လန်ဒန်မြို့ ခံပြိုင်ဘက် ဖူလ်ဟမ်သာ တန်းဆင်းဇုန်ထဲကလွတ်ထွက်နိုင်မယ်ဆိုရင် အခုလာမယ့်ပွဲရှုံးနိမ့်မှုကို သူလက်ခံနိုင်ကြောင်း ပြောကြားခဲ့တဲ့ မော်ရင်ဟို

ပို့စ်တင်ချိန် - 3/02/2014 05:18:00 PM


ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်း မန်နေဂျာ မော်ရင်ဟို လန်ဒန်မြို့ ခံပြိုင်ဘက် ဖူလ်ဟမ်ကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။ တကယ်လို့ ချယ်လ်ဆီးကို အနိုင်ရရှိပြီး ဖူလ်ဟမ်သာ တန်းဆင်းဇုန်က ရုန်းထွက်နိုင်မယ်ဆိုရင် အရှုံးကို သူကျေကျေနပ်နပ် လက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းဟာ ရမှတ် ၂၁ မှတ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပါတယ်။

“ ပြိုင်ဘက်အသင်းတွေဆိုတာ တစ်သင်းကိုတစ်သင်းလိုအပ်နေတာပါ။ ဒါဟာ အားလုံးအတွက် အကောင်းဆုံး ဖြစ်မှာပါ။ ပရီးမီးယားလိဂ်မှာ သူတို့ ရဲ့နေရာကို ဆက်ထိန်းထားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ကြိုးစားပြီး သူတို့ ကိုအနိုင်ကစားသွားမှာဖြစ်ပါတယ်” လို့ မော်ရင်ဟို မတင်မကျ ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော်တို့ ကြာသပတေး နဲ့ သောကြာနေ့ တွေ့ မှာ လေ့ကျင်ခန်းမဆင်းခဲ့ရပါဘူး။ ဒါကြောင့် အခုတနင်္ဂနွေ မှာ ကစားရမှာ အခက်အခဲဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း စနေမှာ ကစားရမယ်ဆိုရင် ပိုဆိုးမှာ” လို့  မော်ရင်ဟိုက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Ref: bbc.com
Trend Myanmar