အိမ်နီးချင်းနိုင်ငံရဲများ အဂတိလိုက်စားမှုနှင့် မြန်မာနိုင်ငံ – မဟာနွယ်

ပို့စ်တင်ချိန် - 3/02/2014 12:08:00 AM


နိုင်ငံရေး သမား၊ ရဲ၊ တရားသူကြီးနှင့် ရှေ့နေတို့သည် လာဘ်ပေးလာဘ်ယူ ကိစ္စများတွင် တစ်ခါတစ်ရံ ပူးပေါင်း လေ့ရှိပြီး တစ်ခါတစ်ရံ “စားခွက်” လုလေ့ရှိကြသည်ဟုဆိုသည် ခွင်တစ်ခုအတွက် တစ်ယောက်ကို တစ်ယောက် ကျော်ကြခွကြသည် ခြေထိုးကြသည် . . .
လာဘ်ပေးလာဘ်ယူကိစ္စသည် အတန်းအစားကြီးကြီးအဖြစ် ခွဲခြားနိုင် ကြောင်း ပညာရှင်တွေက သတ်မှတ်ကြ သည်ဆိုကြပါစို့။ ပထမအတန်းအစား သည် အဖွဲ့အစည်းတစ်ရပ်သည် အာဏာကို ရင်းပြီး အာဏာကို မြှုပ်နှံ ထားသည့်အခါ လုပ်နိုင်ခွင့်များကို တရားနည်းလမ်းတကျ လုပ်လေ့မရှိ ဟုဆိုသည်။ ဒုတိယ အတန်းအစားကား အများပြည်သူ ဆန္ဒမဲဖြင့် အာဏာရရှိထားသည့် အဖွဲ့အစည်းသည် မဲဆန္ဒရှင်များအား အခြေအနေတစ် ရပ်ကို ဖန်တီးပေးစေသည်ဟုဆိုသည်။ ထိုနည်းအတိုင်း လာဘ်စားသူ အာဏာရှင်သည် အာဏာကိုဆုပ်ကိုင်ထားပြီး အခြေ အနေတစ်ရပ် လုံးကို ချုပ်ကိုင်ထားသည်။အခြေအနေတစ်ရပ်လုံးမှာ အဂတိလိုက် စားမှု အထင်အရှား ရှိနေသည်ကို သိနေသော်ငြား အကြောင်းအမျိုးမျိုးပြလျက် အဂတိလိုက်စားမှု ပပျောက်ရေး ကိုထိ ရောက်စွာ မစွမ်းဆောင်ချေ။ …

အဂတိလိုက်စားမှုများ အကျင့်ပျက် ခြစားမှုများသည် အာဏာရှင်နိုင်ငံများမှာ ချည်းရှိနေသည်မဟုတ်။ ဒီမိုကရေစီ ထွန်းကားသော နိုင်ငံများတွင်လည်း ရှိနေ သည်။ ဒီမိုကရေစီ ထွန်းကားသော နိုင်ငံများတွင် အဂတိလိုက်စားမှုများကို လူသိရှင်ကြားထောက်ပြနိုင်သည်။ လူသိရှင် ကြားဖော်ပြနိုင်သည်။ ဒီမိုကရေစီ မကျင့်သုံး သောနိုင်ငံအချို့၏ လာဘ်ပေးလာဘ်ယူမှု ကား  Secret mission ပုံစံမျိုးဖြစ်သည်။ သူစေခိုင်း ထားသည့် အေဂျင့်က အကျိုး အမြတ်ကိုဖန်တီးပေးသည်။ လာဘ်ပေး လာဘ်ယူမှုကို လူသိရှင်ကြား ဖော်ပြ ပြောဆိုခွင့်မရှိ။ တစ်စုံတစ်ယောက်သည် အဂတိလိုက်စားနေကြောင်း သက်ဆိုင်ရာ ကို တိုင်ကြားသည့်အခါ သက်ဆိုင်ရာကလည်း အမှုတွဲဆက်စပ်လျက်ရှိသော ကြောင့် လုံးဝအရေးယူဆောင်ရွက်ခြင်း မရှိ။ သက်ဆိုင် ရာမှ တစ်ဆင့် အကြီးအကဲဆီ ဆက်လက်တိုင်ကြားသည့်အခါ အကြီးအကဲ ကိုယ်တိုင်ကလည်း ဆက်စပ် ပတ်သက် ပါဝင်နေသူဖြစ်သည့် အတွက် တိုင်စာသည် အမှိုက်ခြင်းထဲသို့ ရောက်ရှိ သွားတော့သည်။

လာဘ်ပေးလာဘ်ယူ နှစ်ဖက်စလုံး တူညီပြီး အများလက်ခံသည့် အယူအဆ သဘောထား (Common denominator) ကား ငွေကြေးအကျိုးအမြတ် ရယူလိုခြင်း ဖြစ်သည်။ လာဘ်ပေးလာဘ်ယူနှစ်ဦးစလုံး ၏ ကျူးလွန်သည့် အဖြစ်သည်လည်း အတူတူဖြစ်သည်။ လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်ပြီး လာဘ်ပေး လာဘ်ယူမှု ဆန့်ကျင်ရေး နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်ကြသည်  TI (Transparency International) နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း၊ (The Organization for Economic Co-operation & Development – OECD) တို့က Brilery  နှင့် ပတ်သက်ပြီး Active & Passive brilery ဆိုပြီး တရားဝင် ဥပဒေ ရှုထောင့်ကနေ နှစ်မျိုးနှစ်စား ခွဲခြားထား သည်။ ဘာသာစကားဖြင့် ပထမတန်း အစားတွင် (၁) ကတိက၀တ်ပေးခြင်း (Promising)   (၂) ကမ်းလှမ်းခြင်း (သို့) တစ်စုံတစ်ယောက်မှ တစ်ဆင့် တိုက်ရိုက် (သို့) သွယ်ဝိုက်ပြီးကမ်းလှမ်းခြင်း (အချို့ က ကိုယ်တိုင် မဆောင်ရွက် လုံခြုံရေးနှင့် သတင်းမပေါက်ကြားရေးအတွက် ယုံကြည်ရသူ လက်ထောက်များဖြင့် ကတိက ၀တ်ပေးပြီး ဆောင်ရွက်သည်။ ယင်းကို (Acitve Brilery) ဟုခေါ်သည်။ သိ သိသာသာ ဆောင်ရွက်ခြင်း ပေါ်လွင်သည့် အတွက်ဖြစ်သည်။

ဒုတိယ အမျိုးအစားမှာ (၁) အစိုးရ တာဝန်ရှိပုဂိ္ဂုလ်တစ်ဦးတစ်ယောက်တည်းမှ သာမန်မဟုတ်သည့် အခွင့်ထူး တစ်ရပ်ကို ဖြစ်စေ၊ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း၊ request or receipt တောင်းဆိုခြင်း (သို့မဟုတ်) လက်ခံရရှိခြင်းဖြစ်သည်။ ယင်းကို Passive brilery ဟုခေါ်သည်။ တိုက်ရိုက် မဟုတ်သည့် နည်းဖြစ်သည်။
အကျိုးတစ်ရပ် တစ်စုံတစ်ရာအတွက် တရားမ၀င်ကမ်းလှမ်းခြင်း (offering) ကတိက၀တ် ပြုခြင်း (promising)၊ တောင်းဆိုခြင်း (requesting) စသည်တို့သည် Acitve ရော Passive Brilery နှစ် ခုစလုံးတွင်ပါ အကျုံးဝင် သဖြင့် တရားဥပဒေ စံနှုန်းများနှင့် ချိန်ထိုးလက်ခံနိုင်ဖွယ် မရှိ၊ မည်သို့ဖြစ်စေ ယင်းသည် ရာဇ၀တ် မှုဖြစ်သည်ဟု TI နှင့် OECD  ကဲ့သို့သော အဖွဲ့အစည်းများက သတ်မှတ်သည်။
မည်သို့ဆိုစေ ဘောဂဗေဒပညာရှင်များ၏ အတွေ့အကြုံ သတ်မှတ်ချက်အရဆိုလျှင် နိုင်ငံတစ်နိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှုသည် ဘ၀၏ နေနည်းထိုင်နည်း ဖြစ်လာပြီဆိုလျှင် ယင်းနိုင်ငံသည် ထေရ၀ါဒ (Kleptocracy) ထွန်းကားမည်ဟု ဆိုသည်။

ရဲများအကျင့်ပျက်ခြစားမှု
ဖွံ့ဖြိုးဆဲနိုင်ငံ တော်တော်များများ တွင် ရဲအကျင့်ပျက်ခြစားမှုများကို တွေ့ရှိ ရသည်။ ရဲတွေ အကျင့်ပျက် ခြစားခြင်းသည် အဓိကရည်ရွယ်ချက်က ငွေရေးကြေးရေးဆိုင်ရာ အကျိုးအမြတ်ရရှိရန်နှင့် ပုဂိ္ဂုလ်ရေးဆိုင်ရာ လိုရာ ရောက်ရှိဖို့ပဲဖြစ်သည်။ ယင်းကို Police misconduct ရဲများ၏ အများပြည်သူလက်မခံနိုင်သော အပြုအမှု အဖြစ်သတ်မှတ်သည်။ အမှုဖွင့်ဖို့ မဖွင့်ဖို့ အမှုလိုက်ရန် အမှုမလိုက်ရန် – ဖမ်းဆီး ရန် (သို့) မဖမ်းဆီးရန်၊ မစုံစမ်းဘဲလွှတ် ပေးရန် အစရှိသည်တို့တွင် ရဲလုပ်ငန်းတာဝန်နှင့် လဲလှယ်ခြင်းဟု အဓိပ္ပာယ်ရသည်။
အခြားသော ပုံစံတစ်မျိုးမှာ မူးယစ် ဆေးဝါးတရားမ၀င်အဖွဲ့အစည်း (သို့) ပြည့်တန်ဆာဂိုဏ်း (သို့) တရားမ၀င် လှုပ်ရှား ဆောင်ရွက်မှု တစ်ခုအတွက် သက်ဆိုင်ရာသို့ သတင်းမပို့ရန် (သို့) အရေးမယူရန် ငွေတောင်းခြင်း (သို့) ငွေလက်ခံ ခြင်းသည်လည်း အများပြည်သူလက်မခံ နိုင်သည့် ရဲလုပ်ရပ်ဖြစ်သည်။ ရဲများ အကျင့်ပျက် ခြစားခြင်းဖြစ်သည်။ နောက် ထပ်ဥပမာတစ်ခုကတော့ ရဲများသည် တရားခံများအား ပြစ်မှုထင်ရှားစီရင်နိုင်ဖို့ အတွက် ရဲလုပ်ငန်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း Code of Conduct ကို မထီမဲ့ မြင်ပြုသည်။ ဥပမာအားဖြင့် မှားယွင်းသော သက်သေခံများ အသုံးပြုခြင်းမှတစ်ဆင့် အချို့ဖြစ်စဉ်များတွင် ရဲများကိုယ်တိုင် Organized Crime များတွင် ပါဝင်လေ့ရှိ သည်။ (Organized Crime ဆိုသည်မှာ အာဏာပိုင်တချို့နှင့် အဆက်အသွယ် ရှိသည့်လူများ ပါဝင်ဖွဲ့စည်းထားပြီး အထူး သဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချ သည့် တရားမ၀င် အဖွဲ့အစည်း ဖြစ်သည်။)
ရဲများ အဂတိလိုက်စားမှုသည် အခြားဌာန၊ ပုဂိ္ဂုလ်များ အကျင့်ပျက်ခြစား အဂတိလိုက်စားမှုထက် တိုင်းပြည်၏ ပုံရိပ် (Image) ကို ပျက်ပြားစေနိုင်သဖြင့် ကမ္ဘာ့အလယ်တွင် အရှက်တကွဲ အကျိုး နည်းမှုများ ဖြစ်ပေါ်စေသည်။

အိနိ္ဒယနိုင်ငံရဲများ အဂတိလိုက်စားမှု
ရဲအဂတိလိုက်စားမှု (Police Corruption) ဆိုသည်မှာ တရားဝင် ထမ်းဆောင်နေသည့် ရဲဝန်ထမ်းတစ်ဦးက လူ ပုဂိ္ဂုလ်တစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုအ တွက် နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေစသည်တို့ကို ဆန့်ကျင်လျက် အကျိုးအမြတ်ရရှိရေးအတွက် ရဲတာဝန်နှင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ရခြင်းကို ရဲအဂတိလိုက်စားမှုဟု ပညာရှင်တွေက အဓိပ္ပာယ်ဖွင့်ဆို ကြသည်။

ရဲအဂတိလိုက်စားမှုသည် ကမ္ဘာနှင့်အ၀န်း နေရာအနှံ့အပြားရှိနေသည်။ ရဲ corruption ကို ယေဘုယျ အားဖြင့် နှစ်ပိုင်း ခွဲခြားနိုင်သည်။ အတွင်း (internal) နှင့် အပြင် (external) ဟူ၍ဖြစ်သည်။ ရဲဌာနများ မှ ရရှိသည့် အကိုးအကား အထောက်အထားများ အရ  Internal Corruption သည် ရဲဌာနအတွင်းမှာပင် ရဲဝန်ထမ်းများက သော်လည်းကောင်း (သို့) တစ်စုံတစ် ယောက်သော ရဲဝန်ထမ်းသော်လည်း ကောင်း၊ ကျူးလွန်သည့် တရား မ၀င် လုပ်ရပ်များ (သို့) အပေးအယူများဖြစ်သည်။ External corruption ဆိုသည်မှာ ပြည်သူ တချို့နှင့် တရား မ၀င်သည်လုပ်ရပ်များ (သို့) အပေးအယူများဖြစ်သည်။ ရဲဌာနအတွင်း အဂတိလိုက်စားခြင်းနှင့် ရဲနှင့်ပြင်ပ လူတချို့ ပူးပေါင်းပြီး အဂတိလိုက်စားခြင်းဟု ယေဘုယျနားလည်သဘောပေါက်နိုင်သည်။

Police Corruption နှင့် ပတ်သက်ပြီး အရေးအကြီးဆုံးအခြေခံ သဘောတရားများမှာ ရဲအာဏာပိုင်တွေက အာဏာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ခြင်းနှင့် ပုဂိ္ဂုလ်ရေးအကျိုးအမြတ် တစ်စုံတစ်ရာ ရရှိဖို့အတွက် အာဏာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ခြင်းဖြစ်သည်။ အစိုးရ ၏ စီမံခန့်ခွဲမှုဆိုင်ရာအဆင့်ဆင့်တွင် အဂ တိလိုက်စားမှု ပျံ့နှံ့နေခြင်းသည် ရဲလုပ်ငန်းဆိုင်ရာ အရည်အသွေး ပြည့်ဝမှုထိရောက် မှုနှင့် တိုးတက်မှု စသည် တို့ကို အခက်အခဲ အဟန့်အတားကြီးစွာ ဖြစ်စေသည်။ အဂတိ လိုက်စားမှုကြောင့် ရဲလုပ်ငန်း ရည်မှန်း ချက်များ ပြောင်းပြန်ဖြစ်သွားနိုင်၊ တစ်ဆက် တည်းမှာပဲ အမှုအခင်းများကို တားမြစ် ဟန့်တားနိုင် ရမည့်အစား ပြစ်မှုထူပြောရေး ဖန်တီးအားပေးရာ ရောက်နေသည်။

ရဲအမှုထမ်းများသည် တစ်ခါတစ်ရံ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးသဘော သက်ဝင်သွားလေ့ရှိကြသည်။ ထိုအခါ နိုင်ငံရေး သားကောင် ဖြစ်သွားကြပြီး နိုင်ငံ ရေးသမားများ၏ ကြိုးကိုင်ချုပ်ချယ်မှုကို ခံရကြတော့သည်။ နိုင်ငံရေးသမား၊ ရဲ၊ တရားသူကြီးနှင့် ရှေ့နေတို့သည် လာဘ် ပေးလာဘ်ယူကိစ်္စများတွင် တစ်ခါတစ်ရံ ပူးပေါင်း လေ့ရှိပြီး တစ်ခါတစ်ရံ ““စား ခွက်””လုလေ့ရှိကြသည်ဟု ဆိုသည်။ ခွင် တစ်ခုအတွက် တစ်ယောက်ကိုတစ် ယောက် ကျော်ကြခွကြသည်။ ခြေထိုးကြ သည်။ သို့ရာတွင် နိုင်ငံရေးသမားနှင့် ရဲသည် ခေတ်အ ဆက်ဆက် ပလဲနံပသင့် သည်လည်းရှိသည်။
ခြင်္သေ့နှင့် သမင်၊ ကျားနှင့် ဆင် အခြေအနေမျိုးလည်းရှိသည်။ နိုင်ငံရေး သမားများသည် မိမိအကြီးအကဲ နိုင်ငံရေး ခေါင်းဆောင်များအလိုကျ မိမိတို့ရှင်သန် ရပ်တည်နိုင်ရေး လူမှန်နေရာမှန်မဟုတ် သူများ စည်းရုံးသွေး ဆောင်ရလွယ်ကူသူ များကို ရဲထိပ်တန်းနေရာများတွင် ခန့်ထား အသုံးချကြသည်။ အထူးခန့်ထားရေး၊ ရာထူး အပြောင်းအရွှေ့၊ ရာထူးချ၊ ဆုငွေ ပေးနှင့် ပြစ်ဒဏ်ချမှတ်သည့် နေရာများ တွင်ဖြစ်သည်။
ရဲနှင့် ရဲဌာနအဖွဲ့အစည်းများတွင် လုပ်ခလစာ တိုးမြှင့်ပေးခြင်း၊ လေ့ကျင့် မှုများကို အဆင့်မြှင့်ပေးခြင်း၊ ပညာရေး အတွက် မက်လုံးပေးဆွဲဆောင်စည်းရုံးခြင်း နှင့် အဂတိလိုက်စားမှုဖြစ်ပေါ်စေမည့် တိုက်ရိုက် အကြောင်းများအား ဂရုစိုက်နိုင် မည့် ခေတ်မီမူဝါဒများကို ဖြည့်ဆည်းပေး သော်ငြားလည်း Police Corruption ကား နေမြဲခိုင်မာလျက်ရှိသည်။

အိနိ္ဒယနိုင်ငံအစိုးရ ပြည်ထဲရေးဝန် ကြီးဌာနက ရဲဌာနနှင့်ပတ်သက်ပြီး ငွေလုံး ငွေရင်းအသုံးစရိတ်ကို ၆၇ ရာခိုင် နှုန်းထက် ပိုမိုကျခံသုံးစွဲခဲသော်လည်း ရဲအမှုထမ်းများ ၏ သဘောထားများနှင့် အမူအကျင့်များ အများ ပြည်သူ နှင့် ဆက်ဆံသည့်အခါ ပြည်သူ့ဘက်က ရပ်တည်ပြီး သိသာထင် ရှားသည့် တိုးတက်ပြောင်းလဲမှုမျိုးတစ်စုံ  တစ်ရာ မတွေ့ရှိရချေ။ လွန်ခဲ့သည့် ၃နှစ် အတွင်း ပြည်နယ်ရဲဌာနအသီးသီးပြုပြင် ပြောင်းလဲရေး အိနိ္ဒယရူပီးငွေ ကုဋေ ၈၀၀ ကျခံသုံးစွဲခဲ့သည်။ သို့သော်လည်း ရဲချုပ် မှစပြီး သာမန်ရဲတပ်သား အမှုထမ်းများ၏ အနေအထိုင် အကျင့်စရိုက်သဘောထား အမြင်များကား ယနေ့တိုင် တိုးတက်မှုမရှိ သေးချေ။ ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ နှင့် တစ်သားတည်း မကျသေးချေ။ ပြည်သူ တွေ၏ အခြေခံအခွင့်အရေးများကို ပိတ် ပင်မှုတွေရှိသည့်အတွက် ရဲအဂတိလိုက် စားမှုသည် လူ့အခွင့်အရေးဖောက်ဖျက်မှု တစ်ရပ်ဖြစ်သည်။ ရဲအဂတိလိုက်စားမှု အပါအ၀င် နေရာစုံ ကဏ္ဍစုံကနေ အဂတိ လိုက်စားမှု နေရာအနှံ့တောထနေသည့် အတွက် အိနိ္ဒယနိုင်ငံ ဥပဒေပြဋ္ဌာန်းရေး (အာဏာသက်ရောက်စေရေး) အေဂျင်စီ မှ အကာအကွယ်ပေးထားသည့် အခြေခံ လူ့အခွင့်အရေးနှင့် လူ့အခွင့် အရေးအတွက် အဓိကပြဋ္ဌာန်းထားသည့် ယင်းအဖွဲ့အစည်း၏ ရည်ရွယ်ချက်များ ထမြောက်အောင် မြင်ခြင်း မရှိသေးပေ။
မြန်မာသံတော်ဆင့်