲသို့ပစ်ချခဲ့ပြီး မီးခံသေတ္တာတံခါးအားဖျာပုံမြစ်ထဲသို့ ဖျောက်ဖျက်လွှင့်ပစ်ခဲ့ကြောင်း၊

အဆိုပါရရှိသည့်ဒေါ်လာများအား မြန်မာငွေဖြင့်လဲလှယ်ခဲ့ရာ ငွေကျပ် (၇၃၃)သိန်းရရှိခဲ့ကြောင်း၊ အဆိုပါငွေများဖြင့် အလေးချိန် (၁၀)ကျပ်သား
(၂)ရွေးစီရှိ ရွှေတုံး(၁၀)တုံးဝယ်ယူထားခဲ့ကြောင်း၊ ငွေကျပ်၄၅သိန်းကျန်ရှိ
နေသေးကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ၀ယ်ယူထားသည့်ရွှေတုံး(၁၀)တုံး၊
ငွေကျပ်(၄၅)သိန်း၊ ပါဆုံးမီးခံသေတ္တာအပျက်တစ်လုံးတို့အား ပြန်လည်
သိမ်းဆည်းနိုင်ခဲ့ပါသည်။

အမှုမှ ဇော်ကြီးနှင့်အတူပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ သန့်ဇင်ဦး
(ဘ)ဦးဝင်း၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

12 Years A Slave ဇာတ်ကားကို အမေရိကန် ကျောင်းသင်ရိုးညွှန်းတွင် ထည့်သွင်း




ဝါရှင်တန်၊ မတ် ၁

ယခုနှစ် အော်စကာဆုပေးပွဲရဲ့ အကောင်းဆုံး ရုပ်ရှင်ဆု ဆန်ခါတင်စာရင်းမှာ ပါဝင်လျက်ရှိတဲ့ 12 Years A Slave ရုပ်ရှင်ဇာတ်ကားကို အမေရိကန် အထက်တန်း ကျောင်းတွေမှာ သင်ခန်းစာ တစ်ခုအဖြစ် ထည့်သွင်း သင်ကြားဖို့ ပြဋ္ဌာန်းလိုက်တယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

“ဟောလိဝုဒ်ဟာ အကောင်းဆုံး အနေအထားကို ရောက်ရှိလာတဲ့ အတွက် ဟောလိဝုဒ် ရုပ်ရှင်ကားတွေကို ပညာရေး အထောက်အကူပြု ကိရိယာတွေအဖြစ် အသုံးပြုလို့ ရလာပါတယ်” လို့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မွန်တယ်လ်ဝီလျံက ပြောပါတယ်။

ဒါ့အပြင် မွန်တယ်လ်ဝီလျံက “ဒီရုပ်ရှင်က အမေရိကန်သမိုင်းမှာ အရှက်ရစရာကောင်းတဲ့ ကာလတစ်ခုကို မီးမောင်းထိုး ပြထားတာပါ။ ဒါကြောင့် ကျောင်းသားတွေကို အတိတ်ဆိုးကို တစ်ကျော့ မပြန်မိစေဖို့ လှုံ့ဆော်ပေးနိုင်ပြီး ပိုမိုကောင်းမွန်တောက်ပတဲ့ အနာဂတ်ကို တည်ဆောက်ဖို့လည်း စိတ်ဓာတ် မြှင့်တင်ပေးနိုင်ပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။

12 Years A Slave ရုပ်ရှင်ဟာ အမေရိကမှာ ကျွန်စနစ် မဖျက်သိမ်းရသေးခင် ကာလတုန်းက ပြန်ပေးဆွဲခံရပြီး ကျွန်တစ်ယောက်အဖြစ် ရောင်းစား ခံရတဲ့ ဆော်လမွန်နော့သ်ရပ်ဆိုတဲ့ လူတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ဒါရိုက်တာ စတိဗ်မက်ကွင်းက လက်ရာမြောက်စွာ ရိုက်ကူး တင်ဆက်ထားတာ ဖြစ်ပါတယ်။

12 Years A Slave ရုပ်ရှင်ဇာတ်ကားဟာ ဇန်နဝါရီလထဲတုန်းက ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့သလို မတ်လ ၂ ရက်နေ့မှာ ကျင်းပမယ့် အော်စကာဆု ပေးပွဲမှာလည်း ဆုများစွာ ရရှိဖို့အတွက် ရေပန်းစားလျက် ရှိပါတယ်။

The Voice Weekly

ရွှေဘို တက္ကသိုလ်ကျောင်းသားများရန်ပွဲဖြစ်ရာမှ ကျောင်းသားနှစ်ဦးဒဏ်ရာရ



Written by ကိုတိုးကြီး

ရွှေဘို၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်တွင် ကျောင်းသားတချို့သည် လ ၂၇ ရက် ညနေ ၅ နာရီခွဲ အချိန်က ကျောင်းသား အချင်းချင်းရန်ပွဲဖြစ်ရာ ကျောင်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရွှေဘိုမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

ဖြစ်စဉ်မှာ ရွှေဘိုမြို့၊ အမှတ်(၁၀) သူဇာရပ်ကွက်အတွင်းရှိ အမျိုးသမီးအဆောင်တစ်ခုရှေ့တွင် အဆောင်သူ တစ်ဦးနှင့် သူမ၏ သူငယ်ချင်း သူငယ်ချင်းလေးယောက်သည် အဆောင်ရှေ့တွင် စကားပြောနေခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

ထိုစဉ် သတ္တဗေဒ ပထမနှစ် ကျောင်းသားတစ်ဦးနှင့် သူ၏ သူငယ်ချင်း သုံးယောက်တို့ ရောက်ရှိလာပြီး အဆောင်သူမိန်းကလေး၏ သူငယ်ချင်းများကို သစ်သားတုတ်များဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ရွှေဘိုမြို့မရဲစခန်းရှိ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် ရိုက်နှက်ခံရသည့် ကျောင်းသားနှစ်ဦးမှာ ခေါင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့ကာ ရွှေဘိုမြို့မရဲစခန်းက(ပ) ၉၈/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၅ အရ အမှုရေးဖွင့်ထားသည်ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုတွင် ကျောင်း သားဆယ်ဦးမှ ကျောင်းသားတစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်မှုများဖြစ်ပွားခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
Mizzima - News in Burmese


ပါကစ္စတန်မှာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတဲ့ အဖွဲ့ကို ခြုံခိုတိုက်ခိုက်မှုကြောင့် ၁၂ ဦးသေဆုံး

ဓာတ်ပုံ – ရိုက်တာ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် အာဖဂန်နစ်စတန်နဲ့ နယ်စပ်က တိုင်းရင်းသားဒေသ ဂျမ်ရဒ် ပြည်နယ်မှာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတဲ့ အဖွဲ့တဖွဲ့ကို စစ်သွေးကြွတွေက မတ်လ တရက်နေ့က ခြုံခိုတိုက်ခဲ့လို့ လုံခြုံရေး ကင်းထောက် အဖွဲ့ဝင် ၁၂ယောက် သေဆုံးပါတယ်။ ယာဉ်တန်းကို သေနတ်နဲ့မပစ်ခင် ဗုံးနဲ့ အရင် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုက ၁ နာရီလောက် ကြာခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ရာမှာ သေနတ်သမားတွေဆီ ချဉ်းကပ်လာချိန်မှာ သူတို့ကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ခီဘာမြို့ ဂျမ်ရဒ်ဒေသက အရာရှိ ခန်း ဖာရဲ့ဇ်က ပြောပါတယ်။ တချို့လူတွေကတော့ အကူအညီအတွက် စောင့်တုံး လမ်းမှာသေဆုံးကုန်ပြီး ဒဏ်ရာရသူ တဒါဇင်လောက်ကိုတော့ ဆေးရုံကို တင်ပို့ထားတယ်လို့ သူက ဆက်ပြောပါတယ်။
သေဆုံးသူ အားလုံးဟာ ကျန်းမာရေးလုပ်သားတွေ ဘေးကင်းရေး စီစဉ်ပေးနေတဲ့ အစိုးရ ကျောထေက်နောက်ခံ ပေးထားတဲ့ ဒေသခံပြည်သူ့စစ် ခါစာဒါ အဖွဲ့ဝင်တွေလို့ နိုင်ငံရေးဆိုင်ရာ လက်ထောက်အဖွဲ့ဝင် ဂျေးဟန်ဂါ အာဇမ်က ပြောပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆဲ့ဖ်ရဲ့ပြောခွင့်ရ ကတော့ ဒီဖြစ်ရပ်မှာ ဘယ်သူ့ကို ဦးတည်ထား တိုက်ခိုက်မှန်း ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောပါတယ်။ တချို့ ဘာသာရေး ခေါင်းဆောင်တွေ ကတော့ ဒေါ်လာဘီလျံချီ ကုန်ကျခံနေတဲ့ ကာကွယ်ဆေး တိုက်ကျွေးရေး အစီအစဉ်ဟာ မွတ်စလင် ကလေးတွေကို လျှို့ဝှက် မျိုးတုံးအောင် လုပ်ဖို့ ကြံစည်တာ ဒါမှမဟုတ် စုံစမ်းထောက်လှမ်းတာတွေ လုပ်ဖို့ ဟန်ပြ အဖြစ် လူသိရှင်ကြား ရှုံ့ချခဲ့ဖူးပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပိုလီယိုရောဂါ ရှိနေဆဲ နောက်ဆုံး ၃ နိုင်ငံထဲက တနိုင်ငံပါ။ ပိုလီယို ဖြစ်နှုန်းတိုးနေတဲ့ တခုတည်းသော နိုင်ငံလည်း ဖြစ်ပါတယ်။ ပိုလီယိုရောဂါဟာ နာရီပိုင်းအတွင်း သွက်ချာပါဒအကြောသေ ရောဂါ ဒါမှမဟုတ် သေဆုံးမှုကို ဖြေစေနိုင်ပါတယ်။

ဒီဗွီဘီ

လမ်းပေါ်မှာ လမ်းလျှောက်နေစဉ် ကလေးမွေးဖွားခဲ့တဲ့ မိခင်



ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးဟာ နယူးယောခ်မြို့ လမ်းမပေါ်မှာ လမ်းလျှောက် နေစဉ် ရုတ်တရက် ဗိုက်နာ လာပြီး အဲဒီ နေရာ မှာပဲ ကလေး မီးဖွား ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အမျိုးသမီးဟာ အသက် (၃၀)၀န်းကျင် သာရှိသေးပြီး ရုံးတစ်ရုံး ကနေ ပြန်ထွက် အလာ မှာ ဗိုက်နာ ခဲ့ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်က လူ တွေ ၀ိုင်းဝန်း ကူညီမှုကြောင့် ကလေးငယ်ကို ဘေးမသီ ရန်မခဘဲ မွေးဖွား နိုင်ခဲ့တာ ဖြစ်ပါ တယ်။ ဆေးရုံကို ပို့ဆောင်ဖို့ ကြိုးစား ချိန်မှာ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကြောင့် ဘယ် လိုမှ မတတ်နိုင် ခဲ့ပါဘူး။

ကိုယ်တွေ့ မြင်ခဲ့ရ သူတွေက အဲဒီအမျိုး သမီးဟာ ရုံးတစ်ရုံး ကနေ ပြန်ထွက် လာပြီး ရုတ်တရက် ဗိုက်နာ ခဲ့ခြင်းဖြစ်ကြောင်း၊ ဧည့် ကြိုဝန်ထမ်း တစ်ဦးက ကားငှား ပေးဖို့ ကူညီ ခဲ့ပေမယ့် စောင့်နိုင် တော့ခြင်း မရှိဘဲ ကလေး ငယ်က ထွက်လာခြင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့ ပါတယ်။ ဒီဖြစ်စဉ်ကို အနီးအနား မှာရှိတဲ့ သတင်းထောက် တစ်ဦးက မှတ်တမ်းတင်မှု ပြုလုပ်ခဲ့ ပါတယ်။

အဲဒီ အမျိုးသမီး ဟာ ပတ် ၀န်းကျင်က လူတွေ ကူညီပေး မှုကြောင့် ဘာမှ မဖြစ်ခဲ့ဘဲ ဆေးရုံး ကားနဲ့ ဆေးရုံကို ခေါ်ဆောင် သွားခဲ့ပါတယ်။ အခင်း ဖြစ်ပွားရာ နေရာကို လည်း အဲဒီ အမျိုးသမီးရဲ့ယောက်ျား ချက်ခြင်း ရောက်လာ ခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြ ချက်အရ အဲဒီ အမျိုးသမီးဟာ တတိယ မြောက် ကလေး ဖြစ်ပြီး ဆေးရုံမှာ ကလေးရော၊ မိခင် ပါ ကျန်းမာရေး ကောင်းမွန် တယ်လို့ သိရပါ တယ်။

By The Messenger

The Mirror Daily

ပြည်ပအလုပ်အကိုင်ပြပွဲတွင် အိမ်အကူ အများဆုံးခေါ်ယူ


ပြည်ပအလုပ်အကိုင်ပြပွဲတွင် ပြည်ပနိုင်ငံများရှိ စက်ရုံများသို့ သွားရောက်လုပ်ကိုင်ရန် သဘောတူထားသော စက်ရုံလုပ်သားများလည်း ပါဝင်ရာ နှစ်နိုင်ငံအေဂျင်စီချင်း သဘောတူစာချုပ်ရေးထိုးသည့် အစီအစဉ်များအရ ပြည်ပစက်ရုံများသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများ လက်မှတ်ရေးထိုးပွဲသို့ လာရောက်စဉ် ဓာတ်ပုံ − ကျော်ဇင်သန်း

Myanmar Info Tech တွင် မတ်လ ၁ ရက်မှ ၂ ရက်အထိ ကျင်းပသည့် အလုပ်အကိုင်ပြပွဲ၌ ပြည်ပအလုပ်အကိုင်အေဂျင်စီ အများစုပါဝင်ပြီး ပြည်ပမှ အလုပ်ခေါ်စာ သုံးသောင်းကျော် ကမ်းလှမ်းခဲ့သည်။

အလုပ်ခေါ်စာများတွင် စင်ကာပူ၊ ထိုင်းနှင့် ဟောင်ကောင်တို့က အများဆုံး ခေါ်ယူထားပြီး စင်ကာပူနှင့် ဟောင်ကောင်တို့က အိမ်အကူလုပ်သား အများစုကို ခေါ်ယူကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သို့သော် ပြပွဲသို့ အလုပ်လာရောက်လျှောက်ထားသူအများစုမှာ ကျွမ်းကျင်လုပ်သားအဖြစ် လျှောက်ထားကြပြီး လာရောက်သူအများစုမှာ လုပ်ငန်းအတွေ့ အကြုံမရှိသေးသည့် ကျောင်းဆင်းလူငယ်များဖြစ်သည်။ ၎င်းတို့အထဲတွင် အင်ဂျင်နီယာဘွဲ့ရများ ပိုမိုပါဝင်ကြောင်း သတင်းရရှိသည်။  

‘‘စင်ကာပူက S Passs အလုပ်သမားတွေထက် အိမ်အကူတွေပဲ ခေါ်တာများနေတယ်။ အခုပြပွဲမှာ အိမ်အကူလုပ်သားထက် S Pass အဆင့်ရှိတဲ့ ကျွမ်းကျင်လုပ်သားနေရာကို ပိုလျှောက်ကြတာတွေ့တယ်။ အလုပ်နေရာတွေကိုတော့ အကုန်လုံးနီးပါး လာလျှောက်ကြတယ်’’ဟု Global Recruit Technology & Elevation ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ဝင်းကပြောသည်။

‘‘ပြည်ပသွားဖို့ရည်ရွယ်ချက်ရှိလို့ ဒီပြပွဲကိုလာခဲ့တာပါ။ ကိုယ်နဲ့အဆင်ပြေမယ့် အလုပ်ရချင်လို့ လာလေ့လာတာပါ။ ညီမ စင်ကာပူကိုသွားဖို့ ပိုစိတ်ဝင်စားတယ်။ အဲဒါကြောင့် စင်ကာပူတစ်ခုကိုပဲ လေ့လာတယ်။ ၂၀၁၁ ခုနှစ်ကတည်းက အင်ဂျင်နီယာနဲ့ ကျောင်းပြီးထားပါတယ်’’ဟု ပြပွဲသို့လာရောက်ခဲ့သူ အသက် (၂၄) နှစ်အရွယ် မနှင်းဝတ်ရည်ကပြောကြားသည်။  

ယခုပြပွဲသို့ လာရောက်အလုပ်လျှောက်ထားသူများအား CV ဖောင် လက်ခံထားရှိပြီး အလုပ်ရှင်နှင့် အင်တာဗျူးဖြေဆိုမှုများနှင့် အလုပ်ခန့်ထားမှုတို့ကို အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်သည်။

Author: အေးမြတ်သူ
7day Daily

တရုတ်နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ၂၉ ဦး သေဆုံး

အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ မြို့လယ် ကူမင်း ဘူတာရုံ

တရုတ်ထိပ်တန်း လုံခြုံရေးအရာရှိ မန့်ကျန်းကျိုးဟာ တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရဲ့ မြို့တော် ကူမင်းမြို့ဘူတာရုံ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရခဲ့တဲ့ အရပ်သားတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ ဆီကို မတ်လ ၂ ရက်နေ့ မနက်က သွားရောက် လည်ပတ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီရဲ့ နိုင်ငံရေး နဲ့ တရားရေးကော်မရှင် ခေါင်းဆောင် မန်က ကူမင်းမြို့ကို မနက် ၅ နာရီခွဲမှာ ရောက်လာပြီး ဆေးရုံကို ချက်ချင်း သွားခဲ့တာပါ။ ဒဏ်ရာရသူ တွေကို အချိန်မီ ကုသမှုတွေ ပေးဖို့နဲ့ သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေ ကိုကူညီပေးဖို့ မန်က တိုက်တွန်းခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့ည ၁၁ နာရီက ကူမင်း ဘူတာရုံကို အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု ကြောင့် အနည်းဆုံး လူ ၂၉ ယောက် သေဆုံးပြီး အနည်း ဆုံး လူ ၁၃၀ ကျော် ဒဏ်ရာရတယ်လို့ ဒေသခံ အာဏာပိုင်တွေက တနင်္ဂနွေမနက် ၆နာ၇ီက ပြောပါတယ်။
လူမှုရေးတည်ငြိမ်မှု သေချာစေဖို့နဲ့ ဥပဒေရဲ့ မွန်မြတ်သန့်စင်မှုကို ကာကွယ်ဖို့ အကြမ်းဖက်သမား တွေနဲ့ ကြံရာပါတွေကို ဥပဒေအရ အရေးယူ အပြစ်ပေးနဲ့ ဖမ်းဆီးဖို့ သက်ဆိုင်ရာဌာနတွေက စုံစမ်းစစ်ဆေးရာမှာ အားထုတ်မှုတွေ မလစ်ဟင်းသင့်ဘူးလို့လည်း သူက ပြောပါတယ်။

တရုတ်အစိုးရကောင်စီဝင်နဲ့ လူထုလုံခြုံရေးဝန်ကြီး ကို့ရှန်းခွန်းကလည်း ကူမင်းကို မတ်လ ၂ ရက်နေ့ မနက်ငါးနာရီမှာ ရောက်လာပြီး အမှုနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက် ပေးပါတယ်။

အခင်းဖြစ်ရာနေရာကသက်သေတွေ အရ ကူမင်းဘူတာရုံကို အကြမ်းဖက်သမား ဓားကိုင် လူတစုရဲ့ တိုက်ခိုက်မှုဟာ ရှင်းကျန်း ပြည်နယ်က ခွဲထွက်ရေးသမားတွေရဲ့ တပ်ဖွဲ့တွေက စီစဉ်တာလို့ စည်ပင်အစိုးရက မတ်လ ၂ ရက်နေ့က ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ လတ်တလောမှာ လုပ်နေဆဲပါ။ ရဲတွေကတော့ တိုက်ခိုက်သူတွေ အနည်းဆုံး ၄ ယောက်ကို အသေပစ်သတ်ခဲ့ပြီး သူတို့ရဲ့ အချက်အလက်တွေကို အတည်ပြု ပြီးပါပြီ။ ထွက်ပြေး လွတ်မြောက်သူတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲပါ။

အကြမ်းဖက် လုပ်ရပ်တွေပုံစံ အားလုံးကို နှိမ်နင်းသွားမှာဖြစ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဘေးကင်းစေဖို့ အာမခံတယ်လို့ အာဏာပိုင်တွေက ကတိပြုခဲ့ပါတယ်။

သမတ ရှီကျင့်ဖျင်ကတော့ ကူမင်းအကြမ်းဖက် တိုက်ခိုက်မှုကို အားထုတ်မှုပုံစံ အားလုံးနဲ့ စုံစမ်းစစ်ဆေးဖို့နဲ့ ဥပဒေနဲ့အညီ အပြစ်ပေးဖို့ ဥပဒေ အာဏာတည်စေရေးဋ္ဌာနကို တိုက်တွန်းခဲ့ပါတယ်။

သေဆုံးသူတွေအတွက် သင့်လျော်သလို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ဒဏ်ရာရ အရပ်သားတွေကို ဂရုတစိုက် ကယ်ဆယ် ကုသပေးဖို့ကိုလည်း ဖိအားပေး ပြောဆိုပါတယ်။ အကြမ်းဖက် လှုပ်ရှားမှု ပုံစံအားလုံးကို ထိရောက်မှု ရှိရှိ နှိမ်နင်းဖို့နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရှုပ်ထွေးတဲ့ အခြေအနေတွေကို သတိပြုမှု အပြည့်ရှိကြဖို့ကိုလည်း တရုတ်သမတက ဆော်သြ ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ်စတာ ဘန်ကီမွန်းကလည်း ကူမင်းဘူတာရုံမှာ အရပ်သားတွေ ကို ဆိုးဆိုးရွားရွား တိုက်ခိုက်မှုအတွက် အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ရှုတ်ချတယ် တာဝန်ရှိသူတွေကို တရားစီရင်ရလိမ့် မယ်လို့ မတ်လ ၁ ရက်နေ့က ပြောကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြ ထားပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုတွေကိုလည်း စာနာကြောင်းနဲ့ ဒဏ်ရာရ သူတွေ အမြန်ကျန်းမာ လာစေဖို့ ဆန္ဒပြုကြောင်းလည်း ဖော်ပြ ထားပါတယ်။

မြို့လယ်ခေါင်မှာ ရှိတဲ့ ကူမင်း ဘူတာရုံဟာ တရုတ်အနောက်တောင်ပိုင်းက အကြီးဆုံး ဘူတာရုံတွေထဲက တခု ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ တရုတ်ရဲ့ နှစ်စဉ်ကျင်းပနေကျ လွှတ်တော် အစည်းအဝေးတွေ မတ်လ ၅ ရက်နေ့မှာ စတင်မှာမို့ နိုင်ငံတလွှား လုံခြုံရေး တင်းကြပ်ထားချိန်မှာ ဖြစ်ပေါ်ခဲ့တာပါ။

တရုတ်ဟာ အရင်ကလည်း ဒါမျိုး တိုက်ခိုက်မှုတွေကို တရုတ် အနောက်စွန်းပိုင်း မငြိမ်သက်တဲ့ ရှင်းကျန်းဒေသက အစ်စလာမစ် စစ်သွေးကြွတွေက လုပ်တာလို့ ပြစ်တင်ခဲ့ ဖူးပါတယ်။

အောက်တိုဘာလက ပေကျင်းမြို့တော် တီယန်နန်မင် ရင်ပြင်မှာ အကြီးစား အသေခံတိုက်ခိုက်မှု ပထမဆုံးအကြိမ် ဖြစ်ခဲ့ပြီးေ၀၀ါ တိုင်းရင်းသား မွတ်စလင်တွေရဲ့ ဇာတိမြေ ရှင်းကျန်းက စစ်သွေးကြွတွေ ပါဝင်တယ်လို့ တရုတ်အစိုးရက ဆိုပါတယ်။

ရှင်းကျင်းဒေသကေ၀၀ါ တိုင်းရင်းသားတွေ အများအပြား ကတော့ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးကို တရုတ်အစိုးရက ကန့်သတ်ထားလို့ မကျေမနပ် ဖြစ်နေတယ်လို့ ဆိုပါတယ်။

DVB Burmese

လန်ဒန်မြို့ ခံပြိုင်ဘက် ဖူလ်ဟမ်သာ တန်းဆင်းဇုန်ထဲကလွတ်ထွက်နိုင်မယ်ဆိုရင် အခုလာမယ့်ပွဲရှုံးနိမ့်မှုကို သူလက်ခံနိုင်ကြောင်း ပြောကြားခဲ့တဲ့ မော်ရင်ဟို


ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်း မန်နေဂျာ မော်ရင်ဟို လန်ဒန်မြို့ ခံပြိုင်ဘက် ဖူလ်ဟမ်ကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။ တကယ်လို့ ချယ်လ်ဆီးကို အနိုင်ရရှိပြီး ဖူလ်ဟမ်သာ တန်းဆင်းဇုန်က ရုန်းထွက်နိုင်မယ်ဆိုရင် အရှုံးကို သူကျေကျေနပ်နပ် လက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းဟာ ရမှတ် ၂၁ မှတ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပါတယ်။

“ ပြိုင်ဘက်အသင်းတွေဆိုတာ တစ်သင်းကိုတစ်သင်းလိုအပ်နေတာပါ။ ဒါဟာ အားလုံးအတွက် အကောင်းဆုံး ဖြစ်မှာပါ။ ပရီးမီးယားလိဂ်မှာ သူတို့ ရဲ့နေရာကို ဆက်ထိန်းထားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ကြိုးစားပြီး သူတို့ ကိုအနိုင်ကစားသွားမှာဖြစ်ပါတယ်” လို့ မော်ရင်ဟို မတင်မကျ ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော်တို့ ကြာသပတေး နဲ့ သောကြာနေ့ တွေ့ မှာ လေ့ကျင်ခန်းမဆင်းခဲ့ရပါဘူး။ ဒါကြောင့် အခုတနင်္ဂနွေ မှာ ကစားရမှာ အခက်အခဲဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း စနေမှာ ကစားရမယ်ဆိုရင် ပိုဆိုးမှာ” လို့  မော်ရင်ဟိုက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Ref: bbc.com
Trend Myanmar

ယူကရိန်းမှာ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ချက်ချင်း တာဝန်ပေးရန် အမေရိကန်ပြော


ဓာတ်ပုံ - ရိုက်တာ

ယူကရိန်းနိုင်ငံရဲ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်း အဝေးမှာ ရုရှနဲ့ အနောက်အင်အားကြီးနိုင်ငံတွေကြား မတ်လ ၁ ရက်နေ့က အပြန်အလှန် စွပ်စွဲနေကြတာပါ။

အမေရိကန်ကတော့ ဆိုဗီယက် ပြည်ထောင်စုဟောင်း ယူကရိန်းနိုင်ငံအပေါ် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ ချက်ချင်း တာဝန်ချထားဖို့ ဆော်သြလိုက်ပါတယ်။

ရုရှက သူသြဇာလွှမ်းနိုင်တဲ့ နယ်ပယ်လို့ မှတ်ယူထားတဲ့ ယူကရိန်းနိုင်ငံအပေါ် ရုရှကတဖက် အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေကတဖက် နက်နက်ရှိုင်းရှိုင်း သဘောထား ကွာဟနေတာကို ထင်ရှားပြသနေပါတယ်။
ရုရှက အိမ်နီးချင်း ယူကရိန်းနိုင်ငံဆီကို လက်နက်ကိုင်တပ်တွေ စေလွှတ်မယ့် စီမံကိန်းကို ကြေညာပြီးတဲ့နောက် ကုလသမဂ ဆိုင်ရာ ယူကရိန်းသံအမတ်ကြီး ယူရစ် ဆာဂီယဲ့ဖ်က ယူကရိန်းရဲ့ အချုပ်အခြား ပိုင်နက်ကို ကာကွယ်ပေးဖို့ အမေရိကန်နဲ့တခြား လုံခြုံရေး ကောာင်စီအဖွဲ့ဝင်နိုင်ငံတွေကို အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမယ့် လုံခြုံရေး ကောင်စီ အတွင်း ရုရှရဲ့ ဗီတိုအာဏာကို ဘာလုပ်နိုင်မယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး။

လူသိရှင်ကြား စကားရည်လုပွဲ အပြီးမှာတော့ လုံခြုံရေးကောင်စီက တံခါးပိတ် ဆွေးနွေးပွဲတွေ ဆက်လုပ်နေပါတယ်။

ယူကရိန်းနိုင်ငံတွင်းမှာတော့ မတ်လ ၁ ရက်နေ့ကစပြီး လက်နက်ကိုင်တပ်တွေကို တိုက်ပွဲဆိုင်ရာ အပြည့်အ၀ တပ်လှန့်ထားပြီး ရုရှကိုလည်း နိုင်ငံတွင်း ဘယ်လို စစ်တပ်စွက်ဖက်မှုမဆို စစ်ပွဲ ဆီကို ဦးတည်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ရုရှသမတ ပူတင်ကတော့ ယူကရိန်းကို ကျူးကျော်ရေး မတ်လ ၁ ရက်နေ့က လွှတ်တော် အတည်ပြုချက်ကို တောင်းဆို ရရှိခဲ့ပါတယ်။

DVB Burmese

Cholesterol ကိုလက်စထော



ကျမ သွေးထဲမှာ အဆီနဲနဲ များတယ်ဆရာ။ အသက်ကလည်း လေးဆယ်နားနီးနေပြီ။ ကျမသောက်သင့်လားရှင့်။ ဘယ်ချိန် သောက်ရင် ပိုပြီး သင့်တော်လဲဆရာ။ ဆရာဝန်တစ်ယောက်နဲ့ ပြတော့ ကျမကို Aztor10 နဲ့ Betex ကို ညအိပ်ခါနီးမှာ သောက်နေရပါတယ်။

လူတိုင်းအသက် ၂ဝ ကျော်လာရင် Cholesterol levels (ကိုလက်စထော) အနည်း-အများစစ်တာကို ၅ နှစ်တခါ လုပ်သင့်တယ်လို့ သတ်မှတ်ထားတယ်။ Lipid profile လို့ ခေါ်တယ်။ ယောက်ျားဆို ၃၅ နှစ်ကျော်ရင်၊ မိန်းမဆိုရင် ၄၅ နှစ်ကျော်ရင် ပိုပြီးခပ်စိပ်စိပ် စစ်သင့်သေးတယ်။ စစ်ရင် -
1. LDL (low-density lipoprotein cholesterol) = Bad cholesterol (ကိုလက်စထော) အဆိုး၊
2. HDL (high-density lipoprotein cholesterol) = Good cholesterol (ကိုလက်စထော) အကောင်း၊
3. Triglycerides (ထရွိုင်ဂလစ်စထွိုက်) နဲ့
4.Total Cholesterol (ကိုလက်စထော) စုစုပေါင်းတွေကို သိရမယ်။

1. LDL Cholesterol (ကိုလက်စထော) အဆိုးကိုစစ်ရင် -
• Less than 100 mg/dL = အကောင်းဆုံး၊
• 130 – 159 mg/dL = အကောင်း-အဆိုးကြား၊
• 160 – 189 mg/dL = မြင့်နေ၊
• 190 mg/dL and above = အတော်မြင့်နေ။

2. HDL Cholesterol (ကိုလက်စထော) အကောင်းကိုစစ်ရင် -
• 60 mg/dLနဲ့ အထက် ရှိသင့်တယ်၊
• ယောက်ျားတွေမှာ 40 mg/dLထက်နည်းပြီး၊
• မိန်မတွေမှာ 50 mg/dLထက်နည်းနေရင် နှလုံးရောဂါဖြစ်လာမှာစိုးရတယ်၊
• 60mg/dLထက်များရင် နှလုံးရောဂါကိုကာကွယ်ရာကျတယ်။

3.Triglycerides (ထရွိုင်-ဂလစ်စထွိုက်စ်) ကိုစစ်ရင် -
• 150 mg/dLထက်နည်းတာပုံမှန်၊
• 150 – 199 mg/dLနဲနဲများတယ်၊
• 200 – 499 mg/dLများတယ်၊
• 500 mg/dL or higher အလွန်များတယ်။

4. Total Cholesterol (ကိုလက်စထော) စုစုပေါင်းကိုစစ်ရင် -
• 200 mg/dLထက်နည်းနေတာကောင်းတယ်၊
• 200 – 239 mg/dLနဲနဲများတယ်၊
• 240 mg/dLနဲ့အထက် များတယ်။

(ကိုလက်စထော) များနေရင် ဘာလုပ်ရမလဲ
တကယ်လို့ နှလုံးရောဂါ၊ သွေးကြောရောဂါရှိနေရင် LDL ကို 70 ထက် နည်းနေအောင် လုပ်သင့်တယ်။ ဆီးချို နဲ့ တခြားရောဂါရှိနေသူတွေက LDL 100 ထက် နည်းနေသင့်တယ်။ နှလုံးရောဂါ၊ (စထုပ်ခ်)၊ အဖျားပိုင်းသွေးကြောရောဂါတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်။ (၁) တသက်လုံးလူနေမှုပုံစံကိုပြောင်းပါ။ (၂) လိုအပ်ရင် ဆေးသောက်ပါ။

(၁) Lifestyle changes include လူနေမှုပုံစံကောင်းဆိုတာ -
1. ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
2. ကိုယ်အလေးချိန် ထိန်းနေပါ။
3. ဆေးလိပ် မသောက်ပါနဲ့။
4. ကျန်းမာရေးနဲ့ ညီညွတ်တာသာစားပါ။
- မပြည့်ဝဆီနဲ့ (ကိုလက်စထော) နည်းတာတွေသာ စားပါ။
- အသီးအနှံနဲ့သစ်သီးတွေ စားပါ
- ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီရွေးစားသုံးပါ။ နှမ်းဆီ၊ (အောလစ်ဖ်) ဆီ၊ ပန်းနှမ်းဆီ၊ မြေပဲဆီ၊ (ကင်နိုလာ) ဆီတွေ သုံးပါ။
- ဖိုက်ဘာများတဲ့ အစားအစာစားပေးပါ။ (ဘာလီ)၊ အုတ်စပါး၊ ပန်းသီး၊
- အစေ့အဆံတွေစားပါ။ မြေပဲ၊ သစ်ကြားသီး၊ ဗာဒံစေ့၊
- ပဲသီးစားပါ။ Kidney, Chick peas, Lentils, Split peas, Black-eyed peas, and White beans ပဲအမျိုးမျိုးစားပါ။

- အသားတွေကရတဲ့အဆီကဆိုးတယ်ဆိုပေမဲ့ အားလုံးတော့ မဟုတ်ဘူး။
- မြင်ရတဲ့အဆီတွေ ဖယ်ထုတ်ထားတာရွေးပါ။ ကျော်မဲ့အစား ပြုတ်ပါ။
- ကြက်သားနဲ့ ကြက်ဆင်သားတွေကငန်းသားနဲ့ ဘဲသားအဆီထက် သက်သာတယ်။ အရေခွံမစားပါနဲ့။
- ပြုပြင်ထားတဲအသားတွေ ဥပမာ ဝက်အူတောင့်၊ (ဟောဒေါ့ခ်)၊ တွေမှာအဆီနဲ့ ဆားများတယ်။ ရှောင်ပါ။
- ကလီစာကို တခါတလေမှသာစားပါ။
- (မာဂျရင်း) က ထောပတ်ထက် သင့်တော်တယ်။

(၂) (ကိုလက်စထော) ကျဆေးတွေမှာဘေးထွက်-ဆိုးကျိုးတွေရှိတယ်။ အိပ်ချင်၊ အိပ်ရေးပျက်၊ ခေါင်းကိုက်၊ ပျို့၊ အန်တာတွေ ဖြစ်တတ်တယ်။ ဆေးတွေ တမျိုးကနေနောက်တမျိုးပြောင်းပေးရတာလဲရှိတယ်။

- Statins ကိုအများဆုံးသုံးတယ်။ ဆေးကြောင့် ဗိုက်နာ၊ လေပွ၊ ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းချုပ်၊ အသဲထိခိုက်၊ ကြွက်သားတွေ နာ-အားယုတ်တာတွေ ဖြစ်စေနိုင်တယ်။ Atorvastatin (Lipitor) နဲ့ Rosuvastatin (Crestor) တွေကပိုပြင်းတယ်။ Fluvastatin (Lescol) က သိပ်မပြင်းဘူး။

- Fibrates ဆေးက Triglyceride ကျစေတယ်။ ဒီဆေးကြောင့် ဝမ်းပျက်၊ ဗိုက်နာ၊ သည်းခြေကျောက်တည်၊ သွေးအားနည်း၊ သွေးကျဲဆေးတွေကိုပိုအားပေးတာတွေ ဖြစ်စေနိုင်တယ်။ gemfibrozil, (Lopid) နဲ့ fenofibrate (Tricor, Fibricor) တွေဖြစ်တယ်။

- Resins ဆေးကအသဲကနေ (ကိုလက်စထော) ကိုပိုအသုံးချစေမယ်။ ဒီဆေးကြောင့် ဝမ်းပျက်-ဝမ်းချုပ်၊ ဗိုက်မငြိမ်၊ ခေါင်းမူး၊ လေပွ၊ ရင်ပြည့်၊ ရင်ပူတာတွေ ဖြစ်စေနိုင်တယ်။

- Niacin ဆေးက Triglyceride ကိုနည်းစေပြီး၊ HDL ကိုများစေမယ်။ အသဲထိခိုက်၊ ဗိုက်နာ၊ အရေပြားနီမြန်း၊ ယားယံ၊ ဆီးချိုတက်တာတွေ ဖြစ်စေနိုင်တယ်။

(ကိုလက်စထော) များနေသူတွေကို ဆေးကုရတာ တယောက်နဲ့ တယောက် မတူပါ။ လူတိုင်းက (ကိုလက်စထော) ကို ထုတ်ပေးနေပြီး ဒါကိုအသုံးပြုနေကြတယ်။ နှစ်နေရာလုံးမှာ မတူကြပါ။ ယောက်ျားတွေနဲ့ မိန်းမတွေကို ဆေးကုရတာ မတူဘူး။ (ကိုလက်စထော) များနေလို့ ချက်ချင်းစိတ် မပျက်ပါနဲ့ အမေရိကားမှာကိုယ်လိုလူမျိုးသန်း ၁ဝဝ ရှိနေတယ်။ ဒီလူတွေက Total cholesterol 200 mg/dLထက် များနေကြတယ်။ သူတို့ကိုဆေးကုတဲ့အခါ နှစ်ယောက်ထပ်တူတယ် ဆိုတာတောင် ရှားတယ်။ အစားဆင်ခြင်တာနဲ့ ကိုယ်လက်လှုတ်ရှားမှုတွေလုပ်တာနဲ့ အဆင်ပြေသွားသူတွေ ရှိတယ်။

• ဟော်တယ်တွေ၊ အနောက်နိုင်ငံတွေမှာ မနက်စာအဖြစ်စားသုံးလေ့များတဲ့
- ဝက်ပေါင်ခြောက်က အဆီတွေများလို့ ဆိုးစေတယ်။
- ချောကလက်ကိတ်မုံ့ကလဲ အတူတူဘဲ။
- အရက်ထဲမှာလဲ ကလိုရီ နဲ့ သကြားဓါတ် မနည်းလှဘူး။ Triglyceride levels များစေနိုင်တယ်။
• ဆီးချိုရောဂါရှိနေရင်လဲ Triglyceride levels များနေနိုင်တယ်။
- ကိုယ်အလေးချိန်လျှော့ချပါ၊
- ကိုယ်လက်လေ့ကျင့်ခန်းပိုလုပ်ပါ၊
- ဖိုက်ဘာများများပါတဲ့ ပဲသီး၊ ဟင်းသီးဟင်းရွက်တွေနဲ့ သိပ်ဖြူဆွတ်အောင်ချွတ်မထားတဲ့ အစေ့အဆံတွေ စားသုံးပါ။
• (HDL) ကောင်းတဲ့ (ကိုလက်စထော) က 60 နဲ့အထက်ရှိနေရင် နှလုံးရောဂါကို ကာကွယ်ရာ ကျတယ်။ ဒီအမျိုးအစားနည်းနေတာဟာ မကောင်းပါ။
- ယောက်ျားတွေဆိုရင် 40 mg/dL ထက်နည်းနေရင်၊
- မိန်းမတွေဆိုရင် 50 mg/dL ထက်နည်းနေရင် မကောင်းပါ။
- အုံးသီးဆံ၊ အုံးရည်တွေမှာ ဆိုးတဲ့ (ကိုလက်စထော) ပါနေမဲ့ Saturated fat တွေပါတယ်။
- သစ်ကြားသီးကို အသင့်အတင့်စားပေးတာဟာ Junk-food snack ဆိုင်ကနေ အလွယ်ဝယ်ရတဲ့ ခေတ်ပေါ်အစားအစာ၊ သွားရည်စာတွေထက် ကောင်းတယ်။ ဘာလို့လဲဆိုတော့ သူ့ထဲမှာ (ဖိုင်ဘာ) နဲ့ (အိုမီဂါ ၃) တွေပါလို့ဖြစ်တယ်။

Dr. တင့်ဆွေ
၁-၆-၂ဝ၁၂
၅-၁၂-၂ဝ၁၂
၁-၃-၂ဝ၁၄

အီးပေါက်ခြင်း (Fart) အကြောင်း တစေ့ တစောင်း




လည်လိုက်တဲ့လေဟာ သင့်စအိုဝကနေ တစ်နာရီ ၇ မိုင်နှုန်းနဲ့ တွန်းဖြတ်ထွက်သွားပါတယ်

အသံမထွက်တဲ့ အီးဟာ အနံ့ပိုပြင်းပါတယ်

အီးရဲ့ အပူချိန်ဟာ 98.6 ဒီဂရီ ဖာရင်ဟိုက်ရှိပါတယ်

လည်လိုက်တဲ့လေဟာ မီးလောင်နိုင်ပါတယ်
----------------------------------------------------------------
= လေလည်ခြင်းဆိုတာ အူလမ်းကြောင်းအတွင်းမှာရှိတဲ့ ဓာတ်ငွေ့တွေဟာ စအိုကတစ်ဆင့် ထွက်သွားတာပါပဲ.. တစ်ခါတစ်လေ အနံ့မထွက်သလို တစ်ခါတစ်လေတော့လည်း ဆိုးဆိုးဝါးဝါးနံတတ်ပါတယ်... ဒါပေမဲ့ ဘာကြောင့် သင်လေလည်ရသလဲဆိုတာကို သင်သိပါသလား... သင်လေလည်လိုက်တဲ့အသံဟာ တစ်ခါတစ်လေ ဟွန်းတီးသလို အသံအကျယ်ကြီးထွက်ပြီး တစ်ခါတစ်လေ ကြွက်တစ်ကောင်လို တိုးတိုးတိတ်တိတ်ထွက်သွားတတ်တာ ဘာကြောင့်လဲဆိုတာကော သင်သိပါသလား...

= လေပွခြင်းဆိုတာ အစာခြေဖျက်မှုလုပ်ငန်းစဉ်ရဲ့ ဘေးထွက်တစ်ခုအဖြစ် အစာခြေလမ်းကြောင်းထဲမှာ လေနဲ့ ဓာတ်ငွေ့အရောအနှောတစ်ခုဖြစ်ပေါ်ခြင်းဖြစ်ပါတယ်...

= သာမန်လူတစ်ယောက်ဟာ တစ်နေ့ကို ၁၄ ကြိမ်လေလည်ပြီး တစ်နေ့တာအတွင်း လည်လိုက်တဲ့လေပမာဏဟာ လီတာဝက်လောက် ရှိပါတယ်...

= လည်လိုက်တဲ့လေဟာ သင့်စအိုဝကနေ တစ်နာရီ ၇ မိုင်နှုန်းနဲ့ တွန်းဖြတ်ထွက်သွားပါတယ်...

= လည်လိုက်တဲ့လေဟာ မီးလောင်နိုင်ပါတယ်...

= ထွက်လာတဲ့လေရဲ့ အပူချိန်ဟာ 98.6 ဒီဂရီ ဖာရင်ဟိုက်ရှိပါတယ်...

= အလုံပိတ်အခန်းထဲမှာ သင်လည်ထားတဲ့လေတွေပြည့်နေရင်တောင် သင့်အနေနဲ့ အသက်ရှူမကြပ်နိုင်ပါဘူး...

= လည်လိုက်တဲ့လေအများစုဟာ မျိုချခဲ့တဲ့အစာတွေက ထွက်လာတာဖြစ်ပြီး အဓိကအားဖြင့် နိုက်ထရိုဂျင်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်တို့ပါဝင်ကာ အနံ့မရှိသလောက်ပါပဲ... ဒီလေတွေရဲ့ လေပူဖောင်းတွေဟာ ကြီးမားပြီး အသံအကျယ်ကြီးထွက်စေပါတယ်...

= ဘက်တီးရီးယားကြောင့်အချဉ်ပေါက်ခြင်းနဲ့ အစာခြေလုပ်ငန်းစဉ်တို့ကြောင့်သာ အနံ့ပြင်းတဲ့ လေတစ်ချို့ကို လည်စေပါတယ်... ဒီလိုလေတွေရဲ့ လေပူဖောင်းတွေကတော့ သေးငယ်ပြီး အနံ့ပြင်းပါတယ်... အသံလည်းမထွက်ပါဘူး... (အသံမထွက်တဲ့ အီးဟာ အနံ့ပိုပြင်းပါတယ်.. )

= လည်လိုက်တဲ့လေမှာပါဝင်တဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက် (H2S) ဓာတ်ပေါင်းဟာ အပုပ်နံ့ကိုထွက်စေပါတယ်...

= စအိုဝမှာရှိတဲ့ အာရုံကြောတွေက လေလည်တာနဲ့ မစင်စွန့်တာနဲ့ကို ခွဲခြားပေးပါတယ်... ဒါပေမဲ့ တစ်ခါတစ်လေ သင့်ဝမ်းက သာမန်ထက်ပိုပျော့နေတဲ့အခါမျိုးမှာ အာရုံကြောတွေက ကောင်းစွာမခွဲခြားနိုင်ပဲဖြစ်တတ်ပါတယ်.. ဒီလိုအခါမျိုးမှာ ဝမ်းနဲ့လေနဲ့မကွဲတာမျိုး ဖြစ်လေ့ရှိပါတယ်...

= လူတစ်ယောက်ဟာ သေဆုံးပြီးနောက်ပိုင်းမှာလည်း လေလည်နိုင်တုန်းပါပဲ...

= ပဲစေ့တွေဟာ လေပိုလည်စေပါတယ်... လူ့ကိုယ်ခန္ဓာဟာ ကာဘွန်ဟိုက်ဒရိုက်အမျိုးအစားဖြစ်တဲ့ တစ်ချို့ Polysaccharide တွေကို မခြေဖျက်နိုင်ပါဘူး... ဒီကာဘွန်ဟိုက်ဒရိုက်တွေဟာ အူအောက်ပိုင်းကိုရောက်လာတဲ့အခါမှာ ဘက်တီးရီးယားတွေကစားသုံးပြီး လေအများအပြားလည်စေပါတယ်...
----------------------------------------------------------------
(Ref: Interesting Facts-နှိုင်းရင့်နွေ)
Myawady News

ကလေး နို့တိုက်ရင်း အိပ်မပျော်စေနဲ့



Sunday, March 2, 2014

ဒီနေ့မနက်စောစော ကျွန်တော့်အိမ်ဆေးခန်းကို ဝမ်းနည်းကြေကွဲစရာကောင်းတဲ့caseတစ်ခုရောက်လာတယ်…နှစ်ဆယ်ရက်သားအရွယ် သားငယ်လေးကို အဖေလုပ်သူက ပွေ့ချီပြီး ငိုယိုလျက်…"ကျွန်တော့်သားလေး အသက်မရှုတော့ဘူးနဲ့တူတယ်…ကယ်ပါဆရာ"တဲ့…ကုတင်ပေါ်တင် စမ်းသပ်လိုက်တော့…မှန်ပါတယ် ကလေးအသက်မရှိတော့ဘူး…ကျွန်တော်လည်း resuscitationလုပ်ကြည့်တယ်(နှလုံးဖိနှိပ် ပါးစပ်က လေမှုတ်သွင်းတယ်) ဆယ်မိနစ်လောက်ကြိုးစားကြည့်ပေမယ့် အသက်ပြန်မလည်လာတော့ဘူး…ကလေးအဖေနဲ့အမေက ကျွန်တော်နဲ့တစ်ပိုင်းတည်းနေတာ …သူတို့အကြောင်းကောင်းကောင်းသိတယ်…သူတို့ဟာ ထားစရာမရှိအောင် ကျိကျိတက်ချမ်းသာကြတယ် …အကြီးနဲ့အလတ် မိန်းကလေးနှစ်ယောက်ဆက်တိုက်မွေးပြီးမှဒီတတိယကိုယ်ဝန်မှာမှ ယောကျာင်္းလေးမွေးပြီး သားကြောဖြတ်ထားတာ…utrasoundရိုက်ပြီး ယောကျာင်္းလေးဆိုကတည်းက အဖွားတွေရော တမိသားစုလုံး သဲသဲတုန်ချစ်နေကြတာ …ရန်ကုန်တက်ပြီးဗိုက်ခွဲမွေးထားတာ…လွန်ခဲ့တဲ့သုံးရက်ကဘဲ O.Gချိန်းရက်ရောက်လို့ အမေရော ကလေးပါရန်ကုန်မှာ ဆေးခန်းပြန်ပြထားသေးတယ်…ဆရာဝန်ကြီးက ကလေးကိုစမ်းသပ်ပြီး ပေါင်ချိန်လည်းတိုးလာတယ်…နှလုံးခုန်တာ အသက်ရှုတာ အကုန်ကောင်းပါတယ်တဲ့…ကျွန်တော်လည်းစိတ်မကောင်းစွာနဲ့ ကလေးအသက်မရှိတော့ကြောင်းပြောတော့…"ဘာရောဂါကြောင့်မြန်မြန်ဆန်ဆန်ကြီးသေရတာလဲ"တဲ့…ကျွန်တော်လည်းကလေးရာဇဝင်လေးသိအောင်နည်းနည်းမေးကြည့်တော့ ကလေးဟာ ညကအထိ မောတာ အသက်ရှုကြပ်တာမရှိဘူး မဖျားဘူး ချောင်းနည်းနည်းဆိုးတယ် နှပ်ထွက်တယ် နှခေါင်းပိတ်တယ်တဲ့ …နို့ဆာလို့ရှိရင်ငိုတယ် တအင့်အင့်အော်တယ်…နို့တိုက်လိုက်ရင်အငိုတိတ်သွားတယ်တဲ့…ညကအထိနို့ကောင်းကောင်းစို့နိုင် ပြုံးပြုံးရွှင်ရွှင်ဘဲတဲ့…ကလေးအမေ ဟာO.G ပေးတဲ့ အားဆေးကိုပုံမှန်သောက်တယ် ကြက်သားဝက်သားလည်းမရှောင်ဘူး စားတယ်…ကျွန်တော်လည်းcause of death ဖြစ်နိုင်ခြေများပြီး အရပ်သားတွေလက်ခံနိုင်မယ့် ထင်မြင်ချက်ဘဲပေးလိုက်ပါတယ်…"်beri beriအရပ်အခေါ် သူငယ်နာအတွင်းတက်နဲ့သေဆုံးတာဖြစ်နိုင်ပါတယ်"လို့ …

…ဒီcaseမှာကျွန်တော်ထင်တဲ့ Provisional diagnoseတွေက
1. ………………
2.ဘယ်ရီ ဘယ်ရီ (အရပ်အခေါ် သူငယ်နာ)
3.A.R.I( နမိုးနီးယားအပါအဝင် အသက်ရှုလမ်းကြောင်း ပိုးဝင်ရောင်ရမ်းခြင်း)
4.Congenital heart diseases(မွေးရာပါ နှလုံးရောဂါ)
5.others တို့ထဲက တစ်ခုခုကြောင့်လို့ထင်တယ်ဗျ
(1) ကိုကျွန်တော် ဘာ့ကြောင့်ကွက်လပ်လုပ်ထားလဲဆိုတော့ စာဖတ်သူကို informationတစ်ခုပေးချင်လို့ပါ…ဆရာဝန်မဟုတ်တဲ့ စာဖတ်သူတွေကိုလည်း ပညာပေးချင်လို့ပါ……ကလေးမွေးလို့ရှိရင် ကျွန်တော်တို့အမေတွေ အဖွားတွေ အဒေါ်တွေက အမြဲသတိပေးတဲ့ စကားတစ်ခွန်းရှိတယ်…"ကလေး နို့တိုက်ရင်း အိပ်မပျော်စေနဲ့တဲ့ …ကလေးနှာခေါင်းနဲ့အမေနို့ ပိတတ် ပိတ်တတ်တယ်"တဲ့…
…ဒီcaseမှာ အမေနို့ပိ၍ အသက်ရှုမရ သေဆုံးခြင်းကို အဖြစ်နိုင်ဆုံးထင်မြင်ချက်ပေးလိုက်ပါကြောင်း …သာမန်ပြည်သူများ အသိတိုး၍ မဖြစ်ခင် သတိထားကာကွယ်နိုင်ရန် ရေးသားလိုက်ရပါတယ်…

ပျိုမေတို့သိစေဖို့
Credit to : Soe Htike
Myawady News

တိုင်းပြည်မျက်နှာ ပြည်သူတွေရဲ့မျက်နှာကိုကြည့်ပါဦး



မြန်မာ့မြေမှာ အစိုးရသစ်ပေါ်ထွန်း  ပြီးနောက် ကျွန်တော်ဟာ ပြည်သူတွေရဲ့ ကြားကို မကြာခဏရောက်ခဲ့ပါတယ်။ အမှန်တော့ ပြည်သူတွေရဲ့စကားသံကို နားထောင်ချင်လို့ရောက်ခဲ့ခြင်းဖြစ်ပါ တယ်။ ပြည်သူ့အသံများကို ဘယ်လိုကြား  ရသလဲဆိုတော့ “စစ်အာရှင်လက်မှလွတ်  ပြီ။ အသစ်တက်လာတဲ့အစိုးရဟာပြည်သူ  တွေရွေးချယ်ထားတဲ့အစိုးရ၊ ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းနဲ့ ချီတက်တယ် ဆိုတော့ မြန်မာပြည်ကြီးတိုးတက်တော့ မှာပါ။ ပြည်သူတွေလည်း စိတ်ချမ်းသာ တော့မှာ”ဆိုတဲ့စကားသံတွေဟာ ရင်နဲ့ အမျှကြည်နူးခဲ့ရပါတယ်။ ဒါပေမဲ့ ဒါပေမဲ့   အခုတစ်ခါပြည်သူကြားကိုရောက်တော့  ပြည်သူ့အသံတွေက တစ်မျိုးဖြစ်သွားပြီ။  “မထူးပါဘူးအရင်စစ်အာဏာရှင်အစိုးရ လက်ထက်ကအတိုင်းပါပဲ။ အခုသူတို့ အုပ်ချုပ်ခဲ့တာ (၂) နှစ် ကျော် (၃) နှစ်နီး ပါးရှိလာပြီ။ ပြည်သူတွေ ဘာတိုးတက် ခဲ့သလဲ။ တောင်သူလယ်  သမားတွေဆိုမြေအသိမ်းခံရတာနဲ့ ပတ်သက်ပြီး အတော်ဒုက္ခရောက်နေကြ တယ်။ ခရိုနီနဲ့ စစ်တပ်၊ စစ်တပ်နဲ့ ခရိုနီ များဟာ လက်တွဲမဖြုတ်စတမ်းဖြစ်နေကြ တယ်။ စစ်တပ်မြေဖြစ်လို့ရွာတွေကို ရက်ရက်စက်စက်ဖယ်ပစ်တာ ကတစ်မျိုး၊  ခရိုနီတွေရဲ့ ယာမြေတွေဖြစ်လို့ ရက်ရက် စက်စက်တောင်သူလယ်သမားတွေကို မောင်းထုတ်ကြတာကတစ်မျိုးနဲ့ ကျွန်တော်၊   ကျွန်မတို့ဘ၀ဟာ ဒုက္ခရောက်ရပြန်ပြီ။ ယခင်စစ်အစိုးရလက်ထက်ကပဲ ဒီလိုမတရား  မှုတွေရှိနေမယ်လို့ အောက်မေ့ခဲ့တာ၊ အခု  နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်လက်ထက် မှာလည်းရှိနေတုန်းပါလား။ သမ္မတကြီး ရှိနေတယ်။ လွှတ်တော်ရှိနေတယ်။ ဘာဖြစ်လို့ လယ်သိမ်း၊ ယာသိမ်း၊ မြေ သိမ်းကိစ္စတွေဟာ ပေါ်နေရပါသလဲ။ သမ္မတကြီးမပြတ်သားမှုကြောင့်လို့ အများ  ကပြောနေကြတယ်။ ဘာဖြစ်လို့မပြတ် မသားဖြစ်နေရသလဲ။ စစ်တပ်ကအရောင်  ပြောင်းထားတဲ့လူများကြောင့် (သူတို့ကို   မလွန်ဆန်နိုင်လို့) သမ္မတကြီးမပြတ်မသား  ဖြစ်နေရတယ်လို့ပြောတဲ့လူက ပြောကြ  ပြန်တယ်။ အမှန်တော့ သမ်္မတကြီးဆီမှာ  အာဏာမရှိတော့ဘူး။ အကြံပေးပုဂ်္ဂိုလ် များဆီမှာသာ အာဏာရှိနေတော့ သူတို့ ပြောင်ခိုင်းတဲ့အတိုင်းပြောနေရလုပ်ဆောင် နေရတယ်လို့”ဆိုတဲ့ သူကဆိုကြပြန်တယ်။  ကျွန်တော့်အနေနဲ့တင်ပြရရင်ပြည်သူကြား   ကအသံများဟာမှန်သလိုလိုဖြစ်နေပါ တယ်။
ဘာဖြစ်လို့လဲဆိုတော့ မြစ်ဆုံစီမံကိန်း  ကိစ္စ၊ ဆင်းရဲမွဲတေမှုလျှော့ချရေးကိစ်္စ၊ ဘိုးဘွားပိုင်လယ်ယာမြေကိစ်္စ၊ တရား ဥပဒေစိုးမိုးရေးကိစ်္စ၊ ပြည်တွင်းငြိမ်းချမ်း  ရေးကိစ်္စစတဲ့ကိစ်္စတွေမှာ ပြတ်သားမှုမရှိ ခဲ့လို့ဖြစ်ပါတယ်။ သမ္မတကြီးဟာ ပြည်သူ  များကလေးလေးစားစားတင်ထားတဲ့ သမ္မတကြီးပါ။ အာဏာအပြည့်ရှိတယ်။  လုပ်ပိုင်ခွင့်အပြည့်အ၀ရှိပါတယ်။ တိုင်း ပြည်အတွက်၊ ပြည်သူများအတွက် လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့လုပ်ပေးရပါမယ်။  အခုတော့ ကိစ္စတစ်ခုပေါ်ရင်နောက်ပြန် လှည့်ကြည့်ပြီး ဘေးစကား (အကြံပေး  ပုဂ်္ဂိုလ်များရဲ့စကား) နဲ့ သာခရီးသွားနေ တော့ဘယ်ကလာအောင်နိုင်မလဲ။ ရှေ့လျှောက်နာမည်ကျရုံပဲရှိတော့မယ်။
သမ္မတကြီးမိန့်ခွန်းတွေဟာလည်း ရေဒီယိုမှာအမြဲမပြတ်ကြားနေပါတယ်။ ဒါပေမဲ့ သမ္မတကြီးရဲ့စကားတွေကို လူတွေ  ကသိပ်မယုံကြည်တော့ဘူး။ နားထောင် မှုအားနည်းသွားကြပြီ။ ဘာဖြစ်လို့လဲဆို တော့ လက်တွေ့မကျတဲ့ အပြောစကား  ချည်းဖြစ်နေလို့ပါပဲ။ လက်တွေ့ကမလုပ်  ရသေးဘူး။ အောင်မြင်တယ်ပြောလို့မရ ဘူးလေ။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို   ပန်းမ၀င်သေးဘူးတက်ထောင်ပြတဲ့ လှေ ပြိုင်သမားများလိုဖြစ်နေတယ်။ အပြော နဲ့ အလုပ်ဆိုတာတစ်ထပ်တည်းကျရမှာ  မဟုတ်လား။ အခုတော့ ဘေးစကားတွေ  တစ်မျိုး၊ နောက်ပြန်လှည့်ကြည့်နေရတာ ကတစ်မျိုးနဲ့ သမ္မတသွေးဟာမရဲတော့ဘူး ဖြစ်နေတယ်။
ဒါကြောင့် သမ္မတကြီးကို အကြံပေး   လိုတာက တိုင်းပြည်မျက်နှာ၊ ပြည်သူ့ မျက်နှာကိုကြည့်ပါ။ နောက်ပြန်လှည့်ကြည့်  တဲ့အကြည့်မျိုး၊ ဘေးကအကြံပေးတဲ့ အကြံပေးပုဂ်္ဂိုလ်များရဲ့စကားများကိုရှောင် ပါ။ အချိန်ရှိပါသေးတယ်။ ကိုယ့်သွေး ကိုယ့်ဦးနှောက်နဲ့ ရန်သူဆိုတာဘယ်သူ မြွေပွေးဆိုတာဘယ်ဟာဆိုတာ စဉ်းစား ဆုံးဖြတ်ပြီး ပြတ်ပြတ်သားသားလုပ်ဆောင်  ချိန် ရောက်နေပြီလို့တင်ပြအကြံပြုရင်း။


ဗန်းမော်ညိုသူ
hotnewsweekly

မိဘများ သတိမ ထားမိ သေးသော ကလေး များအတွက် စမတ်ဖုန်း အန္တရာယ်


ကလေးများ ကွန်ပျူတာ နဲ့ အင်တာ နက် သုံး တာ ကို မိဘ များ စိုးရိမ် တတ်ကြ သည်။ ကွန်ပျူ တာ နဲ့ အင်တာနက် သုံးရင်း ကလေးများ မသင့် တော် သည့် ၀က်ဘ် ဆိုက် များ ၀င်ကြည့် မိ သွားမှာ မိဘ များ စိုးရိမ် သည်။ အွန်လိုင်း က သူစိမ်းများ က ကလေး များကို ဒုက္ခ ပေးမှာ စိုးရိမ် သည်။ ယခု အခါ စမတ် ဖုန်းဖြင့် အင် တာ နက် သုံးခြင်း ခေတ်စား လာရာ ကလေး များပါ စမတ်ဖုန်း များ ကိုင်လာ ကြ သည်။ စမတ် ဖုန်း ဖြင့် အင် တာ နက် သုံးလာ ကြသည်။ သို့သော် မိဘ များသည် စမတ်ဖုန်း များဖြင့် ကလေး များ အင်တာ နက် သုံးခြင်း ကို ကား အန္တရာယ် သိပ်မကြီး ဟု သဘောထား ရှိနေကြောင်း ဗြိတိန် နိုင်ငံ တွင် ကောက်ယူ ထား သည့် သ ဘော ထား စစ်တမ်း တစ်ရပ် က ဖော်ပြ သည်။ ဖုန်းဖြင့် အင်တာနက် သုံးရင်း ညစ်ညမ်း သည့် ပုံ များ၊ စာသားများကို တွေ့မြင်ရသည် မှာ စိတ်ပျက်ဖွယ် ကောင်း ကြောင်း ကလေး ငါးယောက်တွင် တစ်ယောက် က သဘော ထားဖော်ပြသည်။ ထိုနှုန်းသည် မိဘများ ထင် ထားသည့်နှုန်းထက် နှစ်ဆ များသည်။ ကလေးများအွန်လိုင်းမှာ ဘာတွေ လုပ် သည်ကို မိဘ (၈၀) ရာ ခိုင်နှုန်းက စောင့် ကြည့်တတ်ပြီး (၂၀) ရာခိုင်နှုန်းမူကား လွှတ် ထား ကြောင်း လည်း စစ်တမ်း အရ သိရသည်။ ကလေးများအတွက် လုံခြုံဘေးကင်းသော အင်တာနက်ဖြစ်ရေးလှုပ်ရှားမှုအဖြစ် စစ်တမ်း ကို ပြုစုခြင်းဖြစ်သည်။ ဘီဘီစီက အင်္ဂလန်တစ်ဝန်း မိဘများ ကို စစ်တမ်းကောက်ယူခဲ့ရာ မိဘ (၉၀) ရာ ခိုင်နှုန်းက ကလေးများ စမတ် ဖုန်း တဲဘလက် များနှင့် အင်တာနက်သုံးသည့်အခါ ဆောင် ရန် ရှောင်ရန်များကို ပြောပြ ဖြစ်ကြောင်း သဘော ထား ဖော်ပြသည်။ သို့သော် ကလေး များ တကယ်သုံးနေချိန်တွင်မူ မိဘအများစု သည် စောင့်ကြည့် ထိန်းမတ် ပေးခြင်း မရှိဘဲ ကလေးစိတ်တိုင်းကျ သုံးခွင့်ပေးထားမိ ကြောင်းလည်း စစ်တမ်းအရ သိရသည်။

မိဘများ ထိန်းချုပ်ပေးခြင်း

အသက်အရွယ်မရွေး အွန်လိုင်းကနေ အမျိုးမျိုးသော နှောင့်ယှက်ခြင်းတွေနဲ့ ကြုံရနိုင်ပါတယ်။ အထူး သ ဖြင့် ကလေး တွေဟာ အွန်လိုင်းမုဆိုးတွေရဲ့ အလွယ်ကူဆုံး ပစ်မှတ်တွေ ဖြစ်လာ နိုင်ပါတယ်””ဟု အွန် လိုင်းလုံခြုံရေး လှုပ်ရှားမှုအဖွဲ့  Get Safe Online မှ အမှုဆောင်အရာရှိချုပ် တိုနီ နာတီ က ပြောသည်။ စမတ် ဖုန်း တွေ တဲဘလက်တွေမှာ ပါတဲ့ ကလေးများဆိုင်ရာ လုံခြုံရေး ကန့်သတ် ချက်တွေကို ကြိုတင်ကန့် သတ် မ ထား ဘူး ဆိုရင် ကလေး တွေဟာ စမတ်ဖုန်း တွေ တဲဘ လက်တွေနဲ့အင်တာနက်သုံးရင်း သူတို့ အရွယ် နဲ့ မ လိုက် ဖက်တဲ့ ပုံတွေ၊ စာတွေကအစ အမျိုး မျိုးသော အွန်လိုင်းအ်္တရာယ်တွေနဲ့ ကြုံရနိုင် ပါတယ်””ဟု မစ္စတာ နာတီက ဆက်လက်ပြော ကြားသည်။

အသက် ၁၃ နှစ်မှ ၁၆ နှစ်ကြား လူငယ် များသည် စမတ်ဖုန်း၊ တဲဘလက် များဖြင့် အင်တာနက် အသုံး ဆုံး ဖြစ်သလို အွန်လိုင်းမှ ဒုက္ခပေးခံရနိုင်ခြေ လည်း အများ ဆုံးဖြစ် သည်။ အသက် ၈ နှစ်မှ ၁၂ နှစ်ကြား က လေး များကား (၁၃-၁၆) သမားများလောက် အွန် လိုင်း အန္တရာယ် မကြီးမားသည့်တိုင် မိဘ များသည် (၈-၁၂) သမား များ ကို ပိုပူပန် တတ် ကြပြီး၊ (၁၃-၁၆) သမား များကို ကား စိတ်ချရသည်ဟုဆိုကာ လွှတ်ထားလေ့ရှိ ကြောင်း လည်း စစ်တမ်းအရ သိရသည်။

ကလေးတွေ ကွန်ပျူတာနဲ့ အင်တာ နက်သုံးတာကိုသာ မိဘတွေက စိတ်ပူ နေ ကြတယ်။ စမတ်ဖုန်း တွေ တဲဘလက်တွေနဲ့ အင်တာနက် သုံးတာကို ကျတော့ အလားတူ အန္တရာယ်ရှိတယ်ဆိုတာ သတိထားမိခဲ တယ် ဟု အင်တာနက်လုံခြုံရေးဆော့ဖ်ဝဲ များ ထုတ်လုပ်နေသော Kaspersky Lab မှ အကြီးတန်း သုတေသန ပ ညာ ရှင် ဒေးဗစ် အမ်းက ပြောသည်။ စမတ်ဖုန်းတွေ၊ တဲဘလက်တွေနဲ့ ကလေးတွေသုံးတာဟာလည်း ကွန် ပျူ တာ နဲ့သုံးတဲ့ အင်တာနက်စနစ်ပဲဆိုတာ မိဘ တော်တော်များများ မေ့နေတယ်””ဟု ၎င်း က ဆက် ပြော သည်။ စမတ်ဖုန်းတွေ တဲဘလက်တွေဟာ ကွန်ပျူတာတွေလောက် အင်တာနက် အန္တရာယ် မရှိဘူးလို့ လွဲမှား စွာ ခံယူထား ကြတယ်။ ကလေးတွေအတွက် စမတ်ဖုန်း တဲဘလက် အင်တာနက် ဟာလည်း ထပ်တူ ထပ်မျှ အန္တရာယ်ကြီးတယ်ဆိုတာ မိဘတွေ သိစေချင်တယ်””ဟု မစ္စတာ အမ်း က ပြော သည်။ ယခု အခါ မိုဘိုင်း အင် တာနက် တွင် ကျယ်လာရာ စမတ်ဖုန်းများ တဲဘလက်များ ဖြင့် အင်တာနက် အသုံးပြုနှုန်း က ကွန်ပျူတာ ဖြင့် အသုံးပြုနှုန်း ကိုပင် ယှဉ်နိုင် လာပြီဖြစ်ရာ ကလေးများ အတွက် စမတ်ဖုန်း တဲဘလက် အင်တာနက်၏ အန္တရာယ်သည်လည်း ကြီး သထက် ကြီးလာပြီ ဖြစ်သည်။

မထိန်းချုပ်မိသောကြောင့် ဆုံးရှုံးမှုများ

အိုင်ဖုန်း အိုင်ပတ်များတွင် မိဘများက ထိန်းချုပ်နိုင်သော Parental Control စနစ် ပါဝင် သည်။ ထို စ နစ် ကို ဖွင့်ထားပြီး Passcode ပေးထားလိုက်ပါက ကလေးများ အိုင်ဖုန်း အိုင်ပတ်များနှင့် အင်တာနက်သုံးရင်း မသင့် တော်သော ၀က်ဘ်ဆိုက်များသို့ ၀င်ကြည့် မည်ပြုတိုင်း စက်က အလိုလျောက် တားမြစ် မည်ဖြစ်ပြီး၊ လျှို့ ၀ှက် နံပါတ် များကို ရိုက်ထည့် မှ ဆက်ကြည့် ရှုနိုင်မည်ဖြစ်သည်။ ထိုလျှို့ဝှက် နံပါတ်ကို မိဘများက ရွေးချယ် သတ်မှတ် ပေးထားခြင်းဖြင့် ကလေးများနံပါတ်မသိ သောကြောင့် ရှေ့ဆက်ကြည့်ရှုနိုင်မည် မဟုတ် တော့။ ထို နည်းဖြင့် ကလေးများကို အွန်လိုင်း အန္တရာယ်မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ အန်းဒရွိုက်စနစ်သုံးဖုန်းများ တဲ ဘလက်များ တွင်လည်း ထိုစနစ်ပါဝင် သည်။ ဘီဘီစီက အင်္ဂလန်တစ်ဝန်း ကောက် ယူထားသော စစ်တမ်းအရ မိဘ (၅၀) ရာခိုင် နှုန်းက ကလေးများအတွက် ၀ယ်ပေးထား သော တဲဘလက် များ တွင် Parental Control စနစ်ကို အသုံးပြုကြောင်း သဘောထား ဖော်ပြပြီး ကလေးများ၏ စမတ်ဖုန်းတွင် ထိုစနစ် အသုံးပြုသည်ဟု သ ဘော ထား ဖော်ပြသူကလည်း (၄၀) ရာခိုင်နှုန်းရှိသည်။

ကလေးများသည် မိဘများ၏ စမတ်ဖုန်း တဲဘလက်များကို ယူသုံး ကာ အွန်လိုင်းတွင် ၀ယ်ယူမှုများ ပြု လုပ် သဖြင့် မိဘ (၁၈) ရာခိုင် နှုန်းခန့် ၏ ဖုန်းထဲ က ပိုက်ဆံ များ ကုန် သွား သည့် အဖြစ် များရှိကြောင်း Kapersky Lab က ပြုလုပ်ထားသောစစ်တမ်းအရ သိရသည်။ မိဘများ၏ စမတ်ဖုန်းတဲဘလက်များ ကိုယူကာ ဂိမ်းဆော့ရင်း အွန်လိုင်းမှ ၀ယ်ယူ မှုများ ပြုလုပ်ခြင်းသည် ငွေကုန်ခြင်း အဓိက အကြောင်း ရင်း တစ်ချက် ဖြစ် သည်။ ကလေး များသာမက လူကြီးများသည်လည်း အွန်လိုင်း ကို လုံခြုံစွာ အသုံးပြု တတ် ဖို့လိုကြောင်း မိုက် ခရိုဆော့ဖ် က ထုတ်ပြန် သော နှစ်ပတ်လည် အွန်လိုင်း လုံခြုံရေး သုတေ သန ထုတ်ပြန်ချက် တွင် ဖော်ပြထား သည်။

ဗြိတိန်နိုင်ငံတွင် ပြုလုပ်ထားသော လေ့ လာမှုစစ်တမ်း တစ်ရပ်အရလည်း ဗြိတိန် စမတ် ဖုန်းသုံးသူ များ များ ၏ (၅) ရာခိုင်နှုန်းသည် အွန်လိုင်း မှ တိုက်ခိုက် မှုများကြောင့် ပျမ်းမျှ ပေါင် တစ်ရာစီ ဆုံးရှုံးခဲ့ကြောင်း သိရ သည်။ (၃) ရာခိုင်နှုန်းခန့်သည်လည်း ပုဂ်္ဂိုလ်ရေးအချက် အလက်များခိုးယူခံရပြီး နောက် ဆက် တွဲ ဆိုး ကျိုး အ ဖြစ် ငွေကြေးအားဖြင့် ပေါင်တစ်ရာဝန်း ကျင်စီ ဆုံးရှုံးခဲ့ကြကြောင်း သိရသည်။ စမတ်ဖုန်းတဲဘလက် သုံးစွဲ သူ များ အနေဖြင့် ဖုန်းကို ဒီအတိုင်းမထားဘဲ Password ဖြင့် ဖွင့် ပိတ် စနစ် ကို သုံးရန်၊ အွန်လိုင်း လူမှု ၀က်ဘ် ဆိုက်အကောင့်များ ငွေကြေးဝန် ဆောင်မှုဆိုင်ရာ အကောင့်များကိုလည်း တတ်နိုင် သမျှ စာလုံး ရှည်ရှည် ရှုပ် ရှုပ် ထွေး ထွေ အားကောင်းကောင်းဖြစ်အောင် လုပ် ထားရန် ဆော့ဖ်ဝဲကုမ္ပဏီကြီးများက အကြံ ပြုထားသည်။

Ref: Parents unaware of smartphone danger (BBC)
Messenger News Journal

Viber မှ ပိုက်ဆံပေးဝယ်ရသော Sticker တွေကို Hack ယူနည်း


ဒီနေ့ တင်ပေးလိုက်တဲ့ Android ဖုန်းဆိုင်ရာ နည်းပညာလေးကတော့ Viber မှ ပိုက်ဆံပေးဝယ်ရသော Sticker တွေကို Hack ယူနည်း လေးကို မျှဝေပေးလိုက်ပါတယ်။ သိပြီးကြသော မိတ်ဆွေများလည်းများတော့မှာပါ။ မသိသေးတဲ့ မိတ်ဆွေများအတွက် ထပ်တင်ပေးလိုက်တာပါ။ ဖုန်းကို Root လုပ်ထားဖို့ လိုအပ်ပါတယ်။  Viber မှ ပိုက်ဆံပေးဝယ်ရသော Sticker များကို vpn unlimited.apk နဲ့ freedom.apk သုံးပြီး Sticker များကို Hack ရယူရပါမယ်။

အရင်ဆုံး vpn unlimited.apk နဲ့ freedom.apk ကို Download ဆွဲယူပါ။
1.vpn unlimited.apk
2. freedom.apk 
၁။ VPN-Unlimited.apk ကို အရင် Install လုပ်ပြီး ဖွင့်ပါ။ အောက်ပုံးကို ကြည့်ပါ။


VPN-Unlimited App ရဲ့ အပေါ်ထောင့်နားလေးမှာ Starting ဆိုပြီး Auto ချိတ်ဆက်နေပါလိမ်မယ်။ ချိတ်လို့ရသွားရင် Notification မှာ icon ပုံလေးပေါ်လာရင်ချိတ်လို့ရသွားပါပြီ။ ပြီးရင် Setting >> Applications Manager ထဲက Playstore ကို Force Stop နဲ့ Data Clear လုပ်ပေးလိုက်ပါ။ App ကို Force Stop လုပ်နည်းမသိခဲ့ရင် ဒီနေရာလေးမှာ ၀င်ရောက် လေ့လာနိုင်ပါတယ်။ ပြီးရင်တော့ Playstore ကိုပြန်ဖွင့်လိုက်ပါ။ Access တောင်းရင် Access လုပ်ပေးလိုက်ပါ။

၂။  Freedom.apk ကို Install လုပ်ပြီး ဖွင့်ပါ။ အောက်ပုံးကို ကြည့်ပါ။

Root access တောင်းရင် Access ပေးလိုက်ပါ။ အကုန်ပြီးရင်တော့ Viber ထဲဝင်ပြီး Sticker Downloaded ဆွဲလို့ရပါပြီ။ အောက်ပုံကို ကြည့်လိုက်ပါ။

 downloaded ဆွဲရန် ပိုက်ဆံ ခလုဒ် ကို နှိပ်ပါ။ box တခုကျလာပါလိမ်မယ် BUY ခလုဒ် ထပ်နှိပ် လိုက်ပါ။

ပုံပါအတိုင်း Ok ခလုဒ် ကို နှိပ်ပြီးရင်တော့ Downloaded ကိုနှိပ်ပီး Downloaded လုပ်လို့ရပါပြီ။ အားလုံး အဆင်ပြေနိုင်ကြပါစေ။

mrthangming

အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ ခန့်တန်ကြေးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ


ရန်ကုန်၊ မဇ္ဈိမ ။ ။ ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို မတ်လ ၁ ရက်က ဖမ်းဆီးမိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ မူယစ်ဆေးဝါးများကို မူးယစ်တပ်ဖွဲ့မှ ရဲအုပ်ဇော်ဇော်နိုင်နှင့်အဖွဲ့က နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မွန်းလွဲ ၃ နာရီ အချိန်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဖမ်းဆီးရေးအဖွဲ့သည် ကြိုတင်သတင်းအရ (၁၀)ရပ်ကွက်၊ အနော်ရထာလမ်း၊ (၄၉)လမ်းနှင့် လမ်း (၅၀)ကြားတွင် စောင့်ဆိုင်းခဲ့ကြသည်။

ထိုအချိန်တွင် ကြိုတင်သတင်းရရှိထားသည့် ဈေးရောင်းသူ မအေးအေးရီ ရောက်ရှိလာသဖြင့် စစ်ဆေးရှာဖွေခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သူမ၏ မိန်းမကိုင်သားရေအိတ်အတွင်းမှ အဖြူရောင်မှိုင်းခံစက္ကူဖြင့် ထုတ်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွမူးယစ်ဆေးပြားပေါင်း (၉၈၀၀)ပြားကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ မူးယစ်ဆေးပြားတစ်ပြားလျှင် ကာလပေါက်ဈေး ၅၀၀၀ ကျပ်ရှိသဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးပြားများ၏ တန်ဖိုးမှာ သိန်း (၄၉၀) ရှိသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။

ထို့ပြင် အဆိုပါ အမျိုးသမီးထံမှ နိုင်ငံသားစိစစ်ရေးကတ်(၁)ခု နှင့် ဧည့်စာရင်း စာရွက်မိတ္တူ တစ်စောင်တို့ကိုပါ သိမ်းဆည်းရမိ လိုက်သည်ဟု ဆိုသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိခဲ့သူ မအေးအေးရီအပေါ် အရေးယူပေးရန် ရဲအုပ် ဇော်ဇော်နိုင်က တရားလိုပြုလုပ် တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ပုဇွန်တောင် ရဲစခန်းက မယ(ပ)၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အရေးယူရန် အမှုစစ် ဒုရဲအုပ် မောင်မျိုးက ဆက်လက်စစ်ဆေးလျက်ရှိသည်။

Written by ဇော်ဇော်ထွေး
Mizzima - News in Burmese

အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုအတွက် ညီအစ်ကိုနှစ်ဦးကို အမှုဖွင့်


ရန်ကုန်၊ မဇ္ဈိမ ။ ။ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခံရမှုတွက် ပြုမှုကျူးလွန်သူဟု ယူဆထားသူ ညီအစ်ကိုနှစ်ဦးကို အမှုဖွင့် တိုင်တန်းထားသဖြင့် ထန်းတပင်မြို့နယ် တော်လတဲ့နယ်မြေရဲစခန်းက မတ်လ ၁ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို တန်းတပင်မြို့နယ် ကျေးရွာတစ်ခုရှိ အသက် (၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးက အမှုဖွင့် တိုင်တန်းထားသည်။

အမှုမှာ ည ၉ နာရီအချိန်က အစ်မဖြစ်သူ၏ နေအိမ်မှ အစ်မယောက္ခမဖြစ်သူ နေအိမ်သို့ သွားရောက်စဉ်တွင် လမ်းတွင် ဆွဲခေါ်ခံရပြီး အဓမ္မပြုကျင့်ခံလိုက်ရသည်ဟု အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

ရွာလယ်လမ်းဘေး၊ ကွင်းစပ်အရောက်တွင် ယခင်က ခင်မင်ရင်းနှီးသည့် ကျော်သူရ(ခ)ငမုတ် (၂ဝ)နှစ်၊ လယ်လုပ်နှင့် ညီအစ်ကိုတော်စပ်သူ ရှိုင်းကို (၂၃)နှစ်တို့နှင့် တွေ့ဆုံခဲ့သည်ဟု တရားလိုက ဆိုထားသည်။

တွေ့ဆုံစဉ် အဆိုပါ ညီအစ်ကိုနှစ်ယောက်က ပါးစပ်ပိတ်ကာ ၄င်းတို့နေထိုင်သည့် ဘမောက်ဝဲကျေးရွာနေအိမ်သို့ ဆွဲခေါ်သွားပြီး
ကျော်သူရ(ခ)ငမုတ်က အလိုမတူဘဲ သားမယားအဖြစ် (၃)ကြိမ်ထိ ပြုကျင့်ခဲ့သည်ဟု ရဲထံတွင် အမှုဖွင့် တိုင်တန်းထားသည်။

ထို့ကြောင့် ထန်းတပင်မြို့နယ် တော်လတဲ့နယ်မြေရဲစခန်းက (ပ)၁၂/၂ဝ၁၄ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူနှစ်ဦးကို ဖမ်းဆီး စစ်ဆေးနိုင်ရန် စုံစမ်းရှာဖွေနေပြီး ပြစ်မှုမှန်ကန်ပါကလည်း ပုဒ်မ ၃၇၆/၁၁၄ တို့ဖြင့် အရေးယူသွားမည်ဟု သတင်းထုတ်ပြန် ထားသည်။

Written by ဇော်ဇော်ထွေး
Mizzima - News in Burmese